ဧရာဝတီတိုင်း၊ မြောင်းမြမြို့မှာ အထက ၆ က ကျောင်းသူတစ်ဦးကို ကျောင်းသူအုပ်စု တစ်စုက အုပ်စုလိုက် အနိုင်ကျင့် ရိုက်နှက်ကြပြီး ထိုင်ကန်တော့ခိုင်းတဲ့ ဗီဒီယိုဖိုင်တွေ လူမှုကွန်ရက်မှာ ပျံ့နှံ့လာခဲ့ပါတယ်။
အဆိုပါ ဖြစ်စဥ်ကို စစ်ကောင်စီရဲ့ ဧရာဝတီတိုင်း ပညာရေးဝန်ကြီးဌာနရုံးက မြောင်းမြ မြို့နယ်ပညာရေးမှူးရုံးကို ဖိအားပေး စုံစမ်းခိုင်းတာကြောင့် မြို့နယ်ပညာရေးမှူးရုံးကနေတဆင့် ဖြစ်စဥ်ကို ဖော်ထုတ်နေတယ်လို့ သိရပါတယ်။
အနိုင်ကျင့်မှု ဖြစ်ပွားခဲ့တဲ့ အထက ၆ ကျောင်း ကျောင်းအုပ်ဆရာမကြီးကို အနိုင်ကျင့်ခံရသူ ကျောင်းသူမိသားစုထံ သွားရောက်ခေါ်ယူခိုင်းပြီး စုံစမ်းစစ်ဆေး ဖြေရှင်းနေကြတယ်လို့ သိရပြီး လက်ရှိအချိန်ထိ ထွေအုပ်ရုံးမှာ ဖြေရှင်းနေကြတယ်လို့ ကနဦးစုံစမ်းသိရှိရပါတယ်။


Leave a Reply