Tag: News

  • သမီးလေးနာကျင်တာ အမြန်သက်သာအောင်  ကျူးလွန်တဲ့မိဘနဲ့ကျောင်း တောင်းပန်တဲ့အထိအနိုင်တိုက်ပါ မေမေ Ella May

    သမီးလေးနာကျင်တာ အမြန်သက်သာအောင် ကျူးလွန်တဲ့မိဘနဲ့ကျောင်း တောင်းပန်တဲ့အထိအနိုင်တိုက်ပါ မေမေ Ella May

    နာမည်ကြီး International Schoolမှာ ကျောင်းတွင်းအကြ၊မ်းဖက်ခံရတဲ့ ကလေးငယ်ရဲ့ မိဘကို အကြ၊မ်းဖက်တဲ့ကလေးရဲ့မိဘမှ ကိုယ်ထိလက်ရောက် ကျူးလွန်ရန်ကြံစည်ခဲ့မှုဖြစ်ပွားခဲ့..

    “ကျမသမီးက အကို၊က်လည်းခံရသေးတယ် ကျမကိုလည်း လက်သီ၊းနဲ့ ထို၊းဖို့လုပ်တယ်…သားသမီးဆိုတာ မိဘတိုင်းရဲ့ရတနာပါ..တဖက်မိဘက နိုင်ငံခြားသားမို့လို့ လျှော်ပေးလိုက်ပါလို့ကျောင်းကတာဝန်မဲ့စကားတွေပြောလာတယ် ..ကျမသမီးကို တစ်နှစ်ကိုသိန်းရာချီပေးပြီးထားထားတဲ့ကျောင်းက အဲ့လိုပြောလာတာ..”ဆိုပြီး မိခင်ဖြစ်သူElla May ကဖြစ်စဥ်ကိုပြောပြလာပါတယ်….

    ”သူများအနိုင်ကျင့်ဖို့ သမီးကို မွေးထားတာ မဟုတ်ဘူး။ သမီးကို တစ်စက်ကလေးတောင် လာမထိပါနဲ့။ ကိုယ့်သားသမီးကို လာထိရင် ဘယ်မိဘမှ မကြိုက်ဘူး”

    ”Media မှာ Attention လိုချင်လို့ ဖြေတာ မဟုတ်ဘူး၊ တရားမျှတမှု လိုချင်လို့ ဖြေတာ။ ကိုယ့်သားသမီးကို ကိုယ်မှ မကာကွယ်ရင် ကာကွယ်ပေးမယ့်သူ မရှိဘူး” ဆိုတဲ့ Ella May

    နာမည်ကြီး International Schoolမှာ ကျောင်းတွင်းအကြမ်းဖက်ခံရတဲ့ ကလေးငယ်ရဲ့ မိဘကို အကြမ်းဖက်တဲ့ကလေးရဲ့မိဘမှ ကိုယ်ထိလက်ရောက် ကျူးလွန်ရန်ကြံစည်ခဲ့မှုဖြစ်ပွားခဲ့..

    “ကျမသမီးက အကို၊က်လည်းခံရသေးတယ် ကျမကိုလည်း လက်သီ၊းနဲ့ ထို၊းဖို့လုပ်တယ်…သားသမီးဆိုတာ မိဘတိုင်းရဲ့ရတနာပါ..

    တဖက်မိဘက နိုင်ငံခြားသားမို့လို့ လျှော်ပေးလိုက်ပါလို့ကျောင်းကတာဝန်မဲ့စကားတွေပြောလာတယ် ..

    ကျမသမီးကို တစ်နှစ်ကိုသိန်းရာချီပေးပြီးထားထားတဲ့ကျောင်းက အဲ့လိုပြောလာတာ..”ဆိုပြီး မိခင်ဖြစ်သူElla May ကဖြစ်စဥ်ကိုပြောပြလာပါတယ်….

    ခလေးရဲ့စိတ်ထဲ ခံစား‌နေရတဲ့ နာကျင်မူ့ကို မိဘကလွဲပီး ကိုယ်ချင်းစာတတ်မှာမဟုတ်တာကြောင့်..

    သမီးလေးနာကျင်တာ အမြန်သက်သာအောင် ကျူးလွန်တဲ့မိဘနဲ့ကျောင်း တောင်းပန်တဲ့အထိအနိုင်တိုက်ပါ မေမေ Ella May ❗

    Ella May မမရေ တရားမျှတမှုနဲ့သမီးလေးစိတ်ဒဏ်ရာမရဖို့အတွက် လုပ်သင့်တာဆက်လုပ်ပါလို့ပဲအကြံပေးပါရစေ

    ကျွန်မကို အခြားနေရာတွေမှာ အစားထိုးလို့ရပေမယ့်… ကျွန်မကလေးအတွက်တော့ ဘယ်တော့မှမရဘူး။

    မိတ်ဆွေတွေကြားမှာ – ကျွန်မကို အစားထိုးလို့ရတယ်။
    လုပ်ငန်းခွင်မှာ – ကျွန်မကို အစားထိုးလို့ရတယ်။
    ကမ္ဘာကြီးမှာတောင် – ကျွန်မမရှိလည်း အရာအားလုံးဆက်လည်နေမှာပဲ။

    ဒါပေမယ့် ကျွန်မကလေးအတွက်တော့ –
    ကျွန်မက အစားမထိုးနိုင်တဲ့တစ်ဦးတည်းသောသူ ✅
    ကျွန်မလို သူတို့အတွက် လုံခြုံရာ၊ နှစ်သိမ့်ရာ၊ အိမ်လို ခိုနားရာဖြစ်ပေးနိုင်သူ အခြားမရှိ။
    သူ့ငိုသံကို ကျွန်မလို နားလည်သူအခြားမရှိ

    ဒီကမ္ဘာအတွက် ကျွန်မက သာမန်လူတစ်ယောက်ဖြစ်ကောင်းဖြစ်မယ်။
    ဒါပေမယ့် ကျွန်မသမီးလေးအတွက်တော့ ကျွန်မက သူတို့ရဲ့ကမ္ဘာတစ်ခုလုံးပါ

    ဒါဟာ ကျွန်မဘဝမှာ အပြည့်စုံဆုံး၊ အမြစ်တွယ်ဆုံး၊ အဖိုးထိုက်တန်ဆုံး အခန်းကဏ္ဍပါ

    မိခင်တယောက်အနေနဲ့ ကိုယ့်သားသမီးကို အဆုံးထိကာကွယ်သွားမှာပါ

  • မြေရှား သို့မဟုတ် မြန်မာပြည်မြောက်ပိုင်းက ပဋိပက္ခအခြေပြု ကမ္ဘာကျော်ပို့ကုန်

    မြေရှား သို့မဟုတ် မြန်မာပြည်မြောက်ပိုင်းက ပဋိပက္ခအခြေပြု ကမ္ဘာကျော်ပို့ကုန်

    မြေရှား (Rare Earth) ဆိုသော အမည်နှင့် လိုက်ဖက်စွာ ထိုသတ္တုသည် ကမ္ဘာပေါ်တွင် နေရာတိုင်း မထွက်ရှိပေ။ မြေရှားသတ္တုထုတ်လုပ်နေသော နိုင်ငံအရေအတွက်မှာ လက်ချိုးရေတွက်လို့ရသည်။ ထိုနိုင်ငံများတွင် မြန်မာနိုင်ငံသည် မြေရှားသတ္တုတင်ပို့နေသော ထိပ်တန်းသုံးနိုင်ငံထဲတွင် ပါဝင်နေသည်ဆိုလျှင် အံ့ဩကြမည် ထင်သည်။

    မြန်မာနိုင်ငံတွင် မြေရှားသတ္တုအကြောင်း သိရှိသူ အလွန်နည်းပါသလို မြန်မာနိုင်ငံတွင် ထိုသတ္တုအမျိုးအစားထွက်ရှိနေသည်ကို သိသူလည်း နည်းပါးသည်။

    ကမ္ဘာတွင် အင်္ဂလိပ်လိုအားဖြင့် Rare Earth Elements (REEs) ဟု လူသိများပြီး မြန်မာလိုအားဖြင့် ‘မြေရှား’ ဟု ရိုးရှင်းစွာ ပြန်ဆိုထားသည်။ ထိုရှားပါးသတ္တုတွင် အခြားသတ္တုများနှင့် မတူသော ထူးခြားချက်မှာ သတ္တုဒြပ်စင် ၁၅ မျိုး ပေါင်းစပ်ပါဝင်နေကြောင်း အမေရိကန်ဘူမိဗေဒလေ့လာရေးဌာန (USGS – United States Geological Survey) ၏ အချက်အလက်များအရ သိရှိရသည်။

    ထိုဒြပ်စင်များကို ပေါ့ပါးသတ္တုဒြပ်စင် (Light REEs) နှင့် လေးလံသတ္တုဒြပ်စင် (Heavy REEs) ဆိုပြီး အုပ်စုနှစ်ခု ခွဲထားသည်။ တချို့က Europium နှင့် Gadolinium တို့ကိုပါ Heavy REEs အုပ်စုဝင်အဖြစ် သတ်မှတ်သည့်အတွက် REE တွင် သတ္တုဒြပ်စင် ၁၇ မျိုးပါဝင်သည်ဟု ဆိုနိုင်သည်။

    ယခုနှစ် USGS က ထုတ်ပြန်သော အချက်အလက်များအရ ကမ္ဘာပေါ်တွင် မြေရှားသတ္တုအများဆုံး ထုတ်လုပ်သည့် နိုင်ငံ ၁၁ ခုရှိသည်။ ထိုနိုင်ငံများ၏ တစ်နှစ်တာ ထုတ်လုပ်မှုတန်ချိန် အနည်းအများအလိုက် အစဉ်အတိုင်း ဖော်ပြရလျှင် အောက်ပါအတိုင်းဖြစ်သည်။

    ကနေဒါ၊ ဂရင်းလန်းကျွန်း၊ တောင်အာဖရိကနှင့် တန်းဇန်းနီးယားနိုင်ငံများတွင် မြေရှားသတ္တုတွေ့ရှိထားသော်လည်း ထိုနိုင်ငံများ၏ ထုတ်လုပ်မှုကိန်းဂဏန်းပမာဏကို မသိရပေ။

    တရုတ်နိုင်ငံသည် ကမ္ဘာပေါ်တွင် မြေရှားသတ္တုအများဆုံး ထုတ်လုပ်တင်ပို့သော နိုင်ငံဖြစ်သည်။ အဓိကအားဖြင့် အိမ်နီးချင်း မြန်မာနိုင်ငံမြောက်ဖျားပိုင်းဒေသရှိ မြေရှားသတ္တုသိုက်များမှ ထုတ်လုပ်ရရှိသော မြေရှားသတ္တုများကို တင်ပို့သောနိုင်ငံလည်းဖြစ်သည်။

    USGS ၏ ထုတ်ပြန်ချက်များအရ ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ်တွင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် မြေရှားသတ္တုထုတ်လုပ်မှု တန်ပေါင်း ၂၄၀,၀၀၀ ရှိသည့်အနက် တရုတ်နိုင်ငံက ၁၄၀,၀၀၀ တန် ထုတ်လုပ်ခြင်းဖြစ်သည်။ မြန်မာနိုင်ငံက တန် ၃၀,၀၀၀ ထုတ်လုပ်ပြီး တရုတ်နိုင်ငံကို အဓိကတင်ပို့လျက်ရှိသည်။ တရုတ်နိုင်ငံသည် ကမ္ဘာ့မြေရှားသတ္တုဈေးကွက်၏ ၉၀ ရာခိုင်နှုန်းကျော်ကို ထိန်းချုပ်ထားသည်။

    မြေရှားသတ္တု၏ အသုံးဝင်မှုမှာ သူ့ချည်းသက်သက်ဆိုပါက တန်ဖိုးမရှိလှပေ။ အခြားသတ္တုတစ်မျိုးဖြင့် ပေါင်းစပ်လိုက်သည့်အခါ ထူးခြား၍ အဆင့်မြင့်မားသော အရည်အသွေးရှိ သတ္တုတစ်မျိုး ထွက်ရှိလာခြင်းဖြစ်သည်။ အရပ်ဘက်နှင့် စစ်ဘက်ဆိုင်ရာ အဆင့်မြင့်အီလက်ထရောနစ်ပစ္စည်း အမျိုးအစားပေါင်း ၂၀၀ ကျော်ထုတ်လုပ်ရာတွင် မြေရှားသတ္တုမှာ မရှိမဖြစ် အလွန်အရေးပါသည်။

    ဥပမာအားဖြင့် အရပ်ဘက်သုံး မိုဘိုင်းဖုန်းများ၊ ကွန်ပျူတာများ၏ ပင်မအချက်အလက်သိုလှောင်ရာ ပစ္စည်း (Hard Drive) များ၊ လျှပ်စစ်ကားများ၊ မှန်သားပြင်တီဗီ (Flat-screen TV) များ စသည့် တန်ဖိုးကြီးပစ္စည်းများ ထုတ်လုပ်ရာတွင် မြေရှားသတ္တုမှာ အလွန်အရေးပါသော ကုန်ကြမ်းပစ္စည်းဖြစ်သည်။

    ထို့အတူ စစ်ဘက်ဆိုင်ရာနယ်ပယ်တွင် အဆင့်မြင့်နည်းပညာသုံး အဝေးထိန်းကိရိယာစနစ်များ (Guidance Systems)၊ လေဆာ၊ ရေဒါနှင့် အသံပိုင်းဆိုင်ရာ ထောက်လှမ်းရေးစနစ်များ၊ အီလက်ထရောနစ်နည်းပညာသုံး ပုံရိပ်ဖော်ဖန်သားပြင်များ စသည့် ပစ္စည်းများထုတ်လုပ်ရာတွင်လည်း မြေရှားသတ္တုက မရှိမဖြစ်ကုန်ကြမ်းပစ္စည်းဖြစ်သည်။

    အထက်ပါ ပစ္စည်းများထုတ်လုပ်သည့်အခါ ပစ္စည်းတစ်ခုတွင် မြေရှားသတ္တုပါဝင်မှု အလေးချိန်၊ ပမာဏနှင့် တန်ဖိုးသည် မပြောပလောက်အောင် နည်းပါးသော်လည်း ထိုသတ္တုပစ္စည်းကြောင့် အဆိုပါပစ္စည်း၏ လုပ်ဆောင်ချက်နှင့် အရည်အသွေး လွန်စွာကွဲပြားခြားနားမှု ရှိစေသည်။

    ထိုမျှအရေးပါသော မြေရှားသတ္တု အဓိကထွက်ရှိရာ အရပ်ဒေသတစ်ခုမှာ မြန်မာနိုင်ငံ၊ ကချင်ပြည်နယ်မြောက်ပိုင်းဖြစ်သည်။ ကချင်ပြည်နယ်ကို ကမ္ဘာကျော်ကျောက်စိမ်းများ ထွက်ရှိရာ ‘ကျောက်စိမ်းမြေ’ ဟု လူသိများသော်လည်း ကမ္ဘာတွင် တတိယမြောက် မြေရှားသတ္တုအများဆုံးထွက်ရှိရာဒေသဟု သိသူမရှိသလောက် နည်းပါးသည်။

    ကချင်ပြည်နယ်အတွင်း မြေရှားသတ္တုသိုက်များရှိရာအရပ်မှာ တရုတ်နိုင်ငံနှင့် နယ်နိမိတ်ချင်းထိစပ်နေသည့် ပန်ဝါဒေသဖြစ်သည်။ ပန်ဝါနှင့် ချီဖွေအကြား အရှေ့တောင်မှ အနောက်မြောက်သို့ ကန့်လန့်ဖြတ်စီးဆင်းနေ‌သော ချီဖွေချောင်းအထက်ပိုင်း တစ်ဖက်တစ်ချက်ရှိ တောင်းတန်းများတွင် မြေရှားသတ္တုတူးဖော်ရေးတွင်း အများအပြားတွေ့ရှိရသည်။

    Google Earth ၏ ကောင်းကင်ဓာတ်ပုံများအရ ထိုနေရာတစ်ဝိုက်တွင် မြေရှားသတ္တုတူးဖော်သည့် နေရာ ၆၆ ခု ရှာဖွေတွေ့ရှိရသည်။ ထိုအရေအတွက်ထက်လည်း များပြားနိုင်သည်။

    မြေရှားသတ္တုတွင်းများ တည်ရှိရာဒေသကို နယ်ခြားစောင့်တပ်ဖွဲ့အသွင်ပြောင်းထားသည့် စစ်တပ်လက်အောက်ခံ NDA-K လက်နက်ကိုင်အဖွဲ့က ထိန်းချုပ်ထားသည်။ ထိုအဖွဲ့သည် ယခင်က ကချင်ပြည်နယ်အခြေစိုက် လက်နက်ကိုင်အဖွဲ့အစည်းတစ်ခု ဖြစ်သည်။

    အဆိုပါ မြေရှားသတ္တုတွင်းများမှာ NDA-K အဖွဲ့အတွက် အဓိကဝင်ငွေရရှိသော လုပ်ငန်းများဖြစ်ပြီး၊ စစ်တပ်က အကျိုးအမြတ်ရရှိနေသော လုပ်ငန်းလည်းဖြစ်သည်။ ထိုသတ္တုတွင်းလုပ်ကွက်အများစုကို တရုတ်လုပ်ငန်းရှင်များက နယ်စပ်ဖြတ်ကျော်လုပ်ကိုင်ခွင့် ရထားသည်ဟု သိရသည်။

    ပန်ဝါဒေသတွင် မြေရှားသတ္တုတူးဖော်ရေး စတင်ခဲ့သည်မှာ နှစ်အနည်းငယ်သာ ရှိသေးသည်။ Google Earth ပေါ်က အထောက်အထားများအရ ၂၀၁၈ နှင့် ၂၀၂၀ အကြားတွင် ပန်ဝါဒေသ၌ မြေရှားသတ္တုတူးဖော်ရေးလုပ်ငန်းများ အလျင်အမြန်တိုးချဲ့လုပ်ကိုင်လာသည်ကို တွေ့ရသည်။

    ကချင်ပြည်နယ် ပန်ဝါဒေသမှ ထွက်ရှိသော မြေရှားသတ္တုများကို တရုတ်နိုင်ငံသို့ တင်ပို့နေသော်လည်း နိုင်ငံတော်အနေဖြင့် အခွန်ငွေရမရ အတိအကျ မသိရပေ။ ပန်ဝါဒေသမှနေ၍ နှစ်စဉ် မြေရှားသတ္တုတန်ဖိုး မည်မျှထွက်ရှိနေသည်ဆိုသော ကိန်းဂဏန်းအချက်အလက်များလည်း မသိရှိရပေ။

    မြေရှားသတ္တုဒြပ်စင်ကို ထုတ်ယူသည့်အခါ ရှေးရိုးသတ္တုတူးဖော်သည့်နည်းလမ်းအတိုင်း Open-pit နည်းဖြင့် တူးဖော်ပြီး မြေသယ်ကားကြီးများဖြင့် သယ်ယူကာ သတ္တုသန့်စင်သော စက်ရုံတွင် သန့်စင်ခွဲထုတ်ယူကြခြင်းဖြစ်သည်။

    ထို့ကြောင့် မြေရှားသတ္တုရှိသော တောတောင်ရေမြေ သဘာဝပတ်ဝန်းကျင်သည် သတ္တုတူးဖော်ရေးကြောင့် လုံးဝပျက်စီးသွားသော အခြေအနေနှင့် ရင်ဆိုင်ရသည်။

    သတ္တုစတင်တူးဖော်သည့်အခါ အပေါ်ယံမြေဆီလွှာကို သီးသန့်ဖယ်ရှားပြီးမှ တူးဖော်ခြင်းသည် နိုင်ငံတကာစံနှုန်းဖြစ်သည်။ သို့သော်လည်း သတ္တုသိုက်များကို ပြန်လည်ပိတ်သိမ်းသည့်အခါ တူးဖော်စဉ်က ဖြစ်ပေါ်ခဲ့သော တွင်းကြီးများကို စွန့်ပစ်မြေစာများနှင့် ဖုံးအုပ်ခြင်း၊ သစ်ပင်များပြန်လည်စိုက်ပျိုးခြင်းဖြင့် သဘာဝပတ်ဝန်းကျင်ပျက်စီးမှုကို အချိန်ယူကုစားရသည်။

    သို့သော် မြန်မာနိုင်ငံမြောက်ဖျားပိုင်းက သတ္တုသိုက်အများစုတွင် တူးဖော်သူတရုတ်ကုမ္ပဏီများက အထက်ပါ နိုင်ငံတကာစံနှုန်းများအတိုင်း လုပ်ဆောင်နေသည်ဟု မကြားသိရပေ။ သာယာလှပသော ကချင်ပြည်နယ်၏ သဘာဝပတ်ဝန်းကျင်မှာ ကျောက်စိမ်းနှင့် မြေရှားသတ္တု ထုတ်လုပ်မှုကြောင့် ပြန်လည်ကုစားမရနိုင်လောက်အောင် ထိခိုက်ပျက်စီးလျက်ရှိသည်။

    ကချင်ပြည်နယ် ပန်ဝါဒေသမှ မြေရှားသတ္တုကို ထုတ်ယူရာတွင် မြင့်မားသော တောတောင်ထဲတွင် ထုတ်ယူပြီး စက်ရုံရှိရာ တရုတ်ပြည်ထဲသို့ မြေသယ်ကားကြီးများဖြင့် သယ်ယူသန့်စင်ရသဖြင့် ကုန်ကျစရိတ်များသည်။

    ထို့ကြောင့် နောက်ပိုင်းတွင် မြေရှားသတ္တုသိုက်ရှိရာအနီးတွင် သတ္တုသန့်စင်ကန်များ ပြုလုပ်ကာ ဓာတုဗေဒဆေးရည်များ အသုံးပြုလျက် သတ္တုသန့်စင်နေသည်ကို Google Earth မြေပုံပါ ပုံရိပ်များက သက်သေခံနေသည်။

    အသုံးပြုပြီးသော ဓာတုဗေဒဆေးရည်များ ရောနှောပါဝင်နေသည့် စွန့်ပစ်ရေများကို စနစ်တကျစွန့်ပစ်မှုရှိမရှိ မည်သူကမျှ စောင့်ကြည့်လေ့လာခြင်း မရှိသဖြင့် အတိအကျ မသိရပေ။ ထိုဓာတုဗေဒဆေးရည်များပါဝင်သည့် ရေများမှာ အနီးဆုံး ချီဖွေချောင်းအတွင်း စီးဝင်နိုင်သည်။ ထိုမှတစ်ဆင့် မေခမြစ်ထဲသို့ စီးဝင်ရာမှ ဧရာဝတီမြစ်အထိ ဓာတုဗေဒအဆိပ်သင့်ရေများ စီးဝင်ကာ မြစ်ရေညစ်ညမ်းနိုင်သည်။

    ပန်ဝါဒေသသည် ဥပဒေစိုးမိုးသော အရပ်ဒေသမဟုတ်ဘဲ လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့တစ်ခု ထိန်းချုပ်ရာနယ်မြေဖြစ်သည့်အတွက် လွတ်လပ်သော သုတေသနပြုလေ့လာမှုများလုပ်ဆောင်ရန် ခက်ခဲသည်။ ပန်ဝါဒေသရှိ မြေရှားသတ္တုသိုက်များအကြောင်း စနစ်တကျလေ့လာထားသည့် လွတ်လပ်သော သုတေသနအစီရင်ခံစာများ မရှိသဖြင့် ယခုထက်ပို၍ အလေးထားလေ့လာဂရုပြုရန် လိုအပ်လျက်ရှိသည်။

    မြေရှားသတ္တုဆိုတာဘာလဲ။

    (လူပြောများနေတဲ့ မြေရှားသတ္တုအကြောင်း။)

    ဒီတခေါက်တော့ လူပြောများနေတဲ့ မြေရှားသတ္တုအကြောင်း ရှာဖွေတင်ပြလိုက်ပါတယ်။

    မြေရှားသတ္တု (သို့မဟုတ်) မြေရှားဒြပ်စင် ဆိုတာ သဘာဝဒြပ်စင်မဟုတ်ဘဲ လူလုပ်ဒြပ်စင်တမျိုးသာ ဖြစ်ပါတယ်လို့ဆိုရင် စာရှု့သူတို့ အံ့အား သင့်သွားမှာပါ။

    တနည်းအားဖြင့် Natural Product မဟုတ်ဘဲ Synthesis Product လို့ ပြောတာပါ။

    သူ့ကို REE ( Rare Earth Elements ) လို့ခေါ်ပြီး REE ထဲမှာ သတ္တုဒြပ်စင်တွေ (၁၇) မျိုးအထိ ရောနှောပါဝင်နေပါတယ်တဲ့။ သူတို့ဟာ ဒြပ်ပေါင်းအနေနဲ့ တည်ရှိနေတာဖြစ်ပြီး ဓါတုဖွဲ့စည်းပုံအရ တစ်ခုနဲ့တစ်ခု ခွဲခြားထုတ်ယူဖို့ ခက်ပါတယ်။

    REE တွေကို ခွဲထုတ်ဖို့ခက်ခဲလို့ ရှားပါးမြေသား (Rare Earth)လို့ ခေါ်ကြတာ ဖြစ်ပါတယ်။

    သူက တခြားတွင်းထွက်ဒြပ်စင်တွေလို အစုလိုက်အပုံလိုက် ရှိနေတာမျိုးလည်း မဟုတ်ပြန်ပါဘူး။

    ဒါပေမဲ့ ကမ္ဘာမြေမျက်နှာပြင်ရဲ့ အပေါ်ယံအလွှာ (Outer shell) တနည်း (Earth Crust) မှာတော့ မြေသား၊ ကျောက်သားတွေနဲ့ ရောနှောပြီးအများအပြား ပါဝင်နေပါတယ်တဲ့။

    မြေရှားသတ္တုကို စတင်တွေ့ရှိတာကတော့ ၁၇၈၀ ခုနှစ်ကတည်းက ဖြစ်ပါတယ်။

    ဆွီဒင်နိုင်ငံရဲ့ Ytterby အရပ်မှာ Lieutenant Carl Axel Arrhenius ဆိုသူက တွေ့ရှိခဲ့တာဖြစ်ပြီး တွေ့ရှိတဲ့အရပ်ကိုစွဲလို့ Ytterbite လို့ အမည်ပေးခဲ့ကြပါတယ်။

    ၁၈၀၀ ခုနှစ်လောက်မှာ ဂါနိုလီနိုက် (Gadolinite) လို့ ပြောင်းလဲ ခေါ်ဝေါ်ခဲ့ကြပါတယ်။

    နောက်ထပ် အနှစ် (၃၀) လောက်အကြာမှာတော့ သတ္တုရိုင်း (Ores) နှစ်မျိုးဖြစ်တဲ့ (Ceria) ဆီရီယာနဲ့ (Yttria) ယက်ထရီယာတို့မှာ ဒီ မြေရှားဒြပ်စင် (REE) တွေ ရောနှောပါဝင်နေတာကို တွေ့ရှိခဲ့ကြပြန်ပါတယ်။

    ဒီနေ့ခေတ်မှာတော့ REE တွေကို အပေါ့စား (Light REE)၊ အလတ် စား (Medium REE) နဲ့ အလေးစား (Heavy REE) ဆိုပြီး (၃) မျိုး ခွဲခြားကြပါတယ်။

    အာဖဂန်နစ္စတန်နိုင်ငံရဲ့ ဟယ်လမင်းခရိုင်က ခန်နာရှင်းကျေးရွာမှာ မီးတောင်ကထွက်တဲ့ ချော်ရည်ကျောက်တွေမှာ မြေရှားသတ္တုတွေ ပါဝင်တယ်လို့ တချိန်က အာဖဂန်ကို ကျူးကျော်ခဲ့တဲ့ ဆိုဗီယက်တို့က ပြောကြားခဲ့ဖူးပါတယ်။

    ဒီသတင်းကြောင့် ယူအက်စ်က USGS (United State Geological Servey) အဖွဲ့ဟာ ၂၀၀၉ ခုနှစ်မှာ သွားရောက်စမ်းသပ်ခဲ့ကြပါတယ်။

    သူတို့ဟာစ-စ်တပ် အစောင့်အရှောက် နဲ့ သွားရောက်ခဲ့ရတာဖြစ်ပြီး တွေ့ရှိချက်အရ မြေရှားသတ္တုတွေထွက်ရှိကြောင်း အတည်ပြုနိုင်ခဲ့ပါတယ်။

    USGS အဖွဲ့ဟာ ဒီ မီးတောင်ချော်ရည်ကျောက်ထဲက အမေရိကန်ဒေါ်လာ ၇.၄ ဘီလီယံဖိုးလောက်အထိ ထုတ်ယူနိုင်မှာဖြစ်ပြီး (၁၀)နှစ်လောက် ထုတ်ယူနိုင်တယ်လို့ ဆိုပါတယ်။

    တရုပ်ကတော့ ကမ္ဘာမှာ မြေရှားသတ္တုအများဆုံး ထုတ်လုပ်သူအဖြစ် နာမည်ခံထားပါတယ်။ အများဆုံးသုံးစွဲသူလည်း ဖြစ်ပါတယ်တဲ့။

    အီလက်ထရောနစ်နဲ့ ပါတ်သက်တဲ့ ပစ္စည်းတွေမှာ မြေရှားသတ္တုကို အသုံး ပြု ထုတ်လုပ်တာဖြစ်ပြီး ပြည်တွင်းထုတ်ကုန်အနေနဲ့ရော ပြည်ပပို့ကုန်အနေနဲ့ပါ သူကသုံးပါတယ်။

    ဂျပန်နဲ့ အမေရိကန်ကတော့ ဒုတိယနဲ့ တတိယအများဆုံး ထုတ်လုပ်သုံးစွဲသူတွေ ဖြစ်ကြပါတယ်။

    တရုပ်အကြောင်းပြောရရင်တော့ တရုပ်ဟာ သူ့ရဲ့ တန်ဖိုးမြင့် ထုတ်ကုန်ပစ္စည်းဈေးကွက်ကို ကာကွယ်ဖို့ REE ကို ကုန်ကြမ်းအဖြစ်ရောင်းချတာ မလုပ်ပါဘူး။

    ဒါကြောင့်လည်း REE ကို အိတ်စပို့ကဏ္ဍကို တင်းကြပ်စွာ ကန့်သတ်ထားပါတယ်။ (Import ကတော့ လာထားပေါ့နော်။)

    တရုပ်ရဲ့ လုပ်ဆောင်ချက်ကြောင့် REE ဈေးကွက်မှာ ဈေးနှုန်းဟာ ခေါင်ခိုက်နေတာ ဖြစ်ပါတယ်။

    တဖက်ကကြည့်ရင်လည်း ကမ္ဘာကြီးမှာ REE လိုအပ်ချက်က မြင့်မားလို့နေပါတယ်။

    စ-စ် ရေး၊ကာကွယ်ရေး၊ လေကြောင်း လုပ်ငန်း၊ အီလက်ထရောနစ်လုပ်ငန်းတွေမှာ မြေရှားသတ္တုဟာ မပါမဖြစ် အရေးပါလှပါတယ်။

    REE နဲ့ ပြုလုပ်ထားတဲ့ ပစ္စည်းတွေဟာ ကျနော်တို့နေ့စဉ်ဘဝမှာ တော်တော်များများ နေရာယူထားကြပါတယ်။

    ကွန်ပျူတာမှတ်ဉာဏ် (Computer Memory)တွေ၊ DVD တွေ၊ ဓါတ်ခဲတွေ၊ ဆဲလ်ဖုန်းတွေ၊ မီးလုံးမီးချောင်း (LED) တွေ၊ မမ်မိုရီစတစ်တွေကအစ REE တွေ ပါဝင်နေပါတယ်။

    တရုပ်ဆိုရင် စိုက်ပျိုးရေးမှာ သီးနှံတွေ ကြီးထွားပြီး အထွက်နှုန်းကောင်းအောင် မြေဩဇာအနေနဲ့ သုံးသလို၊ မွေးမြူရေးမှာလည်း ဥကြီးကြီးဥဖို့၊ အသားတိုးဖို့ အစာတွေထဲမှာတောင် ထည့်သွင်းအသုံး ပြု နေကြပါပြီတဲ့။

    မြန်မာနိုင်ငံမှာတော့ မြေရှားသတ္တုတူး‌ဖော်မှုအများဆုံးထွက်ရှိတဲ့ဒေသတွေက ပန်ဝါ၊ ချီဖွေ၊ ဆော့လော်၊ ဖီမော်ဒေသတို့ဖြစ်ပြီး ကမ္ဘာလုံးဆိုင်ရာ မြေရှားသတ္တုလိုအပ်ချက်၏ ၅၀ ရာခိုင်နှုန်းကျော်ကို မြန်မာနိုင်ငံက ရရှိနေပါတယ်တဲ့။

    နိဂုံးချုပ်ပြောရရင်တော့ မြေရှားသတ္တုဟာ ထုတ်လုပ်ဖို့ ခက်ခဲသလို၊ ဈေးကောင်းလို့ အလုအယက် ထုတ်ယူနေကြတာတွေ ကြားနေ၊မြင်နေရပါတယ်။ ဒါပေမဲ့ အသုံးပြုတဲ့နည်းလမ်း မှန်ကန်ဖို့ လိုပါတယ်။

    နည်းလမ်းမမှန်ကန်ရင်တော့ ဘေးထွက် စွန့်ပစ်ပစ္စည်းတွေကြောင့် လူသားနဲ့ သဘာဝပါတ်ဝန်းကျင်ကို ဆိုး ရွား စွာ ထိခို က်စေနို င်ပါတယ်လို့ တင်ပြရင်း အဆုံးသတ်ပါရစေ။

  • မိုးမသောက်မီ နေဝင်သွားသည့် NDF

    မိုးမသောက်မီ နေဝင်သွားသည့် NDF

    စစ်တပ်က ဦးဆောင်ပြီး လာမည့်ဒီဇင်ဘာလတွင် ကျင်းပမည်ဟု ကြေညာထားသည့် ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် ပြင်ဆင်နေသည့် နိုင်ငံရေးပါတီ လေး ခုကို ဖျက်သိမ်းလိုက်သည်ဟု စစ်ကော်မရှင်၏ ရွေးကောက်ပွဲကော်မရှင်က ယမန်နေ့ (စက်တင်ဘာလ ၉ ရက်နေ့) က ကြေညာခဲ့သည်။

    ထိုပါတီများအနက် ခမောက်ပါတီ(သို့မဟုတ်) NDF ဟုလူသိများသည့် အမျိုးသားဒီမိုကရေစီအင်အားစုပါတီသည် လူသိများသည့် နိုင်ငံရေးပါတီဖြစ်သည်။

    NDF ၏မူလအစသည် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် NLD ပါတီတွင် မြစ်ဖျားခံသည်။

    အတိတ်ကိုပြန်ကြည့်ပါက လွန်ခဲ့သည့် ၁၅ နှစ်၊ အာဏာရှင်ဟောင်း ဗိုလ်ချုပ်သန်းရွှေကြီးကြပ်သည့် ၂၀၁၀ ရွေးကောက်ပွဲဝင်ရန် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် NLD ခေါင်းဆောင်အများစုက သဘောမတူခဲ့ကြ။

    ထိုအချိန်တွင် စစ်တပ်ရွေးကောက်ပွဲကို စိတ်ယိုင်ခဲ့ကြသည့် NLD ပါတီဝင်အချို့သည် အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ(NDF) ဟု စစ်အစိုးရထံ မှတ်ပုံတင်ပြီး NLD မှ ခွဲထွက်ခဲ့သည်။

    ထိုခွဲထွက်အဖွဲ့ထဲကို စစ်ထောက်လှမ်းရေးခေါင်းဆောင် ဗိုလ်ချုပ်ခင်ညွန့်၏ယောက်ဖ ဒေါက်တာသန်းငြိမ်း၊ ဦးခင်မောင်ဆွေ၊ ဦးသိန်းညွန့် စသည့် နိုင်ငံရေးသမားများက ဦးဆောင်သည်။

    ၎င်းတို့သည် ဆယ်စုနှစ်ပေါင်းများစွာ စစ်တပ်ကို ဆန့်ကျင်တွန်းလှန်ခဲ့ကြသူများဖြစ်ကြသလို ၊ ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရ အမတ်များ၊ နိုင်ငံရေးအကျဉ်းသားများလည်းဖြစ်ကြသည်။

    သို့သော်အခြားတစ်ဖက်တွင် မိခင်ပါတီဖြစ်သည့် NLD နှင့် သဘောထားကွဲလွဲခဲ့ကြပြီး ၂၀၁၀ ရွေးကောက်ပွဲကို ထောက်ခံကြသူများဖြစ်လာကြသည်။

    ထို့နောက် NLD နှင့် အိုးစားကွဲခဲ့ကြပြီး အမျိုးသားဒီမိုကရေစီအင်အားစုပါတီ(NDF) ဟူသည့် ပါတီ ပေါ်လာသည်။

    ဗိုလ်ချုပ်ခင်ညွန့်၏ယောက်ဖ ဒေါက်တာသန်းငြိမ်းသည် ၂၀၁၄ တွင်ကွယ်လွန်ခဲ့သည်။ သူသည် မကွယ်လွန်မီ နှစ်အတန်ကြာကတည်းက နိုင်ငံရေးဇာတ်ခုံပေါ်က အနားယူသွားသည်။ နောက်ပိုင်းတွင် ဦးသိန်းညွန့်သည်လည်း ပါတီမှထုတ်ခံခဲ့ရပြီး နောက်ထပ်ပါတီသစ်တစ်ခု ထပ်ထောင်ခဲ့သည်။ ထို့ကြောင့် NDF ကို ဦးဆောင်သူမှာ ဦးခင်မောင်ဆွေ ဟု သတ်မှတ်နိုင်သည်။

    NLD မပါသော ၂၀၁၀ ရွေးကောက်ပွဲတွင် NDF က အမတ်လောင်း ၁၆၀ နီးပါးဖြင့် ဝင်ပြိုင်ခဲ့ရာ ၁၆ နေရာ အနိုင်ရခဲ့သည်။ ထိုအဖြစ်အပျက်သည် NDF အတွက် ပထမဆုံးနှင့် နောက်ဆုံးရွေးကောက်ပွဲ အနိုင်ရသည့် မှတ်တမ်းဖြစ်လာသည်။

    ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် NLD ပါတီ မှတ်ပုံပြန်တင်ကာ ရွေးကောက်ပွဲ ပြန်ဝင်ခဲ့သည့်နောက်ပိုင်း ကျင်းပသည့် ၂၀၁၂ ၊ ၂၀၁၅ နှင့် ၂၀၂၀ ရွေးကောက်ပွဲများတွင် NDF အနိုင်မရရှိတော့။

    အာဏာသိမ်းပွဲကြံရာပါ NDF ခေါင်းဆောင်များ

    NDF ခေါင်းဆောင် ဦးခင်မောင်ဆွေသည် ၂၀၂၀ ရွေးကောက်ပွဲမတိုင်မီ သုံးလခန့်အလို ၂၀၂၀ သြဂုတ်လတွင် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်တွေ့ဆုံခဲ့ပြီး ရွေးကောက်ပွဲရလဒ်ကို မကျေနပ်ပါက အာဏာသိမ်းရန် တောင်းဆိုသူများထဲတွင် ပါဝင်ခဲ့သည်။

    စစ်တပ်ဘက်ယိမ်းသည့် နိုင်ငံရေးပါတီ ၃၄ ခု တက်သည့် ထိုတွေ့ဆုံပွဲတွင် NDF မှထုတ်ခံရပြီး ပါတီသစ် ထောင်ထားသည့် ဦးသိန်းညွန့်၊ NLD မှခွဲထွက်ပြီး ပြည်သူ့ရှေ့ဆောင်ပါတီ(PPP) ကို တည်ထောင်ခဲ့သည့် ဒေါ်သက်သက်ခိုင်တို့လည်း ပါဝင်သည်။

    ၂၀၂၀ ရွေးကောက်ပွဲကျင်းပပြီး အစိုးရသစ်တက်ရန်ပြင်ဆင်ချိန်၊ ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက်နေ့ အရုဏ်မတက်မီတွင် ဒေါ်အောင်ဆန်းစုကြည်၏ NLD အစိုးရခေါင်းဆောင်များကို စစ်တပ်ကဖမ်းပြီး အာဏာသိမ်းလိုက်သည်။

    အပြန်အလှန်ကျေးဇူးဆပ်သည့်အနေဖြင့် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က NDF ခေါင်းဆောင် ဦးခင်မောင်ဆွေ နှင့် NDF မှထုတ်ခံရပြီး ပါတီသစ် ထောင်ထားသည့် ဦးသိန်းညွန့်တို့ကို စစ်ကောင်စီအဖွဲ့ဝင် နေရာ ပေးခဲ့သည်။ NLD မှခွဲထွက်ပြီး ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) ကို တည်ထောင်ခဲ့သည့် ဒေါ်သက်သက်ခိုင်ကိုလည်း ဝန်ကြီးရာထူးပေးခဲ့သည်။

    NDF ခေါင်းဆောင် ဦးခင်မောင်ဆွေကို ၂၀၂၂ အတွင်းက စစ်ကောင်စီအစည်းအဝေးတွင် တွေ့ရစဉ် ။ (ဓာတ်ပုံ – စစ်ကောင်စီ)

    စစ်တပ်က ၂၀၂၅ နှစ်ကုန်ပိုင်းတွင် ရွေးကောက်ပွဲလုပ်မည်ဟု ကြေညာသည့်အခါ NDF သည် စစ်တပ်ထံတွင် မှတ်ပုံပြန်တင်ခဲ့သည်။

    ဤတစ်ကြိမ်တွင် ပါတီခေါင်းဆောင်က ဦးခင်မောင်ဆွေမဟုတ်တော့ဘဲ ဦးသာဆိုင် ဖြစ်လာသည်။ ထို့နောက် NLD ပါတီမှ ဘက်ပြောင်းခိုလှုံလာသည့် စစ်တပ်ဘက်ယိမ်းသူများကို ပါတီတွင်းအင်အား ထပ်ဖြည့်ခဲ့သည်။ အထင်ရှားဆုံးမှာ NLD မှဘက်ပြောင်းလာသူ အမတ်ဟောင်း ဒေါ်စန္ဒာမင်းကို သြဂုတ်လ ၁၇ ရက်နေ့တွင် NDF က ဒုဥက္ကဋ္ဌ ရာထူးပေးခဲ့သည်။

    စစ်ကော်မရှင်ရွေးကောက်ပွဲကော်မရှင်၏ သတ်မှတ်ချက်အရ တစ်နိုင်ငံလုံးအတိုင်းအတာ ယှဉ်ပြိုင်ကြမည့် နိုင်ငံရေးပါတီများအနေဖြင့် အနည်းဆုံး ပါတီဝင်ဦးရေ ငါးသောင်းရှိရမည်ဖြစ်သည်။

    ပါတီဝင်အင်အားမပြည့်မီသည်မှာ မဟုတ်ကြောင်း မကြာသေးမီရက်ပိုင်းအတွင်းမှ ပါတီ၏ ဒုက္ကဋ္ဌ ဖြစ်လာသူ ဒေါ်စန္ဒာမင်းက ပြောသည်။

    “ကျွန်မတို့လည်း သေချာတော့ မသိသေးဘူး။ ခုမနက်မှ UEC(ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်) ကို မေးကြည့်ရမှာပေါ့နော်။ အဖြေထွက်လာပြီးမှ ဘာဖြစ်တာလဲဆိုတာ ကျွန်မတို့လည်း သိမှာပေါ့နော်။ ကျွန်မတို့ တင်ထားတာကတော့ ပြည့်အောင်တင်ထားတာပဲပေါ့နော်။ (ပါတီဝင်အင်အား) ၅၀၀၀၀ ကျော် တင်ထားပြီးသားပဲ။

    ဒါပေမယ့် ဒီဟာအပေါ်မှာ ဘယ်လိုဖြစ်သွားလဲတော့ ကျွန်မလည်း မပြောတတ်ဘူး။ ကျွန်မတို့ UEC ကိုတော့ တစ်ချက်မေးကြည့်ပါဦးမယ်နော်။ မေးပြီးမှပဲ ပြောလို့ရမယ်” ၎င်းက ဆိုသည်။

    NDF ပါတီ၏ အထွေထွေအတွင်းရေးမှူး ဦးကျော်ထက်ကတော့ ၎င်းတို့တွင်ပါတီဝင်အင်အား ခြောက်သောင်းခန့် ရှိသည်ဟု ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ပြောခဲ့သည်။

    သို့သော် စစ်တပ်၏ ရွေးကောက်ပွဲကော်မရှင်က NDF ပါတီ၏ရွေးကောက်ပွဲအိမ်မက်ကို နင်းချေပစ်ခဲ့သည်။

    NDF ၏ အတွင်းရေးမှူးအဖွဲ့ဝင် ဒေါက်တာမျိုးဆက်သွေးကို လူမှုကွန်ရက်သုံးစွဲသူတစ်ဦးက Facebook Comment မှတဆင့် “NDF ပါတီဖျက်သိမ်းခံရပြီ၊ ဘာဆက်လုပ်ကြမှာလဲ” ဟု ယမန်နေ့က ကြေညာချက်ထွက်လာအပြီး မေးခွန်းထုတ်ခဲ့သည်။

    “တိုင်ပင်နေကြတုန်းပါ” ဟု NDF ၏ အတွင်းရေးမှူးအဖွဲ့ဝင် ဒေါက်တာမျိုးဆက်သွေးက ထိုမေးခွန်းကို ပြန်လည်ဖြေကြားခဲ့သည်။

  • ဥပဒေနှင့်အညီ တင်ပြသော်လည်း ကြိုတင်အကြောင်းမကြားဘဲ ပါတီဖျက်သိမ်းခံရဟု NDF ပါတီပြော

    ဥပဒေနှင့်အညီ တင်ပြသော်လည်း ကြိုတင်အကြောင်းမကြားဘဲ ပါတီဖျက်သိမ်းခံရဟု NDF ပါတီပြော

    နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေနဲ့အညီ ပါတီရုံးခန်းတွေနဲ့ ပါတီဝင်အင်အားစာရင်းကို ပြည့်မီအောင် အာဏာသိမ်းစစ်တပ်ဩဇာခံ ရွေးကောက်ပွဲကော်မရှင်ဆီမှာ တင်ပြထားပေမဲ့ ကြိုတင်အကြောင်းကြားမှုမရှိဘဲ ပါတီကို ဖျက်သိမ်းလိုက်တာကြောင့် အယူခံဝင်သွားမယ်လို့ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ (NDF) က ပြောပါတယ်။

    ပါတီဘက်က တင်ပြထားတဲ့ စာရင်းတွေဟာ ကိုက်ညီမှုမရှိရင် ရွေးကောက်ပွဲကော်မရှင်ဘက်က ပြန်လည်မေးမြန်း ဖြေရှင်းခွင့် ပေးရမှာဖြစ်ပေမဲ့ အဲဒီလုပ်ငန်းစဉ်တွေကို မလုပ်ခဲ့ဘဲ အခုလို ဆောင်ရွက်လိုက်တာလို့ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ ဗဟိုအတွင်းရေးမှူးအဖွဲ့ဝင် (၁) ဦးအောင်ကိုကိုက ပြောပါတယ်။

    လက်ရှိမှာလည်း အမျိုးသားဒီမိုကရေစီအင်အားစုပါတီ အနေနဲ့ တနိုင်ငံလုံးမှာ ပါတီရုံးခန်း ၁၁၇ ရုံး ဖွင့်လှစ်ထားပြီး ဖြစ်သလို ပါတီဝင်အင်အားစာရင်းကိုလည်း ၇၅,၀၀၀ တင်ပြထားတယ်လို့ ဆိုပါတယ်။

    စစ်တပ်ဩဇာခံ ရွေးကောက်ပွဲကော်မရှင်ရဲ့ ထုတ်ပြန်ချက်အရ အမျိုးသားဒီမိုကရေစီအင်အားစုပါတီဟာ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ ပုဒ်မ ၁၂ ပုဒ်မခွဲ (က) ပုဒ်မခွဲငယ် ၉ နဲ့ ၁၀ အရ သတ်မှတ်ရက်အထိ ပုဒ်မ ၅ ပုဒ်မခွဲ စ ပါ သတ်မှတ်ပါတီဝင်ဦးရေ မပြည့်မီတာကြောင့် ပါတီကို ဖျက်သိမ်းလိုက်တာလို့ ထုတ်ပြန်ထားပါတယ်။

    အဲဒီအပြင် ပါတီရုံးခန်း ပြည့်မီအောင် ဖွင့်လှစ်နိုင်ခြင်းမရှိတဲ့ အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ် ပါတီ၊ အမျိုးသမီးပါတီ (မွန်) နဲ့ ပြည်ထောင်စု လယ်သမား အလုပ်သမား အင်အားစုပါတီ တို့ကိုလည်း နိုင်ငံရေးပါတီအဖြစ်ကနေ ဖျက်သိမ်းလိုက်ပြီး ကြေညာခဲ့ပါတယ်။

    ပြီးခဲ့တဲ့ရက်ပိုင်းကပဲ NDF ပါတီ ဒုတိယဥက္ကဋ္ဌ ဒေါ်စန္ဒာမင်းက NDF ပါတီမှာ ကိုယ်စားလှယ်လောင်း လျှောက်လွှာလာတင်သူတွေ များပြားလွန်းနေလို့ ကျေးဇူးတင်ကြောင်း သူ့ရဲ့လူမှုကွန်ရက်ကနေ ရေးသားထားပါသေးတယ်။

    စစ်တပ်ကပြုလုပ်မယ့် ရွေးကောက်ပွဲမှာ တနိုင်ငံလုံးအနေနဲ့ဝင်ရောက်ယှဉ်ပြိုင်မယ့် ပါတီ ၉ ခုမှာ အခု ဖျက်သိမ်းခံရတဲ့ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ(NDF)၊ အမျိုးသားနိုင်ငံရေး ဒီမိုကရက်တစ်ပါတီ(DNP)၊ အမျိုးသမီးပါတီ(မွန်) တို့ ပါဝင်ပါတယ်။

    အမျိုးသားဒီမိုကရေစီအင်အားစုပါတီ(NDF)ဟာ ၂၀၁၀ ရွေးကောက်ပွဲအကြိုကာလမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီကနေ ခွဲထွက်လာသူတွေနဲ့ တည်ထောင်ခဲ့တဲ့ပါတီ ဖြစ်ပါတယ်။

    NDF ပါတီခေါင်းဆောင် ဦးခင်မောင်ဆွေကတော့ ၂၀၂၁ စစ်တပ်အာဏာသိမ်းချိန်မှာ စစ်ကောင်စီမှာ အဖွဲ့ဝင်အဖြစ်ပါဝင်ခဲ့ပြီး လက်ရှိမှာလည်း အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရဲ့ ဗဟို အကြံပေးအဖွဲ့ဝင်တယောက်ဖြစ်ပါတယ်။

    အာဏာသိမ်းစစ်တပ်က လုပ်မယ့် ရွေးကောက်ပွဲဟာ တရားမဝင်တဲ့ အတုအယောင် ရွေးကောက်ပွဲဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တော်လှန်ရေး အင်အားစုတွေက ထုတ်ပြန်ထားပါတယ်။

  • နေပြည်တော်တွင် အမျိုးသား ၁ ဦး ဆွဲကြိုးချသေဆုံး

    နေပြည်တော်တွင် အမျိုးသား ၁ ဦး ဆွဲကြိုးချသေဆုံး

    နေပြည်တော်၊ ဇေယျာသီရိမြို့နယ်မှာ နေထိုင်တဲ့ အမျိုးသားတယောက်ဟာ ငွေရေးကြေးရေး ပြဿနာကြောင့် ဆွဲကြိုးချ သေဆုံးခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

    နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ပြည်စံအောင်ရပ်ကွက်မှာ နေထိုင်တဲ့ အသက် ၅၇ နှစ်အရွယ် ဦးလှိုင်ဟာ စက်တင်ဘာ ၇ ရက် ည ၁၁ နာရီက သူ့ရဲ့နေအိမ်မှာ မိမိကိုယ်ကိုယ် အဆုံးစီရင်ခဲ့တာ ဖြစ်ပါတယ်။

    ဇေယျာသီရိမြို့နယ်၊ ပြည်စံအောင်ရပ်ကွက်မှာ နေထိုင်သူတယောက်က “သူ့သား မင်္ဂလာဆောင်တုန်းက အကြွေးတွေယူထားတာ ရှိတယ်။ အလုပ်တွေကလည်း အဆင်မပြေတော့ အကြွေးက မဆပ်နိုင်ဘူး။ အခုခေတ်ကလည်း မတ်တိုးတွေနဲ့ ချေးကြတာ။ အတိုးပေါ် အတိုးဆင့်နေကြတာ” လို့ ပြောပါတယ်။

    အခင်းဖြစ်ပွားရာနေရာကို သက်ဆိုင်ရာ တာဝန်ရှိသူတွေ သွားရောက်စစ်ဆေးရာ သေဆုံးသူက သူ့နေအိမ်အောက်ထပ် သစ်သားတန်းမှာ ပလတ်စသစ် ၃ ပင်လိမ်ကြိုးနဲ့ လည်ပင်းစွပ်လျက် အမြင့် ၅ ပေကျော်ခန့်မှ ဒူးတုတ်ထိုင်ချပြီး လည်ပင်းဆွဲကြိုးချ သေဆုံးနေတာတယ်လို့ ဆိုပါတယ်။

    သေဆုံးသူ ဦးလှိုင်ရဲ့ ရုပ်အလောင်းကို လူမှုကရုဏာရှင်ကူညီရေးအသင်းက လူနာတင်ယာဉ်နဲ့ နေပြည်တော် ခုတင်-၃၀၀ ဆေးရုံကို ပို့ဆောင်ထားပါတယ်။