Tag: News

  • ကရင်နီနှင့်ရှမ်းတောင်ဒေသ ဇန်နဝါရီလအတွင်း တိုက်ပွဲများ၌  စစ်ကောင်စီဘက်မှ ၄၀ ကျော်သေဆုံး၊ ၁၀ ဦးအလင်းဝင်

    ကရင်နီနှင့်ရှမ်းတောင်ဒေသ ဇန်နဝါရီလအတွင်း တိုက်ပွဲများ၌ စစ်ကောင်စီဘက်မှ ၄၀ ကျော်သေဆုံး၊ ၁၀ ဦးအလင်းဝင်

    ကရင်နီနှင့် ရှမ်းတောင်ဒေသတိုက်ပွဲများတွင် ဇန်နဝါရီလအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀ ဦးထက်မနည်း သေဆုံးပြီး ဒုအရာခံဗိုလ်အပါအဝင် ၁၀ ဦး လက်နက်ချအလင်းဝင်လာကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) ကသတင်းထုတ်ပြန်သည်။ ဇန်နဝါရီလအတွင်း ကရင်နီပြည်၊ လွိုင်ကော်မြို့နယ် ၊ ဘောလခဲမြို့နယ် ၊ ဖားဆောင်းမြို့ နှင့် ကရင်နီ-ရှမ်းတောင်နယ်စပ်ရှိ မိုးဗြဲမြို့ ၊ ဆီဆိုင်မြို့နယ်တို့တွင် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဆိုသည်။ ဇန်နဝါရီ ၉ ရက်နေ့က ဆီဆိုင်မြို့နယ်၊ ရွှေတဂူကျေးရွာ စေတီကုန်းရှိ စစ်ကောင်စီနှင့် ပအိုဝ်းပြည်သူ့စစ် PNO ပူးပေါင်းတပ်၏ စခန်းကို သိမ်းယူသည့်တိုက်ပွဲ၌ စစ်ကောင်စီတပ်ဖွဲ့ဝင်၃၀ကျော်သေဆုံးပြီး ဇန်နဝါရီ ၁၂ ရက်က ဘောလခဲမြို့နယ် မိုင်းထမ်းကျေးရွာ နှင့်ဝမ်မလန်းကျေးရွာကြား မိုင်းဆွဲတိုက်ခိုက်မှုတို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ဦးထက်မနည်းသေဆုံးကြောင်း KNDF ပြန်ကြားရေးတာဝန်ခံက ပြောသည်။သေဆုံးသူများအနက် ရုပ်အလောင်းသုံးဆယ်ကျော်တွေ့ရှိခဲ့သည်ဟု ဆိုသည်။ တိုက်ပွဲများအတွင်း…

  • ဇန်နဝါရီ တစ်လအတွင်း စစ်ကောင်စီတပ်သား တစ်ရာကျော် ပြည်သူ့ရင်ခွင်အဖွဲ့ထံ ခိုလှုံ

    ဇန်နဝါရီ တစ်လအတွင်း စစ်ကောင်စီတပ်သား တစ်ရာကျော် ပြည်သူ့ရင်ခွင်အဖွဲ့ထံ ခိုလှုံ

    ဇန်နဝါရီလ တစ်လအတွင်းမှာပဲ စစ်ကောင်စီတပ်သား ၁၃၆ ဦးဟာ အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM) အနေနဲ့ ပြည်သူ့ရင်ခွင်ကို ခိုလှုံလာတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ဖေဖော်ဝါရီလ ၁ ရက်နေ့က ထုတ်ပြန်လိုက်ပါတယ်။ ပြည်သူ့ရင်ခွင် ခိုလှုံလာတဲ့ ၁၃၆ ဦးထဲမှာ ဗိုလ်မှူး တစ်ဦး၊ ဗိုလ်ကြီး လေးဦးနဲ့ အရာခံဗိုလ် တစ်ဦး အပါအဝင် တပ်သား ၁၂၇ ဦးနဲ့ ရဲ ကိုးဦးတို့ ပါဝင်ပြီး လက်နက်ယူဆောင်ထွက်ပြေးလာတဲ့ ၈၃ ဦးကိုတော့ NUG ကာကွယ်ရေး ဝန်ကြီးဌာနက သတ်မှတ်ထားတဲ့ လက်နက်တန်ဖိုးအလိုက် ဂုဏ်ပြုငွေတွေ ပေးအပ်ခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။ အာဏာသိမ်း လေးနှစ်အတွင်းမှာ ပြည်သူ့ရင်ခွင် ခိုလှုံလာသူ တပ်သားနဲ့ ရဲ အားလုံး ၁၅,၀၀၀ နီးပါး…

  • အရာတော်၊ ငွေတွင်းရွာ စစ်တပ်စခန်းမှ ထွက်လာသော စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၅ ဦးသေဆုံး

    အရာတော်၊ ငွေတွင်းရွာ စစ်တပ်စခန်းမှ ထွက်လာသော စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၅ ဦးသေဆုံး

    စစ်ကိုင်းမြို့တွင် စစ်သားစုဆောင်းနေသည့် ပျူစောထီးအဖွဲ့ကို မိုင်းဆွဲတိုက်ခိုက် စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ ငွေတွင်းရွာ စစ်တပ်စခန်းမှ ထွက်လာသော စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦးသေဆုံးခဲ့ကြောင်း မုံရွာခရိုင် အမှတ် ၁၉ တပ်ရင်း -ရောင်နီဦးတပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ ယမန်နေ့ ဖေဖော်ဝါရီလ ၂ ရက်နေ့ နံနက် ၉ နာရီ ၁၀ မိနစ်အချိန် အင်အား ၄၀ ခန့်ဖြင့် အရာတော်မြို့နယ်၊ ငွေတွင်းရွာ ပျူစောထီးစခန်းမှ ထွက်လာသော အကြမ်းဖက်စစ်သား၊ ပျူစောထီးများကို ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့များ ပူးပေါင်း၍ ခြုံခိုတိုက် ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ မိနစ် ၃၀ ခန့် ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်သား ၅ ဦးသေဆုံးကာ ၃ ဦး…

  • ရခိုင်ပြည်နယ်၊ မြို့နယ်အချို့မှာ ရက္ခိုင့်တပ်တော် AA က လုံခြုံရေးနဲ့ ယာဉ်အန္တရာယ် ကင်းရှင်းစေ‌ရေး ဆောင်ရွက်နေ

    ရခိုင်ပြည်နယ်၊ မြို့နယ်အချို့မှာ ရက္ခိုင့်တပ်တော် AA က လုံခြုံရေးနဲ့ ယာဉ်အန္တရာယ် ကင်းရှင်းစေ‌ရေး ဆောင်ရွက်နေ

    ရခိုင်ပြည်နယ်ရှိ ရက္ခိုင့်တပ်တော် AA သိမ်းပိုက်ထိန်းချုပ်ထားတဲ့ မြို့နယ်တချို့မှာ AA တပ်ဖွဲ့ဝင်တွေနဲ့ DLEPS တပ်ဖွဲ့ဝင်တွေက ခရီးသွားပြည်သူတွေ လုံခြုံရေးနဲ့ ယာဉ်အန္တရာယ် ကင်းရှင်းစေ‌ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေတယ်လို့ ဒေသတွင်း သတင်းမီဒီယာတွေက ဖော်ပြထားပါတယ်။ AA တပ်ဖွဲ့အနေနဲ့ မြို့ပြအုပ်ချုပ်ရေးအတွက် အာရက္ခပြည်သူ့လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးဌာန (Department of Law Enforcement and Public Security- DLEPS) ကို ဖွဲ့စည်းထားတာဖြစ်ပြီး စစ်ကောင်စီသုံးနှုန်းခဲ့တဲ့ “ရဲ” အစား လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးအတွက် ဝန်ဆောင်မှုပေးတဲ့ ဌာနကို ဒီလပ်ဌာန/DLEPS အမည်ပေးထားတာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ AA တပ်ဖွဲ့ရဲ့ DLEPS အဖွဲ့ဝင်တွေက သိမ်းပိုက်ထားတဲ့ မြို့တွေမှာ ပြည်သူတွေ ယာဉ်အန္တရာယ် ကင်းစင်ရေးနဲ့ လုံခြုံချောမွေ့စေရေးအပြင် စစ်ကောင်စီထုတ် အရက်နဲ့…

  • မင်းအောင်လှိုင် ဒီဘဝမှာ ရွေးကောက်ပွဲ ကျင်းပနိုင်ဦးမှာလား

    မင်းအောင်လှိုင် ဒီဘဝမှာ ရွေးကောက်ပွဲ ကျင်းပနိုင်ဦးမှာလား

    ဘယ်ကမ္ဘာမှ မထောက်ခံလည်း ကိုယ့်ရွေးကောက်ပွဲ ကိုယ့်ဘာသာ လုပ်မှာပဲလို့ ပြည်သတ် စစ်ကောင်စီက မလုပ်ရဲတာ ဘာမှမရှိတဲ့ သူတို့ရဲ့စရိုက်လက္ခဏာအတိုင်း မာန်မဲပြနေပေမဲ့ ဘာပဲဖြစ်ဖြစ် နိုင်ငံတကာရဲ့ ထောက်ခံမှုရရင်တော့ အကောင်းဆုံးပေါ့ဆိုတဲ့ ဉာဏ်ရည်လောက်လည်း ရှိနေပြန်တယ်။ ၂၀၂၄ ခုနှစ်၊ ဩဂုတ် ၁၄ ရက်၊ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိရဲ့ နေပြည်တော်ခရီးစဉ်မှာ စစ်ကောင်စီ ရှေ့လုပ်ငန်းစဉ် ၅ ရပ်ကို ထောက်ခံကြောင်းနဲ့ စစ်ကောင်စီရွေးကောက်ပွဲကို ထောက်ခံရုံတင်မက လိုအပ်တာ ကူညီသွားမယ်လို့ အတိအလင်း ကြေညာလိုက်တဲ့အခါ နေပြည်တော်စစ်ဗိုလ်ချုပ်တွေ လက်ခမောင်းခတ်တော့တယ်။ နိုင်ငံရေး ဆိုတာ လက်ညှိုးလေး ကွေးတတ်ရုံနဲ့ မဖြစ်တဲ့အကြောင်း၊ မိုက်သွေးအပြည့်နဲ့ ပြည်သူတွေကို ဗုံးမိုးရွာချသလို မလွယ်ကြောင်း တရုတ်ကြီးကလည်း ပို့ချခဲ့ပုံပေါ်တယ်။ ကြေညာချက်ထုတ် ကန့်ကွက်ရုံသာ တတ်နိုင်တဲ့ အနောက်ကမ္ဘာနဲ့ ကုလသမဂ္ဂတွေ ဘာတွေကို…