အမေစု အသက်ဘေးက သီသီလေးလွတ်ခဲ့ရတဲ့ မှတ်တမ်း

“အမေစု အသက်ဘေးက သီသီလေးလွတ်ခဲ့ရတဲ့ မှတ်တမ်း”

၉.၁၁.၁၉၉၆ ရက်နေ့မှာ ပါတီကိစ္စနဲ့လာတဲ့ အ​မေစု ဦးတင်ဦး ၊ဦးကြည်မောင်တို့ပါတဲ့ ယာဉ်တန်းကို ကမ္ဘာအေးဘုရားလမ်းရှိ ဗဟန်း အထက၂ (နံရံကျောင်း) ရှေ့မှနေ၍ လက်ရွေးစဉ် ကြံ့ဖွတ်တွေ လေ့ကျင့်ပေးထာတဲ့ စွမ်းအားရှင်တွေက တုတ်များ လောက်လေးခွများနဲ့ ဝိုင်းဝန်းတိုက် ခိုက်ခံခဲ့ရပါတယ်။

ကားမောင်းသူ ကိုမော်ကြီးရဲ့ ပါးနပ်ကျွမ်း ကျင်မှုကြောင့် သာ အမေစု အသက်ဘေးက သီသီလေးလွတ်ခဲ့ရတဲ့ မှတ်တမ်း ဓာတ်ပုံများပဲဖြစ်ပါတယ်။

ကားမှန်တွေ ကွဲပြီး ဦးတင်ဦး၊ ဦးကြည်မောင်တို့ဦးခေါင်းမှာ မှန်ကွဲစဒဏ်ရာရခဲ့ကြပြီး ဦးကြည်မောင်ဆိုလျှင် ကားထဲရှိနေစဉ် လှံနဲ့အထိုးခံရတာ တိမ်းရှောင်နိုင်လို့ပါ။

နောက်မှန်တွေ တစစီကွဲနေတာက ဘဘဦးကြည်မောင် ကား။ ဘေးမှန်တွေ ကွဲနေတာက ဘဘဦးတင်ဦးကား။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ကို ၁၉၈၈ ခုနှစ်၊ စက်တင်ဘာ၂၇ ရက်နေ့မှာ မဟာသရေစည်သူ ဦးအောင် ကြီး (ဗိုလ်မှူးချုပ်ဟောင်း) ၊ဦးကြည်မောင် (အငြိမ်းစားဗိုလ်မှူး ကြီး)၊ ဦးအောင်ရွှေ (အငြိမ်းစားဗိုလ် မှူးချုပ်)၊ ဘဘ ဦးတင်ဦး(အငြိမ်းစား တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်) နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ကနေ စတင်ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *