Tag: News

  • ပုဂံတွင် စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၂ ဦး ပစ်ခတ်ခံရ

    ပုဂံတွင် စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၂ ဦး ပစ်ခတ်ခံရ

    ပုဂံတွင် စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၂ ဦး ပစ်ခတ်ခံရပြီးနောက် မြို့ကို လုံခြုံရေးတင်းကျပ်ထား

    မန္တလေးတိုင်း၊ ညောင်ဦးခရိုင်၊ ပုဂံမြို့သစ်တွင် စစ်ကော်မရှင်တပ်ဖွဲ့ဝင်များကို တော်လှန်ရေးတပ်ဖွဲ့ဝင်များက ပစ်ခတ်ခဲ့ရာ စစ်ကော်မရှင်တပ်ဖွဲ့ဝင်နှစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

    စစ်ကော်မရှင်တပ်ဖွဲ့နှင့် ပုခက္ကူခရိုင်တပ်ရင်း ၁၇ မှ တော်လှန်ရေးရဲဘော်များသည် ယမန်နေ့ ဩဂုတ် ၂၇ ရက်နေ့က အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားပြီးနောက် စစ်ကော်မရှင်တပ်ဖွဲ့ဝင်နှစ်ဦး သေဆုံးခဲ့ခြင်းဖြစ်ကာ မြို့ကိုလုံခြုံရေးတင်းကျပ်လိုက်ကြောင်း သိရသည်။

    “ကားလမ်းတွေပါ ပိတ်ထားတယ်။ မြို့ထဲဘယ်သူမှအပြင်မထွက်ရဲကြဘူး။ ကလေးတွေတော့ လွတ်သွားတယ်ကြားတယ်”ဟု ပုဂံမြို့နေအမျိုးသားတစ်ဦးက ပြောသည်။

    ပုဂံမြို့သစ်၊ ဆင်ဖြူတော်ယွန်းထည်ဆိုင်လမ်းကြားတွင် စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၁၀ ဦးခန့်နှင့် တော်လှန် ရေးရဲဘော်တို့ ထိပ်တိုက်တွေ့ပြီး အပြန်အလှန်ပစ်ခတ်ကြရာတွင် စစ်ကော်မရှင်တပ်ဖွဲ့ဝင်နှစ်ဦး သေဆုံးသွားခြင်းဖြစ်သည်။

    ယနေ့ ဩဂုတ် ၂၈ ရက်နေ့တွင် ပုဂံမြို့အဝင်အထွက် ဂိတ်များနှင့် သရပါတံခါး၊ အလိုတော်ပြည့်ဘုရား၊ ညောင်ဦးဈေး စသည့်နေရာများတွင် စစ်ကော်မရှင်တပ်က လုံခြုံးရေးတင်းကျပ်စွာ ချထားကြောင်း ဒေသခံများထံမှ သိရသည်။

    စစ်ကော်မရှင်တပ်သည် ယမန်နေ့ ဩဂုတ် ၂၇ ရက်နေ့က ဆင်ဖြူတော်ဆိုင်လမ်းဘေးတွင် တော်လှန်ရေးတပ်ဖွဲ့ဝင်သုံးဦးကို သေနတ်များနှင့်တွေ့ရှိသည့် အတွက် လိုက်လံပစ်ခတ်ခဲ့ရာ နာရီနှင့်ချီကြာသည်အထိ ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်။

    ပစ်ခတ်မှုဖြစ်စဉ်အပြီးတွင် တော်လှန်ရေးရဲဘော်သုံးဦးလွတ်မြောက်သွားပြီး ပါလာသည့် ဆိုင်ကယ်တစ်စီး ဆုံးရှုံးမှုရှိကြောင်း သတင်းရင်းမြစ်ထံမှ သိရသည်။

    စစ်ကော်မရှင်တပ်သည် ပြီးခဲ့သည့် ဇွန်လ ဒုတိယပတ်ဝန်းကျင်မှစ၍ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်မြို့တော်ပုဂံကို တင့်ကားများပါသုံး၍ အင်အားအလုံး အရင်းဖြင့် စစ်ကြောင်းထိုး ဝင်ရောက်လာခြင်းဖြစ်ကြောင်း သိရသည်။

  • စစ်ကော်မရှင်တပ် အရာရှိများကိုပါ တိုက်ပွဲအနီး ကွင်းပြင်တွင် တာယာကွင်းနှင့်မီးရှို့သင်္ဂြိုဟ်နေရ

    စစ်ကော်မရှင်တပ် အရာရှိများကိုပါ တိုက်ပွဲအနီး ကွင်းပြင်တွင် တာယာကွင်းနှင့်မီးရှို့သင်္ဂြိုဟ်နေရ

    ဧရာဝတီတိုင်း စစ်မျက်နှာပြင်တွင်သေဆုံးသည့် စစ်ကော်မရှင်တပ် အရာရှိများကိုပါ တိုက်ပွဲအနီး ကွင်းပြင်တွင် တာယာကွင်းနှင့်မီးရှို့သင်္ဂြိုဟ်နေရ

    ‎ဧရာဝတီတိုင်း၊ ပုသိမ်မြို့ အနောက်တောင်တိုင်း စစ်ဌာနချုပ် (နတခ) ၊ အမှတ်-၄ စစ်မြေပြင်ဆေး တပ်ရင်း (မဆရ-၄) တွင် ဆေးကုသရန်ပို့ဆောင်ထားသူများမှလွဲ၍ ရှေ့တန်းစစ်မျက်နှာတွင် သေဆုံးသူ များကို တပ်စွဲထားရာနေရာတွင်ပင် မီးရှို့သင်္ဂြိုဟ်နေရကြောင်း သိရသည်။

    ‎လေးမျက်နှာမြို့နယ်နှင့် ရေကြည်မြို့နယ်တို့တွင် တိုက်ပွဲများ ဖြစ်ပွားနေပြီး ဒဏ်ရာရ စစ်ကော်မရှင် တပ်သားများကို ပုသိမ်မြို့ရှိ မဆရ-၄ သို့ ပို့ဆောင်ဆေးကုသပေးနေရကြောင်း ဒေသခံများထံမှ သိရသည်။

    ဧရာဝတီစစ်မြေပြင်မှ ဒဏ်ရာရရှိလာသည့် စစ်ဗိုလ်တစ်ဦးသည် ‎ယမန်နေ့ ဩဂုတ် ၂၇ရက်နေ့က ဆေးကုသနေစဉ်သေဆုံးသွားသည့်အတွက် ရွှေမြင်တင် မီးသဂြိုဟ်စက်တွင် လာရောက် သင်္ဂြိုဟ်သွား ကြောင်း သတင်းအထူးတပ်ဖွဲ့ ပုသိမ်ထံမှ သိရသည်။

    ‎”အိမ်စီးကား၊ မီနီဘတ်စ်၊ စစ်ကားရယ်ပြီးတော့ နာရေးကား‌တွေနဲ့လာပြီး ရွှေမြင်တင်မှာ မကြာခဏ သင်္ဂြိုဟ်နေတာ တွေ့ရပါတယ်” ဟု ပုသိမ်ဒေသခံတစ်ဦးက ပြောသည်။

    ‎အနောက်တောင်တိုင်း စစ်ဌာနချုပ် မဆရ-၄ တွင် စစ်ကော်မရှင်တပ်အရာရှိ လူနာများကိုသာ အလေးထားကုသပေးနေပြီး တိုက်ပွဲအတွင်းသေဆုံးသည့် အရာရှိအဆင့်များ၏ အလောင်းကိုပင် ပြန်လည်သယ်ယူခြင်းမပြုတော့ကြောင်း သတင်းရင်းမြစ်ထံမှ သိရသည်။

    ‎သေဆုံး စစ်အရာရှိအလောင်းများကို သယ်ဆောင်ခွင့်ရသော်လည်း တိုက်ပွဲအနီး နေရာလွတ်တွင်ပင် တာယာကွင်းများဖြင့် မီးရှို့ သင်္ဂြိုဟ်လျက်ရှိကာ ထွက်ပြေးမှုများရှိနေ၍ ပြန်လည်ဖမ်းမိသူများကို တိုက်ပွဲအတွင်း ပြန်လည်ပို့ဆောင်ခံရကြောင်း သိရသည်။

    ‎ဧရာဝတီတိုင်းအတွင်း မြောက်စမ်းအမြောက်တပ်ကိုလည်း စစ်ကော်မရှင်က စစ်အင်အားအကူ အညီများ ဆက်တိုက်ပို့နေပြီး အမြောက်တပ်အနီးရှိ ကျေးရွာများကိုလည်း ပြောင်းရွှေ့ခိုင်းထားကြောင်း သိရသည်။

    ‎ပုံစာ-ရှေ့တန်းကျသွားသည့် စစ်ကော်မရှင်တပ်အရာရှိတစ်ဦး၏နာရေးပြင်ဆင်ထားမှု(ပုံဟောင်း)

  • ရန်ကုန်မှာ မြို့ပြပျောက်ကြားတော်လှန်ရေးသမား (၁၀)ဦးထက်မနည်းဖမ်းဆီးခံရ

    ရန်ကုန်မှာ မြို့ပြပျောက်ကြားတော်လှန်ရေးသမား (၁၀)ဦးထက်မနည်းဖမ်းဆီးခံရ

    ရန်ကုန်မြို့မှာ စစ်တပ်က မြို့ပြပျောက်ကြားတော်လှန်ရေးသမား ဆယ်ဦးထက်မနည်းကို ဖမ်းဆီးထားကြောင်း စုံစမ်းသိရှိထားပါတယ်။

    ယခုလ ဩဂုတ် ၂၀ ရက် ကျော်ထဲက စစ်တပ်က မြို့ပြပျောက်ကြားတော်လှန်ရေးသမားအချို့ကို ဖမ်းဆီးပြီး အချိတ်ဆက်များ ပြုလုပ်ခိုင်းကာ တော်လှန်ရေးသမားတွေကို ထပ်မံဖမ်းဆီးတွေကို လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

    “အဓိကက လုပ်သမျှ ကိစ္စတိုင်းကို CCTV ကနေ နောက်ယောင်ခံ ၊ ခြေရာခံ လိုက်မရအောင် အသေးစိတ် ဒေါင့်စေ့အောင် စီစဉ်ဆောင်ရွက်ကြပါလို့။ အဲ့လို ဆောင်ရွက်နိုင်ဖို့က အချိန် နဲ့ ငွေအများကြီး သုံးရပါမယ်။အဲ့လို သုံးရတဲ့ အချိန်နဲ့ ငွေက ပေးဆပ်လိုက်ရတဲ့ အဖမ်းခံရတဲ့ ရဲဘော် နဲ့ ယှဉ်ရင် ဘာမှ မပြောပလောက်ပါဘူး။နောက်ပြီး အဲ့လို အသေးစိတ် စိတ်ချရအောင် စီစဉ်နိုင်ဖို့အတွက် သုံးရတဲ့ အချိန်တွေ အတွက်ကို စိတ်ရှည်ဖို့ လိုပါမယ်။ စိတ်ရှည်ကြပါလို့ ပြောချင်ပါတယ်ဗျာ”ဟု လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မြို့ပြပျောက်ကြားတော်လှန်သမားတစ်ဦးက ပြောပါတယ်။

    သံလျင်မြို့နယ်၊ သာကေတမြို့နယ်၊ တောင်ဥက္ကလာပမြို့နယ် ၊ ရန်ကင်းမြို့နယ် ၊ မဂ်လာတောင်ညွန်မြို့နယ်တို့မှာ စစ်တပ်က တော်လှန်ရေးသမားတွေအပြင် အရပ်သားတွေကိုပါ ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

    “အဖမ်းခံရတဲ့ ရဲဘော်တွေအတွက်တော့ ကျနော် အတော်စိတ်မကောင်းဖြစ်ရပါတယ်ဗျ။ ပစ္စည်းအပေးအယူတွေ သတိထားကြဖို့နဲ့ လုံခြုံရေးအထူးသတိထားကြဖို့ သတိပေးပြောကြားလိုပါတယ်။ ကျနော်တို့ ရဲဘော်တွေက အရမ်းတန်ဖိုးကြီးပါတယ်ဗျာ” လို့ မြို့ပြပျောက်ကြား တော်လှန်ရေးသမားတစ်ဦးက ထပ်မံ ပြောပါတယ်။

    စစ်တပ်ဟာ ၄င်းတို့ပြုလုပ်မဲ့ ရွေးကောက်ပွဲ နီးလာတာနဲ့အမျှ စစ်တပ်လက်ပါစေတွေကို လက်နက်တပ်ဆင်ပေးတာတွေ၊ အရပ်သားတွေကို အကြောင်းပြချက်မဲ့ ဖမ်းဆီးတာတွေ၊ ညစဉ် ဧည့်စာရင်းဝင်စစ်တာတွေကို တစိုက်မက်မက် လုပ်ဆောင်နေပါတယ်။

    AAMIJ

  • စစ်တပ်က ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ၂ မြို့သာပေးမည်ဆို၍ TNLA နှင့် စစ်တပ်၏ ကူမင်းဆွေးနွေးပွဲ ရလဒ်မထွက်

    တရုတ်ဦးဆောင်သည့်ဆွေးနွေးပွဲတွင် အာာဏာသိမ်းစစ်တပ်က ၁၂ မြို့ တိုက်ယူထားသော TNLA ကို ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ထည့်သွင်းပြဌာန်းထားသည့် ပလောင်အုပ်ချုပ်ခွင့်ရ နှစ်မြို့သာပေးမည်ဟုဆိုခြင်းကြောင့် ဆွေးနွေးပွဲ ပျက်ခဲ့သည်။

    တအာင်းတပ် TNLA နှင့် စစ်ကော်မရှင်၏ကိုယ်စားလှယ်များအကြား တရုတ်အစိုးရ၏အစီအစဉ်ဖြင့် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ကူမင်းမြို့တွင် ယမန်နေ့ (ဩဂုတ်လ၊ ၂၇ ရက်နေ့) က အပစ်ရပ်ရေးအတွက် ဆွေးနွေးခဲ့ကြသော်လည်း တစ်စုံတစ်ရာ သဘောတူညီမှုမရခဲ့ဟု စုံစမ်းသိရှိရသည်။

    နှစ်ဖက်တပ်များအကြား အပစ်ရပ်ရန်အတွက် တအာင်းတပ် (TNLA) က ၁၀၂၇ စစ်ဆင်ရေးအတွင်း ၎င်းတို့သိမ်းပိုက်ထားသည့် ရှမ်းပြည်နယ်မြောက်ပိုင်း၊ မြို့တို့အနက် ကျောက်မဲ နှင့် သီပေါကို စွန့်လွှတ်မည်ဟု ထိုဆွေးနွေးပွဲတွင် ကမ်းလှမ်းခဲ့သည်ဟုသိရသည်။

    သို့သော် စစ်ကော်မရှင်ကိုယ်စားလှယ်များက လုံလောက်မှုမရှိသည့်ကမ်းလှမ်းမှုဟုဆိုကာ ပယ်ချခဲ့ပြီး တအာင်းတပ်များအနေဖြင့် မန်တုံနှင့် နမ့်ဆန်မြို့များကလွဲ၍ ကျန်မြို့များကို စွန့်လွှတ်ရမည်ဟု တောင်းဆိုခဲ့သည်ဟု ဆွေးနွေးပွဲအကြောင်းသိထားသည့် သတင်းအရင်းအမြစ်က ဆိုသည်။

    ၂၀၂၄ ဇန်နဝါရီလက ကွတ်ခိုင်မြို့ ၊ စစ်ဗျူဟာအဖွဲ့ (အခြေချ) ကိုတိုက်ခိုက်သိမ်းပိုက်ပြီးနောက် တွေ့ရသော TNLA တပ်ဖွဲ့ဝင်များ။ (ဓာတ်ပုံ-မြတ်ပန်း)

    နှစ်ဖက်ကိုယ်စားလှယ်များအကြား နယ်မြေခွဲဝေရေးအတွက် အငြင်းပွားခဲ့ကြပြီးနောက် ဆွေးနွေးပွဲသည် တစ်စုံတစ်ရာ သဘောတူညီမှု မရဘဲ ပြီးဆုံးခဲ့သည်။

    ကျောက်မဲ နှင့် သီပေါကို ပြန်ပေးမည်ဆိုသည့် TNLA ၏ ကမ်းလှမ်းချက်ကို စစ်တပ်ဘက်က လက်မခံခဲ့ဘဲ ထိုမြို့နှစ်မြို့ကို ပြန်သိမ်းရန် ၎င်းတို့တပ်များစေလွှတ်မည်ဟုလည်း ဆွေးနွေးပွဲသို့တက်ရောက်ခဲ့သည့် စစ်တပ်ကိုယ်စားလှယ်များက ပြောကြားခဲ့သည်ဟုလည်း သတင်းအရင်းအမြစ်က ပြောသည်။

    TNLA သည် ၂၀၂၃၊ အောက်တိုဘာလ၊ ၂၇ ရက်နေ့တွင် စတင်ခဲ့သည့် ၁၀၂၇ စစ်ဆင်ရေးအတွင်း ရှမ်းမြောက်မှ သီပေါ၊ ကျောက်မဲ၊ နောင်ချို၊ နမ့်ခမ်း၊ နမ္မတူ၊ နမ့်ဆန်၊ ကွတ်ခိုင်၊ မန်တုံ၊ မိုင်းငေါ့၊ မိုင်းလုံ၊ မိုးမိတ် နှင့် မန္တလေးတိုင်း၊ မိုးကုတ်မြို့တို့ကို သိမ်းပိုက်ခဲ့သည်။

    ထိုမြို့များအနက် စစ်ရေးအရ အရေးပါသည့် နောင်ချိုမြို့ကို စစ်ကော်မရှင်တပ်များက ပြီးခဲ့သည့် ဇူလိုင်လလယ်တွင် TNLA လက်ထဲမှ ပြန်လည်သိမ်းပိုက်နိုင်ခဲ့သည်။

    TNLA ထိန်းချုပ်မြို့များပြ မြေပုံ

    TNLA တပ်များ ထိန်းချုပ်ရန်အတွက် စစ်ကော်မရှင်ဘက်က ခွင့်ပြုမည်ဆိုသည့် မန်တုံနှင့် နမ့်ဆန်မြို့များသည် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ စီးပွားရေးအရ အချက်အချာမကျဘဲ ဖွံ့ဖြိုးမှုအားနည်းသည့် မြို့များဖြစ်သည်။ စစ်ဗိုလ်ချုပ်များက စိတ်ကြိုက်ရေးဆွဲထားသည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ထို့မြို့နှစ်မြို့ကို ပေါင်းကာ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ်သတ်မှတ်ထားသည်။

    TNLA နှင့် စစ်ကော်မရှင်အကြား နောက်တကြိမ်အစည်းအဝေးကို လာမည့် အောက်တိုဘာလ၊ နောက်ဆုံးသတင်းပတ်တွင် တရုတ်နိုင်ငံ ကူမင်းမြို့တွင် ထပ်မံပြုလုပ်မည်ဟုလည်း သိရသည်။

    စစ်တပ်နှင့် TNLA တို့၏ တွေ့ဆုံမှုတွင် တရုတ်ကိုယ်စားလှယ်များလည်း ကြားဝင်ညှိနှိုင်းပေးခဲ့သည် ဟု သိရသည်။

    ယမန်နေ့ အစည်းအဝေးတွင် PSLF/TNLA မှ ဒုဗိုလ်ချုပ်ကြီး တားဂျုတ်ဂျား ဦးဆောင်၍ မဟာမိတ်ဆက်ဆံရေးဌာနမှူး၊ ဗိုလ်မှူးကြီး တာမိုးဟိန်း အပါအဝင် ထိပ်ပိုင်းခေါင်းဆောင်အချို့ တက်ရောက်ခဲ့သည်ဟု အထက်ပါ TNLA နှင့် နီးစပ်သူထံက သိရသည်။

    ဆွေးနွေမှုရလဒ်နှင့် ပတ်သက်၍ TNLA ပြောခွင့်ရသူ လွေးယေဦးအား ဆက်သွယ်မေးမြန်းရာ အတိအကျ မသိရှိရသေးကြောင်းသာ တုံ့ပြန်သည်။

    ၂၀၂၅ ဇွန်လအတွင်း စစ်သင်တန်းဆင်းပွဲတစ်ခုတွင် တွေ့ရသော TNLA တပ်ဖွဲ့ဝင်များ

    တအာင်းတပ် (TNLA) သည် ၂၀၂၃၊ အောက်တိုဘာလမှ စတင်သော “၁၀၂၇” စစ်ဆင်ရေးများအတွင်း ကွတ်ခိုင်၊ နမ္မတူ၊ နမ့်ခမ်း၊ နမ့်ဆန်၊ မန်တုံ၊ မိုင်းငေါ့၊ မိုင်းလုံမြို့ စသည့် ခုနစ်မြို့ကို သိမ်းပိုက်ခဲ့ပြီး ယခုနှစ်၊ ဇွန်လ၊ ၂၅ ရက်နေ့ မှ စတင်သော ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းတွင် မိုးမိတ်၊ ကျောက်မဲ၊ နောင်ချို၊ သီပေါနှင့် မန္တလေးတိုင်း၊ မိုးကုတ်မြို့အပါအဝင် စုစုပေါင်း ၁၂ မြို့ကို သိမ်းပိုက်ခဲ့ထားသည်။

    စစ်တပ်၏ လေကြောင်းထိုးစစ်ကြောင့် ဒေသခံပြည်သူများ ထိခိုက်ရမှုနှင့် တရုတ်၏ ကြားဝင်စေ့စပ်မှု ကြောင့် စစ်တပ်နှင့် အပစ်ရပ်မည်ဟု TNLA ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ၊ ၂၅ ရက်နေ့တွင် ထုတ်ပြန်ပြီးနောက် TNLA ၏ ထိုးစစ်များ ရပ်သွားခဲ့သည်။

    စစ်တပ်က TNLA သိမ်းပိုက်ထားသည့် နောင်ချိုမြို့နယ်၊ တောင်ခမ်းဒေသမှ ယခုနှစ်၊ ဖေဖော်ဝါရီလတွင် ပြန်လည်ထိုးစစ်ဆင်ခဲ့ရာ ဇူလိုင်လ၊ ၁၆ ရက်နေ့တွင် နောင်ချိုမြို့အား ပြန်လည်သိမ်းပိုက်ခဲ့သည်။

    နောင်ချိုမြို့အား သိမ်းပိုက်ခဲ့သည့် စစ်တပ်သည် ကျောက်မဲမြို့အား ဆက်လက် ထိုးစစ်ဆင်နေရာ ကျောက်မဲမြို့နယ်၊ နောင်ပိန်ရွာအနီး TNLA နှင့် တိုက်ပွဲများဆက်ဖြစ်နေသည်။

    စစ်တပ်က မန္တလေး-လားရှိုးကုန်သွယ်ရေးလမ်းမပေါ်ရှိ သီပေါ၊ နောင်ချို၊ ကျောက်မဲနှင့် မြန်မာပြည် အလယ်ပိုင်းသို့ ထိုးဖောက်နိုင်မည့် မိုးကုတ်၊ မိုးမိတ်မြို့များကို ပြန်ပေးရန် တောင်းဆိုထားရာ ထို ငါးမြို့ကို ပြန်မပေးဘဲ ဆက်လက်ကာကွယ်သွားမည်ဖြစ်ကြောင်း TNLA က မေလ၊ ၄ ရက်နေ့တွင် ပြောခဲ့သည်။

    TNLA သိမ်းပိုက်ထားသည့် မြို့များထဲတွင် နမ့်ခမ်းသည် တရုတ်နယ်စပ်မြို့ဖြစ်သလို ကွတ်ခိုင်မြို့သည်လည်း မန္တလေး-လားရှိုး-မူဆယ် တရုတ်- မြန်မာကုန်သွယ်ရေးလမ်းတွင် တည်ရှိနေပြီး၊ နမ္မတူမြို့မှာ သတ္ထုတွင်းများရှိ၍ မန္တလေးတိုင်း၊ မိုးကုတ်မြို့ မှာ ပတ္တမြားအပါအဝင် ကျောက်မျက်ရတနာများထွက်ရှိသည့် မြို့ဖြစ်သည်။

  • အလံဖြူထောင်လာတဲ့ အောင်ဇေယျစစ်ကြောင်းက စစ်ကော်မရှင်တပ်သားတွေကို ဗိုလ်တာဘောအဖွဲ့ နွေးထွေးစွာကြိုဆို

    အလံဖြူထောင်လာတဲ့ အောင်ဇေယျစစ်ကြောင်းက စစ်ကော်မရှင်တပ်သားတွေကို ဗိုလ်တာဘောအဖွဲ့ နွေးထွေးစွာကြိုဆို

    အောင်ဇေယျစစ်ကြောင်းမှ အကြမ်းဖက်စစ်သားများ အလံဖြူထောင် အလင်းဝင်လာတဲ့ရုပ်သံ

    ထိုင်း-မြန်မာနယ်စပ်က မြဝတီမြို့ကို ပြန်လည်ထိန်းချုပ်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အင်အားသုံး ချီတက်လာတဲ့ အာဏာသိမ်း စစ်တပ်ရဲ့ နိုင်ငံတော်အဆင့် “အောင်ဇေယျစစ်ကြောင်း”က တပ်သားတချို့ဟာ အလံဖြူထောင်ပြီး ပြည်သူဘက်ကို ရပ်တည်လာခဲ့တယ်လို့ Black Panther Column- တပ်ခွဲ ၂ က မနေ့က ထုတ်ပြန်လာပါတယ်။

    အကြမ်းဖက်စစ်တပ်ရဲ့အောင်ဇေယျစစ်ဆင်ရေးကနေ အလံဖြူထောင်ပြီး ပြည်သူ့ဘက် ရဲရင့်စွာ ရပ်တည်ခဲ့တဲ့ စစ်သားတွေကို ဗိုလ်ကြီးဒါဘောတို့အဖွဲ့က ကြိုဆိုခဲ့တဲ့ မှတ်တမ်းကို Black Panther Column – တပ်ခွဲ ၂ က ထုတ်ပြန်ခဲ့ပါတယ်။

    အလင်းဝင်ရောက်လာသူတွေကို နွေးထွေးစွာကြိုဆိုခဲ့ပြီး ဆုငွေတွေလည်း ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။

    အလံဖြူထောင်လာတဲ့ အောင်ဇေယျစစ်ကြောင်းက စစ်ကော်မရှင်တပ်သားတွေကို ဗိုလ်တာဘောအဖွဲ့ နွေးထွေးစွာကြိုဆိုခဲ့တယ်လို့ သိရပါတယ်။

    ရုပ်သံ – Black Panther Column – တပ်ခွဲ ၂