ခမရ ၅၉၈

ခမရ ၅၉၈

စကစရဲ့စီးပွားရေးအတွက် အရေးပါတဲ့ တပ်စခန်းတစ်ခုဆိုလည်း မမှားဘူး…။

ဒီစခန်းသိမ်းစစ်ဆင်းရေးအတွက် အချိန်တစ်လလောက်ကြိုတင်ပြင်ဆင်ခဲ့တယ်…

ဂုဏ်ယူစရာကောင်းတာက ဒီစစ်ဆင်ရေးမှာ တခြားနယ်မြေခံအဖွဲ့တွေ မပါဘဲ PDF ပူးပေါင်းတပ်ပေါင်းစုကြီးကပဲ လက်စွမ်းပြခဲ့တာ….

၆/၅ စစ်ဆင်ရေး စတင်ခဲ့တယ်….

စကစမှာ ရှိသမျှလေယာဉ်တွေကို အသုံးပြုပြီး ဗုံးလာကြဲသလိုတောင်ထင်ရလောက်တယ်..

PDF ပူးပေါင်းအဖွဲ့တွေရဲ့ ကြိုးစားမှုနဲ့ညီညီညွှတ်ညွှတ် ရှိမှုကြောင့် ရန်သူကိုအသာစီးရပြီး အသက်ရှင်ကျန်ကြသေးတဲ့ ရန်သူကို လက်နက်ချအညံ့ခံဖို့ အခွင့်ရေးပေးခဲ့တယ်

စစ်ကူလာမှာကို မျှော်လင့်ပြီး ပြန်လည်ခုခံတိုက်လို့ ကျနော်တို့အတွက် စိတ်မကောင်းပေးမယ့် ရွေးချယ်စရာမှ မရှိတော့ဘူး..

စခန်းတစ်ခုလုံးကို သိမ်းပိုက်နိုင်ပြီးသော ရန်သူရဲ့ လက််နက်ခဲယမ်းတွေကို စုဆောင်းသိမ်းယူပြီး ပြန်လည် နောက်ဆုတ်ထွက်ခွာဖို့ ပြင်ဆင်နေချိန်

စကစဘက်ကလေယာဉ်တွေနဲ့ဆက်တိုက် ဗုံးလာကြဲနေတာကြောင့် ကျသွားတဲ့ရန်သူရဲ့ဇနီးတွေနဲ့ကလေးငယ်တွေကို ဘေးကင်းရာကို ခေါ်ဆောင်သွားဖို့ ပြန်လည်သွားရောက်ခေါ်ယူနေစဉ်မှာပဲ စကစရဲ့ ပေါင် ၅၀၀ ဗုံးက ကျနော်တို့ နဂါးဖြူစစ်ကြောင်းရဲဘော်သုံးယောက်ရဲ့ အသက်ကို နုတ်ယူသွားခဲ့တယ်…

ကျနော်တို့က လူသားတွေပါ….

လူကျင့်ဝတ်ဆိုတာကို လူတွေကစောင့်ထိန်းရမယ်..

တကယ်လို့ ရန်သူနဲ့သက်ဆိုင်တဲ့သူတွေကိုလည်း မငဲ့ဘဲ ဒီတိုင်းထားခဲ့မယ်ဆိုလည်း ရပေမယ့် ကျနော်တို့ရှေ့မှာ မကြာခင် မြင်ရမယ့် ဒီမိန်းမတွေဒီကလေးငယ်တွေရဲ့အဖြစ်က ဘာဖြစ်မလဲဆိုတာ တွေးကြည့်ရုံနဲ့သိပါတယ်..

စကစဘက်က သူလူတွေထက် သူရဲ့စခန်းမကျဖို့ကို ပိုအလေးထားတယ်ဆိုတာ အားလုံးသိကြမှာပါ….။

အောင်မြင်မှုကြီးတွေရဲ့ နောက်ကွယ်မှာ တိုင်းတာလို့မရတဲ့ ပေးဆပ်မှုဆိုတာလည်း အမြဲရှိပါတယ်…….။။။

ငါတို့ လုပ်နိုင်ပြီး..….

ကော့ကရိတ်ကနဂါး

ကွမ်းဆိပ်မြို့သိမ်းနှင့် ခမရ( ၅၉၈ )တပ်ရင်းဌာနချုပ်သိမ်းပွဲမှာ (၃၇၀၄)တပ်ရင်းမှပေးဆပ်ခဲ့ကြတဲ့တော်လှန်ရေးရဲဘော်တချို့ဖြစ်ပါတယ်။

ဤခရီးကားနီးလာလေပြီ သူတို့ကားစွန့်ခဲ့ကြလေပြီ။

ဤကျေးဇူးအစဥ်ဦးထိပ်ထားလျှက်၊

အစဥ်အလေးပြုလျှက်၊ အလုပ်တွေပိုကြိုးစားဖို့အတွက်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *