Tag: Weather


  • ကချင်လွတ်လပ်ရေးတပ်မတော် (KIA) သည် ကချင်ပြည်နယ် ဗန်းမော်မှ စစ်အုပ်စု၏ အမှတ် ၂၃၆ ခြေလျင်တပ်ရင်းကို သြဂုတ်လ ၂၅ ရက်နေ့တွင် သိမ်းပိုက်လိုက်ကြောင်း KIA ပြောခွင့်ရသူ ဗိုလ်မှူးကြီးနော်ဘူ ပြောသည်။ “အမှတ် ၂၃၆ ခြေလျင်တပ်ရင်းကို သိမ်းပိုက်လိုက်တယ်။ ဆက်ရှင်းဖို့တော့ ကျန်နေသေးတယ်” ဟု သူပြောသည်။ ယခင်တရက်က ပြင်းထန်သော တိုက်ပွဲအပြီး ထိုသို့သိမ်းပိုက်ခြင်းဖြစ်ပြီး ထိုတိုက်ပွဲအတွင်း စစ်အုပ်စု စစ်ကြောင်းတခုက စစ်သားအများအပြားသေဆုံးကြောင်း သူဆက်လက်ပြောသည်။ KIA နှင့် ၎င်း၏ မဟာမိတ်များသည် ဗန်းမော်ကို သိမ်းပိုက်ရန်လွန်ခဲ့သော ဒီဇင်ဘာလက ထိုးစစ် စတင်သည်။ မကြာသေးမီ သြဂုတ်လ ၁ ရက်နေ့တွင် စစ်တပ် စစ်ကူသင်္ဘောအုပ်စု ထိုမြို့သို့ရောက်လာသည်။ KIA အနေဖြင့် ၂ ဘက်ထိခိုက်သေဆုံးမှုများကို အတည်မပြုနိုင်သေးသော်လည်း…

  • တိုင်ဖွန်းကာဂျီကီ တစ်နာရီ ၁၆၆ ကီလိုမီတာနှုန်းဖြင့် ဗီယက်နမ်ကို ဝင်ရောက်တော့မည်

    ၂၀၂၅ ခုနှစ်အတွင် အင်အားအပြင်းထန်ဆုံးသော တိုက်ဖွန်းကာဂျီကီသည် တစ်နာရီ ၁၆၆ ကီလိုမီတာနှုန်းဖြင့် ဗီယက်နမ်အလယ်ပိုင်း ကမ်းရိုးတန်းမှ ကုန်တွင်းသို့ ဇူလိုင် ၂၅ ရက် မွန်းလွဲပိုင်း ဝင်ရောက်လာမည်ဖြစ်ခြင်းကြောင့် ဗီယက်နမ်နိုင်ငံ၌ လေဆိပ်များ၊ စာသင်ကျောင်းများပိတ်ထားပြီး မုန်တိုင်းလွတ်ရာသို့ အများအပြား ရှောင်တိမ်းနေကြကြောင်း သိရသည်။ ဩဂုတ် ၂၄ ရက်ကတည်းက ဗီယက်နမ်အစိုးရက ကာဂျီကီတိုင်ဖွန်းမုန်တိုင်းသည် အလွန်လျှင်မြန်စွာ ရွေ့လျားတိုက်ခတ်နေသဖြင့် အလွန်အန္တရာယ်ကြီးကာ မိုးသည်ထန်လွန်းခြင်းနှင့် မြေပြိုမှုများဖြစ်ပွားနိုင်ကြောင်း၊ တောင်တရုတ်ပင်လယ်မှ ကမ်းရိုးတမ်းဒေသများသို့ ဝင်ရောက်လာမည်ဖြစ်သောကြောင့် ဘေးလွတ်ရာ ရှောင်ကြရန်လည်း အစိုးရက သတိပေးချက် ကြိုတင်ထုတ်ပြန်ခဲ့သည်။ ဩဂုတ် ၂၅ ရက် တွင် လူပေါင်း ၅၈၆၀၀၀ ရွှေ့ပြောင်းထားပြီးဖြစ်ကြောင်းလည်း သိရသည်။ မနှစ်က ယာဂီတိုင်ဖွန်းမုန်တိုင်း တိုက်ခတ်စဉ် ဗီယက်နမ်၌ လူပေါင်း ၃၀၀ ဝန်းကျင်သေဆုံးခဲ့ပြီး…

  • ဗန်းမော်မြို့ နေရာသုံးခုတွင် တိုက်ပွဲပြင်းထန်နေဟု KIA ပြော

    ကချင်ပြည်နယ်၊ ဗန်းမော်မြို့၌တိုက်ပွဲများဆက်ပြင်းထန်နေကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ယနေ့ (ဩဂုတ် ၂၁ရက်)မနက်တွင် ပြောသည်။ ဗန်းမော်မြို့အပါအဝင် ကချင်ဒေသ စစ်ရေး အခြေအနေကို မေးမြန်းရာ ဗိုလ်မှူးကြီးနော်ဘူက ယခုကဲ့သို့ ပြောဆိုခြင်းဖြစ်သည်။ “တာမိုင်းလုံဘက်တို့ စကခ(၂၁)နဲ့ တပ်မ(၈၈)တို့နေတဲ့ဗန်းမော်တက္ကသိုလ်ကျောင်းပေါ့။ အဲဒီဘက်မှာနဲ့ နောက်တခုက မြို့မရပ်ကွက်လို့ပြောရမှာပေါ့။ ဝင်းလိုက်ဟိုတယ်တို့ မြစ်ဆုံဟိုတယ်တို့ဘက်မှာ ပိုပြီးမှ တိုက်ပွဲက ပိုပြင်းထန်တယ်လို့ပြောတယ်”ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။ ဗန်းမော်မြို့၌တိုက်ပွဲများ ပြန်လည်ပြင်းထန်နေခြင်းမှာ စစ်ကောင်စီက စစ်ကြောင်းထိုးလာ၍ ဖြစ်ဟု ပြောသည်။ ဩဂုတ်လဆန်းပိုင်းတွင် ဗန်းမော်မြို့သို့ စစ်သင်္ဘောအုပ်စု ရောက်ရှိလာပြီးနောက် စစ်ကောင်စီဘက်က ထိုးစစ်ဆင်လာခြင်းဖြစ်သည်ဟု ဆိုသည်။ “တနေ့ကိုတော့လေကြောင်းကသုံးလေးငါးခေါက်လာတယ်။ လက်နက် ကြီး တို့ ဒရုန်းတို့တော့ အကြိမ်ပေါင်း ၂၀၊ ၃၀လောက် ဗုံးကြဲတယ်တဲ့”ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။…

  • လူငယ်တွေကို ပစ်မှတ်ထားကာ VPN တွေကို ပြန်လည်စစ်ဆေးနေ

    ဆိုက်ဘာလုံခြုံရေး ဥပဒေ အာဏာတည်ပြီးနောက် လူငယ်တွေကို ပစ်မှတ်ထားကာ VPN တွေကို ပြန်လည်စစ်ဆေးနေ မန္တလေးတိုင်း၊ ပြည်ကြီးတံခွန် နဲ့ ချမ်းမြသာစည်မြို့နယ်တွေမှာ သြဂုတ်လ ၁၇ ရက်နေ့က စစ်တပ်နဲ့ ရဲတွေက ဆိုင်ကယ် စီးလာသူတွေကို ရပ်တန့်စစ်ဆေးပြီး VPN ဆော့လ်ဝဲတခုတွေ့ပါက ဒဏ်ငွေ ၅၀၀၀၀ ထိ တောင်းနေတယ်လို့ သိရပါတယ်။ မန္တလေးမြို့က မြို့နယ်အတော်များများမှာ စစ်တပ်က ဆိုင်ကယ်သမားတွေနဲ့ လူငယ်တွေကို အဓိက ပစ်မှတ်ထားကာ VPN စစ်ဆေးတာတွေ ပြန်လည် ပြုလုပ်လာတယ်လို့ ဒေသတွင်း သတင်းအရင်းမြစ်ထံက သိရပါတယ်။ “အရင်က မော်တော်ပီကယ်ဖမ်းသလို ဖမ်းတာမျိုး အဖွဲ့စုံနဲ့ ဖမ်းတာ။ ဆိုင်ကယ်လိုင်စင် လူလိုင်စင် စစ်တယ်။ VPN မပါရင် Facebook ဆော့လ်ဝဲကိုရှာတယ်။ အရင်ရက်က သတင်းတွေတက်လာလို့…