ပဲခူးမြို့နယ်၊ ဇီးတောကျေးရွာရှိ စစ်ကောင်စီတပ် ရှေ့တန်းကာကင်းစခန်းကို အမှတ်(၂) စစ်ဆင်ရေးနယ်မြေ၊ တိုင်းစစ်ဌာန (ပဲခူး)၊ အမှတ်(၃၇၀၁) တပ်ရင်းက မေလ ၁၈ရက်၊ မနက် (၂)နာရီအချိန်တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ပါတယ်။
တိုက်ခိုက်မှုအတွင်း G-4 (၂)လက်၊ G-3 (၂)လက်၊ G-2 (၁)လက်၊ M-1 ကာဘိုင် (၉)လက်၊ နှင့် ခဲယမ်းများ၊ ဆက်စပ်စစ်သုံးပစ္စည်းများကို သိမ်းဆည်းရရှိခဲ့ပြီး တိုက်ခိုက်မှုအပြီးတွင် စစ်ကောင်စီတပ် ကာကင်းစခန်းကို ရှင်းလင်းဖျက်ဆီးခဲ့တယ်လို့ ဖော်ပြထားပါတယ်။


Leave a Reply