📢 Join Our Telegram Community

Get the latest updates directly on Telegram.

✈️ Join Telegram

ဒီနေ့ နိုင်ငံတကာမှာ ဖြစ်ပျက်ခဲ့တဲ့ အဓိက သတင်းကြီးတွေနဲ့ ပတ်သက်ပြီး...

သတင်းအပြည့်အစုံ ဆက်လက်ဖတ်ရှုရန် ➔
သတင်းထူး / ကြော်ငြာ
📰

ဆက်လက်ဖတ်ရှုရန် သတင်းအပြည့်အစုံ

သတင်းအသစ်များနှင့် ဗီဒီယိုများကို ဆက်လက်ကြည့်ရှုရန် အောက်ပါခလုတ်ကို နှိပ်ပါခင်ဗျာ

နှိပ်ပြီး ကြည့်ရန်

ခွက်ခွက်လန်အောင် ကျရှုံးခဲ့တဲ့ ပြည်သူ့စစ် ဗျူဟာ

အကြမ်းဖက် စစ်ရှုံးကောင်စီက ငပျူရွာတွေကို ဘာရည်ရွယ်ချက်နဲ့ မွေးခဲ့လဲတော့ မသိဘူး။ ခန့်မှန်းကြည့်ရသလောက်က စစ်တပ်ရဲ့ အရန်အင်အား အနေနဲ့ ထားခဲ့ချင်ပုံရတယ်။

အာ့ကြောင့်လဲ ၂၀၂၁ မင်းအောင်လှိုင် အာဏာသိမ်းပြီးနောက်ပိုင်းမှာ စစ်တပ်က ကြံ့ဖွတ် အမာခံရွာတွေကို လက်နက် တပ်ဆင်ပေးပြီး ငပျူရွာတွေအဖြစ် ပြောင်းလဲခဲ့တယ်။ တော်လှန်ရေး ကနဦးကာလ PDF တွေမှာ လက်လုပ်သေနတ်တောင် တပ်ရင်းတိုင်း မရှိသေးတဲ့ အချိန်မှာ ငပျူတွေမှာ ကာဘိုင်တွေ G3 G4 တွေနဲ့ ဆိုတော့ ငပျူတွေလာရင် PDF တွေ ပြေးရတာပေါ့။ ဒါက ၂၀၂၂ အကုန်လောက်အထိ မြေပြင် အရှိတရားပါပဲ။

၂၀၂၃ လောက်ကစပြီး PDF တွေမှာ လက်နက်ခဲယမ်း အတော်အသင့် ပြည့်စုံလာတယ်၊ လူအင်အား စုဖွဲ့မှု ပိုကောင်းလာတယ်။ အဲ့အချိန်ကစလို့ ငပျူတွေဟာ ရွာထဲကနေ ရွာအပြင်ကို လုံးဝ (လုံးဝ) မထွက်တော့ဘူး။ စားချင်တာမှန်သမျှ အဘတွေဆီ လက်ဖြန့်တောင်းပြီး အခန့်သား မှာစားတာ။

ငပျူတွေ အော်ဒါတက်သမျှကို ခြင်းကြားတွေက ရွာအထိ ဒလီဘာရီထမ်းပြီး ပို့ပေးရသေးတာ။ ဒီကြားထဲ ရိက္ခာပို့ရင်းနဲ့ PDF က မိုင်းဆွဲလို့ အကြမ်းဖက် ခြင်းကြားတွေ သေတဲ့ကောင်ကသေ၊ တိုပြတ်ကျိုးကန်း ဖြစ်တဲ့ကောင်ကဖြစ်။ ငပျူတွေကတော့ အေးဆေးပဲ ရွာထဲကနေ ယပ်ခတ်ပြီး ထိုင်စောင့်နေတာပဲ။ ပို့သမျှ အခန့်သား ထိုင်စားပစ်ပြီး လိုရင် အဘတွေဆီ လက်ဖြန့်တောင်းလိုက်ရုံပဲလေ။

အဲ ငပျူတွေရဲ့ အချောင်ခို စိတ်ဓာတ်ကို သိတဲ့ ဗျူဟာမှူးတွေကျတော့ ငပျူတွေတောင်းတိုင်း မပေးတော့ဘူး။ အဲ့တော့ ငပျူတွေ ဘာလုပ်တယ် ထင်လဲ? လက်ဖြန့်တောင်းလို့ မရရင် လောဘီငဖားတွေဆီကတဆင့် ငိုပြီး တောင်းတာပေါ့။

ငပျူတွေ အနေနဲ့ သူတို့စားဖို့ကို တကယ်ဆိုရင် စစ်တပ်ရှိနဲ့ အနီးဆုံး အခြေစိုက်နေရာကို သွားယူကြပါလား။ ဒါမျိုးကျတော့လဲ ချွေးထွက်မခံဘူးလေ။ စစ်တပ်ထဲက ငစနူ ခြင်းကြားတွေကိုပဲ အသေခံခိုင်းပြီး အိမ်တိုင်ရာရောက် လာပို့ခိုင်းတာ။ PDF က ရွာကို ပိတ်ဆို့ထားလဲ သူတို့နဲ့ မဆိုင်ပဲ။ ခွေးတပ်က ဖောက်ထွက်ပြီး လာပို့လေ။ ယုတ်စွအဆုံး ငပျူရွာတွေမှာ ခွေးတပ်နဲ့ ရဲခွေးတွေ တွဲချပေးထားလဲ ဒီကောင်တွေကပါ ငပျူ စောက်ကျင့်ကူးသွားပြီး ထွက်မတိုက်တော့ပဲ ရွာထဲကနေ အခန့်သား ထိုင်စားကြတော့တာ။ ဒါက အညာဒေသက ငပျူရွာတွေရဲ့ မြေပြင် အခြေအနေမှန်ပဲ။

ငပျူဖြစ်ရတာ ဘယ်လောက်တောင် ဇိမ်ကျလိုက်လဲ..

ဖိုးစီ

လူကြီးဇာတ်ကား ကြိုက်သူများအတွက်

👇🏻👇🏻👇🏻


Comments

Leave a Reply

Your email address will not be published. Required fields are marked *

လူကြီးဇာတ်ကား စိတ်ဝင်စားသူများသာနှိပ်ရန်