📢 Join Our Telegram Community

Get the latest updates directly on Telegram.

✈️ Join Telegram

ဒီနေ့ နိုင်ငံတကာမှာ ဖြစ်ပျက်ခဲ့တဲ့ အဓိက သတင်းကြီးတွေနဲ့ ပတ်သက်ပြီး...

သတင်းအပြည့်အစုံ ဆက်လက်ဖတ်ရှုရန် ➔
သတင်းထူး / ကြော်ငြာ
📰

ဆက်လက်ဖတ်ရှုရန် သတင်းအပြည့်အစုံ

သတင်းအသစ်များနှင့် ဗီဒီယိုများကို ဆက်လက်ကြည့်ရှုရန် အောက်ပါခလုတ်ကို နှိပ်ပါခင်ဗျာ

နှိပ်ပြီး ကြည့်ရန်

အဆိုတော် ချမ်းချမ်းရောင်းသည့်ပစ္စည်းများကို ဝယ်သည်ဟု စွပ်စွဲပြီး ဂျွန်လွင် ကို စစ်တပ် ဖမ်းဆီး

Star & Model အေဂျင်စီတည်ထောင်သူတယောက်ဖြစ်တဲ့ ဂျွန်လွင်ကို အဆိုတော် ချမ်းချမ်း ရောင်းချတဲ့ ပစ္စည်းတွေကို ဝယ်ယူတာကြောင့်ဆိုပြီး ဇွန် ၅ ရက်နေ့မှာ စစ်တပ်က ဖမ်းဆီးလိုက်ပါတယ်။

သူ့ရဲ့ပြည်ပနိုင်ငံခရီးစဉ်တွေမှာလည်း NUG ရဲ့ ထောက်ပို့ဖြစ်သူ ချမ်းချမ်း ရောင်းချတဲ့ ကုန်ပစ္စည်းတွေကို ဝယ်ယူပြီး ပြည်တွင်းမှာ ပြန်လည်ရောင်းချတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးထားတာ ဖြစ်ပါတယ်။

ဂျွန်လွန်နဲ့ နီးစပ်တဲ့ မိသားစုဝင်တယောက်က “ဇွန် ၅ ရက်နေ့ ညနေပိုင်းလောက်က လာဖမ်းသွားတာပါ။ တကယ်တော့ ချမ်းချမ်းရဲ့ပစ္စည်းတွေကို ဝယ်ယူခြင်းမရှိသလို ရောင်းချတာမျိုးလည်း မရှိပါဘူး။ ခိုင်နှင်းဝေကို အလှူငွေကိစ္စနဲ့ တောက်လျှောက်ဝေဖန်နေလို့ တမင်ညစ်တွန်းတွန်းပြီး ဖမ်းတာပါ” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ရက်တွေမှာ ဂျွန်လွင်ဟာ ခိုင်နှင်းဝေရဲ့ ငွေကြေးအရှုပ်အရှင်းကိစ္စနဲ့ပတ်သက်ပြီး တောက်လျှောက်ဝေဖန် ပြောဆိုလာတာဖြစ်ပါတယ်။

ဂျွန်လွင် ဖမ်းဆီးခံရတာနဲ့ပတ်သက်လို့ သက်ဆိုင်ရာ စစ်ကောင်စီရဲတပ်ဖွဲ့ဆီ မေးမြန်းရာမှာတော့ မှန်ကန်ကြောင်း အတည်ပြုပေးခဲ့ပါတယ်။

စစ်အာဏာရှင်ဆန့်ကျင်ရေး တက်ကြွလှုပ်ရှားသူတွေရဲ့ ကုန်ပစ္စည်းတွေကို ဝယ်ယူအားပေးတာ၊ တဆင့်ပြန်လည်ရောင်းချတာနဲ့ တနည်းနည်းနဲ့ ကူညီလုပ်ဆောင်ပေးတာမျိုးရှိရင် အကြမ်းဖက် ဥပဒေနဲ့ အရေးယူမယ်လို့ စစ်ကောင်စီက ဇွန် ၂ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

ဒါ့အပြင် စစ်ကောင်စီရဲ့ ပုဒ်မ ၅၀၅(က) နဲ့ အမှုဖွင့်ခံထားရတဲ့ အဆိုတော် ချမ်းချမ်းနဲ့ ချိတ်ဆက်ပြီး အွန်လိုင်းကနေကုန်ပစ္စည်းရောင်းချရာမှာ ကူညီလုပ်ကိုင်ပေးတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ မန္တလေးတိုင်း၊ ချမ်းအေးသာစံမြို့နယ်က Treasure Hnin Online Shop လုပ်ငန်းလုပ်ကိုင်သူ မဖြူဖြူနှင်း နဲ့ ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်က ကိုဘုန်းမြင့်အောင်တို့ကို စစ်တပ်က ဖမ်းဆီးထားပါတယ်။

လူကြီးဇာတ်ကား ကြိုက်သူများအတွက်

👇🏻👇🏻👇🏻


Comments

Leave a Reply

Your email address will not be published. Required fields are marked *

လူကြီးဇာတ်ကား စိတ်ဝင်စားသူများသာနှိပ်ရန်