Tag: News

  • မင်းလှမြို့ပေါ်တွင် ရွေးကောက်ပွဲဝင်မည့်  စစ်တပ်လက် အောက်ခံ ကြံ့ဖွတ်ပါတီရုံးကို သတိပေးဖောက်ခွဲ

    မင်းလှမြို့ပေါ်တွင် ရွေးကောက်ပွဲဝင်မည့် စစ်တပ်လက် အောက်ခံ ကြံ့ဖွတ်ပါတီရုံးကို သတိပေးဖောက်ခွဲ

    သာယာဝတီခရိုင်အတွင်းရှိ မြို့နယ် အားလုံးတွင် ရွေးကောက်ပွဲပူးပေါင်းမှုများကို တိုက်ခိုက်မည်

    ပဲခူးတိုင်း၊ မင်းလှမြို့ပေါ်တွင် အကြမ်းဖက် စစ်ကောင်စီ ရွေးကောက်ပွဲကို ပူးပေါင်း ပါဝင်နေသော ကြံ့ဖွတ်ပါတီရုံးကို ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖိုမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

    ဩဂုတ်လ ၂၉ ရက်နေ့ ည ၇ နာရီ ၂၀ မိနစ်ခန့်တွင် မင်းလှမြို့၊ ဗိုလ်ရုံတန်းရပ်ကွက်ရှိ ကြံ့ဖွတ်ပါတီရုံး ဝင်ပေါက်အနီးကို သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖိုက ဖောက်ခွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

    ထို ဗုံးခွဲ တိုက်ခိုက်မှု အတွင်း ကြံ့ဖွတ်ပါတီရုံး အစောင့် စစ်သား တချို့ ထိခိုက် ဒဏ်ရာ ရရှိခဲ့ပြီး တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

    “စစ်ခွေးရွေးကောက်ပွဲကို ပူးပေါင်း ပါဝင်နေတဲ့ ကြံ့ဖွတ်ပါတီရုံးကို သတိပေးတဲ့အနေနဲ့ ဖောက်ခွဲ တိုက်ခိုက်ခဲ့တာ ဆက်လက်ပြီး ဒီထက်ပြင်းထန်တဲ့ တိုက်ခိုက်မှုတွေ လုပ်ဆောင်သွားဦးမယ် ဆိုတာ ပြည်သူတွေကို အသိပေး ပြောချင်တဲ့ တိုက်ခိုက်မှုတွေ ပိုပြင်းထန်လာနိုင်တာမို့ ပြည်သူတွေ အနေနဲ့ စစ်ခွေး ရွေးကောက်ပွဲကို လုံးဝ ပူပေါင်း ပါဝင်ခြင်းမပြုလုပ်ကြဖို့ မေတ္တာရပ်ခံခြင်းပါတယ်။ ကျနော်တို့ တိုက်ခိုက်မှုတွေဟာ သာယာဝတီခရိုင်အတွင်းမှာရှိတဲ့ မြို့နယ် အားလုံးမှာ လုပ်ဆောင်သွားဖို့ရှိပါတယ်” ဟု သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖိုမှ တာဝန်ရှိသူက ပြောဆိုသည်။

    ယင်းတိုက်ခိုက်မှုသည် အကြမ်းဖက် စစ်တပ်က ပြုလုပ်မည့် တရားမဝင် ရွေးကောက်ပွဲကို လက်မခံကြောင်း သတိပေးတိုက်ခိုက်ခြင်းဖြစ်ပြီး ထိုတရားမဝင် ရွေးကောက်ပွဲတွင် ပါဝင်ကြမည့်သူများနှင့် အားပေးကူညီကြမည့်သူများအား ပြင်းပြင်းထန်ထန် တိုက်ခိုက်သွားမည်ဖြစ်ကြောင်း မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖိုက အသိပေး ပြောဆိုထားသည်။

  • ရေဖြူမြို့နယ်၊ ဆယ်အိမ်စုကျေးရွာအနီး တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ သေဆုံးမှုများပြား

    ရေဖြူမြို့နယ်၊ ဆယ်အိမ်စုကျေးရွာအနီး တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ သေဆုံးမှုများပြား

    ရေဖြူမြို့နယ်၊ ဆယ်အိမ်စုကျေးရွာအနီး တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ သေဆုံးမှုများပြားကာ တော်လှန်ရေး ရဲဘော် ၁ ဦး ကျဆုံး

    တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ဆယ်အိမ်စုကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားပြီး အကြမ်းဖက် စစ်တပ်ဘက်မှ ၃၄ ဦး သေဆုံးခဲ့ကြောင်း NMSP-AD/Ramonnya Mon Army က သတင်းထုတ်ပြန်ထားသည်။

    ဩဂုတ်လ ၂၈ ရက်နေ့ နံနက် ၁၀ နာရီခန့်မှ မွန်းလွဲ ၁ နာရီခန့် အထိ ရေဖြူမြို့နယ်၊ ဆယ်အိမ်စုကျေးရွာအနီး စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းနှင့် တော်လှန်ရေး တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

    ထိုထိတွေ့ တိုက်ပွဲသည် ၃ နာရီကြာ ဖြစ်ပွားခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၃၄ ဦး သေဆုံးကာ ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့ပြင် ရာမညမွန်တပ်‌တော် (RMA) ဘက်မှ ရဲဘော် ၁ ဦး ကျဆုံးကာ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များမှ ရဲဘော် ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိသည်။

    ရေဖြူဒေသအတွင်း ထိုးစစ်ဆင်နေသော အကြမ်းဖက် စစ်တပ် နှင့် တော်လှန်ရေးတပ်ဖွဲ့များအကြား တိုက်ပွဲများ ပြင်းထန်စွာဆက်လက်ဖြစ်ပွားနိုင်ကြောင်း NMSP-AD/Ramonnya Mon Army က အသိပေးနှိုးဆော်ထားသည်။

    အဆိုပါ တိုက်ခိုက်မှုကို ရာမညမွန်တပ်တော် (RMA) ၏ ရေဖြူဒေသတပ်ရင်းမှ ရဲဘော်များနှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များ ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

    အလားတူ ဩဂုတ်လ ၂၂ ရက်နေ့ကလည်း ရေဖြူမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသော အင်အား ၁၀၀ ခန့်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းနှင့် ရာမညမွန်တပ်တော် (RMA) တပ်ဖွဲ့၊ မဟာမိတ် ပူးပေါင်းတပ်ဖွဲ့များ တိုပ်ပွဲဖြစ်ပွားခဲ့ပြီး စစ်သား ၁၀ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း သိရှိရသည်။

  • KNU ကို မတရားအသင်းအဖြစ် အာဏာသိမ်းစစ်တပ် ကြေညာ

    KNU ကို မတရားအသင်းအဖြစ် အာဏာသိမ်းစစ်တပ် ကြေညာ

    ကရင်အမျိုးသားအစည်းအရုံး(KNU)ကို နိုင်ငံတော် တရားဥပဒေစိုးမိုးရေး၊ တည်ငြိမ်အေးချမ်းရေး၊ အေးချမ်းသာယာရေးကို နှောင့်ယှက်မှုကြောင့် မတရားအသင်းအဖြစ် ကြေညာကြောင်း အာဏာသိမ်းစစ်တပ်က ထုတ်ပြန်သည်။

    ကရင်အမျိုးသားအစည်းအရုံး(KNU)နှင့် အဖွဲ့ဝင်များ၊ ၄င်းတို့ ဖွဲ့စည်းထားသည့် အဖွဲ့အစည်းများနှင့် ဆက်နွယ်သူများသည် နိုင်​ငံတော်တရားဥပဒေစိုးမိုးရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် အေးချမ်းသာယာရေးကို အန္တရာယ်အနှောက်အယှက်ဖြစ်စေသည်ဟု ယုံကြည်ကြောင်း အာဏာသိမ်းစစ်တပ်က ဆိုထားသည်။

    ထိုသို့ စစ်တပ်က မကြေညာမီ သြဂုတ်လ (၁၂)ရက်နေ့ (၇၅) နှစ်ပြည့် ကရင့်အမျိုးသားအာဇာနည်နေ့တွင် KNU ဥက္ကဌ ပဒိုစောကွယ်ထူးဝင်းက စစ်တပ်၏ ရွေးကောက်ပွဲ မဖြစ်မြောက်ရေးကို အမျိုးသားရေးတာဝန်အဖြစ် မှတ်ယူရန် မိန့်ခွန်းပြောကြားထားသည်။

    ထို့နောက် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလပိုင်းတွင် စစ်တပ်က ကျင်းပမည့် ရွေးကောက်ပွဲသည် ၂၀၀၈ အခြေခံဥပဒေကို အတည်ပြုခြင်းဖြစ်ပြီး နိုင်ငံစီမံအုပ်ချုပ်ရေးတွင် စစ်အာဏာတည်မြဲရေးအတွက် လုပ်ဆောင်ခြင်းဖြစ်ကာ နိုင်ငံအတွက် ပဋိပက္ခ ပိုမိုကြီးထွားလာရေးကို လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ဆိုထားသည်။

    ထို့အပြင် KNU လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မ​​တော်(KNU)နှင့် ပူးပေါင်းတပ်ဖွဲ့များသည် ပြီးခဲ့သည့် ဇူလိုင်လအတွင်း ထိုင်း-မြန်မာနယ်စပ်ရှိ စစ်တပ်၏ ဥကရစ်ထစခန်းအပါအဝင် နယ်စပ်စခန်း အားလုံးနီးပါးကို သိမ်းပိုက်ထားသည်။

    ကရင်ပြည်နယ်၊ မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးကို စစ်​ကြောင်းထိုးနေသည့် စစ်တပ်၏ နိုင်ငံတော်အဆင့် အောင်ဇေယျစစ်ကြောင်းသည်လည်း KNLA ပူးပေါင်းတပ်ဖွဲ့များ၏ တားဆီးပိတ်ပင်ထားမှုကြောင့် ရှေ့ဆက်မတိုးနိုင်ဘဲ ရှိနေသည်။

    အဆိုပါ အောင်ဇေယျ စစ်ကြောင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပြည်သူ့စစ်မှုထမ်း တပ်သားများသည်လည်း တော်လှန်ရေးတပ်ဖွဲ့များထံ မကြာခဏ လက်နက်ချ၊ အလင်းဝင်နေကြသည်။

    ပြီးခဲ့သည့် ရက်ပိုင်းကလည်း မြန်မာနိုင်ငံအနှံ့အပြားရှိ အရပ်သားပြည်သူများ၊ ဘုန်းကြီးကျောင်းများ၊ စစ်ရှောင်စခန်းများကို ဗုံးကြဲတိုက်ခိုက်နေသည့် စစ်တပ်သည် ရှမ်းပြည်နယ်မြောက်ပိုင်း၊ ဂုတ်ထိပ်တံတား ပျက်စီးမှုကြောင့် တအာင်းအမျိုးသားလွတ်မြောက်​​ရေးတပ်မတော်(TNLA)ကို အကြမ်းဖက် အဖွဲ့အစည်းအဖြစ် ၄င်းတို့ ဝါဒဖြန့် မီဒီယာများတွင် ရေးသားပြောဆိုထားပြန်သည်။

    KNU ကို မတရားအသင်းနှင့် အကြမ်းဖက်အဖွဲ့အဖြစ် စစ်ကော်မရှင်၏ ကြေ ညာချက်သည် စစ်ရေးဖိအားပေးရန်ဖြစ်ဟု စစ်ရေးအကဲခတ်များ သုံးသပ်

    စစ်ကော်မရှင်က ကရင်အမျိုးသားအစည်းအရုံး (KNU) ကို မတရားအသင်းနှင့် အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာခြင်းသည် သပ်လျှိုသွေးခွဲ၍ မရသည့်နောက် စစ်အရှိန်မြှင့် တိုက်ခိုက်ရန် ရည်ရွယ်ခြင်း ဖြစ်ကြောင်း စစ်ရေးအကဲခတ်နှင့် ဥပဒေပညာရှင်တို့က ထောက်ပြသည်။

    မဲစာရင်း အကြောင်းပြချက်ဖြင့် အတင်းအဓမ္မ အာဏာသိမ်းကာ နိုင်ငံတစ်ဝန်း နေ့စဉ်ဗုံးကြဲ တိုက်ခိုက် နေသော စစ်ကော်မရှင်သည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) ထိုးထားသည့် KNU ကို ယမန်နေ့ ဩဂုတ် ၂၈ ရက်တွင် မတရားအသင်းနှင့် အကြမ်းဖက်အဖွဲ့အဖြစ် ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။

    စစ်ကော်မရှင်သည် အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၄ နှစ်ကုန်ပိုင်းအထိ KNU အဖွဲ့အတွင်း သပ်လျှို သွေးခွဲရန် ကြိုးပမ်းခဲ့သော်လည်း မအောင်မြင်ခဲ့သည့်အပြင် KNU ၏ ခုခံမှုများကြောင့် တပ်စခန်းများစွာ ဆုံးရှုံးခဲ့ရကြောင်း ကရင်စစ်ရေးလေ့လာသူတစ်ဦးထံမှ သိရသည်။

    “KNU ဟာ ပြည်သူလူထုမနာ၊ ရွာမကျေအောင်ဆိုတဲ့ မဟာဗျူဟာနဲ့ စစ်ကော်မရှင်ကို ခုခံတိုက်ခိုက် ခဲ့တယ်။ ၂၀၂၄ ခုနှစ်၊ နှစ်လယ်ပိုင်းလောက်မှာ KNU အကြီးအကဲတွေက စစ်ကော်မရှင်ကို နိုင်ငံရေးက နုတ်ထွက်ဖို့ တရားဝင်ပြောဆိုထားပြီးဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။

    NCA ကို ချိုးဖောက်၍ အာဏာသိမ်းယူထားသည့် စစ်ကောင်စီ (အမည်ပြောင်း) စစ်ကော်မရှင်အား နိုင်ငံရေးက နုတ်ထွက်ရန်နှင့် စစ်ရာဇဝတ်မှုအပါအဝင် ဖောက်ဖျက်ကျူးလွန်ထားသမျှ တာဝန်ခံ ရန်တို့ကို KNU ခေါင်းဆောင်များနှင့် ပြောခွင့်ရများက တရားဝင် ထုတ်ပြန်ပြောဆိုထားပြီးဖြစ်သည်။

    စစ်ကော်မရှင်သည် KNU အား သပ်လျှိုသွေးခွဲ၍ မရသလို ခုခံတော်လှန်မှုများကြောင့် ၎င်းတို့၏ နိုင်ငံတော်အဆင့် အောင်ဇေယျစစ်ကြောင်းအပါအဝင် တပ်စခန်းများ အထိနာစစ်ရှုံး လက်လွှတ် ခဲ့ရသဖြင့် ယခုလို ကြေညာချက်ထုတ်ပြန်၍ စစ်ရေးအရှိန်မြှင့် ပိုမိုတိုက်ခိုက်လာနိုင်ကြောင်း စစ်ရေး အကဲခတ်များက ဆိုသည်။

    စစ်ကော်မရှင်ကမူ KNU နှင့်အဖွဲ့ဝင်များ၊ ယင်းအဖွဲ့က ဖွဲ့စည်းထားသော အဖွဲ့အစည်းများ၊ ၎င်းတို့နှင့် ဆက်နွယ်သည့် ပုဂ္ဂိုလ်များ၏ ရည်ရွယ်ချက်နှင့် လုပ်ရပ်များမှာ တရားဥပဒေစိုးမိုးရေး၊ တည်ငြိမ် အေးချမ်းရေး၊ အေးချမ်းသာယာရေးတို့ကို အနှောင့်အယှက် အန္တရာယ်ဖြစ်စေသည်ဟု စွပ်စွဲထုတ်ပြန် ထားသည်။

    စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အနှောင့်အယှက် အန္တရာယ်ဖြစ်စေသည်ဟု ယုံကြည်ယူဆသဖြင့် KNU ကို မတရားအသင်းအဖြစ် ကြေညာကြောင်း စစ်ကော်မရှင် ပြည်ထဲရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

    စစ်ကော်မရှင်၏ ကြေညာချက်သည် သူခိုးက လူကိုပြန်အော်သလို ဖြစ်နေပြီး KNU ကို မတရား အသင်းအဖြစ် ကြေညာခြင်းကြောင့် KNU နှင့် ပတ်သက်သူများ ဖမ်းဆီးခံရမှု ပိုများလာနိုင်ကြောင်း တရားလွှတ်တော်ရှေ့နေ စောဘဦးလေးက သုံသပ်ပြောကြားသည်။

    “စစ်တပ်က တုန့်ပြန်တာ ပိုကြမ်းလာမယ်။ အရင်ကတည်းက ဥပဒေမဲ့ ဖမ်းဆီးတာတွေ ထင်တိုင်းကြဲ ခဲ့တာတွေရှိတော့ အခုကြေညာချက်က တိုင်းပြည်ရဲ့ သူပုန်ဖြစ်နေတဲ့ စစ်တပ်ဟာ တရားဝင် လူသတ် နိုင်ဖို့ ကိုယ်ကိုတိုင် လူသတ်လိုင်စင် ထုတ်လိုက်တာ” ဟု စောဘဦးလေးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

    အလားတူ စစ်ကော်မရှင်က အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာရာတွင်လည်း KNU သည် လမ်း၊ တံတား များအား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်း၊ မြို့ရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ ဒရုန်းဗုံးများချ၍ တိုက်ခိုက်ခြင်း စသည်တို့ကို လုပ်ဆောင်နေသည်ဟု စွပ်စွဲ ဖော်ပြထားသည်။

    “ယာယီသမ္မတရဲ့ သက်တမ်းကို ၂၀၀၈ ခြေဥကနေ ဘယ်လောက်လို့ သတ်မှတ်ထားလဲ။ ဦးမြင့်ဆွေ မသေခင် ယာယီသမ္မတ(တာဝန်)ကို လွှဲပြောင်းရယူထားတယ်လို့ ပြောပြီး ဦးမြင့်ဆွေသေရင် တပ်ချုပ်က ယာယီသမ္မတ ဖြစ်ခွင့်ရှိတယ်လို့ ၂၀၀၈ ခြေဥမှာ ပြဋ္ဌာန်းချက်ရှိထားလို့လား” ဟု ဥပဒေပညာရှင် စောဘဦးလေးက ထပ်မံပြောသည်။

    အာဏာသိမ်း စစ်ကော်မရှင်က ထိုကဲ့သို့ မတရားအသင်း၊ အကြမ်းဖက်အဖွဲ့အဖြစ် ထုတ်ပြန်ကြေညာ ခြင်းနှင့် ပတ်သက်၍ KNU ၏ သဘောထားကို သိရှိနိုင်ရန် KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးကို ဆက်သွယ်မေးမြန်းခဲ့သော်လည်း လက်ရှိတိုင် ပြန်လည်ဖြေကြားထား ခြင်းမရှိသေးပေ။

  • မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူး တင်ထွန်းဦးက နေအိမ်များအပေါ်အထိပါ လူငယ် မှန်သမျှကို တက်ဖမ်းခိုင်းနေ

    မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူး တင်ထွန်းဦးက နေအိမ်များအပေါ်အထိပါ လူငယ် မှန်သမျှကို တက်ဖမ်းခိုင်းနေ

    ချောက်မြို့နယ်တွင် စစ်မှုထမ်း အပတ်စဉ် ၁၇ အတွက် တပ်သား လုံလောက်စွာ မရရှိဟုဆိုကာ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူး တင်ထွန်းဦးက နေအိမ်များအပေါ်အထိပါ လူငယ် မှန်သမျှကို တက်ဖမ်းခိုင်းနေ

    မကွေးတိုင်း၊ ချောက်မြို့နယ်တွင် လာမည့် စက်တင်ဘာလ စတင်မည့် စစ်မှုထမ်း အပတ်စဉ် ၁၇ အတွက် စစ်မှုထမ်းအင်အား လုံလောက်စွာ မရရှိဟုဆိုကာ ချောက်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ၁ ဗိုလ်မှူး တင်ထွန်းဦးက စစ်တပ်နှင့်ပျူစောထီးများကို နေအိမ်များအပေါ်အထိပါ လူငယ်မှန်သမျှကို တက်ဖမ်းခိုင်းနေကြောင်း ဒေသခံပြည်သူများက ပြောဆိုသည်။

    ဩဂုတ်လ ၂၀ ရက်နေ့မှစတင်ပြီး ချောက်မြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ၁ ဗိုလ်မှူးတင်ထွန်းဦးက စစ်မှုထမ်းအပတ်စဉ် ၁၇ အတွက် စစ်မှုထမ်းအင်အား လုံလောက်စွာ မရရှိသေးသည့်အတွက် ပျူစောထီးများ၊ စစ်တပ်နှင့်ရဲများကို နေ့ရောညပါ ချောက်မြို့ပေါ်တွင် လူငယ်မှန်သမျှကို ပေါ်တာဆွဲ ဖမ်းဆီးခိုင်း နေကြောင်း၊ ယင်းသို့ ဖမ်းဆီးခိုင်းရာတွင် စျေးဆိုင်များအတွင်း ဝင်ဆွဲခြင်း၊ နေအိမ်များအပေါ်အထိ တက်၍ လူငယ်များကို အကြမ်းဖက် ဖမ်းဆီးခြင်းများ လုပ်ဆောင်နေကြောင်း သိရှိရသည်။

    “ချောက်မှာက နဂိုကတည်းက ပျူစောထီးတွေက သောင်းကျန်းနေတာပါ။ အခု လာမယ့် စစ်မှုထမ်း အပတ်စဉ် ၁၇ အတွက် လူက လုံး၀ မရတော့ မနက်ပိုင်းတောင် ဆိုင်တွေ၊ အိမ်တွေအထဲအထိကို ဝင်ဆွဲနေတယ်။ လူငယ်တွေ တော်တော်များများ ပါကုန်တယ်။ တချို့ ကလေးတွေက အရွယ်ကသာ ထွားနေတာ အသက်မပြည့်သေးတဲ့ ကလေးတွေပါ စစ်မှုထမ်း ဖမ်းခေါ်ခံရတယ်။ ငွေပေးပြီး ရွေးယူလို့ရတဲ့သူတွေ ရပေမယ့် တော်တော်များများ မရကြဘူး။ ပျူ၊ စစ်တပ်နဲ့ရဲတွေက အိမ်စီးကားတွေနဲ့ မြို့ပေါ်မှာ ပတ်ပြီး လူငယ်တွေကို လိုက်ဆွဲနေတာပါ” ဟု ဒေသခံပြည်သူတစ်ဦးက ပြောဆိုသည်။

    စစ်တပ်က ယင်းသို့ လူငယ်များကို ဦးတည် ဖမ်းဆီးနေသဖြင့် ချောက်မြို့ပေါ်ရှိ စျေးဆိုင်များတွင် လူငယ် အမျိုးသားများမရှိတော့ကြောင်း၊ အလုပ်သမား လူငယ်များမှာလည်း စားဝတ်နေရေးအတွက် အလုပ်ပင် မသွားရဲသည့်အခြေအနေများ ဖြစ်ပေါ်နေကြောင်း သိရှိရသည်။

    “ဆိုင်တွေမှာ အလုပ်သမား လူငယ် အမျိုးသားက မရကြတော့ဘူး။ ရှိတဲ့အလုပ်သမားလူငယ်တွေကလည်း မလုပ်ရဲကြတော့ဘူး။ အလုပ်တောင် မလာရဲတော့ဘူး။ စစ်တပ်က အခု ဖမ်းဆီးနေတာတွေက စည်းကျော်ဘောင်ကျော်တွေ လုပ်နေတာ။ စစ်မှုထမ်းဖို့ အဖမ်းခံရတဲ့ လူငယ်တွေကို လက်ထိပ်တွေပါ ခတ်နေတာ” ဟု ဒေသခံပြည်သူက ရှင်းလင်းပြောဆိုသည်။

    ချောက်မြို့ပေါ်တွင် စစ်တပ်က လုံခြုံရေးအဓိက ထိန်းချုပ်ရာတွင် မြို့ပေါ် လုံခြုံရေးအတွက် ဂိတ်ပေါင်းများစွာ ချထားကြောင်း၊ ယင်းဂိတ်များတွင် လူငယ်များကို ပုံစံမျိုးဖြင့် စစ်ဆေး ဖမ်းဆီးလျက်ရှိကြောင်း သိရှိရသည်။

    “ချောက်မှာက မြို့ပေါ်ပဲ တပ်ရှိတာ။ ရွာတွေမှာ PDF တွေချည်းပဲ။ အဲဒီတော့ မြို့ပေါ် စစ်ဆေးရေးဂိတ်တွေမှာ လူငယ်တွေ ဝင်လာရင် ဘာမှ မပြောတော့ဘဲ တစ်ခါတည်း ဖမ်းထားလိုက်တယ်။ ဘာအကြောင်းမှ မရှိဘဲ ဖမ်းတာ။ အဲဒီအဖမ်းခံရတဲ့ လူငယ်တွေက တစ်နေ့ကို ဆယ်ဂဏန်းချီရှိနေတယ်။ ယောင်္ကျားလေး လူပျိုပေါက်တွေ မွေးထားတဲ့ မိဘတွေလည်း ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိဖြစ်နေကြတယ်” ဟု ချောက်မြို့နယ်မှ ပွဲရုံပိုင်ရှင် စီးပွားရေးသမားတစ်ဦးက ပြောဆိုသည်။

    ချောက်မြို့နယ်အတွင်းတွင် စစ်တပ်နှင့် တော်လှန်ရေးတပ်များမကြာခဏ ဆိုသလို တိုက်ပွဲဖြစ်ပွားလေ့ရှိပြီး စစ်တပ်က ကျေးရွာများကို ဖျက်ဆီးရန် မကြာခဏဆို စစ်ကြောင်းထိုးလျက်ရှိကြောင်း သိရှိရသည်။

    ဓာတ်ပုံ- ချောက်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူး တင်ထွန်းဦးနှင့် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းသန်း။

  • အရှင်ဖမ်းခံရရင် $ခွက်က ဇီးရွက်လောက်နဲ့ကွာ

    အရှင်ဖမ်းခံရရင် $ခွက်က ဇီးရွက်လောက်နဲ့ကွာ

    ယူနီကွန်းကို_ရှောင်_လို့

    စိတ်တော့ မကောင်းးးးဘူး

    အရှင်ဖမ်းခံရရင် $ခွက်က ဇီးရွက်လောက်နဲ့ကွာ

    ငိုတောင် ငိုနေသေးတယ်ဟ

    ပေကပ်ကပ်လုပ်တဲ့ကောင်ကတော့ သေမှာတဲ့

    အရှင်ဖမ်းခံရရင် အချိုးလေးတွေက တမျိုးနော် ငါး​ကောင်တို့

    ကြည့်ရဲမှ ကြည့်နော်

    မင်းကွန်းမှသည်… မန္တလေးဆီ

    ယူနီကွန်း ပျောက်ကြားတပ်ဖွဲ့ – UGF