အသက် ၁၈ နှစ်အရွယ် ကလေးအမေကို အကြမ်းဖက်စစ်သား ၃ဦး အုပ်စုဖွဲ့ အဓမ္မပြုကျင့်ကာ ဓားဖြင့် ၆ ချက် ထိုးသတ်ခဲ့ ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်မှာ စစ်ကြောင်းဝင် အကြမ်းဖက်စစ်ကော်မရှင်တပ်သားတွေက အသက် ၁၈နှစ်အရွယ် အမျိုးသမီးငယ် ၁ယောက်ကို အုပ်စုဖွဲ့ အဓမ္မပြုကျင့်ပြီး ဓားနဲ့ ၆ ချက် မသေမချင်း ထိုးသတ်ထားခဲ့တယ်လို့ Thawthikho တပ်ဖွဲ့တာဝန်ရှိသူက ပြောပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၄ရက် ညနေပိုင်းက တောင်ငူမြို့ကနေ သံတောင်ကြီးမြို့ကို ထွက်ခွာလာတဲ့ (ဘုရင့်နောင်တပ်မြို့) သင်တန်းကျောင်း လုံခြုံရေးနဲ့ ပူးပေါင်းတပ် ၁၂၄ တပ်ရင်းရဲ့ အကြမ်းဖက်စစ်သားတွေဟာ စနေကုန်းကျေးရွာအတွင်း ဝင်ရောက် ညအိပ်တပ်စွဲခဲ့ပါတယ်။ အဲ့ဒီလို တပ်စွဲထားချိန် စစ်ကြောင်းထဲက အကြမ်းဖက်စစ်သား ၃ယောက်ဟာ ကျေးရွာနေ အသက် ၁၈နှစ်အရွယ်…
ကန့်ဘလူမြို့နယ်နှင့် ခင်ဦးမြို့နယ်စပ်တွင် စစ်ရေးပြင်းထန်နေပြီး တပ်မ ၃၃ မှ စစ်သားများပါသော စစ်ကြောင်းတစ်ခုလုံး ပျက်သည်အထိ တိုက်ခိုက်ခံရသဖြင့် စစ်တပ်က နှစ်ရက်ဆက် လေကြောင်းမှ တုံ့ပြန်တိုက်ခိုက်နေသည်။ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်နှင့် ခင်ဦးမြို့နယ်စပ်တွင် မြေပြင်စစ်ကြောင်းထိုးလာသည့် စစ်ကော်မရှင် စစ်ကြောင်းကို စုဖွဲ့မှုပျက်သည်အထိ တိုက်ခိုက်ခံခဲ့ရပြီးနောက် မြို့နယ်နှစ်ခု နယ်စပ်ကို ယနေ့ (နိုဝင်ဘာ ၁၄ ရက်နေ့) ထိ နှစ်ရက်ဆက် လေကြောင်းတိုက်ခိုက်မှုများ လုပ်နေကြောင်း တော်လှန်ရေးအဖွဲ့များထံက သိရသည်။ နိုဝင်ဘာလ ၁၂ ရက်နေ့က ကန့်ဘလူမြို့နယ်၊ တောင်ဘက် ဝက်တိုးရွာမှ ထွက်လာသော တပ်မ (၃၃) လက်အောက်ခံနှင့် ပြည်သူ့စစ် (ပျူစောထီး) အင်အား ၁၀၀ ကျော်ပါ စစ်ကြောင်းသည် ခင်ဦးမြို့နယ်ဘက်သို့ ဦးတည်စစ်ကြောင်းထိုးလာချိန် ယင်းတိုက်ရွာအနီး တော်လှန်ရေးတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့သည်။…
တနင်္သာရီတိုင်းရှိ ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတခုကို ၂၀၂၅ ခုနှစ်အစောပိုင်းတွင် လက်လွှတ်ထားရသည့် စစ်ကော်မရှင်တပ်သည် ၂၀၂၅ ခုနှစ် နှစ်ကုန်ပိုင်းတွင် ဒုတိယမြောက်အဖြစ် တနင်္သာရီ- မောတောင်လမ်းကြောင်းကို ထပ်မံလက်လွှတ်လိုက်ရသည်။ တနင်္သာရီတိုင်းတွင် ထိုင်း- မြန်မာနယ်စပ် အဓိက ကုန်သွယ်ရေးလမ်းကြောင်းအဖြစ် အသုံးပြုသည့်နေရာ သုံးခုရှိပြီး ၎င်းတို့မှာ ထီးခီး၊ မောတောင်နှင့် ကော့သောင်းတို့ဖြစ်သည်။ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်များက ၂၀၂၅ ခုအစောပိုင်းတွင် ထီးခီး နယ်စပ်လမ်းကြောင်းပေါ်ရှိ စစ်ကော်မရှင်အထိုင်ချရာ ဗျူဟာစခန်းများနှင့် နယ်စပ်တပ်စခန်းများအား တခုပြီးတခု တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး ထီးခီးနယ်စပ်မှစ၍ ထားဝယ်မြို့နယ် မေတ္တာမြို့အနီး ကျောက်မဲတောင်မရောက်ခင်အထိ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတခုလုံးကို ၂၀၂၅ ခုနှစ် နှစ်လယ်ပိုင်းကစ၍ သိမ်းပိုက်ထိန်းချုပ်ထားသည်။ ယခုအခါ တနင်္သာရီတိုင်းအတွင်းရှိ နောက်ထပ် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတခုဖြစ်သည့် မောတောင်မြို့နှင့် မောတောင်- သိန်ခွန်း လမ်းဆုံအထိ လမ်းကြောင်းကိုပါ…
“ကိုကိုဦးကိုယ်တိုင် လားရှိုးမှာလာညှိတာ။ မရလို့ ပြန်သွားပါပြီ။ နောက်ဆက်တွဲကဘာတွေဆက်ဖြစ်မလဲတော့မသိ။ ကိုးကန့်(MNDAA)တွေကတော့ အင်အားပိုများလာတယ်” လားရှိုးမြိို့နားမှာတပ်စွဲထားတဲ့ MNDAA တပ်တွေဆုတ်ပေးဖို့ စစ်အုပ်စုရဲ့အမှတ်(၅)စစ်ဆင်ရေးအထူးအဖွဲ့မှုးကိုယ်တိုင် လားရှိုးမြို့အထိလာရောက်တောင်းဆိုပေမယ့် ငြင်းပယ်ခံရပြီး ဆွေးနွေးမှုပျက်သွားသလို MNDAA ကလည်း အင်အားတိုးချထားတယ်လို့ မြေပြင်သတင်းမြစ်တွေကပြောပါတယ်။ လားရှိုးမြို့ကနေ မန္တလေးမြို့ဘက်ကိုတည်တဲ့ ပြည်ထောင်စုလမ်းမပေါ်မှာရှိတဲ့ နောင်မွန်နဲ့ တန့်ယန်း၊မိုင်းရယ် မြို့ဖက်ကိုသွားတဲ့- နမ့်ပေါင်-ဟိုယ ရွာတွေမှာ MNDAA က တပ်စွဲထားတာကို နိုဝင်ဘာလ ၁၁ရက်နေ့က လားရှိုးမြို့၊ ဆင်နှစ်ကောင်ဟိုတယ် ဆွေးနွေးပွဲမှာ စစ်ကောင်စီက ဆုတ်ခွာခိုင်းတာလို့ စုံစမ်းသိရပါတယ်။နောင်မွန်- နမ့်ပေါင်-ဟိုယ ရွာတွေဟာတစ်ဆက်တည်းရှိနေတာဖြစ်ပြီး MNDAAက ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ သိမ်းယူခဲ့တဲ့နယ်မြေထဲမှာပါဝင်ပါတယ် ။ အခုချိန်ချိန်အထိလည်းတပ်ဆွဲထားတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ဧပြီလမှာ တရုတ်အစိုးရရဲ့ ကြားဝင်စွက်ဖက်မှုကြောင့် MNDAA က လားရှိုးမြို့ကို ကျည်တချက်မဖောက်ပဲပြန်လွှဲပေးခဲ့ရပါတယ်။အခုထပ်ပြီး နောင်မွန်- နမ့်ပေါင်-ဟိုယ ရွာတွေကနေ…
နာဇီအာဏာရှင် ဟစ်တလာဟာ ဝှေးစေ့တလုံးတည်းရှိတဲ့ “နတ်ကွပ်” ဖြစ်နိုင်တဲ့အပြင် Micropenis လို့ခေါ်တဲ့ လိင်တံသေးငယ်တဲ့ ရောဂါလက္ခဏာပါ ရှိနိုင်တယ်လို့ DNA လေ့လာမှုတခုက ဖော်ပြပါတယ်။ ဆေးပညာအရ သူ့မှာ လိင်အင်္ဂါဖွံ့ဖြိုးမှုကို ဟန့်တားတဲ့ ကဲလ်မန်းဆင်ဒရုန်း (Kallmann syndrome) ဆိုတဲ့ ရှားပါးမျိုးဗီဇရောဂါ ရှိနေနိုင်ပြီး ဒီရောဂါရှိသူ ၁၀ ရာခိုင်နှုန်းဟာ လိင်တံသေးငယ်လေ့ ရှိတယ်လို့ ဆိုပါတယ်။ ၁၉၄၅ ခုနှစ်တုန်းက ဟစ်တလာ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားတဲ့ မြေအောက်ဗုံးခိုကျင်းထဲက ဆိုဖာကနေ အမေရိကန်ဗိုလ်မှူးကြီးတယောက် ဖြတ်တောက်ယူထားတဲ့ သွေးပေနေတဲ့ အဝတ်စကနေ DNA ရယူစစ်ဆေးခဲ့တာ ဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ်ကမှ ရှာဖွေတွေ့ရှိခဲ့တဲ့ ၁၉၂၃ ခုနှစ် ဆေးစစ်ချက်မှာလည်း ဟစ်တလာဟာ နတ်ကွပ် ဖြစ်တယ်ဆိုတာ ဖော်ပြထားပါတယ်။ သုတေသနကို ဦးဆောင်တဲ့…