📢 Join Our Telegram Community

Get the latest updates directly on Telegram.

✈️ Join Telegram

ဒီနေ့ နိုင်ငံတကာမှာ ဖြစ်ပျက်ခဲ့တဲ့ အဓိက သတင်းကြီးတွေနဲ့ ပတ်သက်ပြီး...

သတင်းအပြည့်အစုံ ဆက်လက်ဖတ်ရှုရန်
သတင်းထူး / ကြော်ငြာ
📰

ဆက်လက်ဖတ်ရှုရန် သတင်းအပြည့်အစုံ

သတင်းအသစ်များနှင့် ဗီဒီယိုများကို ဆက်လက်ကြည့်ရှုရန် အောက်ပါခလုတ်ကို နှိပ်ပါခင်ဗျာ

နှိပ်ပြီး ကြည့်ရန်

စမ်းချောင်းမြို့နယ် တောင်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး လက်ပစ်ဗုံးဖြင့် ပစ်ခတ်ခံရ

by

in

စမ်းချောင်းမြို့နယ် တောင်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး လက်ပစ်ဗုံးဖြင့် ပစ်ခတ်ခံရပြီး စစ်တပ်နှင့်ရဲက ကင်းပတ်စစ်ဆေးမှုများ လုပ်ဆောင်ခဲ့

ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ် တောင်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို လက်ပစ်ဗုံး ပစ်သွင်း တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီး စစ်တပ်က စမ်းချောင်းမြို့နယ်တစ်ခွင် ပိတ်ဆို့ စစ်ဆေးမှုများ လုပ်ဆောင်ခဲ့ကြောင်း ဒေသပြည်သူတချို့နှင့် THE BLOODLINE အဖွဲ့မှတာဝန်ရှိသူ၏ ပြောဆိုချက်အရ သိရှိရသည်။

ယနေ့ မေလ ၁၉ ရက်နေ့ နံနက် ၁၁ နာရီ ၅၀ မိနစ်ခန့်တွင် စမ်းချောင်းမြို့နယ်၊ တောင်ရပ်ကွက်ရှိ အုပ်ချုပ်ရေးမှူးရုံးကို THE BLOODLINE နှင့် YANGON ARMY (YA)အဖွဲ့မှ တော်လှန်ရေး ရဲဘော်များက လက်ပစ်ဗုံး ၁ လုံး ပစ်သွင်း တိုက်ခိုက်ခဲ့ကြောင်း ၊ယင်း တိုက်ခိုက်မှုအတွင်း အုပ်ချုပ်ရေးမှူးရုံးအတွင်းရှိ အကြမ်းဖက် စစ်ကောင်စီ တပ်သား ၁ ဦး ထိခိုက်မှုရှိခဲ့ကြောင်း သိရှိရသည်။

“ဒီနေ့ ၁၂ နာရီကနေစပြီး ၂ နာရီလောက်အထိ စမ်းချောင်းထဲမှာ ရဲကားနဲ့ စစ်ကားတွေ ပတ်တယ်။ တချို့လမ်းတွေထဲလည်း ရဲကားဝင်ပြီး လိုက်စစ်ဆေးတာတွေ့တယ်။ ပုံမှန်မဟုတ်တဲ့ ကင်းပတ်တွေလုပ်သွားတာ။ လမ်းကျဉ်းထဲကို မဝင်ဘူး။ ဒီနေ့က ရဲကားတွေက ပန်းတနော်လမ်းနဲ့ လင်းလွန်းလမ်းဘက်တွေပါ ပတ်သွားတာ” ဟု စမ်းချောင်းမှ ပြည်သူတစ်ဦးက ဆိုသည်။

ယနေ့ လက်ပစ်ဗုံးဖြင့် တိုက်ခိုက်ခံရသည့် အုပ်ချုပ်ရေးမှူးရုံးသည် စစ်ကောင်စီ ဒေါက်တိုင်များဖြစ်သော အုပ်ချုပ်ရေးမှူး၊ ဒလန်နှင့် ပျူစောထီးများ စုဝေးရာ နေရာဖြစ်ပြီး ပြည်သူများကို အနိုင်ကျင့်ဗိုလ်ကျနေသော ကြံ့ဖွတ်ရုံး ဖြစ်သောကြောင့် စစ်ကောင်စီ၏ အုပ်ချုပ်ရေး ယန္တရားများနှင့်ပတ် သက်ဆက်နွယ်နေ၍ နောက်ဆုံးအကြိမ် သတိပေးတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း THE BLOODLINE အဖွဲ့မှတာဝန်ရှိသူက ရှင်းပြသည်။

“စစ်ကောင်စီ တပ်သား ၁ ဦး ထိခိုက်တယ်လို့ သိရတယ်။ ကျနော်တို့ မဟာမိတ်အဖွဲ့တွေ ပူးပေါင်းပြီး ခပ်စိပ်စိပ်တိုက်ခိုက်သွားမယ်ဆိုတဲ့ အကြောင်းရယ် ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ ကိစ္စတွေ လုပ်နေတဲ့ နေရာ လူပုဂ္ဂိုလ်စတဲ့ ဆက်စပ်နေတဲ့သူ အကုန်လုံးကိုတိုက်ခိုက်သွားမယ်ဆိုတာ ပြောချင်ပါတယ်” ဟု THE BLOODLINE အဖွဲ့မှတာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

စစ်ကောင်စီ၏ အုပ်ချုပ်ရေး ယန္တရားများနှင့် ပတ်သက်ပါက လုံးဝအာမခံမည်မဟုတ်ကြောင်းနှင့် THE BLOODLINE နှင့် YANGON ARMY (YA) မဟာမိတ်ညီနောင်တို့သည် စစ်ကောင်စီ၏ ဒေါက်တိုင်မှန်သမျှကို ဆက်လက် ဖြိုဖျက်တိုက်ခိုက် သွားမည်ဖြစ်ကာ ပြည်သူများအနေဖြင့် စစ်ကောင်စီ တပ်သားများရှိသည့် နေရာများသို့ သွားလာခြင်း အထူးရှောင်ရှား ကြပါရန် THE BLOODLINE အဖွဲ့က အသိပေးနှိုးဆော်ထားသည်။

ဓာတ်ပုံ- ဗားကရာလမ်းပေါ်ရှိ စမ်းချောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးတွင် စစ်တပ်က ဂိတ်ချလုံခြုံရေးယူထားစဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)

လူကြီးဇာတ်ကား ကြိုက်သူများအတွက်

👇🏻👇🏻👇🏻


Comments

Leave a Reply

Your email address will not be published. Required fields are marked *

လူကြီးဇာတ်ကား စိတ်ဝင်စားသူများသာနှိပ်ရန်