Tag: News
-

သမီးငယ်ဟင်းရာဂျဘ်ကို ကျည် 355 တောင့်ပစ်ရာတွင် ပါဝင်ပတ်သက်သူ ၂၄ ဦးကို ဖမ်းဝရမ်းထုတ်ရန် ICC တရားရုံးသို့ အမှုတင်သွင်း
သမီးငယ်ဟင်းရာဂျဘ်ကို ကျည် 355 တောင့်ပစ်ရာတွင် ပါဝင်ပတ်သက်သူ ၂၄ ဦးကို ဖမ်းဝရမ်းထုတ်ရန် ICC တရားရုံးသို့ အမှုတင်သွင်း အစ္စရေးစစ်သားရှောင်ဂလပ်စ်က သမီးငယ်လေးဟင်းန်ရာဂျဘ်ကို ကျည် ၃၅၅ တောင့်ဖြင့် ပစ်ခတ်ရာတွင် အမိန့်ပေးခဲ့သူဖြစ်တယ်။ 2024 ခုနှစ် ဇန်နဝါရီလတွင် 5 နှစ်အရွ ယ် ပါလက်စတိုင်းမိန်းကလေး ဟင်န်ရာဂျဘ်ကို ကျည်ဆံပေါင်း 355 ကျော်ဖြင့် သတ်ဖြတ်ခဲ့သော အစ္စရေးစစ်သားများ၏ အထောက်အထားများကို ဖော်ပြသည့် သီးသန့်စာရွက်စာတမ်းများကို အလ်ဂျားဇီးယားကရရှိထားတယ်။ Al-Jazeera ၏ အဆိုအရ သံချပ်ကာတပ်မဟာ 52 အစ္စရေးစစ်သားရှောင်ဂလပ်စ်နှင့် အီတေရူကရီကော့ဗ်တို့ဟာ ကားနဲ့သွားနေတဲ့ ဟင်းန်ရာဂျဘ် ၊ သူမ၏ မိ သားစုနှင့် အခင်းဖြစ်ပွားရာသို့ အပြေး အလွှားရောက်ရှိလာသော ဆေးမှူးများကို သတ်ဖြတ်ခဲ့တယ်။ ဟင်းရာဂျဘ်ဖောင်ဒေးရှင်းက ဟင်းန်ရာဂျဘ်နှင့်…
-

မေတ္တာညွန့်ရပ်ကွက်၌ အဆောင်နေ လူငယ်တစ်ဦး ကြိုးဆွဲချသေဆုံး
ရန်ကုန်တိုင်း၊ တာမွေမြို့နယ်၊ မေတ္တာညွန့်ရပ်ကွက်၌ လူငယ်တစ်ဦးကြိုးဆွဲချသေဆုံးမှု အောက်တိုဘာ ၂၃ ရက် နံနက် ၃ နာရီခွဲခန့်တွင်ဖြစ်ပွားခဲ့ကြောင်း မေတ္တာညွန့်လူမှုကူညီရေးအသင်းထံမှသိရသည်။ သေဆုံးသူမှာအသက် (၂၂)နှစ် အရွယ်ရှိအမျိုးသားတစ်ဦးဖြစ်ပြီး ကွမ်းခြံကုန်းဇာတိဖြစ်ကြောင်း၊ လက်ရှိတွင် မေတ္တာညွန့်ရပ်ကွက်၊ ဝဏ္ဏသိင်္ဂီလမ်းရှိ အဆောင်တွင်နေထိုင်သူဖြစ်ကြောင်း ယင်းအသင်းမှတာဝန်ရှိသူတစ်ဦးကပြောသည်။ “သူတို့တွေက ကုမ္ပဏီဝန်ထမ်းလေးတွေဆိုတော့ အတူနေတဲ့ဝန်ထမ်းတစ်ယောက်က အပေါ့ထသွားရင်းတွေ့တာ။ သူကမြေညီထပ်အပြင်မှာပါပဲ။ ရဲကတော့သူ့ဖုန်းကိုယူသွားတယ်။ ဘာမှတ်ချက်မှတော့ထွက်မလာသေးဘူး” ဟု ၎င်းက ပြောသည်။ သေဆုံးသူ၏ ရုပ်အလောင်းအား မေတ္တာညွန့်လူမှုကူညီရေးအသင်းမှ စံပြဆေးရုံသို့ပို့ဆောင်ထားကြောင်းသိရသည်။ ပြီးခဲ့သည့်အောက်တိုဘာ ၈ ရက်တွင်လည်း မေတ္တာညွန့်ရပ်ကွက်၊ မြလေးရုံလမ်း၌ အသက် (၇၄) နှစ်အရွယ်ရှိအမျိုးသားတစ်ဦးသည် နေအိမ်ရေချိုးခန်းအတွင်း ကြိုးဆွဲချသေဆုံးသည့်ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း မေတ္တာမျှဝေပရဟိတအဖွဲ့ထံမှသိရသည်။ သတင်း – အင်ကြင်း ဓာတ်ပုံ – မေတ္တာညွန့်လူမှုကူညီရေးအသင်း
-

She Zhijiang ကို ထိုင်းအစိုးရက တရုတ်နိုင်ငံသို့ ရာဇဝတ်တရားခံအဖြစ် လွှဲပြောင်းပေးတော့မည်
မြ၀တီတွင် ကျားဖြန့်လုပ်ငန်းများကို စတင်ထူထောင်ခဲ့သော ရထိုက်ကုမ္ပဏီပိုင်ရှင်လည်းဖြစ်၊ BGF ဗိုလ်မှူးကြီး စောချစ်သူ၏ ကိုးကွယ်သူလည်းဖြစ်သော She Zhijiang ကို ထိုင်းအစိုးရက တရုတ်နိုင်ငံသို့ ရာဇဝတ်တရားခံအဖြစ် လွှဲပြောင်းပေးတော့မည် ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်တွင် ကျားဖြန့်လုပ်ငန်းများကို စတင်ထူထောင်ခဲ့သော ရထိုက်ကုမ္ပဏီပိုင်ရှင်လည်းဖြစ်၊ BGF ခေါင်းဆောင် ဗိုလ်မှူးကြီး စောချစ်သူ၏ ကိုးကွယ်သူလည်းဖြစ်သော She Zhijiang ကို ထိုင်းအစိုးရက တရုတ်နိုင်ငံသို့ ရာဇဝတ်မှုများစွာ၏ အလိုရှိသော တရားခံအဖြစ် လွှဲပြောင်းပေးတော့မည်ဖြစ်ကြောင်း ထိုင်းသတင်းများတွင် ဖော်ပြထားသည်။ အကြမ်းဖက် စစ်တပ် လက်အောက်ခံ ကရင်နယ်ခြားစောင့် တပ် BGF ခေါင်းဆောင် စောချစ်သူ၏ စီးပွားရေး မိတ်ဖက် ရွှေကုက္ကိုလ်မြို့သစ်ကို စတင်တည်ထောင်ခဲ့သူ ရထိုက် ကုမ္ပဏီပိုင်ရှင်နှင့် ကျားဖြန့်ဂိုဏ်း ခေါင်းဆောင် She Zhijiang ကို…
-
စစ်တပ်၏ မက်လုံးများအောက်တွင် ကရင်လက်နက်ကိုင် ၄ ဖွဲ့ပေါင်းစည်းရေး ပျက်ပြယ်
ကိုယ်ကျိုးစီးပွားအတွက် လုပ်ကိုင်ခွင့်ရမယ်ဆိုတဲ့ စစ်တပ်ရဲ့ မက်လုံးတွေအောက်မှာ ကရင်တိုင်းရင်းသား လက်နက်ကိုင် ၄ ဖွဲ့ပေါင်းစည်းရေးက ပျက်ပြယ်သွားပြီလို့ ကရင်စစ်ရေးလေ့လာသူတွေ၊ အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ နိုင်ငံရေးပါတီတွေက ပြောပါတယ်။ ကရင်ပြည်နယ်မှာ ကရင်လက်နက်ကိုင် ၄ ဖွဲ့ စည်းလုံးညီညွတ်ရေးကော်မတီကိုဖွဲ့စည်းပြီး တွေ့ဆုံ ဆွေးနွေးမှုတွေ ရှိခဲ့ပေမဲ့ တဖက်မှာလည်း ဖြစ်ပွားနေတဲ့တိုက်ပွဲတွေအတွင်း စစ်တပ်နဲ့အတူ တိုးတက်သောဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (DKBA)ဗိုလ်ဘိအဖွဲ့၊ ကရင်ပြည်နယ် နယ်ခြားစောင့်တပ်(BGF) က ပူးပေါင်းပါဝင်ပြီး တိုက်ခိုက်နေပါတယ်။ တရားမဝင်လုပ်ငန်းတွေ လုပ်ကိုင်ခွင့်ရမယ်ဆိုတဲ့ မက်လုံးအောက်မှာ ကရင်လက်နက်ကိုင် ၄ ဖွဲ့ပေါင်းစည်းရေးက ပျက်ပြယ်သွားတယ်လို့ ကရင်စစ်ရေးလေ့လာသူတွေက သုံးသပ်ပြောပါတယ်။ ကရင်စစ်ရေးလေ့လာသူတယောက်က “လက်နက်ကိုင် ၄ ဖွဲ့ ဒီတော်လှန်ရေးမှာ ပါဝင်မယ်။ KNU နဲ့တစည်းတလုံးတည်းရှိတယ်ဆိုတာတွေကိုပြောခဲ့ပေမဲ့ လက်ရှိ DKBA နဲ့ BGF ဧရိယာထဲမှာ ရှိနေတဲ့…
-

ဆိုင်ရှင်မိန်းမနဲ့ သူ.ခိုး.အစ်မကြီး ထိပ်တိုက်တွေ့ပြီ
လှိုင်သာယာ ဗိုလ်ချုပ်လမ်းက ကလေးချီလျက်ဖြင့် နှိပ်စက်ခံရသောအမျိုးသမီးကြီးနှင့် ဆိုင်ပိုင်ရှင်တို့ ကြေအေးဟုဆို လူမှုကွန်ရက်တွင်ပျံ့နှံ့နေသည့် အထည်ဆိုင်တစ်ဆိုင်မှ ခိုးယူသူဟုဆိုကာ ကလေးချီထားသောအမျိုးသမီးကို နှိပ်စက်နေသော ဖြစ်ရပ်မှ ပါဝင်သူများကို ရဲစခန်းမှခေါ်ယူစစ်ဆေးခဲ့သလို ယမန်နေ့(အောက်တိုဘာ ၂၂)နေ့က ထပ်မံ၍ ခိုးယူသူဟု စွပ်စွဲခံရသူကိုလည်း စစ်ဆေးခဲ့ကြောင်း သိရပါတယ်။ အဆိုပါဖြစ်ရပ်မှာ ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်အတွင်း ပြီးခဲ့သည့် တနင်္ဂနွေနေ့ကဖြစ်ခဲ့သည်ဟုဆိုကြပြီး လူသုံးပစ္စည်းမျိုးစုံရောင်းချရာ အထည်နှင့်စတိုးဆိုင်အတွင်း အသက် ၅၀ ဝန်းကျင် အမျိုးသမီးကြီးမှ အသက်တစ်နှစ်ကျော်အရွယ်ကလေးငယ်ကိုချီ၍ စတီးဇလုံကိုယူစဉ် ဆိုင်ရှင်မှဖမ်းဆီးရမိပြီးနောက် ရိုက်နှက်နှိပ်စက်မှုများကိုပါ ပြုလုပ်၍ ဆိုင်အရှေ့ဓာတ်တိုင်တွင် ကလေးရောလူကြီးပါကြိုးတုပ်နေပူလှန်းခဲ့ဖြစ်ရပ်ကို ဆိုင်ရှင်က ဗီဒီယိုရိုက်၍ လူမှုကွန်ရက်တွင် ဖြန့်ချိခဲ့ရာမှ ဝေဖန်မှုမြင့်တက်လာခြင်းဖြစ်ပါတယ်။ ထိုဗီဒီယိုတွင် ကလေးချီထားသောအမျိုးသမီးကြီးကို ဆိုင်ရှင်ဖြစ်သူအမျိုးသမီးက “သူခိုးမပါဗျို့၊ ဒီမှာသေချာကြည့်ထား၊ ငါ့ရပ်ကွက်ထဲ လာခိုးတဲ့သူခိုးမ၊ လွန်လွန်းအားကြီးတယ်။ တစ်ခါလာလည်း ခိုးတယ်၊ နှစ်ခါလာလည်းခိုးတယ်၊…