ဆောင်းပြောင်းကျေးရွာမှာ တပ်စွဲထားသည့် PNO ပြည်သူ့စစ်နှင့် စစ်ကောင်စီတပ်စခန်းများကို တိုက်ခိုက်

ဆောင်းပြောင်းကျေးရွာမှာ တပ်စွဲထားသည့် PNO ပြည်သူ့စစ်နှင့် စစ်ကောင်စီတပ်စခန်းများကို တိုက်ခိုက်မှုအတွင်း စစ်သုံ့ပန်းနှင့် လက်နက်ခဲယမ်းများ သိမ်းပိုက်ရရှိကြောင်း PDF Pekhon ထုတ်ပြန် (ရုပ်သံ)

ရှမ်းပြည်နယ်၊ ပင်လောင်းမြို့နယ်၊ ဆောင်းပြောင်းကျေးရွာမှာ တပ်စွဲထားတဲ့ PNO ပြည်သူ့စစ်နဲ့ စစ်ကောင်စီတပ်စခန်းတွေကို တော်လှန်ရေးပူးပေါင်းတွေ တိုက်ခိုက်မှုအတွင်း စစ်သုံ့ပန်းနဲ့ လက်နက်ခဲယမ်းတွေ သိမ်းပိုက်ရရှိခဲ့တယ်လို့ PDF Pekhon က ထုတ်ပြန်ထားပါတယ်။

မေလ ၇ ရက်ကနေ မေလ ၂၆ ရက်အထိ ဆောင်းပြောင်းကျေးရွာမှာ တပ်စွဲထားတဲ့ PNO ပြည်သူ့စစ်နဲ့ စစ်ကောင်စီတပ်စခန်းတွေကို ဖယ်ခုံ PDF ၁၀၀၂ တပ်ရင်းနဲ့ မဟာမိတ်တပ်ပေါင်းစုတွေက တိုက်ခိုက်ခဲ့ရာ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

စခန်းကုန်းမကျစေရေး စစ်ကောင်စီရဲ့ လေကြောင်းနဲ့ လက်နက်ကြီးတွေ ဆက်တိုက်ပစ်ကူတဲ့တွေကြားကနေ တော်လှန်ရေးတပ်တွေက စခန်းကုန်းတွေကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး စစ်သုံ့ပန်းနဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲတွေအတွင်း တော်လှန်ရေးရဲဘော်တွေလည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

Video- PDF Pekhon

Comments

Leave a Reply

Your email address will not be published. Required fields are marked *