ကျွန်တော်ဒီလိုပြောရင် ဝါးလုံးရှည်နဲ့သိမ်းမရိုက်နဲ့ ဆိုပြီး ဝိုင်းပြောကြမယ့်သူတွေ ရှိကောင်းရှိလိမ့်မယ်

ဒါပေမယ့် တကယ့်လက်တွေ့ မြေပြင်အခြေအနေကို သေချာကြည့်ရင် ကျွန်တော်ပြောတာ မမှားဘူးဆိုတာ သိလာလိမ့်မယ်

၂၀၂၁ နွေဦးတော်လှန်ရေး အစဦးကာလတွေမှာ မန္တလေးဟာလည်း အခြားမြို့ရွာများနည်းတူ ဆန္ဒပြပွဲကြီးတွေ ခြိမ့်ခြိမ့်သဲသဲ နဲ့ တော်လှန်ရေးအတွက် အားတက်စရာကြီးပေါ့ ဖေဖော်ဝါရီ ၉ရက်နေ့ နေပြည်တော်က မြသွဲ့သွဲ့ခိုင် ကျည်ထိမှန်ခဲ့ချိန် နောက်ပိုင်း စစ်တပ်ရဲ့ သရုပ်သကန်အမှန်တရားဟာ တဖြည်းဖြည်းချင်း ပေါ်လာခဲ့တယ် ဝေယံထွန်းတို့ကစလို့ ကြယ်စင်လို့က စလို့ တဖြည်းဖြည်း မန္တလေးမှာ ကျဆုံးခဲ့ရတဲ့ နွေဦးသူရဲကောင်းတွေ များလာတယ်

အဲ့ဒီနောက် အဲ့ဒီနောက် ….

နွေဦးမှာ မန္တလေးဟာ တဖြည်းဖြည်း သွေးကြောင်သွားလိုက်တာ …..

အခုဆို မြို့ပေါ်က ဘီယာဆိုင် KTV စင်တင်တွေမှာ လူအပြည့် ရှော့ပင်းမောလ်တွေ အပန်းဖြေစခန်းတွေမှာ လူအပြည့် …..

အနားယူပါ အနားယူလို့ရပါတယ် စစ်အုပ်စုဖန်တီးထားတဲ့ လူမှုစီးပွားဘဝ အခက်အခဲတွေကြားမှာ လူတိုင်း ခက်ခဲကြပ်တည်းနေကြတာ နားလည်ပါတယ်

အခုတော့ဗျာ အနားယူနေကြတော့တာမှ မဟုတ်ဘဲ တော်လှန်ရေးကြီးဟာ ကိုယ်နဲ့ လုံးလုံးမဆိုင်တော့သလိုပဲ အေးအေးလူလူ ပျော်ပျော်ပါးပါးပဲ …

စောက်သည်းအပေါက်ဆုံးတစ်ခုရှိတယ် ဘာလဲဆိုတော့ ၆၆လမ်းနဲ့အပြိုင် ကျုံးနဲ့ မြို့ရိုးကြားက စစ်အုပ်စုလုပ်ပေးထားတဲ့ အပန်းဖြေနေရာမှာ နေ့တိုင်း နေ့တိုင်း လူတွေ စည်ကားပျော်ပါးနေကြတာ ….

နံရံလေးတစ်ချပ်ပဲခြားတဲ့ မြို့ရိုးအတွင်းဘက်မှာ အဖမ်းခံရတဲ့ ပြည်သူရဲဘော် အားလုံး နာမည်ကျော်စစ်ကြောရေးငရဲခန်းမှာ အသက်ရှင်လျက် ငရဲကျခံနေကြရတာ ခင်ဗျားတို့တွေမို့ အဲ့ဒီနေရာမှာ ပျော်ရက်တယ် အဲ့ဒါ စောက်သည်းအပေါက်ဆုံးပဲ …..

အခုလဲ ကြည့်

စစ်အုပ်စုက တောင်ပြုန်းပွဲဆိုပြီး လုပ်တယ် အခုတိုက်ပွဲတွေဖြစ်ပြီး ပြည်သူတွေ ဗုံးကြဲခံရ လက်နက်ကြီးနဲ့ အပစ်ခံရ အိုးပစ်အိမ်ပစ် ထွက်ပြေးနေရတဲ့ မြကံသာ ဆားခါတောင် ဆိုတဲ့ရွာတွေက တောင်ပြုန်းနဲ့ ၉မိုင်တောင် မဝေးဘူး ထီးတော်မိုး ကြာနီကန် နဲ့ အနီးဝန်းကျင်က ရွာတွေမှာ စစ်ဘေးရှောင်နေရတဲ့သူတွေ ထောင်ချီပြီး ရှိတယ် ခင်ဗျားတို့ တောင်ပြုန်းပွဲ အသွားမပျက်ကြဘူး မင်းကြီးမင်းလေးကို ပန်းအဆက် မပြတ်ကြဘူး ခင်ဗျားတို့မှာ ကိုယ်ချင်းစာစိတ်လေး နဲနဲလောက်မှ မရှိကြဘူးလား ကိုယ်တိုင်မခံစားရသေးလို့ မသိကြတာလား ….

စစ်အုပ်စုက စစ်မှုထမ်းဆိုပြီး လာခေါ်ရင်ကျ မူးလဲရတဲ့သူနဲ့ မေ့လဲရတဲ့သူနဲ့ ပြီးရင်ကျ မိသားစုကြောင့် အဖေကြောင့်အမေကြောင့်နဲ့ လိုက်သွားကြတာပဲမို့လား အဲ့ဒီပြဿနာတွေရဲ့အရင်းခံအကြောင်းအရင်းကိုကျ ခင်ဗျားတို့ မမြင်နိုင်ကြဘူးလား စစ်အုပ်စုသာ မရှိရင် စစ်ခွေးတွေကသာ တိုင်းပြည်အာဏာကို လုယူမထားရင် ခင်ဗျားတို့သားတွေ ခင်ဗျားတို့ တူတွေကို ဘယ်ကောင်က စစ်မှုထမ်းဆိုပြီး လာခေါ်မှာလဲ ပြဿနာရဲ့အရင်းခံကို မြင်အောင်ကြည့်ကြစမ်းပါ

တော်လှန်ရေးအဖွဲ့တွေအတွက် နိုင်သလောက်လေးကူကြပါဆိုတော့ တောပြောတောင်ပြောနဲ့ စစ်ခွေးက စစ်မှုထမ်းကြေးဆိုပြီး လာတောင်းတော့ ရှိရှိမရှိရှိ ခင်ဗျားတို့ ပေးကြရတာပဲမို့လား…နိုင်မှငါတို့ကလေးတွေ ဘလာဘလာ မလုပ်လာနဲ့…

နောက် သိက္ခာမဲ့ပုံ ပြောရဦးမယ်

၁၀၂၇ ဒုတိယပိုင်းမှာ မန္တလေးနဲ့အနီးကရော အဝေးကရော ပြည်သူတွေ စစ်ဘေးရှောင်ဖို့ ရောက်လာကြတယ် စောက်ရှက်မရှိ မီးခြစ်ဗူးခွံလောက်အိမ်လေးကို တစ်လ ၅သိန်း၆သိန်း နဲ့ ငှားစားကြတယ် ခင်ဗျားတို့ မရှက်ကြဘူးလား သိက္ခာမရှိကြဘူးလား ကိုယ်ချင်းစာတရားမရှိကြဘူးလား ငါလဲ တစ်နေ့ ဒီလိုပဲ ပြေးရနိုင်တယ်ဆိုတာ မတွေးမိဘူးလား …..

အခုဆို ကိုယ့်တူကိုယ့်သားလောက် အရွယ်လေးတွေက တောထဲတောင်ထဲမှာ အသက်တွေ ဘဝတွေ စွန့်လွှတ်ပြီး နိုင်ရာတာဝန်ထမ်းနေကြတယ် လူတိုင်းကို တောခိုဖို့ လက်နက်ကိုင်ဖို့ ပြောနေတာမဟုတ်ဘူး ကိုယ်တတ်နိုင်တာလေး လုပ်ကြဖို့ ပြောနေတာ ဘီယာဆိုင်ထိုင်တာ မပြောသေးဘူး လက်ဖက်ရည်ဆိုင် တစ်ခါထိုင်ရင်တောင် ငွေ၁သောင်းလောက်မပါဘဲ ထိုင်လို့ရတော့လို့လား ကူညီထောက်ပို့ပေးကြဖို့လဲ မဆိုင်သလိုနေတတ်ကြပြီ…

ထပ်ပြောရရင် အများကြီးပဲဗျာ….

ဒီလောက်နဲ့မှ လက်မခံချင်သေးဘူးဆိုပြီး စေဒကတက်ချင်ရင်လည်း ပြော ဒီထက်ဆိုးတာတွေ ထပ်ပြောပြဦးမယ်

၂၀၂၁ ဖေဖော်ဝါရီ ၆ ရက်နေ့ ညနေပိုင်းမှစပြီး ဆန္ဒပြတော်လှန်လာသူ တစ်ဦး

အချစ်စာပေများဖတ်ရန်

မြန်မာစာတန်းထိုးဇာတ်ကားများကြည့်ရန်


Leave a Reply

Your email address will not be published. Required fields are marked *