မိုးကုတ်မှာ ဖြစ်နေတဲ့ ပြဿနာက တော်လှန်ရေးတစ်ခုလုံးအတွက် အရမ်းအရေးကြီးပါတယ်။ PDF နဲ့ TNLA မဟာမိတ်တွေ အချင်းချင်း ထိပ်တိုက်မတွေ့အောင်၊ ရန်ဘက် မဖြစ်အောင် လုပ်ဖို့ဆိုရင် နိုင်ငံရေးအရရော၊ စစ်ရေးအရပါ စီစဉ်ရပါမယ်။ အရင်ဆုံး လုပ်သင့်တာက မဟာမိတ် ခေါင်းဆောင်တွေ အချင်းချင်း ချက်ချင်း တွေ့ဆုံဆွေးနွေးဖို့ပါ။ အရေးအကြီးဆုံးက NUG/PDF ခေါင်းဆောင်တွေနဲ့ TNLA/ညီနောင်မဟာမိတ်သုံးဖွဲ့ ခေါင်းဆောင်တွေ တွေ့ဆုံ စကားပြောဖို့ပါပဲ။ မိုးကုတ် အရေးကိုပဲ အာရုံစိုက်မယ့် ထိပ်သီး အဖွဲ့တစ်ဖွဲ့ ဖွဲ့ရပါမယ်။ စစ်ရေးခေါင်းဆောင်၊ နိုင်ငံရေးခေါင်းဆောင်တွေ အကုန် ပါရပါမယ်။ စစ်တပ်ကို ဖြုတ်ချဖို့ ဆိုတဲ့ အဓိက ပန်းတိုင်ကို နှစ်ဖက်လုံးက အတိအလင်း ကြေညာရပါမယ်။ မိုးကုတ်ကိစ္စဟာ အဓိကပန်းတိုင်ကို မထိခိုက်ဘဲ ဖြေရှင်းရမယ့် ပြဿနာအဖြစ် သတ်မှတ်ရမယ်။…
မိုးကုတ်မြို့ကိစ္စက မြေပြင်မှာ အခုတလော အရမ်းရှုပ်ထွေးပြီး ပြောင်းလဲ နေပါတယ်။ နောက်ဆုံး သတင်းတွေအရ TNLA က အကြမ်းဖက် စစ်တပ်နဲ့ တရုတ် ကြားဝင်စေ့စပ်တဲ့ အပစ်ရပ်ကို သဘောတူလိုက်တယ်။ ဒါကြောင့် မိုးကုတ်နဲ့ မိုးမိတ်ကနေ တပ်တွေကို ဆုတ်ဖို့ သူတို့ သဘောတူခဲ့တယ်။ မိုးကုတ်ကို TNLA နဲ့ ပူးပေါင်းတိုက်ခိုက် သိမ်းပိုက်ခဲ့တဲ့ ဒေသခံ PDF အဖွဲ့တွေကတော့ TNLA ဆုတ်သွားပေမယ့် မြို့ကို ဆက်ပြီး ကာကွယ်သွားမယ်၊ ထိန်းချုပ်ထားမယ် လို့ တရားဝင် ပြောထားတယ်။ တချို့သတင်းတွေမှာဆို TNLA ထွက်သွားတဲ့နေရာတွေကို PDF တွေက ဝင်ပြီး နေရာယူထားတယ်လို့ သိရတယ်။ အရေးကြီးဆုံးက TNLA ရဲ့ သဘောတူညီချက်ထဲမှာ သူတို့ ဆုတ်ခွာချိန်မှာ စစ်ကောင်စီတပ်တွေကို…
မန္တလေးက ရပ်ကွက်တွေထဲမှာ တချို့ စစ်မှုထမ်းမပါချင်ရင် ပျူလူမိုက်တွေ၊ အရပ်ခေါ် ဇိုးထဲဝင်ပြီး စခတွေ ကိုယ်စား လှည့်ကင်းလှည့်၊ လောင်းကစားဝိုင်း ပိုက်ဆံကောက် လုပ်ပေးရတယ်။ W ကားတွေနဲ့ ထောင်ထောင် ထောင်ထောင် လုပ်လို့ရလို့ အရပ်ထဲ ကောင်းကောင်းမွန်မွန် လုပ်မစားချင်တဲ့ ကောင်တွေလည်း ဝင်ကြတယ်။ အရက်ဆိုင်မှာဆို တရုန်းရုန်းပဲ အဖွဲ့လိုက်ကြီး။ သူတို့အခေါ် ခြံထဲသွားမယ်လို့ ပြောကြတယ်။ ခြံဆိုတာ ခြံကျယ်ကြီးတွေမှာ စုရပ်လုပ်ပြီး ဇိုးတွေ၊ ပျုတွေ စတည်းချကြတာ။ မန္တလေးမှာ ခြံတွေ တော်တော်များတယ်။ အစက ငွေရ ချောင်တာရယ် စစ်မှုထမ်း မပါချင်တာရယ် ဆိုပေမယ့် နောက်ပိုင်း ရပ်ကွက်ထဲက အလုပ်အကိုင်မရှိ၊ လက်ကြောမတင်း အရက်သမား၊ ဆေးသမားတွေ အများကြီး ၀င်ကြတယ်။ မြို့ထဲတင် တောင်ပတ်မြောက်ပတ် လူစု…
ဘီဂျီအက်ဖ်က တရုတ် ၃၀၀ ကျော်ကို ထုတ်ပြတယ်။ မြန်မာထောင်ချီ ပါပါတယ်။ ဒါပေမဲ့ ရွှေကုက္ကိုလ်ထဲမှာ ကိုယ်တိုင် ကျားဖြန့်လုပ်ခဲ့ဖူးသူရဲ့ ပြောဆိုချက်အရဆို ခု ထုတ်ပြတဲ့ လူပမာဏဟာ တကယ်လုပ်နေတာထက် ၁၀ ပုံ ၁ ပုံလောက်ပဲ ရှိပါလိမ့်မယ်။ တချိန်လုံး “ကျနော်တို့ကတော့ မြေကိုပဲ ငှားစားတာပါ၊ ဘာမှ မသိပါဘူး” လို့ ပြောနေပေမဲ့ ရှဲကျီကျန်းရဲ့ ‘ရွှေကုက္ကိုလ် ရထိုက်’ ကုမ္ပဏီဟာ ကျားဖြန့်အလုပ်သမားတယောက်စီအတွက် တလစာ ဘတ် ၂ ထောင်စီ ဘီဂျီအက်ဖ်ကို ပေးရပါတယ်။ သဘောက ကျားဖြန့်အလုပ်သမားတွေဆီကနေ ဘီဂျီအက်ဖ်က တိုက်ရိုက်ငွေရနေတယ်၊ ငွေယူနေတဲ့ဆိုတဲ့ သဘောပါပဲ။ သူတို့ ရင်းနှီးမြှုပ်နှံထားတဲ့ တခြား သွင်းကုန်/ထုတ်ကုန် အမည်ခံ ကုမ္ပဏီတွေကနေ ဘယ်လိုရနေသလဲ၊ ဘယ်လိုစီးပွားလုပ်ကြသလဲ သိနိုင်ဖို့အလွန်ခက်ပါတယ်။…