၅ တန်းအရွယ် ကလေးတဲ့လေ …ဒီလိုအဆုံးစီရင်မှုကို စဉ်းစားနိုင်တယ်ဆိုတာက တော်ရုံတန်ရုံ စိတ်ဒဏ်ရာမှမဟုတ်တာလေ…

၅ တန်းအရွယ် ကလေးတဲ့လေ …ဒီလိုအဆုံးစီရင်မှုကို စဉ်းစားနိုင်တယ်ဆိုတာက တော်ရုံတန်ရုံ စိတ်ဒဏ်ရာမှမဟုတ်တာလေ…

ဒီနေ့ (၅)တန်းအရွယ် စစ်ဘေးရှောင်ကလေးငယ်တစ်ဦး ကိုယ့်ကိုအဆုံးစီရင်မှု ဖြစ်စဉ်ဖြစ်ခဲ့တယ်လို့ သိရတယ်ဗျာ…

သူနောက်ဆုံးရေးခဲ့တဲ့ စာကိုဖတ်ကြည့်မိတော့ ..
မိဘတွေရဲ့ ခက်ခဲကျပ်တည်းမှုတွေကို သိနားလည်နေတဲ့ ကလေးတစ်ယောက်ရဲ့ ဝမ်းနည်းစရာ ခံစားချက်ကို တွေ့ရတယ်ဗျာ…၊စိတ်ဒဏ်ရာတွေရနေတာ ..

အတော်စိတ်မကောင်းဘူးဗျာ..

လူကြီးတွေမှ မဟုတ်ဘူး ၊ကလေးတွေလည်း ဒီဒုက္ခဆင်းရဲ ကျပ်တည်းမှုတွေကို ရင်ဆိုင်ခံစားနေကြရတယ်။
စစ်ဘေးရှောင်ကလေးငယ်တွေအတွက် ကျွန်တော်တို့ ခွန်အားပေးတွေပေးရမယ် ၊ပျော်ရွှင်မှုတွေ ကြံဖန်လုပ်ဆောင်ပေးရမယ်။ ကလေးတွေလည်း စိတ်ဒဏ်ရာတွေ ခံစားနေရတယ်ဆိုတာ ကျွန်တော်တို့မျက်ကွယ်ပြုနေလို့မရဘူး။

အနီးနားက စစ်ဘေးရှောင်ကလေးတွေကို ဖေးမစောင့်ရှောင်ပေးကြပါနော်။

လိုအပ်ချက်တွေကို တတ်နိုင်သမျှ ဖြည့်ဆည်းပေးကြပါဗျာ။

#Jobsforkayar
#crdphoto


Comments

Leave a Reply

Your email address will not be published. Required fields are marked *