မြောင်းမြခရိုင်ပညာရေးမှူးရုံးမှ

ခရိုင်ပညာရေးမှူးနှင့်အဖွဲ့သည်

မြောင်းမြ အထက ၆ တွင်ဖြစ်ပွားခဲ့သော

အုပ်စုလိုက်ပါးအကြိမ်ကြိမ်ရိုက်

ထိုင်ကန်တော့ရှိခိုးခိုင်းကာ

အနိုင်ကျင့်ကျူးလွန်ခံရသည့်

စိတ်ဒဏ်ရာအကြီးအကျယ်ရနေပြီး

ကျောင်းမတက်ရဲ ဖြစ်နေသော

ကျောင်းသူသမီးငယ်လေးအား

ခရိုင်ပညာရေးမှူးရုံးအတွင်း

ညနေ ၄ နာရီကျော်မှစကာ

အခန်းတံခါးပိတ်ကာ အချိန်တစ်နာရီကျော်ခန့်

စစ်ဆေးမေးမြန်းခဲ့သောကြောင့်

ကျူးလွန်ခံရသူ ကျောင်းသူလေး၏

စိတ်ဒဏ်ရာပိုမိုဆိုးရွားလာခဲ့ပါတယ်ဗျာ…

အဆိုပါ ကျောင်းသူလေးမှာ

ညဖက် အိပ်မရဖြစ်နေသောကြောင့်

ဆေးထိုး ဆေးသောက်နေရသော

စိတ်ဒဏ်ရာကြီးမားစွာရပြီး

စိတ်အခြေအနေပုံမှန် မဖြစ်သေးချိန်တွင်ရှိနေတုန်းပါ…

ထိုကဲ့သို့ ပုံမှန်စိတ်အ‌ခြေအနေမရှိသေးသော

စိတ်ဒဏ်ရာရနေတဲ့ ၁၃ နှစ်အရွယ်‌ကျောင်းသူ

ကလေးငယ်လေးအား

ယခုကဲ့သို့ မိဘတစ်ဦးဦးမပါရှိဘဲ

အခန်းတံခါးပိတ်ကာ

စစ်ကြောရေးခန်း ဝင်သကဲ့သို့

မြောင်းမြခရိုင်ပညာရေးမှူးရုံးမှ

တာဝန်ရှိသူများ စစ်ဆေးမေးမြန်းခြင်းသည်

ကလေးငယ်၏ စိတ်ဒဏ်ရာကို

ပိုမိုဆိုးရွားအောင်

လူတောမတိုးအောင်ပြုလုပ်နေသကဲ့သို့ပင် ဖြစ်နေပါတယ်ဗျ…

အမှန်တကယ်ဆိုရင်

လူကြီးမိဘ တစ်ဦးဦးရှေ့မှာမေးမြန်းသင့်ပါတယ်…

လူ T- တ်တရားခံတွေတောင်

တရားသူကြီးအဖွဲ့က

အခန်းတံခါးပိတ်မေးမြန်းတာ

ဘယ်တရားရုံးမှာရှိဖူးလို့လဲ…

တရားခံတောင် လူအများရှေ့

တရားရုံးမှာ ‌ထုချေ‌ဖြေဆိုခွင့်ရသေးတာ

ခရိုင်ပညာရေးမှူးနဲ့အဖွဲ့က

ဘာကြောင့် စိတ်ဒဏ်ရာရနေသူ

နစ်နာသူ ကျောင်းသူငယ်အား

စစ်ကြောရေးခန်းဝင်သလို

အခန်းတံခါးပိတ် မေးမြန်းရပါသလဲဗျ…

ဧရာဝတီတိုင်း လူမှုရေးဝန်ကြီးမှ

‌ကျူးလွန်ခံရသူ ကလေးငယ်လေးအား

စစ်ဆေးမေးမြန်းရန် လာရောက်၍သာ

ကလေးကို တံခါးဖွင့်၍

မိဘလက်ထဲသို့ ပြန်ထည့်ပေးလိုက်ခြင်းပါ…

လူမှုရေးဝန်ကြီးသာမလာပါက

ဘယ်အချိန်ထိ သမီးငယ်လေးအား

အခန်းတွင်း တံခါးပိတ်ပြီး

ဘယ်အချိန်ထိ မေးမြန်ပြီး

စိတ်ဒဏ်ရာဆိုးဝါးအောင်လုပ်မည်ကို

မပြောနိုင်ပါ…

ယခုကဲ့သို့ ကျုးလွန်ခံခဲ့ရသော

နစ်နာသူ ကျောင်းသူငယ်လေးအား

တရားခံ စစ်ကြောရေးခန်းဝင်သလို

အခန်းတံခါးပိတ်မေးမြန်းခဲ့သည့်

မြောင်းမြခရိုင်ပညာရေးမှူးနှင့်အဖွဲ့အား

နောက်နောင် စိတ်ဒဏ်ရာရနေသည့်

ကျောင်းသား ကျောင်းသူများအား

တံခါးပိတ်၍ မမေးမြန်းစေရန်

တာဝန်ရှိသူများမှ သတိပေးစေချင်ပါတယ်ခင်ဗျ…

ကျွန်တော်တို့ တရားခံစစ်ကြောရေး

ဝင်ခဲ့ရတုန်းကဆိုရင်

အညိုရောင်ဆေးအပြည့်သုတ်ထားတဲ့

အလုံပိတ်အခန်းအခန်းထဲကို

ရာဇဝတ်မှု့တွေကျူးလွန်တဲ့တရားခံကို ထည့်ပြီး

တစ်နာရီကျော်လောက်သာ တံခါးပိတ်ထားလိုက်ပြီး ထိုင်ကြည့်နေလိုက်

တော်ရုံစိတ်ဓာတ်ခိုင်မာသူတွေတောင်

စမေးတာနဲ့ ‌ခြေဖျား လက်ဖျားတွေအေးစက်ပြီး

တုန်လာအောင်အထိကို

စိတ်ဓာတ်‌ခြောက်ခြားပါတယ်…

တော်ရုံ လိမ်မယ်ပြင်ထားတဲ့ကိစ္စတွေဟာ

အမှန်အတိုင်း ထွက်လာတာများပါတယ်…

စိတ်ဓာတ်စစ်ဆင်ရေးအနေနဲ့

လုပ်ပြီး မေးတဲ့သဘောပါ…

ဒါကြောင့် စိတ်ဒဏ်ရာရရှိထားသော

နစ်နာသူကလေးသူငယ်များအား နောက်နောင်

ပညာရေးတာဝန်ရှိသူများမှ

အခန်းတံခါးပိတ် ‌မေးတာမျိုးကို

မလုပ်သင့်ပါကြောင်း

လေးစားစွာတင်ပြအပ်ပါတယ်ခင်ဗျ…

ချစ်ခြင်းအားဖြင့်

ကိုတိုး(အွန်လိုင်းကားဝပ်ရှော့)

အချစ်စာပေများဖတ်ရန်

မြန်မာစာတန်းထိုးဇာတ်ကားများကြည့်ရန်


Leave a Reply

Your email address will not be published. Required fields are marked *