Tag: Feature


  • အမှတ် (၅) နယ်ခြားစောင့်တပ်အနေအထားနှင့် မင်းအောင်လှိုင် ကျရှုံးခန်း

    ယူနီဖောင်းများ ဘိုသီဘတ်သီ ဖရိုဖရဲ နှင့် ဖြစ်နေပြီး အခန်းကျဉ်း လေး တခုထဲတွင် စုပြုံ ထိုင်နေကြသော အမှတ် (၅) နယ်ခြားစောင့် တပ်ဖွဲ့ဝင်များ၏ ဗီဒီယို ဖိုင်သည် အွန်လိုင်းပေါ်တွင် ထွက်ပေါ်လာခဲ့ပြီ ဖြစ်သည်။ အံ့ဩစရာ ကောင်းနေသည်က ထိုဗီဒီယိုကို နိုဝင်ဘာ ၈ ရက် နေ့က ရိုက်ကူးခဲ့ခြင်း ဖြစ်သည် သိလိုက်ရသော ကြောင့်ပင် ဖြစ်သည်။ သို့ဆိုက မင်းအောင်လှိုင်၏ စစ်သားများသည် ပြတင်း‌ ပေါက် များ၊ တံခါးများ ပိတ်ထားရပြီး မှောင်မဲလှစွာသော အခန်း ကျဉ်းကျဉ်း လေးထဲတွင် တလ ‌ခန့် ထိုသို့ နေခဲ့ကြရသည် အဖြစ် ကို အထင်အရှား တွေ့မြင်လာခဲ့ရသည်။ ဗီဒီယို တွင် ပါရှိလာသော အပြောများအရ…

  • ဗိုလ်မှူးချုပ်သူရိန်ထွန်း (သို့မဟုတ်) AA ဖမ်းမိသည့် မြန်မာ-ဘင်္ဂလားဒေ့်ရှ်နယ်စပ်မှ သြဇာအကြီးဆုံး စစ်ဗိုလ်ချုပ်

    ရခိုင်တပ် AA က ဖမ်းထားသည့် ဗိုလ်မှူးချုပ်သူရိန်ထွန်းသည် မြန်မာ-ဘင်္ဂလားဒေ့်ရှ်နယ်စပ် မောင်တောဒေသတွင် သြဇာအကြီးဆုံး စစ်ဗိုလ်ချုပ်ဖြစ်သည်။ မြန်မာ-ဘင်္ဂလားဒေ့်ရှ်နယ်စပ် မောင်တောဒေသ၏ သြဇာအကြီးဆုံး စစ်ဗိုလ်ချုပ် ဗိုလ်မှူးချုပ်သူရိန်ထွန်းသည် ရခိုင်တပ် AA ၏စစ်သုံ့ပန်းအဖြစ် ဖမ်းခံလိုက်ရပြီဖြစ်သည်။ ဗိုလ်မှူးချုပ်သူရိန်ထွန်းသည် ရခိုင်ပြည်နယ် ဘူးသီးတောင်အခြေစိုက် အမှတ်(၁၅)နယ်မြေခံ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်၏ စစ်ဆင်ရေးကွပ်ကဲရေးမှူးဖြစ်ပြီး မတည်မငြိမ်ဖြစ်နေသည့် နိုင်ငံအနောက်ပိုင်း ဘင်္ဂလားဒေ့်ရှ်နယ်စပ်တလျှောက် စစ်ဆင်ရေးများကို ကြီးကြပ်ရသူဖြစ်သည်။ ဒေသတွင်းတွင် သူ၏သြဇာမှာ စစ်ကောင်စီခန့် အရပ်ဘက်အုပ်ချုပ်ရေးအရာရှိများ၏ အထက်တွင် ရှိပြီး ဘူးသီးတောင်မြို့နယ်နှင့်မောင်တောမြို့နယ်ကို ပေါင်းပြီးဖွဲ့ထားသည့် မောင်တောခရိုင်တွင် အဆင့်အမြင့်ဆုံးသော စစ်ကောင်စီအရာရှိဟုလည်း ဆိုနိုင်သည်။ အာရက္ခတပ်တော် AA ၏ထိုးစစ်ကို လပေါင်းများစွာရင်ဆိုင်ခဲ့ရပြီးနောက် စစ်ကောင်စီ၏ စစ်ဘက်နှင့်အရပ်ဘက် အမှုထမ်းများ မောင်တောခရိုင်အတွင်းမှ ထွက်ခွာသွားချိန်တွင် ဗိုလ်မှူးချုပ်သူရိန်ထွန်းသည် နခခ-၅ ဟုခေါ်သည့် မောင်တောမြို့နယ်ထဲမှ ဘင်္ဂလားဒေ့်ရှ်နှင့်…

  • မတ္တရာတိုက်ပွဲများတွင် စစ်တပ်၏  ဒရုန်းအမျိုးမျိုးကို MDY-PDF ရင်ဆိုင်ရ

    စခန်းပေါင်းများစွာ လက်လွှတ်လိုက်ရပြီးနောက် စစ်ကောင်စီတပ်က မန္တလေးတိုင်း၊ မတ္တရာမြို့နယ်နှင့် ဒေသအများအပြားတွင် ဒရုန်းအသုံးပြုမှု ပိုများလာသည်။မန္တလေးတိုင်း၊ မတ္တရာမြို့နယ်တွင် ကြည်း၊ ရေ၊ လေ တပ်များ သုံးပြီး ထိုးစစ်ပြန်ဆင်ရာတွင် စစ်ကောင်စီက ဒရုန်းအမျိုးမျိုးသုံးစွဲလာကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး (MDY-PDF) က ပြောသည်။မတ္တရာမြို့အနီးဝန်းကျင်အထိ ဝိုင်းပတ်ပိတ်ဆို့ထားသည့် တော်လှန်ရေးတပ်ဖွဲ့များကို စစ်ကောင်စီက နိုဝင်ဘာ လလယ်ခန့်မှစပြီး တန်ပြန်ထိုးစစ်ဆင်ရာတွင် ပါဝင်လာသည်မှာ ဗုံးသီးချတိုက်ခိုက်ရာတွင် သုံးသည့် ဒရုန်း၊ Suicide ဒရုန်း ဟု ခေါ်ကြသည့် ပေါက်ကွဲမည့်ဗုံးသီးနှင့်အတူ ပျက်စီးသွားမည့် တစ်ခါသုံးဒရုန်း၊ ကင်းထောက်ဒရုန်းတို့ ဖြစ်သည်ဟု သိရသည်။“စစ်ကောင်စီက သူတို့လက်လွှတ်ဆုံးရှုံးလိုက်ရတဲ့ နယ်မြေတွေ၊ တပ်စခန်းတွေကို ပြန်လည်ရရှိရေး ထိုးစစ်ဆင်ရာမှာ ဒရုန်းကို အရင်ကထက် ပိုမိုအသုံးပြုလာတယ်။ အထူးသဖြင့်တော့ ကာမီကာဇေလို့ ခေါ်တဲ့ Suicide ဒရုန်းတွေကို ပိုပြီး…

  • ကချင်စစ်မျက်နှာမှ ဗန်းမော် စစ်ဆင်ရေး

    ကချင်ပြည်နယ်တွင် အခြေစိုက်သည့် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) သည် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် အလောဘွမ်တိုက်ပွဲမှစ၍ စစ်ကောင်စီကို တုံ့ပြန်တိုက်ခိုက်ခဲ့၏။ ထို့နောက် ပြည်မအင်အားစုများနှင့် စုစည်း၍ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် ပြည်သူ့ကာကွယ်ရေးတပ် (PDF) ၏ စစ်ဒေသ ၁ ကို တာဝန်ယူခဲ့သကဲ့သို့ ကချင်နှင့် ရှမ်းမြောက်တွင်လည်း ကချင်ပြည်သူ့ ကာကွယ်ရေးတပ် (KPDF) များကို ဖွဲ့စည်းခဲ့၏။ ၂၀၂၁၊ ၂၀၂၂ ခုနှစ်များတွင် KIA ၏ စစ်ရေးလှုပ်ရှားမှုများကို KPDF, PDF, အာရက္ခတပ်တော် (AA)၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) စသည့် မဟာမိတ်များနှင့်တွဲ၍ မြင်ရသည်။ ၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းနှင့် ၂၀၂၄ ခုနှစ် နှစ်ဆန်းပိုင်းတွင် KIA ၏…