Tag: News
-

အောင်ဇေယျတပ်ကုန်း တိုက်ခိုက်မှု စစ်ကောင်စီ တပ်ဖွဲ့ဝင် ၆ ဦး ပြင်းထန်ဒဏ်ရာရ
အောင်ဇေယျတပ်ကုန်း တိုက်ခိုက်မှု စစ်ကောင်စီ တပ်ဖွဲ့ဝင် ၆ ဦး ပြင်းထန်ဒဏ်ရာရ စစ်ကိုင်းတိုင်း ၊ ယင်းမာပင်မြို့နယ် အောင်ဇေယျတပ်ကုန်းရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို ကာကွယ်ရေးတပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ခြောက်ဦး အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း ဗျူဟာ(၄၇ ) တာဝန်ရှိသူထံက သိရသည်။ ယမန်နေ့ ( ဇန်နဝါရီ ၁၇ ရက်) ညနေ ၃ နာရီအချိန်တွင် မုံရွာ- ယာကြီးလမ်းမဘေးရှိ စစ်တပ်စစ်ဆေးရေးဂိတ်ကို Fixed- Wing ဒရုန်းအမျိုးအစားဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ “စစ်တပ်စစ်ဆေးရေးဂိတ်နေရာတွေကို ထောက်လှမ်းမှုတွေ လုပ်ပြီးမှ တိုက်ခိုက်ခဲ့တာပါ။ ပစ်မှတ်တွေကို ဒရုန်းအသုံးပြုပြီး တိတိကျကျ ဗုံးကြဲချနိုင်ခဲ့တယ်” ဟု ဗျူဟာ(၄၇) သတင်းနှင့်ပြန်ကြားရေး တာဝန်ခံက ဆိုသည်။ အဆိုပါ တိုက်ခိုက်မှုအတွင်း…
-

ရွှေသောင်ယံမြို့နယ်တိုက်ပွဲတွင် စစ်တပ် စစ်ကြောင်း တစ်ကြောင်း သေဆုံးထိခိုက်သူအများအပြားဖြင့် တပ်ဆုတ်
ဂွမြို့နယ်စပ် နှင့် ရွှေသောင်ယံမြို့နယ်အတွင်း ခံစစ်အတွက် စစ်ရေယာဉ်ဖြင့် ပို့ဆောင်လိုက်သည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀၀ ကျော်သည် သေဆုံးဒဏ်ရာရအများအပြားဖြင့် ရွှေသောင်ယံ-ပုသိမ်လမ်း၊ ဂွ-ငါးသိုင်းချောင်းလမ်းအတိုင်း ပြန်ဆုတ်ခွာလာကြောင်း စုံစမ်းသိရသည်။ “ဟိုရက်က တက်သွားတဲ့ သင်္ဘော ပြန်ဝင်လာပြီ။ အတိုအပြတ်တွေ အများကြီးပဲ။ ကားတွေနဲ့ တိုက်သယ်နေတယ်။ ဒေသခံတွေရဲ့ စက်လှေတွေ၊ ကားတွေကို ချောဆွဲပြီး သယ်နေတယ်” ဟု ယင်းအခြေအနေကို သိထားသည့် သတင်းရင်းမြစ်ကပြောသည်။ အဆိုပါ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဂွ နှင့် ရွှေသောင်ယံနယ်စပ်၌ တိုက်ပွဲပြင်းထန်နေစဉ် ဇန်နဝါရီ ၈ ရက်၊ ၉ ရက်၊ ၁၀ရက်တို့တွင် စစ်ကောင်စီက လေကြောင်း၊ ရေကြောင်းအပြင် ခြေလျင်စစ်ကြောင်းဖြင်ပါ အင်အားတိုးခဲ့ခြင်းဖြစ်သည်။ တိုက်ပွဲအတွင်း သေဆုံးသူများ နှင့် ဒဏ်ရာရသူများကို ရွှေသောင်ယံ-ပုသိမ်လမ်း၊ ဂွ-ငါးသိုင်းချောင်းလမ်းအတိုင်း ဇန်နဝါရီလ…
-

ရွှေသောင်ယံမြို့နယ်၊ဘောမိရွာတွင် တိုက်ပွဲပြင်းထန်
ဧရာဝတီတိုင်း၊ ရွှေသောင်ယံမြို့နယ်အတွင်း ရက်အနည်းငယ်အကြာ တိုက်ပွဲငြိမ်သက်ခဲ့ပြီးနောက် ဇန်နဝါရီ၁၆ရက်ညနက်ပိုင်းမှစ၍ ဘောမိကျေးရွာအနီး၌ တိုက်ပွဲအပြင်းအထန်ဖြစ်ပြီး စစ်ကောင်စီက လေကြောင်းမှပါ ခုခံတိုက်ခိုက်ခဲ့သည်။ ဘောမိကျေးရွာသည် ရွှေသောင်ယံမြို့ပေါ်နှင့် ၁၅ မိုင်ခန့်သာဝေးပြီး တိုက်ပွဲနှင့် စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှုများကြောင့် ဒေသခံများသည် ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု သတင်းရရှိသည်။ “ဘောမိရွာမှာ ဖြစ်နေတာ။ လေကြောင်းက ပစ်လို့ အိမ်တွေ ပျက်စီးတယ်။ လူတွေထိခိုက်မှုရှိ ၊မရှိကတော့ ပြေးလွှားနေရတုန်းကိုမသိနိုင်သေးဘူး။ အခုက စစ်ရှောင်တွေက ရွှေသောင်ယံမြို့ပေါ်ကိုအများကြီးရောက်လာတာ” ဟု ဒေသခံတဦးကပြောသည်။ တိုက်ပွဲမှာ အလွန်ပြင်းထန်ပြီး ဘောမိကျေးရွာချောင်းဖျားထိပ်တွင် အနီးကပ်တိုက်ပွဲဖြစ်ပွားနေခြင်းဟု သတင်းရရှိသည်။ ပြီးခဲ့သည့် ဇန်နဝါရီလ ပထမလပတ်က ဂွနှင့် ရွှေ သောင်ယံနယ်စပ်အနီးရှိ ကုလားချောင်း၊ ကျောက်ချွန်၊ ပေါက်တူးကွင်းအပြင် မကျီးဇင်ကျေးရွာအနီး၌ တိုက်ပွဲများဖြစ်ပွားခဲ့ပြီး မကျီးဇင်ကျေးရွာတိုက်ပွဲတွင် စစ်ကောင်စီက လေကြောင်းရော၊ ရေတပ်မှပါ ပစ်ခတ်ခဲ့သည်။ အရပ်သားသေဆုံးမှုရှိခဲ့သည်ဟုသတင်းကြားရသော်လည်း…
-

အလှူလုပ်နေတဲ့ကျေးရွာကို ပျူစောထီးတွေဝင်စီးပြီး အလှူအိမ်အပါအဝင် နေအိမ် ၈လုံး မီးရှို့ဖျက်ဆီး
ခင်ဦးမြို့နယ်မှာ အလှူလုပ်နေတဲ့ကျေးရွာကို ပျူစောထီးတွေဝင်စီးပြီး အလှူအိမ်အပါအဝင် နေအိမ် ၈လုံး မီးရှို့ဖျက်ဆီး ခင်ဦးမြို့နယ်၊ပျဥ်ထောင်ကျေးရွာက ပျူစောထီးတွေက ရွှေကူတဲစုကျေးရွာက အလှူပြုလုပ်နေတဲ့ နေအိမ်ကိုရိက္ခာတွေယူဆောင်ပြီး မီးရှို့ဖျက်ဆီးသွားတာမို့ အလှူအိမ်အပါအဝင် နေအိမ် ၈လုံးမီးလောင်ပျက်စီးခဲ့တယ်လို့ဒေသခံတွေဆီကသိရပါတယ်။ ဇန်နဝါရီ ၁၇ရက် မနက်၄နာရီကျော်မှာ ပျူစောထီးအများစုနေထိုင်ပြီး ပျူစောထီးရွာလို့သတ်မှတ်ခံထားရတဲ့ ပျဥ်ထောင်ကျေးရွာက အင်အား ၅၀ခန့်ပါ ပျူစောထီးတွေဟာ သေနတ်တွေ ပစ်ဖောက်ကာ ရွှေကူတဲစုကျေးရွာကို ဝင်လာတာလို့ သိရပါတယ်။ အလှူအဝင်နေမို့ ချက်ပြုတ်နေကျချိန် ပျူစောထီးတွေက ဝင်ရောက်စီးနင်းခြင်းဖြစ်ပြီး အလှူအိမ်အပါအဝင် အနီးနားကနေအိမ်တွေကနေပါ ရိက္ခာတွေယူဆောင်သွားတာလို့ သိရပါတယ်။ “အလှူလုပ်မယ့်ဟာသိတဲ့အခါကျတော့ သူတို့ကစားစရာမရှိတော့ဘူးလေ။အဲတာကြောင့်မို့ သူတို့အစီစဥ်နဲ့သူတို့လာပြီး လုပ်ချင်ရာလုပ်သွားတာ “လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။ ပျဥ်ထောင်ကျေးရွာဟာရွှေကူတဲစုကျေးရွာနဲ့ တစ်မိုင်ခန့်ဝေးတယ်လို့ သိရပါတယ်။ အဲဒီရွာကို တော်လှန်ရေးတပ်တွေ ပိတ်ဆို့ထားတာမို့ အပြင်ထွက်မရဘဲ ရိက္ခာပျက်လက်နေတာဖြစ်တယ်လို့ သိရပါတယ်။ “လပိုင်းလောက်ကြာပြီလေ။စစ်တပ်က…
-

ရဲအရာရှိ ၃ ဦးကို စစ်ကောင်စီက ထောင်ဒဏ်များ ချမှတ်
ပန်းတောင်းမြို့နယ်တွင် မူးယစ်ဆေးဝါးသယ်ယူမှုဖြင့် ပြည်ခရိုင် ဒုရဲတပ်ဖွဲ့မှူး ရဲမှူး မောင်မောင်မြင့်၊ ပန်းတောင်းမြို့နယ် ရဲမှူးသန်းလွင် အပါအဝင် ရဲအရာရှိ ၃ ဦးကို စစ်ကောင်စီက ထောင်ဒဏ်များ ချမှတ် ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က မူးယစ်ဆေးဝါး ရောင်းဝယ် ဖြန့်ဖြူးမှုဖြင့် ဖမ်းဆီးထားသော ပြည်ခရိုင် ဒုတိယရဲတပ်ဖွဲ့မှူး ရဲမှူး မောင်မောင်မြင့်၊ ပန်းတောင်းမြို့နယ် ရဲမှူး သန်းလွင် နှင့် ရဲအုပ် အောင်ကျော်စိုး တို့ကို ထောင်ဒဏ်များချမှတ်လိုက်ကြောင်း ရဲသတင်းရင်းမြစ်က ပြောဆိုသည်။ ဇန်နဝါရီလ ၁၅ ရက်နေ့ နေပြည်တော် ရဲချုပ် ဦးစီးသော ရဲအထူးတရားရုံးက ပြည်ခရိုင် ဒုတိယရဲတပ်ဖွဲ့မှူး ရဲမှူးမောင်မောင်မြင့်ကို ထောင် ဒဏ် ၁၀ နှစ် ၊ ပန်းတောင်းမြို့နယ်မှူး ရဲမှူး သန်းလွင်ကို…