ထိုင်း- မြန်မာနယ်စပ်ရှိ စစ်ကောင်စီ၏ ကနဲလေးစစ်စခန်းကို KNLA က ညတွင်းချင်း တိုက်ခိုက်သိမ်းပိုက်

ကရင်ပြည်နယ်၊မြဝတီမြို့ တောင်ဘက် ၊ထိုင်း- မြန်မာနယ်စပ်ရှိ စစ်ကောင်စီ၏ ကနဲလေးစခန်းကို KNAL ပူး ပေါင်းတပ်ဖွဲ့ က ယမန်နေ့ ညတွင်းချင်း တိုက်ခိုက် သိမ်းပိုက်လိုက်ကြောင်း KNLA စစ်ရေး သတင်းရင်းမြစ်က ပြောသည်။

အကြမ်းဖက်စစ်ကောင်စီတပ်၏ ကနဲလေးစစ်စခန်းကို မေလ ၂၁ ရက်နေ့ကတည်းက တိုက်ခိုက်နေခြင်းဖြစ်ပြီး ယမန်နေ့ မေလ ၂၉ ရက်နေ့ ညပိုင်းတွင် အပြီးသတ်တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်ကြောင်း KNLA စစ်ရေး သတင်းရင်းမြစ်က ပြောသည်။

ယမန်နေ့နံနက်ပိုင်း DKBA ဌာနချုပ် ဆုံဆည်းမြိုင်ကျေးရွာသို့ ရောက်ရှိလာသည့် အင်အား ၇၂ ဦးပါ စစ်တပ်စစ်ကြောင်းတစ်ခုလုံးကို အပြီးသတ် ချေမှုန်းတိုက်ခိုက်ခဲ့ပြီးနောက် ယမန်နေ့ ညပိုင်း စစ်ကောင်စီတပ်၏ ကနဲလေး စခန်းကို KNLA ပူးပေါင်းတပ်များက သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။

KNU က မတ်လ၊ ဧပြီလနှင့် ယခု မေလအတွင်းတွင် ထိုင်း-မြန်မာနယ်စပ်အနီးမှ စစ်ကောင်စီ၏ ပူးလူးတူ၊ ခလယ့်ဒေး၊ တခေါဘီခွီး၊ မော်ဖားသူးစခန်း ၊တာလယ်စခန်း၊ မယ်လစခန်း၊ မော်ဖိုးကေစစ်စခန်းနှင့် ဘလက်ဒိုစခန်းများကို ဆက်တိုက် တိုက်ခိုက်သိမ်းယူနိုင်ခဲ့ပြီး ယခုနောက်ဆုံးတွင် ကနဲလေးစခန်းကိုပါ တိုက်ခိုက် သိမ်းပိုက်လိုက်ခြင်းဖြစ်သည်။

လက်ရှိကရင်ပြည်နယ်အတွင်း မြဝတီ၊ ဘုရားသုံးဆူ၊ ကော့ကရိတ် ၊ကျုံဒိုး၊ဖာပွန်၊သံတောင်ဒေသများတွင်အကြမ်း ဖက်စစ်ကောင်စီတပ်နှင့် KNLA မဟာမိတ်တပ်များအကြား တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားလျက်ရှိသည်။

ဓာတ်ပုံ- KNLA ကော်ဘရာစစ်ကြောင်းမှ တော်လှန်ရေးရဲဘော်များ။ (ပုံအဟောင်းဖြစ်ပါသည်။)

အချစ်စာပေများဖတ်ရန်

မြန်မာစာတန်းထိုးဇာတ်ကားများကြည့်ရန်


Leave a Reply

Your email address will not be published. Required fields are marked *