📢 Join Our Telegram Community

Get the latest updates directly on Telegram.

✈️ Join Telegram

ဒီနေ့ နိုင်ငံတကာမှာ ဖြစ်ပျက်ခဲ့တဲ့ အဓိက သတင်းကြီးတွေနဲ့ ပတ်သက်ပြီး...

သတင်းအပြည့်အစုံ ဆက်လက်ဖတ်ရှုရန်
သတင်းထူး / ကြော်ငြာ
📰

ဆက်လက်ဖတ်ရှုရန် သတင်းအပြည့်အစုံ

သတင်းအသစ်များနှင့် ဗီဒီယိုများကို ဆက်လက်ကြည့်ရှုရန် အောက်ပါခလုတ်ကို နှိပ်ပါခင်ဗျာ

နှိပ်ပြီး ကြည့်ရန်

လူငယ်များ ရှာမရတော့လျှင် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များက တာဝန်ခံ လူအစားထိုး ရှာဖွေပေးရမည်ဟု ထွေ/အုပ်က အမိန့်ပေးညွှန်ကြား

by

in

ရန်ကုန်တွင် သန်းခေါင်စာရင်းပါ စစ်မှုထမ်းရန်အကျုံးဝင်သည့် လူငယ်များ ရှာမရတော့လျှင် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များက တာဝန်ခံ လူအစားထိုး ရှာဖွေပေးရမည်ဟု ထွေ/အုပ်က အမိန့်ပေးညွှန်ကြား

ရန်ကုန်မြို့တွင် သန်းခေါင်စာရင်းပါ စစ်မှုထမ်းရန်အကျုံးဝင် လူငယ်များ ရှာမရတော့လျှင် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များက တာဝန်ခံရမည်ဟု ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက အမိန့်ပေးညွှန်ကြားလာကြောင်း မရမ်းကုန်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သတင်းရင်းမြစ်က ပြောဆိုသည်။

စစ်မှုထမ်းခေါ်ယူမှု ၁ နှစ်ပြည့်ခဲ့သည့် ယခုနှစ် မေလဆန်းပိုင်းတွင် စစ်ကောင်စီက သန်းခေါင်စာရင်းကို အခြေ ခံ၍ စစ်မှုထမ်းရန် အကျုံးဝင်သည့် လူငယ်များ စာရင်းပြုစုသည့် စနစ်ကို လုံး၀ အပြီးသတ်ပြောင်းလဲလိုက်ပြီး သက်ဆိုင်ရာ မြို့နယ်၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များသည် စစ်မှုထမ်းရန် ဆင့်ခေါ်ရမည့် လူငယ်များကို သန်း ခေါင်စာရင်းပါ အခြေအနေအတိုင်း အစီအစဉ်တကျ ဆင့်ခေါ်ထားရန်၊ သန်းခေါင်စာရင်းပါ စစ်မှုထမ်းရန် အကျုံး ဝင်သည့် လူငယ်များ ရှာဖွေ မရတော့လျှင့် သက်ဆိုင်ရာ မြို့နယ်နှင့်ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များက လစဉ် ပေးရမည့် စစ်မှုထမ်းလူငယ်များ အချိန်မီ ရရှိရေး ဆောင်ရွက်ထားရန် ထွေ/အုပ်က အမိန့်ပေးလာခြင်းဖြစ်ကြောင်း သိရှိရသည်။

“မရမ်းကုန်းမြို့နယ် ၂ ရပ်ကွက်မှာဆိုရင် စစ်မှုထမ်းဖို့ အကျုံးဝင်တဲ့ လူငယ်ပေါင်း ၆၀၀၀ ကျော်ရှိတယ်။ အဲဒီလူငယ်တွေထဲကမှ သင့်တော်သူတွေကို အမြန်ဆုံး စာရင်းတင်ပြရမယ်။ တကယ်လို့ အဲဒီလူငယ်တွေ ရပ်ကွက်ထဲမှာ မရှိတာ၊ နိုင်ငံခြားထွက်နေတာ၊ တစ်နယ်တစ်ကျေး ပြောင်းသွားတာတွေကို သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့က တာဝန်ခံရမယ်။ စစ်မှုထမ်းမယ့် လူငယ်စာရင်းရှိပြီး စစ်မှုထမ်းမယ့် လူမရှိတာမျိုး မဖြစ်ရဘူး။ ကိုယ့်အစီအစဉ်နဲ့ ကိုယ် လူရှာထားရမယ်” ဟု မရမ်းကုန်းမြို့နယ် ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန သတင်းရင်းမြစ်က ရှင်းပြသည်။

ယခင်က စစ်မှုထမ်းရန် လူငယ်များ ခေါ်ယူရာတွင် မဲနှိုက်ခြင်း၊ နီးစပ်ရာ ငွေကြေးပေး၍ ခေါ်ယူခြင်းများဖြင့် သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များက စီမံခဲ့ကြကြောင်း၊ ယခုအခါတွင်မူ မြို့နယ်နှင့် ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့များအနေဖြင့် မိမိတို့ ကြိုက်သလို စီမံနိုင်ပြီး အဓိကမှာ လစဉ် လိုအပ်သော စစ်မှုထမ်းတပ်သားသစ်များ အချိန်မီပေးပို့နိုင်ရေးဖြစ်ကြောင်း သိရှိရသည်။

“ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် စစ်မှုထမ်း တပ်သားသစ်တွေ လစဉ် လိုအပ်တဲ့ အင်အားပမာဏအတိုင်းပေးရမယ်။ အရင်လို မဲနှိုက်တာပဲဖြစ်ဖြစ်၊ ဆင့်ခေါ်တာဖြစ်ဖြစ်၊ မှောင်ရိပ်ခိုမှုနဲ့ ဖမ်းလာတာဖြစ်ဖြစ် ဘယ်လိုပဲလုပ်လုပ် အဓိက လစဉ် လိုအပ်တဲ့ အင်အားပမာဏ ပြည့်မီဖို့ ထွေ/အုပ်က အမိန့်ပေးညွှန်ကြားတာပါ” ဟု လှိုင်မြို့နယ်၊ စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့နှင့် နီးစပ်သော သတင်းရင်းမြစ်တစ်ခုကလည်း အတည်ပြု ပြောဆိုသည်။

ရန်ကုန်တိုင်းအတွင်းတွင် စစ်မှုထမ်းဥပဒေအကြောင်းပြ၍ ငွေကြေးအဆမတန်ကောက်ခံမှုများ၊ ကားဂိတ်နှင့်လမ်းဆုံလမ်းခွဲများ နေ့ခင်းပိုင်းအချိန် လူငယ်များကို စစ်မှုထမ်းခိုင်းရန် ပေါ်တာဆွဲ ဖမ်းဆီးခြင်းများ များပြားလာနကြောင်း၊ စစ်မှုထမ်းအကြောင်းပြငွေကြေးမတရားကောက်ခံမှုများကို အရေးယူပေးရန် စစ်ကောင်စီထံတိုင်ကြားသော်လည်း အရေးယူမှု တစ်စုံတစ်ရာ မရှိကြောင်း ရန်ကုန်မြို့ ပြည်သူများထံမှ သိရှိရသည်။

ဓာတ်ပုံ- အလှည့်ကျ စစ်မှုထမ်းခိုင်းရန် လူငယ်များကို မဲဖောက်နေစဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)

လူကြီးဇာတ်ကား ကြိုက်သူများအတွက်

👇🏻👇🏻👇🏻


Comments

Leave a Reply

Your email address will not be published. Required fields are marked *

လူကြီးဇာတ်ကား စိတ်ဝင်စားသူများသာနှိပ်ရန်