📢 Join Our Telegram Community

Get the latest updates directly on Telegram.

✈️ Join Telegram

ဒီနေ့ နိုင်ငံတကာမှာ ဖြစ်ပျက်ခဲ့တဲ့ အဓိက သတင်းကြီးတွေနဲ့ ပတ်သက်ပြီး...

သတင်းအပြည့်အစုံ ဆက်လက်ဖတ်ရှုရန်
သတင်းထူး / ကြော်ငြာ
📰

ဆက်လက်ဖတ်ရှုရန် သတင်းအပြည့်အစုံ

သတင်းအသစ်များနှင့် ဗီဒီယိုများကို ဆက်လက်ကြည့်ရှုရန် အောက်ပါခလုတ်ကို နှိပ်ပါခင်ဗျာ

နှိပ်ပြီး ကြည့်ရန်

ကရင်နီတွင် ၅ တန်းအရွယ် မိန်းကလေးငယ် ၁ ဦး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်

by

in

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ ပါလောင်းကျေးရွာမှာနေထိုင်တဲ့ ၅ တန်းအရွယ် မိန်းကလေးငယ်တယောက် ဇွန် ၆ ရက်နေ့မှာ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားခဲ့တယ်လို့ ဖြစ်စဥ်သိရှိသူတွေက ပြောပါတယ်။

ဇွန်လ ၆ ရက်နေ့ နေ့လယ် ၁၂ နာရီဝန်းကျင်မှာ ၅ တန်းအောင်ထားပြီးသူ အသက် ၁၃ နှစ်အရွယ် မရှဲမယ်က နေအိမ်ထဲမှာ အဆုံးစီရင်ခဲ့ပြီး သေတမ်းစာတစောင်ကိုလည်း ရေးထားခဲ့တာဖြစ်ပါတယ်။

ဖြစ်စဥ်သိသူတယောက်က “အခုအခြေအနေက မြေပြင်မှာ တော်တော်လေး ခက်ခဲနေတဲ့ မိသားစုတွေ တော်တော်များတာပေါ့နော်။ သူက ကျောင်းတက်ချင်တယ်။ မိဘတွေက အဆင်မပြေဘူး၊ အဲ့ကနေ စိတ်ဒဏ်ရာရတာပေါ့နော်။ မိဘတွေလည်း အတော်လေး စိတ်ထိခိုက်နေကြတယ်” လို့ ပြောပါတယ်။

ကရင်နီပြည်နယ်နေရာအနှံ့မှာ စစ်တပ်အာဏာသိမ်းပြီးနောက် ထိတွေ့တိုက်ပွဲတွေ ပေါ်ပေါက်လာခဲ့ပြီး စစ်ကောင်စီတပ်ကြောင့် ပြည်သူတွေ စစ်ဘေးရှောင်နေကြရင်းကနေ အလုပ်လက်မဲ့ ဖြစ်ကြရတာတွေ များပြားနေတာပဲ ဖြစ်ပါတယ်။

စစ်ဘေးရှောင်နေရတဲ့အတွက် စီးပွားရေးလုပ်ကိုင်စားသောက်ဖို့ ခက်ခဲပြီး ကလေးငယ်တွေရဲ့ ပညာရေးအတွက် အခက်အခဲတွေ ကြုံနေရလို့ မိဘတချို့က ကျောင်းထွက်ခိုင်းရတာမျိုးတွေ ရှိလာရပါတယ်။

စစ်ရှောင်အရေးကူညီပေးသူတယောက်က “ဒီနှစ်က အလှူရှင်တွေ အရမ်းနည်းသွားတော့ ကျောင်းကော်မတီတို့ တိုင်ပင်ပြီး လစဥ်ကြေး ၅၀၀၀ /၁၀၀၀၀ ကောက်ခံရတာပေါ့နော်၊ အဓိက ကျောင်းအထွေထွေအသုံးစရိတ်မျိုးပေါ့။ တော်တော်များများ စစ်ရှောင်နေရတော့ တော်တော်ခက်ခဲကြတော့ ကျောင်းထွက်ရတာမျိုးရှိလာတာ” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့နှစ်တွေအထိ ကလေးငယ်တွေရဲ့ ပညာရေးအတွက် ပြည်တွင်းပြည်ပ အလှူရှင်တွေက ကူညီထောက်ပံ့ပေးတာကြောင့် စစ်ဘေးရှောင်မိဘတွေ ကလေးငယ်တွေကို ကျောင်းထားနိုင်ပြီး အနည်းငယ် အဆင်ပြေပေမဲ့ အခုနှစ်မှာ စာသင်ကျောင်းတိုင်းမှာ အခက်အခဲတွေ ကြုံတွေ့နေကြရတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၃၀ ရက်နေ့မှာလည်း အသက် ၂၅ နှစ်အရွယ် ရဲဘော်တယောက် ကိုယ့်ကိုယ်ကို အဆုံးစီရင်ခဲ့ပါသေးတယ်။

လူကြီးဇာတ်ကား ကြိုက်သူများအတွက်

👇🏻👇🏻👇🏻


Comments

Leave a Reply

Your email address will not be published. Required fields are marked *

လူကြီးဇာတ်ကား စိတ်ဝင်စားသူများသာနှိပ်ရန်