Tag: Article


  • လှိုင်သာယာ FMI အိမ်ယာထဲက ငရဲခန်း (သို့မဟုတ်) တရုတ်ပြည်၏ ကိုယ်အင်္ဂါပစ္စည်းအပိုဈေးကွက်…

    ကိုဖြိုး(အမည်လွှဲ)သည် ဘုရင့်နောင်တံတားအဆင်းရှိ လှိုင်သာယာOceanဈေးဝယ်စင်တာတွင် မိမိအလုပ်လျှောက်ထားသော အလုပ်၏ မန်နေဂျာနှင့်တွေ့ရန် စောင့်နေလေသည်။ ဗိုလ်ချုပ်မှတ်တိုင်အနားရှိ Oceanဈေးဝယ်စင်တာတွင် သူရောက်ရှိနေပြီဖြစ်ကြောင်းကို မန်နေဂျာဆိုသူ၏ ဖုန်းနံပါတ်သို့ စာပို့၍အကြောင်းကြားလိုက်ရာ ချက်ခြင်းပင် “အိုးရှင်းရှေ့ရှိ ထွက်ပေါက်အနားရှိ ရပ်ထားသော အာရာဖတ်ကားအမည်းပေါ်သို့ တက်လာခဲ့ရန်” စာပြန်လေသည်။ အလုပ်အကိုင်ရှားပါးမှု့နှင့် စစ်မှု့ထမ်းဥပဒေကြောင့် ဘေးကျပ်နံကျပ်ဖြစ်နေသူ ကိုဖြိုးအနေဖြင့် အွန်လိုင်းအလုပ်အကိုင်ရှာဖွေရေးဂရုတွင် ချိတ်ဆက်မိသော ထိုအလုပ်ကို များစွာမသင်္ကာသော်လည်း ဝမ်းရေးအတွက် ဝင်ငွေရသည့်အလုပ်အကိုင်တစ်ခုရရှိရန် အရေးကြီးနေသောကြောင့် ဆက်သွယ်ပြီး အင်တာဗျူးရန် လာရောက်ခဲ့ခြင်းဖြစ်လေသည်။ “ကျွန်တော်က ပထမတော့ ကျားဖျန့်လုပ်တဲ့ အလုပ်ထင်နေတာ၊ ကျားဖြန့်လည်း မဆိုးပါဘူးပေါ့၊ သူက တစ်လကို ဆယ့်ငါးသိန်းအောက်ထစ်ရမယ်ပြောတာကိုး၊ ထပ်ပြီးတော့ ကြိုးစားရင် ကြိုးစားသလောက် Bonusလည်းရမယ်တဲ့။ ဒါနဲ့ ကျွန်တော်လည်း စမ်းကြည့်တာ မမှားဘူးဆိုပြီးတော့ လာခဲ့လိုက်တာ” ဟု ပြောသည်။ ထို့နောက်…

  • ပြစ်ဒဏ်မှ ကင်းလွတ်နေသည့် ဝက်လက် ပ သုံးလုံး

    စစ်အာဏာသိမ်းပြီး ၄ နှစ်ကျော်အကြာတွင် အညာဒေသ၌ စိုးမိုးထိန်းချုပ်နယ်မြေများ ရရှိလာပြီဖြစ်သော်လည်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၏ ပ သုံးလုံးယန္တရားအောက်နေ ပြည်သူတို့မှာ အာဏာသိမ်း အစောပိုင်း ကာလများကဲ့သို့ အသက်အန္တရာယ် မလုံခြုံမှုနှင့် မတရားမှုတို့ကို ထပ်မံကြုံနေရသည်။ ပသုံးလုံးဆိုသည်မှာ NUG က အရေးပေါ်ကြားကာလ အုပ်ချုပ်ရေး အစီအမံဖြင့် ဒေသအုပ်ချုပ်ရေး၊ ကာကွယ်ရေးနှင့် လုံခြုံရေးအတွက် ၂၀၂၁ ဇူလိုင်တွင် ပြဋ္ဌာန်းဖွဲ့စည်းခဲ့သော ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)နှင့် ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ)တို့ကို အတိုကောက် ခေါ်ခြင်းဖြစ်သည်။ ဖွဲ့စည်းပုံအရ ပကဖသည် NUG ကာကွယ်ရေးဝန်ကြီးဌာန အောက်တွင်ရှိပြီး ပအဖနှင့် ပလဖသည် ပြည်ထဲရေးဝန်ကြီးဌာနအောက်၌ ရှိသည်။ “ကျမယောက်ျားဟာ ရက်ရက်စက်စက်ကိုမှ အသတ်ခံရတာပါရှင်” ဟု လွန်ခဲ့သော နှစ်နှစ်ခွဲကျော်က ခင်ပွန်း ကိုရန်လင်းထွန်းအပါအဝင်…

  • “ပွကြီးရှေ့တည့်တည့် ​(စစ်သား)နှစ်ကောင်ဘွားကနည်းပေါ်လာတော့ ပွကြီးကမေးလိုက်တယ်။ ဟျောင့်တွေ မင်းတို့ဘယ်တပ်စိပ်ကလဲဆိုတော့ တစ်ယောက်ကဖြေတယ် စစ်နိုင်တပ်စိပ်က တဲ့။ ပွကြီးက သိလိုက်ပီ ဒါ ငါတို့လူမဟုတ်ဘူးဆိုတာပေါ့” ဗန်းမော် မြိုသိမ်းတိုက်ပွဲမှာ စစ်တပ်ရဲ့အမှတ် (၂၃၆ )​ခြေလျင်တပ်ရင်း (ခလရ ၂၃၆) သိမ်း တိုက်ပွဲမှာ ကချင်လွတ်လပ်​ရေးတပ်မ​တော် (KIA)ဦး​ဆောင်တဲ့ ​​တော်လှန်​ရေးတပ်တွေ နဲ့ စစ်​သား​တွေ ​ထွေးလုံးရစ်ပတ်အသည်းအသန်တိုက်ခိုက်ချိန်မှာ အသက်ရှုမှား​လောက်တဲ့ အခိုက် အတန့်တစ်ခုပါ။ ကချင်​ဒေသက ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ (KPDF )တပ်ဖွဲ့ဝင်တစ်ဖြစ်ပြီး အသက် ၃၁ နှစ်အရွယ် ​တောင့်တင်းကြံ့ခိုင်တဲ့ ခန္ဒာကိုယ်ရှိတဲ့သူ့ကိုသူငယ်ချင်း​တွေကရဲ​ဘော်ပွကြီးလို့ချစ်စနိုး​​ခေါ်ကြပါတယ်။ ဗန်း​မော်မြို့မှာစစ်တပ်ရဲ့ အဓိက တပ်ရင်းဌာနချုပ်ဖြစ်တဲ့ အမှတ် ၂၁ စစ်ဆင်​ရေးကွပ်ကဲမှုဌာနချုပ် (စကခ ၂၁)ရဲ့ ​ရှေ့မှာ ကာကင်းစခန်းကြီးလို့လည်း​ခေါ်နိုင်တဲ့ ခလရ (၂၃၆)တပ်ရင်းသိမ်းတိုက်ပွဲကို စစ်ကူ​အ​နေနဲ့လိုက်လာတာပါ။ ခလရ၂၃၆ နဲ့ အမတ…

  • ဆင်ဖြူတော် ကြိုက်တဲ့ စစ်ဗိုလ်ချုပ်တွေ

    ခမ်းနားပေမဲ့ လက်တွေ့မှာ သိပ်အသုံးမဝင်တာတွေကို ဆင်ဖြူတော်နဲ့ ရည်ညွှန်းပြောကြပေမဲ့ နေပြည်တော်က စစ်ဗိုလ်ချုပ်တွေအတွက်တော့ ဆင်ဖြူတော်ဆိုတာ ဘုန်းတန်ခိုး အဆောင်အယောင်အဖြစ် တန်ဖိုးထားရာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းက နေပြည်တော်မှာ ဆင်ဖြူတစ်ကောင် “ကံငြိမ်းမှု” ကို နိမိတ်မကောင်းဘူးလို့ယူဆပြီး စစ်ဗိုလ်ချုပ်တချို့ စိတ်နှလုံးညှိုးနွမ်းခဲ့တယ် လို့ စုံစမ်းသိရှိရပါတယ်။ ဆင်ဖြူကို သိပ္ပံပညာ ရှုထောင့်ကကြည့်သူတွေကတော့ မြန်မာမှာ ခရုသင်းစွဲတယ်လို့ သိကြတဲ့ Albino ဗီဇ ဖောက်ပြန်မှုကြောင့် ရောဂါ ဖြစ်နေတဲ့ သတ္တဝါတစ်မျိုးလို့ မြင်ကြပါတယ်။ မြန်မာပြည်က စစ်ဗိုလ်ချုပ်တွေကတော့ ဆင်ဖြူတော် မွေးနေ့အထိမ်းအမှတ်အဖြစ် ငွေစက္ကူပါ ထုတ်ပေးပြီး မွေးနေ့လက်ဆောင်ပါ ပေးကြပါတယ်။ ဘဒ္ဒဝတီ ရဲ့ ရာဇဝင် နေပြည်တော်၊ ဥပ္ပါတသန္တိစေတီတော် အရှေ့ဘက်မုခ်မှာရှိတဲ့ ရတနာဆင်ဖြူတော်အဆောင်မှာ ဆင်ဖြူတော် ၁၀ ကောင်အထိ ရှိပါတယ်။ ဆင်ဖြူ…

  • အတွက်မှားခဲ့ကြတဲ့ အာဏာသိမ်း စစ်ဗိုလ်ချုပ်များ

    အခု စစ်အာဏာသိမ်းတာ လေးနှစ်ပြည့်ပါပြီ။ စစ်အာဏာသိမ်းမှုကို ဘယ်သူတွေက အဓိက ဦးဆောင် အကောင်အထည် ဖော်ခဲ့ကြပါသလဲ။ အာဏာသိမ်းမှု လေးနှစ်အကြာမှာ ဒီလူတွေရဲ့ လားရာကရော ဘယ်လို ရှိပါလဲ။ စစ်အာဏာသိမ်းတာကို ပါဝင်ဦးဆောင် အကောင်အထည်ဖော်ရင်း ရာထူးတက်၊ လုပ်ပိုင်ခွင့်တိုးလိမ့်မယ်လို့ ဗိုလ်ချုပ်တွေက တွက်ခဲ့ကြပုံရပါတယ်။ အာဏာသိမ်း လေးနှစ်ကြာလာချိန်မှာ ပါဝင်ခဲ့တဲ့ ဗိုလ်ချုပ်တွေထဲက တချို့သာ စစ်တပ်မှာ ရာထူးတက်၊ နေရာမြဲခဲ့ကြပေမယ့် အများစုက ရာထူးက အနားပေးခံရတာ၊ စစ်တပ်က ထုတ်ပယ်ခံရတာ၊ ထောင်ချခံရတာ၊ တိုက်ပွဲမှာ သေသွားတဲ့အထိပါ ရှိလာခဲ့ပါပြီ။ ဒါကို ကြည့်ရင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က သူ့အာဏာ တည်ဆောက်ရေးအတွက် အန္တရာယ်လို့ ယူဆရသူ မှန်သမျှကို ‘ဖြုတ်၊ ထုတ်၊ သတ်’ လုပ်ခဲ့တာပါ။ ဒါကြောင့် အာဏာသိမ်းရင် အမြတ်ထွက်မယ်လို့…