“ပြည်ထောင်စု အင်္ဂါစဉ်အရ အရပ်သားအစိုးရရဲ့နောက် အဆင့် ၈ မှာထားခဲ့လို့ ဒေါသူပုန်ထခဲ့တဲ့ မင်းအောင်လှိုင်”

“ပြည်ထောင်စု အင်္ဂါစဉ်အရ အရပ်သားအစိုးရရဲ့နောက် အဆင့် ၈ မှာထားခဲ့လို့ ဒေါသူပုန်ထခဲ့တဲ့ မင်းအောင်လှိုင်”

ဦးသိန်းစိန်အစိုးရ လက်ထက်မှာ တပ်ချုပ် မအလ ဟာ ဒုသမ္မတအဆောင်အယောင်နဲ့ တန်းတူ မြှောက်စားခံခဲ့ရပေမယ့် NLD အစိုးရလက်ထက်မှာတော့ ပြည်ထောင်စု အင်္ဂါစဉ်အတိုင်း စီလိုက်တဲ့အခါ မအလဟာ အဆင့် ၈ မှာရှိနေပြီး၊ ပြည်ထောင်စု တရားသူကြီးနောက်မှာ ရှိနေပါသတဲ့။

ဦးဖြိုးမင်းသိန်းက တပ်ချုပ်ဟာ ပရိုတိုကောအရ ညွှန်ချုပ်အဆင့်ပဲ ရှိတယ်ပြောမိလို့ မအလစစ်တပ်တခုလုံး ဆွေ့ဆွေ့ ခုန်အောင် စိတ်ဆိုးခဲ့ကြလို့ ပြန်တောင်းပန်ခဲ့ရဖူးပါတယ်။

စစ်တပ်ရဲ့ဗီဇထဲမှာ ကိုယ့်အောက်ဂျူနီယာက (မိဘချမ်းသာလို့) စီနီယာထက် ကောင်းတဲ့ကား ဝယ်စီးမိရင်တောင် အပြုတ်ရှင်း၊ အပြတ်ရှင်းလေ့ရှိတော့ ပြည်ထောင်စု အင်္ဂါစဉ်အရ အရပ်သားအစိုးရရဲ့နောက် ၈ မှာရှိနေတာ ဘယ်လိုမှ သည်းခံလိမ့်မယ် မထင်ဘူး။

နောက်ပိုင်းမှာ တပ်ချုပ်ဆိုတာ ဒုသမ္မတအဆင့်ရှိလို့ လေးစားကြဖို့ တပ်မတော်ဖက်က မကြာခဏ ထုတ်ဖော်ပြောခဲ့တာ အကြိမ်ကြိမ်ပါပဲ။

၂၀၂၁ ဂုဏ်ထူးဆောင်ဘွဲ့ချီးမြှင့်တဲ့ အခမ်းအနားမှာ တပ်ချုပ် အမလဟာ အင်္ဂါစဉ်အရ ဒုတိယတန်းက ခုံမှာ နေရာချထားခံခဲ့ရပါတယ်။ ဒါဟာ မအလအတွက် အလွန်အမင်း ဒေါသထွက်ခဲ့ပြီး စစ်တပ်က အာဏာပြန်သိမ်းဖို့အတွက် သေချာသွားစေခဲ့တဲ့ ကိစ္စဖြစ်သွားပါသတဲ့။

ခုတော့ ၂၀၀၈ မြန်မာပရိုတိုကောကို မကျေနပ်လို့ အာဏာထသိမ်းခဲ့တဲ့ တပ်ချုပ် မအလဟာ သူများနိုင်ငံခေါင်းဆောင် ထိုင်တဲ့ ထိုင်ခုံတွေရဲ့ ဟိုးနောက်က မထင်မရှား ခုံတန်းလေးမှာ နေရာချထားခံနေရပါတယ်။

နိုင်ငံတကာ ပရိုတိုကောအရဆိုရင်တော့ ပွဲခင်းထဲ “ကွမ်းယာတွေရမယ်၊ ဆေးလိပ်တွေရမယ်” ဆိုတဲ့ အဆင့်မှာလို့ပဲ ဆိုရမှာဖြစ်ပါတယ်။

– ဘီရုမာ


Comments

Leave a Reply

Your email address will not be published. Required fields are marked *