📢 Join Our Telegram Community

Get the latest updates directly on Telegram.

✈️ Join Telegram

ဒီနေ့ နိုင်ငံတကာမှာ ဖြစ်ပျက်ခဲ့တဲ့ အဓိက သတင်းကြီးတွေနဲ့ ပတ်သက်ပြီး...

သတင်းအပြည့်အစုံ ဆက်လက်ဖတ်ရှုရန် ➔
သတင်းထူး / ကြော်ငြာ
📰

ဆက်လက်ဖတ်ရှုရန် သတင်းအပြည့်အစုံ

သတင်းအသစ်များနှင့် ဗီဒီယိုများကို ဆက်လက်ကြည့်ရှုရန် အောက်ပါခလုတ်ကို နှိပ်ပါခင်ဗျာ

နှိပ်ပြီး ကြည့်ရန်

ရေထွက်ရွာ လူသတ်ပွဲနဲ့ အလောင်းရှာမရတဲ့ သားပျောက် မိခင်တွေ

ဗုံးကြဲခံရပြီး ငါးရက်ကြာအထိ ဒေါ်ခိုင် တစ်ယောက် ကြုံခဲ့ရတဲ့ အဖြစ်အပျက်ကို ပြန်ပြောနိုင်စွမ်း မရှိသေးပါဘူး။

ဒေါ်ခိုင်ရဲ့ ခင်ပွန်းနဲ့ သားသမီး သုံးဦးတို့ဟာ ရေထွက်ရွာလယ်မှာ စျေးဝယ်နေရင်း ဗုံးထိမှန် ခဲ့ပါတယ်။

အသက် ၅၈နှစ်အရွယ် ခင်ပွန်း၊ အသက် ငါးနှစ်နဲ့ ၁၃ နှစ်အရွယ် သမီးနှစ်ဦးနဲ့ အသက် ခုနှစ်နှစ်အရွယ် သားဖြစ်သူတို့ ဗုံးထိမှန်ကာ ခန္ဓာကိုယ် တစစီလွင့်စင်သွားသလား၊ မီးလောင်သွားသလားဆိုတာ မသိရဘဲ အလောင်းကတော့ ရှာမရတော့ပါဘူး။

မျက်ရည်ပင် မထွက်နိုင်တော့ဘဲ ရှိုက်သံနဲ့သာ ငိုနေတဲ့ အသက် ၅၀ ဝန်းကျင် ဒေါ်ခိုင်ရဲ့ နှုတ်ဖျားကနေ ယူကြုံးမရ ရေရွတ်သံ တချို့ပဲ ထွက်ပေါ်နေပါတယ်။

”လုပ်ရက်ကြလို့ပါ၊ တအားရက်စက်တာ၊ ဘာမှ အပြစ်မရှိတဲ့ ကလေးတွေကို၊ ကျုပ်သားသမီးတွေက ဘာအပြစ်ရှိလို့တုန်း၊ ဘာအပြစ်ရှိကြလို့တုန်း”

ဧပြီလ ၁၉ရက် မွန်းလွဲပိုင်းက မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ်၊ ရေထွက်ကျေးရွာကို မင်းအောင်လှိုင် ဦးဆောင်တဲ့ အာဏာသိမ်း စစ်အုပ်စုက တိုက်လေယာဉ်နဲ့ ဗုံးကြဲသတ်ဖြတ်ခဲ့ပါတယ်။

အဲ့ဒီ ဗုံးကြဲသတ်ဖြတ်မှုကြောင့် စျေးသည်စျေးဝယ်တွေ၊ လမ်းသွားလမ်းလာတွေ အပါအဝင် ကလေးသူငယ်၊ အမျိုးသမီးနဲ့ အမျိုးသား စုစုပေါင်း လူ ၄၀ ထက်နည်း သေဆုံးခဲ့ပါတယ်။

ရေထွက်ရွာ လူသတ်ပွဲဟာ မန္တလေးတိုင်းအတွင်း စစ်အုပ်စု ကျူးလွန်တဲ့ လူသတ်မှုတွေထဲ အဆိုးရွားဆုံးနဲ့ အသေအပျောက် အများဆုံး အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု ဖြစ်ပါတယ်။

စစ်အုပ်စုဟာ ရေထွက်ရွာကို ဧပြီလ ၁၆ရက် သင်္ကြန် အတက်နေ့မှာ တိုက်လေယာဉ်နဲ့ ဗုံးကြဲခဲ့ပြီး ထိခိုက် သေဆုံးသူ မရှိတာကြောင့် ဧပြီလ ၁၉ရက် မွန်းလွဲ ၁နာရီအချိန် ရေထွက်ရွာ ရွာလယ်ပိုင်းက လူစည်ကားတဲ့ စျေးဆိုင်တွေကို ထပ်မံ ဗုံးကြဲ သတ်ဖြတ်တာ ဖြစ်ပါတယ်။

စစ်အုပ်စုက ရေထွက်ရွာရဲ့ လူစည်ကားရာ စျေးဆိုင်တန်းကို ပစ်မှတ်ထား ဗုံးကြဲခဲ့ပြီး စက်သုံးဆီဆိုင် တည့်တည့်ကို ဗုံးထိမှန်ပေါက်ကွဲလို့ အနီးက စျေးဆိုင်နဲ့ လူနေအိမ်ခြေ အများအပြား မီးလောင်ကာ စျေးသည်၊ စျေးဝယ်တွေ အပါအဝင် ဒေသခံပြည်သူတွေ မိသားစုလိုက် သေဆုံးကြတာလို့ ရွာခံတွေက ပြောပါတယ်။

လူကြီးဇာတ်ကား ကြိုက်သူများအတွက်

👇🏻👇🏻👇🏻


Comments

Leave a Reply

Your email address will not be published. Required fields are marked *

လူကြီးဇာတ်ကား စိတ်ဝင်စားသူများသာနှိပ်ရန်