အထက်အညာမှာအာဏာရှင်တော်လှန်ရေးအတွက်လက်နက်ကိုင်တော်လှန်ခဲ့တဲ့ဒေသကာကွယ်ရေးရဲဘော်(LDF)တဦးဟာ တော်လှန်ရေးတာဝန်တစ်ခုနဲ့ ပြည်နယ်တစ်ခုကို သွားရင်းစစ်ကောင်စီရဲ့ဖမ်းဆီးမှုခံလိုက်ရပါတယ်။ ဒီဆောင်းပါးဟာသူဖြတ်သန်းခဲ့ရတဲ့ အကျဥ်းထောင်အတွင်းကညှင်းပန်းနှိပ်စက်မှုတွေအကြောင်းဖြစ်ပါတယ်။
အေအိုင်ကို သုံးဖူးပါသလား ပြီးခဲ့တဲ့ ၆ လ အတွင်းမှာ ChatGPT လိုchatbot တွေနဲ့ Midjourney လို ပုံဖော်တဲ့ ဟာတွေ တော်တော်လေးကို ကျော်ကြားလာခဲ့ပါတယ်။ ဒါပေမယ့် စက်ရဲ့ သင်ယူမှု သို့မဟုတ် အေအိုင်ခေါ် ဉာဏ်ရည်တုဟာ ပေါ်နေတာ အနည်းငယ်ကြာပြီ ဖြစ်ပါတယ်။ အေအိုင် ဟာ တကယ်တမ်းမှာ chatbot တွေထက်ပိုပြီး လူတွေရဲ့ နေ့စဉ်ဘဝတွေမှာတောင် ပါဝင်ပတ်သက်ပြီး ဖြစ်နေပြီလို့ ဆိုနိုင်ပါတယ်။ ဒါတွေကို ရိုးရှင်းစွာ သိနားလည်ဖို့ ရှင်းပြပေးထားပါတယ်။ အေအိုင် က ဘယ်လို သင်ယူနိုင်သလဲ စက်ရဲ့ သင်ယူနိုင်မှု မှာ အခရာကျတာက training လို့ခေါ်ကြတဲ့ စက်ကို လေ့ကျင့်ပေးမှုပဲ ဖြစ်ပါတယ်။ ကွန်ပျူတာ ပရိုဂရမ်တခုကို အချက်အလက် ဒေတာများစွာ၊…
ဆရာမမြကြေးမုံဟာ ဘာအပွင့်အခက်မှမပါတဲ့ အဝါရောင်ထီးလေးတစ်ချောင်း လိုချင်နေသူပါ။ ဆရာမဟာ အဝါရောင်ထီးနဲ့ လိုက်ဖက်မှု ရှိခြင်း မရှိခြင်းထက် ထီးအဝါရောင်လေး ဆောင်းချင်နေမိတာ လို့ပြောပါတယ်။ “ကိုယ့်မှာထီးမရှိတာ လေးနှစ်တောင်ရှိရောပေါ့ ” လို့ ဆရာမ မြကြေးမုံက ဆိုပါတယ်။ ဆရာမ မြကြေးမုံဟာ သူ့စိတ်ဆန္ဒအရ လိုချင်မိတဲ့ ထီးလေးတစ်ချောင်းကိုတောင် ဝယ်ယူဖို့အတွက် နှစ်ခါပြန် စဉ်းစားနေရတဲ့ ဘဝကို ရောက်ရှိနေပါတယ်။ စစ်တပ် အာဏာမသိမ်းခင်က လစဉ်ဝင်ငွေ ကျပ် ၇ သိန်းဝန်းကျင်နဲ့ ချောင်လည်စွာ နေထိုင်နိုင်ခဲ့တဲ့ ဆရာမ မြကြေးမုံတို့ မိသားစု ၃ ဦးဟာ ခုချိန်မှာတော့ လိုချင်စိတ်ဖြစ်နေတဲ့ ထီးအဝါလေးတစ်ချောင်းကိုပင် ဝယ်ယူဖို့ စဉ်းစားနေရတဲ့အထိ စီးပွားရေး ကျပ်တည်းလာပါတယ်။ ရန်ကုန်ရဲ့ နယ်မြို့လေးတစ်မြို့မှာနေတဲ့ ဆရာမ မြကြေးမုံဟာ ရန်ကုန်မြို့မှာရှိတဲ့ တက္ကသိုလ်တစ်ခုမှာ…