မကွေးတိုင်း၊ စလင်းမြို့နယ်၊ စလင်းမြို့မရဲစခန်း၊ စုပေါင်းရုံးနှင့် လင်းဇင်ရဲစခန်းတို့ကို လက်နက်ကြီး၊ လက် နက်ငယ်များဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း စလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန် ရှိသူတစ်ဦးက ပြောကြားသည်။
ယနေ့ မေလ ၂၄ ရက် နံနက်အစောပိုင်း ၃ နာရီခန့်အချိန် စလင်းမြို့မရဲစခန်း ဗဟိုကင်းအဆောက်အအုံ ကို RPG7 ဖြင့် အနီးကပ်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ အလားတူ စလင်းမြို့နယ် စုပေါင်းရုံးအတွင်းရှိ စစ်ကောင်စီတပ်သားများကို လက်နက်ကြီးလက်နက်ငယ်များဖြင့် ထပ်မံဝင်ရောက်ပစ်ခတ်တိုက်ခိုက် ခဲ့ရာအပြန်အလှန်ပစ်ခတ်တိုက်ပွဲ ၁ နာရီခွဲခန့် ကြာမြင့်ခဲ့ကြောင်း သိရသည်။
“ဗဟိုကင်းကို အနီးကပ်ပစ်ခတ်နိုင်ခဲ့ပါတယ်၊ စခန်းရဲစခန်းနဲ့ ထွေအုပ်ရုံးထဲ စစ်ကားတွေ ထပ်မံ အင်အားဖြည့် တင်းနေပါတယ်” ဟု စလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပကဖမှ တာဝန်ရှိ သူတစ်ဦးက ပြောကြားသည်။
အဆိုပါ တိုက်ခိုက်မှုများကို စလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ တိုက်ခိုက်ရေးတပ်ခွဲ ၂ ခွဲမှ ရဲဘော်များက လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။


Leave a Reply