Tag: News

  • ညောင်ဂွေး၀ကျေးရွာသို့  စစ်တပ်က စစ်ကြောင်းထိုးဝင်ရောက်ပြီး ကား၊ ဆိုင်ကယ်နှင့် နေအိမ်များကို မီးရှို့ဖျက်ဆီး

    ညောင်ဂွေး၀ကျေးရွာသို့ စစ်တပ်က စစ်ကြောင်းထိုးဝင်ရောက်ပြီး ကား၊ ဆိုင်ကယ်နှင့် နေအိမ်များကို မီးရှို့ဖျက်ဆီး

    ဆိပ်ဖြူမြို့နယ်၊ ညောင်ဂွေး၀ကျေးရွာသို့ စစ်တပ်က စစ်ကြောင်းထိုးဝင်ရောက်ပြီး ကား၊ ဆိုင်ကယ်နှင့် နေအိမ်များကို မီးရှို့ဖျက်ဆီးကာ ပြည်သူပိုင် ပစ္စည်းများနှင့် ရွှေငွေများကို စစ်သားများက လုယက်ယူဆောင် မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်၊ ညောင်ဂွေး၀ကျေးရွာကို အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုး ဝင်ရောက်ပြီး ကား၊ ဆိုင်ကယ်နှင့် နေအိမ်များကို မီးရှို့ဖျက်ဆီးကာ ပြည်သူပိုင် ပစ္စည်းများနှင့် ရွှေငွေများကို စစ်သားများက လုယက်ယူ ဆောင်သွားကြောင်း ဆိပ်ဖြူမြောက်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။ ဇန်နဝါရီလ ၃၀ ရက်နေ့တွင် ဆိပ်ဖြူမြို့နယ်၊‌ ရွှေဘိုးကျွန်းရွာ စာသင်ကျောင်းတွင် စခန်းချထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သား အင်အား ၄၀‌ ခန့်သည် ကျောက်ကြီးရွာနှင့် ညောင်ဂွေးဝကျေးရွာတို့ကို စစ်ကြောင်းထိုး ဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါ အကြမ်းဖက်…

  • မကွေးတိုင်းထဲက စစ်ကောင်စီတပ်တွေကို AA ဝင်တိုက်

    မကွေးတိုင်းထဲက စစ်ကောင်စီတပ်တွေကို AA ဝင်တိုက်

    မကွေးတိုင်း၊ ငဖဲမြို့နယ်၊ ဂုတ်စီးရိုးကျေးရွာ အနီးမှာ ခံစစ်တည်ဆောက်ထားတဲ့ အမှတ် (၉၉) ခြေမြန်တပ်မဌာနချုပ် လက်အောက်ခံတပ်ရင်းတွေကို အာရက္ခတပ်တော် (AA) က ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာမှာ ရုပ်အလောင်း ၆၀ ကျော် ရရှိပြီး စစ်သုံ့ပန်း တချို့ကို ထိမ်းသိမ်းထားသလို လက်နက်ခဲယမ်း အများအပြားကိုလည်း သိမ်းဆည်းနိုင်ခဲ့တယ်လို့ ဧရာဝတီက ရရှိထားတဲ့ မြေပြင်အချက်အလက်တွေအရ သိရပါတယ်။ တပ်မ (၉၉) လက်အောက်ခံတပ်တွေဟာ အမ်း-ပဒါန်း ကားလမ်းမပေါ်ကို စစ်ကားကြီး ၂၈ စီးနဲ့ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၂၉ ရက်နေ့မှာ ရောက်ရှိလာခဲ့ကြတာဖြစ်ပြီး ဇန်နဝါရီလ ၃၁ ရက်နေ့မှာ AA တပ်တွေရဲ့ တိုက်ခိုက်ခြင်းကို ခံခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။ တိုက်ပွဲအတွင်းက ထွက်ပြေးလွတ်မြောက်သွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေလည်းရှိပြီး အဲဒီတပ်တွေဟာ ဂုတ်စီးရိုးရွာ…

  • ဘေးတွဲ ဆိုင်ကယ်ဖြင့် ဈေးဝယ်ပြီး ပြန်လာသော ပျူစောထီးများကို ပစ်ခတ် တိုက်ခိုက်

    ဘေးတွဲ ဆိုင်ကယ်ဖြင့် ဈေးဝယ်ပြီး ပြန်လာသော ပျူစောထီးများကို ပစ်ခတ် တိုက်ခိုက်

    ဆီမီးခုံမြို့တွင် ဘေးတွဲ ဆိုင်ကယ်ဖြင့် ဈေးဝယ်ပြီး ပြန်လာသော ပျူစောထီးများကို ပစ်ခတ် တိုက်ခိုက်မှု ၄ ဦးသေဆုံး မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ဆီမီးခုံမြို့တွင် ဘေးတွဲ ဆိုင်ကယ်ဖြင့် ဈေးဝယ်ပြီး ပြန်လာသော ပျူစောထီးများကို ပစ်ခတ် တိုက်ခိုက်ရာ ၄ ဦးသေဆုံးခဲ့ကြောင်း ရွှေဂျိုးဖြူ-ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ MGN မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။ ဇန်နဝါရီလ ၂၈ ရက်နေ့ နံနက် ၈ နာရီခန့်တွင် မြင်းခြံမြို့နယ်၊ ဆုံရွာမှ ပျူစောထီးများသည် ဆီမီးခုံမြို့မှ ဈေးဝယ်ပြီး ဘေးတွဲ ဆိုင်ကယ်များဖြင့် ပြန်လာစဉ် ဆီမီးခုံမြို့ ရေနက်ဆိပ်ကမ်း (စစ်‌သင်္ဘောတည်ရှိရာရေတပ်စခန်း) နှင့် ဆုံရွာ အကြားရှိ ကားလမ်းပိုင်းတွင် တော်လှန်ရေး တပ်ဖွဲ့များက ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ယင်း…

  • ရေးရဲစခန်းတွင် အချုပ်သားများက ဒုရဲအုပ်ထံမှ လက်နက်လုယူပစ်ခတ်

    ရေးရဲစခန်းတွင် အချုပ်သားများက ဒုရဲအုပ်ထံမှ လက်နက်လုယူပစ်ခတ်

    ရေးရဲစခန်းတွင် အချုပ်သားများက ဒုရဲအုပ်ထံမှ လက်နက်လုယူပစ်ခတ်ရာ ဒုရဲအုပ်နှင့်တပ်ကြပ်အပါ အဝင် ၃ ဦး သေဆုံးပြီး အချုပ်သားအချို့လွတ်မြောက် မွန်ပြည်နယ်၊ ရေးမြို့မရဲစခန်းတွင် သေနတ်ပစ်ပွားမှုဖြစ်ကာ အချုပ်သားအချို့လွတ်မြောက်ပြီး ဒုရဲအုပ်အပါအဝင် သုံးဦး သေဆုံးခဲ့ကြောင်း သိရသည်။ ရေးရဲစခန်းရှိ အချုပ်သားများသည် ယနေ့ ဖေဖော်ဝါရီ ၁ ရက်နေ့ နံနက် ၉ နာရီခန့်က ဒုရဲအုပ်ထံမှ သေနတ်လုကာ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် အချုပ်သား လေးဦးထွက်ပြေးလွတ်မြောက်သွားကြောင်း ရဲတပ်ဖွဲ့နှင့်နီးစပ်သူထံက သိရသည်။ “တာဝန်ကျ ဒုရဲအုပ်နဲ့အဖွဲ့ ရောက်လာချိန်မှာ အချုပ်သားက ရဲအုပ်သေနတ်ကိုလုပြီးပစ်တာ။ ဒုရဲအုပ်နဲ့အဖွဲ့သေတယ်။ အချုပ်သား လေးယောက် လွတ်သွားတယ်။ လွတ်သွားချိန်မှာ ရဲစခန်းထဲပစ်ခတ်ပြီး ကျန်ခဲ့တဲ့ စခန်းမှူးလည်းထိတယ်။ ဘယ်သူပစ်လို့ထိမှန်းမသိရဘူး။ အထဲကအချုပ်သားတွေလည်း ထိတယ်”ဟု ရဲတပ်ဖွဲ့နှင့်နီးစပ်သူက ပြောသည်။ ပစ်ခတ်ခံရမှုကြောင့် ဒုရဲအုပ်နိုင်လွင်ဦး၊ ရဲတပ်ကြပ်…

  • ရွေးကောက်ပွဲ မဖြစ်မချင်း စစ်ကောင်စီက ကာလုံသက်တမ်းဆက်တိုးလိမ့်မည်

    ရွေးကောက်ပွဲ မဖြစ်မချင်း စစ်ကောင်စီက ကာလုံသက်တမ်းဆက်တိုးလိမ့်မည်

    ရွေးကောက်ပွဲ မဖြစ်မချင်း စစ်ကောင်စီက ကာလုံသက်တမ်းဆက်တိုးလိမ့်မည်ဟု မြန်မာ့အရေးသုံးသပ်သူများဆို နိုင်ငံ​၏ အာဏာကြီးသုံးရပ် (ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး) ကို လက်ကိုင်ထားသည့် စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ၎င်းတို့ ရည်ညွှန်းသည့် ရွေးကောက်ပွဲမပြီးမချင်း ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ (ကာလုံ) သက်တမ်း lဆက်တိုးသွားမည်ဟု မြန်မာ့အရေး လေ့လာသုံးသပ်သူများက ပြောသည်။ စစ်ကောင်စီက ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဌာန်းချက်များကို အပေါ်ယံ အသုံးချပြီး ဥပဒေအား လိုသလို ကစားကာ ကာလုံ သက်တမ်းတိုးနေခြင်းဟု မြန်မာ့အရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောသည်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကာလုံသက်တမ်းသည် အများဆုံးသုံးကြိမ်သာ တိုးခွင့်ရှိကြောင်း ဦးသန်းစိုးနိုင်က ဆိုသည်။ “အဲ့ဒီသက်တမ်းတိုးမှုက ဘယ်လောက်အထိ ကြာမလဲဆိုတော့ သူတို့ ရွေးကောက်ပွဲ လုပ်ဖို့ ရည်မှန်းထားတဲ့ဟာ အဲ့ဒီအစီအဉ်မပြီးမချင်းကြာမယ်။…