📢 Join Our Telegram Community

Get the latest updates directly on Telegram.

✈️ Join Telegram

ဒီနေ့ နိုင်ငံတကာမှာ ဖြစ်ပျက်ခဲ့တဲ့ အဓိက သတင်းကြီးတွေနဲ့ ပတ်သက်ပြီး...

သတင်းအပြည့်အစုံ ဆက်လက်ဖတ်ရှုရန်
သတင်းထူး / ကြော်ငြာ
📰

ဆက်လက်ဖတ်ရှုရန် သတင်းအပြည့်အစုံ

သတင်းအသစ်များနှင့် ဗီဒီယိုများကို ဆက်လက်ကြည့်ရှုရန် အောက်ပါခလုတ်ကို နှိပ်ပါခင်ဗျာ

နှိပ်ပြီး ကြည့်ရန်

စစ်လေယာဉ်ဖြင့် ဗုံးကျဲမှုကြောင့် အသက် ၅ နှစ်မှ ၁၁ နှစ်အရွယ် အထိ ကလေးငယ်များ အပါအဝင် ပြည်သူ ၁၀ ဦးသေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရ

by

in

မင်းကင်းမြို့နယ်ရှိ ကျေးရွာ ၂ ခုအတွင်းသို့ တိုက်ပွဲ မဖြစ်ဘဲ စစ်လေယာဉ်ဖြင့် ဗုံးကျဲမှုကြောင့် အသက် ၅ နှစ်မှ ၁၁ နှစ်အရွယ် အထိ ကလေးငယ်များ အပါအဝင် ပြည်သူ ၁၀ ဦးသေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ သာစည်ရွာနှင့် မင်းစုရွာကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက် ခိုက်ခြင်းကြောင့် အသက် ၅ နှစ်မှ အသက် ၁၁ နှစ်အရွယ်အထိ ကလေးငယ်များ အပါအဝင် ပြည်သူ ၁၀ ဦး သေ ဆုံးခဲ့ကြောင်း ဒေသခံပြည်သူများက ပြောဆိုသည်။

ယမန်နေ့ မေလ ၂၃ ရက်နေ့ မွန်းလွဲ ၂ နာရီ ၄၅ မိနစ်ခန့် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြမ်းဖက် စစ်တပ်က မင်းကင်းမြို့နယ်၊ သာစည်ရွာနှင့် မင်းစုရွာကို လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ဖြစ်ကြောင်း၊ ဗုံးကျဲမှုမှာ ပြည်သူများ နေထိုင်သော ကျေးရွာများအတွင်းသို့ လေယာဉ်ဖြင့် ဗုံးကျဲချခဲ့ခြင်းကြောင့် ထိခိုက်သေဆုံးမှု များပြားခဲ့ကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှုကြောင့် သေဆုံးထိခိုက်သည့် ပြည်သူများတွင် အသက် ၅ နှစ်အရွယ် မနှင်းရတီဝင်း၊ အသက် ၆ နှစ်အရွယ် မောင်ဖုန်းခန့်ဖြိုး၊ အသက် ၇ နှစ်အရွယ် မောင်ထက်နေကြည်နှင့်မောင်ဖြိုးမင်းခန့်၊ အသက် ၈ နှစ်အရွယ် မဆောင်းသဇင်နွေးနှင့် မောင်ကျော်ဖြိုးအောင် ၊ အသက် ၉ နှစ်အရွယ် မဖြိုးအိဇင် ၊ အသက် ၁၁ နှစ်အရွယ် မောင်ရှင်းသန့် ၊ အသက် ၂၃ နှစ်အရွယ် ချစ်စန်းနွယ်၊ အသက် ၂၇ နှစ်အရွယ် နှင်းအိစံ ၊ အသက် ၃၅ နှစ်အရွယ် မယဉ်လှ ၊ အသက် ၃၆ နှစ်အရွယ် သိန်းလွင်ဦး ၊အသက် ၃၈ နှစ်အရွယ် ပြူးစိန် ၊ အသက် ၃၉ အရွယ် ဘိုဦး ၊ အသက် ၄၀ နှစ်အရွယ် နှင်းနုအောင် ၊ အသက် ၄၂ နှစ်အရွယ် ဇော်မင်းဦး ၊ အသက် ၄၆ နှစ်အရွယ် ဇော်လင်း ၊ အသက် ၄၈ နှစ်အရွယ် မောင်စိုး ၊ အသက် ၇၄ နှစ်အရွယ် ဒေါ်စိန်ကြွေ တို့ ပါဝင်ကြောင်း သိရှီရသည်။

လေယာဉ်ဖြင့် ဗုံးကျဲမှုကြောင့် ထိခိုက် ဒဏ်ရာရရှိသူများထဲတွင် အသက် အန္တရာယ် စိုးရိမ်ရသူများလည်းပါဝင်ပြီး သေဆုံးသူ အရေ အတွက် ပိုမိုများပြားလာနိုင်ကြောင်း၊ ဒဏ်ရာရရှိသူများကို ဆေးဝါးကုသမှုများ ပေးနေသော် လည်း စိုးရိမ်ရသူများကို ကုသပေးရာတွင် ဆေးဝါးနှင့်ဆေးပစ္စည်းကိရိယာမလုံလောက်မှုများ ရှိနေကြောင်း
သိရသည်။

“မင်းစုနဲ့ သာစည်ရွာတွေကို စစ်ခွေးတွေက လေယာဉ်နဲ့ ဗုံးကျဲ တိုက်ခိုက်သွားတာ သေဆုံးမှု စာရင်းက ပိုတိုးလာနိုင်တယ်။ အခုလက်ရှိစာရင်းက ကျနော်တို့ အတည်ပြုနိုင်တာပေါ့” ဟု ဒေသခံသတင်းရင်းမြစ်က ပြောဆိုသည်။

အကြမ်းဖက်စစ်ကောင်စီတပ်က မေလ ၆ ရက်နေ့မှ မေလ ၃၁ ရက်နေ့ အထိ အပစ်အခတ်ရပ်စဲရေး ကြေညာထားသော်လည်း နိုင်ငံတစ်ဝန်းတွင် လေကြောင်းတိုက်ခိုက်မှုများ၊ စစ်ကြောင်းထိုးမှုများနှင့် ပြည်သူများကို ပစ် ခတ် သတ်ဖြတ် ဖမ်းဆီးမှုများကို ဆက်တိုက် လုပ်ဆောင်လျက်ရှိကြောင်း တော်လှန်ရေးတပ်ဖွဲ့များက သတင်းထုတ်ပြန်ထားသည်။

လူကြီးဇာတ်ကား ကြိုက်သူများအတွက်

👇🏻👇🏻👇🏻


Comments

Leave a Reply

Your email address will not be published. Required fields are marked *

လူကြီးဇာတ်ကား စိတ်ဝင်စားသူများသာနှိပ်ရန်