ဒီပဲယင်းဗုံးကြဲမှု ကြောင်ကြီး နှာစေးပြီ

မေလ ၁၂ ရက်နေ့ မနက်ပိုင်းက စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်ရှိ အိုးထိန်းတွင်းရွာ စာသင်ကျောင်းကို အကြမ်းဖက် စစ်ရှုံးတပ်က တိုက်လေယာဉ်နဲ့ ဗုံးကြဲသတ်ဖြတ်လို့ ဆရာမ ၂ ဦးနဲ့ မူလတန်း၊ အလယ်တန်းနဲ့ အထက်တန်းအဆင့် ကျောင်းသူကျောင်းသား ၂၀ ဦး ပွဲချင်းပြီး သေဆုံးတယ်။

အဲ့သတင်းက ကမ္ဘာ့မီဒီယာတွေအထိ ချက်ချင်း ရောက်သွားပေမယ့် အကြမ်းဖက် စစ်ရှုံးတပ်ရဲ့ လက်ပါးစေ အရိုးကိုက်ကောင်တွေက ထုံးစံအတိုင်း ဗြောင်လိမ်ဗြောင်စား လိမ်ညာတယ်။

ကြောင်ကြီးတို့က ဒါမျိုးဆို ပါးလိုက်တာမှ လှပ်နေတာပဲ။

ပဲခူးဆရာတော်ကြီးကို ခွေးတပ်က ပစ်သတ်ပြီး ကလိမ်ကကျစ် ပြောဆို လိမ်ညာခဲ့ပေမယ့် နောက်ဆုံးတော့ အဖြစ်မှန်ပေါ်သွားပြီး အရိုးကိုက် လော်ဘီငဖားကောင်တွေ စောက်ရှက်တွေ ဗြန်းဗြန်းကွဲခဲ့ပါရောလား။ ရှေ့မှာ ဒီလိုဖြစ်စဉ်တွေက ကဒီးကဒီး ရှိထားပြီးသား ဆိုတော့ ကြောင်ကြီး နှာစေးပြီလေ။

အာ့ကြောင့် ပြောတာ။ ကြောင်ကြီးတို့က အပါး။ ထောင်ချောက်မိမယ့် အကွက်ဆိုရင် ကြားညပ်မခံပဲ လွတ်အောင် အရမ်းရှောင်တတ်တာ..


Leave a Reply

Your email address will not be published. Required fields are marked *