Tag: News

  • လုပ်ငန်းရှင်များအားလုံး ဆိုလာစနစ်ဖြင့် လျှပ်စစ် ထုတ်ယူသုံးစွဲကြရန် စိုးဝင်း ညွှန်ကြား

    လုပ်ငန်းရှင်များအားလုံး ဆိုလာစနစ်ဖြင့် လျှပ်စစ် ထုတ်ယူသုံးစွဲကြရန် စိုးဝင်း ညွှန်ကြား

    နေပြည်တော်စစ်ရုံးပင် ဆိုလာဓာတ်အားပေးစနစ်သုံးနေရပြီး လုပ်ငန်းရှင်များအားလုံး ဆိုလာစနစ်ဖြင့် လျှပ်စစ် ထုတ်ယူသုံးစွဲကြရန် စိုးဝင်း ညွှန်ကြား ဆိုလာပြားနှင့်ဓာတ်အားထုတ်စက်များကို မင်းအောင်လှိုင်သားနှင့် ဗိုလ်ချုပ်အသိုင်းအ၀ိုင်းက တင်သွင်းချုပ်ကိုင်ထား နေပြည်တော်စစ်ရုံးပင် ဆိုလာဓာတ်အားပေးစနစ်သုံးနေရပြီး လုပ်ငန်းရှင်များအားလုံး ဆိုလာစနစ်သုံး လျှပ်စစ်ဓာတ်ထုတ်ယူသုံးစွဲကြရန် ဒုစစ်ခေါင်းဆောင် စိုးဝင်းက ညွှန်ကြားလိုက်သည်။ ယမန်နေ့ နေပြည်တော်တွင် ပြုလုပ်သည့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး MSME ထုတ်ကုန် ပြပွဲနှင့် ပြိုင်ပွဲ ကျင်းပရေး လုပ်ငန်းအစည်းအဝေးတွင် အကြမ်းဖက် စိုးဝင်းက အထက်ပါအတိုင်း ပြောဆိုခြင်းဖြစ်သည်။ အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းရှင်များက လျှပ်စစ်ရရှိရေးအတွက် တင်ပြချက်များ ရရှိကြောင်း၊ လျှပ်စစ်ဓာတ်အားရရှိရေးအတွက် အသိပညာပေးလိုသည်မှာ နေပြည်တော်ရှိ ကာကွယ်ရေးဦးစီးချုပ်ရုံးအတွင်း ၂၀ မဂ္ဂါဝပ်ရှိ ဆိုလာဓာတ်အားပေးစနစ်ကို လွန်ခဲ့သည့် ၂ နှစ်ခန့်မှ စတင်တည်ဆောက်…

  • ထိုင်းနိုင်ငံက လျှပ်စစ်မီးနှင့် လောင်စာဆီ ဖြတ်တောက်ပြီးနောက် BGF နှင့်  DKBA က  ရာဇဝတ်မှုများကို နိုင်ငံတကာနှင့် ပူးပေါင်းတိုက်ဖျက်မည်ဟု ကြေညာ

    ထိုင်းနိုင်ငံက လျှပ်စစ်မီးနှင့် လောင်စာဆီ ဖြတ်တောက်ပြီးနောက် BGF နှင့် DKBA က ရာဇဝတ်မှုများကို နိုင်ငံတကာနှင့် ပူးပေါင်းတိုက်ဖျက်မည်ဟု ကြေညာ

    ထိုင်းနိုင်ငံက လျှပ်စစ်မီးနှင့် လောင်စာဆီ ဖြတ်တောက်ပြီးနောက် BGF နှင့် DKBA က လူကုန်ကူးမှု တိုက်ဖျက်ပြီး မူးယစ်ဆေးဝါး နှိမ်နင်းရေး၊ ရာဇဝတ်မှုများကို နိုင်ငံတကာနှင့်ပူးပေါင်း နှိမ်နင်းမည်ဟု ကြေညာလာကြသည်။ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် – DKBA အနေဖြင့် နိုင်ငံတကာက တိုက်ဖျက်လျက်ရှိသည့် လူကုန်ကူးခြင်း၊ မူးယစ်ဆေးဝါး တိုက်ဖျက် ရေးလုပ်ငန်းများကို နိုင်ငံတကာနှင့်ပူးပေါင်း ဆောင်ရွက် သွားမည်ဖြစ်ကြောင်း DKBA တပ်မဟာ ၁ တပ်မမှူးက ပြော ကြားသည်။ ယမန်နေ့ ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် ဗဟိုစစ်ဌာနချုပ်ရုံး (ဆုံဆည်းမြိုင်) ၌ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA) ဗဟိုအလုပ်အမှုဆောင်ကော်မတီ (CEC) ဝင်များ အစည်းအဝေးဖြင့် ရာဇဝတ်မှုများကို နိုင်ငံတကာနှင့် ပူးပေါင်း နှိမ်နှင်းရန် ဆုံးဖြတ်ချက်ချမှတ်ခဲ့ခြင်းဖြစ်သည်ဟု သိရှိရသည်။…

  • မိုးဗြဲမြို့၌ တိုက်ပွဲပြင်းထန်နေ၊ စစ်ကောင်စီလေကြောင်း အလွန်အကျွံသုံး တိုက်ခိုက်

    မိုးဗြဲမြို့၌ တိုက်ပွဲပြင်းထန်နေ၊ စစ်ကောင်စီလေကြောင်း အလွန်အကျွံသုံး တိုက်ခိုက်

    ရှမ်း – ကရင်နီပြည်နယ်အစပ် မိုးဗြဲမြို့၌ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု အလွန်အကျွံအသုံးပြုနေကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) တာဝန်ရှိသူက ပြောသည်။ မိုးဗြဲမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ရေးအတွက် စစ်ကောင်စီ၏ ထိုးစစ်ရက်ပေါင်း ၆၀ကျော် အတွင်း ယမန်နေ့(ဖေဖော်ဝါရီ ၅ရက်)တွင် လေကြောင်းမှ တိုက်ခိုက်မှုအကြိမ်ရေအများဆုံးဟု ကရင်နီစစ် ဘက်သတင်းရင်းမြစ်အချို့​ကလည်း ဆိုသည်။ “မိုးဗြဲမှာ မနေ့က တိုက်ပွဲတွေ ပြင်းထန်ခဲ့တယ်။ဒီနေ့ (ဖေဖော်ဝါရီ ၆ ရက်)အထိလည်း စစ်ရေးတင်းမာမှုတွေရှိနေတုန်းပဲ။စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုကိုအဆမတန် အသုံးပြုတယ်။အကြိမ်ပေါင်းများစွာလုပ်ခဲ့တယ်”ဟု KNDF တာဝန်ရှိသူက ပြောသည်။ ယမန်နေ့က စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုတွင် Y 12၊ဂျက်ဖိုက်တာနှင့် ကင်းထောက်လေယာဥ်များစွာ အသုံးပြုခဲ့ကြောင်းလည်း ကရင်နီစစ်ဘက်သတင်းရင်းမြစ်က အသိပေးသည်။ “နေ့လည်ပိုင်းကတည်း​ လေယာဥ်နဲ့စကြဲတာ ည ၁၀ နာရီလောက်အထိ ရှိတယ်။အခု ဒီမနက်လည်း ကင်း ထောက်လေယာဥ်ဝဲနေသလို…

  • ရန်ကုန်-မန္တလေး အမြန်လမ်းတွင် ခရီးသွား လူငယ်များကို စစ်မှုထမ်းရန်ဟုဆိုကာ စစ်တပ်က ဖမ်းဆီးထား

    ရန်ကုန်-မန္တလေး အမြန်လမ်းတွင် ခရီးသွား လူငယ်များကို စစ်မှုထမ်းရန်ဟုဆိုကာ စစ်တပ်က ဖမ်းဆီးထား

    ရန်ကုန်-မန္တလေး အမြန်လမ်းတွင် ခရီးသွား လူငယ်အမျိုးသား များကို စစ်မှု ထမ်း ရန်ဟုဆိုကာ စစ်တပ်က ဖမ်းဆီးထားကြောင်း ဖမ်းဆီးခံရသည့် လူငယ်များ၏ မိဘဆွေမျိုးများက ပြောဆိုသည်။ ဖေဖော်ဝါရီလ ၄ ရက်နေ့ ညနေ ၂ နာရီ ၄၀ မိနစ်အချိန် ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ ဆွာမင်းလမ်းကျေးရွာအုပ်စု၊ စည်ပင်အေးကျေးရွာနေ ဦးမင်းသောင် ၏ သားဖြစ်သူ မောင်ကျော်ဇင်သက်နှင့် ဦးဌေးလွင်၏ သားဖြစ်သူ မောင်ရဲမင်းအောင် အပါအဝင် လူ ၅ ဦးသည် ပရိုဘောက်ကား 9E/2970 ဖြင့် ပဲခူးမင်္ဂလာ ဆောင်မှ ပြန်လာခဲ့ကြောင်း၊ ထိုသို့ ပြန်လာစဉ် ရန်ကုန်-မန္တလေး အမြန်လမ်း၊ အုတ်တွင်းမြို့စစ် ဆေးရေးဂိတ်တွင် စစ်တပ်က အသက် ၁၈ နှစ်မှ အသက် ၃၅…

  • တော်လှန်ရေးပူး‌ပေါင်းတပ်များ၏ထိုးစစ် ပဲခူး အနောက်ခြမ်းရှိ ကပစစက်ရုံများ အနီးသို့ရောက်ရှိလာ

    တော်လှန်ရေးပူး‌ပေါင်းတပ်များ၏ထိုးစစ် ပဲခူး အနောက်ခြမ်းရှိ ကပစစက်ရုံများ အနီးသို့ရောက်ရှိလာ

    ခံစစ်စည်းများ အထပ်ထပ်ပြင်ဆင်ခုခံသော်လည်း တော်လှန်ရေးပူး‌ပေါင်းတပ်များ၏ထိုးစစ် ပဲခူး အနောက်ခြမ်းရှိ ကပစစက်ရုံများ အနီးသို့ရောက်ရှိလာ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ညောင်ကျိုးကျေးရွာ၌ အထူးခံစစ်ပြင်ထားသည့် စစ်ကောင်စီစခန်းကို အာရက္ခတပ်တော် (AA) နှင့်ပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်နေပြီး စစ်ကောင်စီတပ်မှ ထိခိုက်သေဆုံးမှုများကြောင်း သိရသည်။ တောင်ကုတ်နှင့် ပဲခူးအစပ်ရှိ တောင်ပုံကြီးစခန်း AA လက်ထဲကျရောက်ပြီးနောက် စစ်ကောင်စီတပ်များ ပဲခူးတိုင်းအတွင်းရှိ မိုးထိဗျူဟာတွင် ခံစစ်ပြင် ခုခံခဲ့သော်လည်း မိုးထိဗျူဟာကိုပါ AA က သိမ်းပိုက်ခဲ့သည်။ တော်လှန်ရေးတပ်ဖွဲ့များ၏ ထိုးစစ်မှာ ပဲခူးတိုင်း ပန်းတောင်းမြို့နယ်အတွင်းရှိ ညောင်ကျိုးသို့ ရောက်ရှိလာပြီး စစ်ကောင်စီ၏ စစ်လက်နက်ပစ္စည်းထုတ်စက်ရုံ (ကပစ) များထံမှ အင်အားများကို တိုက်ပွဲဖြစ်နေသည့် ညောင်ကျိုးသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။ “ခုတိုက်ပွဲတွေက ပန်းတောင်းမြို့နယ်ထဲကိုရောက်နေပြီလို့ပြောရမယ်။ ညောင်ကျိုး ပုဂံကွဲဆိုတာ ပန်းတောင်းထဲမှာပါ။ တိုက်ပွဲပြင်းထန်နေပါတယ်”ဟု စစ်ရေးသတင်းရင်းမြစ်က…