စစ်အုပ်စုက ရေကြီးနစ်မြုပ်နေလည်း စစ်ကြောင်းထိုးမရပ်

ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ လာမယ့် ၄၈ နာရီ အ တွင်း မုန်တိုင်းငယ်အဆင့်ကို ရောက်ရှိနိုင်ပြီး စစ်ကိုင်းနဲ့ မန္တလေးတိုင်းအပါအဝင် တိုင်းနဲ့ပြည်နယ်တချို့မှာ မိုးကြီးပြီး မြေပြိုရေလွှမ်းတာတွေဖြစ်ပေါ်နိုင်လို့ သတိပြုကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ လူသားချင်းစာနာထောက် ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

မေလ ၂၇ ရက် ဒီကနေ့ ညနေပိုင်း ထုတ်ပြန်တဲ့ အဆိုပါ ဝန်ကြီးဌာနရဲ့ မိုးလေဝသအခြေအနေသတိပေးချက် အရ ဘင်္ဂလားပင်လယ်အော်အတွင်း ဖြစ်ပေါ်နေတဲ့လေဖိအားနည်းရပ်ဝန်းဟာလာမယ့်၄၈နာရီအတွင်းပိုမိုအားကောင်း လာနိုင်ပြီး အချို့သောမိုးလေဝသ Model တွေရဲ့ ခန့်မှန်းချက်အရ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကမ်းရိုးတမ်း အနောက်ခြမ်း သို့ဝင်ရောက်နိုင်မယ်လို့ ခန့်မှန်းထားပြီး အချို့သော Model တွေအရ လေဖိအားနည်းရပ်ဝန်းဟာ လာမယ့် ၄၈ နာရီ အတွင်း မုန်တိုင်းငယ်အဆင့်ကို ရောက်ရှိနိုင်တယ်လို့ ခန့်မှန်းထားတာဖြစ်ပါတယ်။

အဆိုပါ လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် ဘင်္ဂလားပင်လယ်အော်နဲ့ ကပ္ပလီပင်လယ်ပြင်မှာ မုတ်သုံလေ အား ကောင်းနေပြီး မြန်မာနိုင်ငံတဝှမ်းလုံး နေရာစိပ်စိပ်ကနေ နေရာအနှံ့အပြား မိုးထစ်ချုန်း ရွာနိုင်တယ်လို့ဆိုပါတယ်။

အထူးသဖြင့် စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ကရင်ပြည် နယ်၊ ကရင်နီပြည်နယ်၊ တနင်္သာရီတိုင်းတွေမှာ နေရာကွက်၍ မိုးကြီးနိုင်ပြီး ရေလွှမ်းမိုးတာနဲ့ မြေပြိုတာတွေ အထူး သတိပြုသင့်တယ်လို့ သတိပေးချက်က ဆိုပါတယ်။

“မုတ်သုံလေအားအလွန်ကောင်းနေခြင်းကြောင့် မိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ လျှပ် စီးလက်ခြင်း၊ မိုးကြိုးပစ်ခြင်း၊ နေရာကွက်၍ မိုးကြီးခြင်း၊ လျှပ်တစ်ပြက် ရေကြီးခြင်း၊ မြေကျွံခြင်းနှင့် မြေပြို ခြင်းစသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် အထူးဂရုပြုကြရန်အကြံပြုအပ်ပါသည်” လို့ ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်က ဆိုပါတယ်။

အခုရက်ပိုင်း စစ်ကိုင်းနဲ့ မန္တလေးတိုင်းအတွင်းမှာ မိုးသည်းထန်စွာ ရွာသန်းနေပြီး ရေကြီး၊ ရေလျံတာတွေ ဖြစ်ပေါ် နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

အဲဒီလို မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီး‌နေလို့ မေလ ၂၆ရက် မနေ့က မွန်းလွဲပိုင်းမှာ မြင်းခြံ – တောင်သာလမ်း၊ ဆင်တဲ ဝချောင်းထဲ ရေစီးနေချိန် ချောင်းကို ဖြတ်ကူးတဲ့ ခရီးသည်တင်ကား ရေစီးနဲ့ မျောပါခဲ့သေးတယ်လို့ ဆိုပါ တယ်။

အလားတူ မေလ ၂၄ ရက်ကစလို့ ဆက်တိုက်မိုးရွာသွန်းနေတာကြောင့် မုံရွာမြို့ပေါ် ရပ်ကွက်တွေထဲ ရေကြီးရေ လျှံပြီး နေအိမ်တွေထဲထိ ရေဝင်ရောက်နေတယ်လို့ဆိုပါတယ်။

စစ်ကိုင်းတိုင်း၊ မုံရွာနယ်ထဲ မိုးသည်းထန်ရွာသွန်းပြီး ရေကြီးနစ်မြုပ်နေချိန် စစ်အုပ်စုက စစ်ကြောင်း ထိုးနေလို့ ပြည် သူတွေ မိုးရေထဲ ထွက်ပြေးနေရတယ် လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

“ဘာကြောင့် ထိုးတယ်တော့ မသိရဘူး။ မိုးရွာနေတော့ ပြေးရတဲ့ ပြည်သူတွေ ဒုက္ခရောက်ရတယ်”လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

စစ်ကိုင်းတိုင်းအတွင်း မနှစ်က ရေကြီးနစ်မြုပ်မှုဖြစ်ပွားခဲ့စဉ် / ( ပုံဟောင်း)

အချစ်စာပေများဖတ်ရန်

မြန်မာစာတန်းထိုးဇာတ်ကားများကြည့်ရန်


Leave a Reply

Your email address will not be published. Required fields are marked *