Tag: News
-

ဗိုလ်ချုပ် ထွန်းမြတ်နိုင်ကို ဗုံးကြဲလုပ်ကြံဖို့ ကြံ့ခိုင်ရေးပါတီက ဦးလှဆွေ ကြိမ်းဝါး
ရခိုင်ပြည်နယ်တခုလုံးနီးပါးကို သိမ်းပိုက်ထိန်းချုပ်ထားပြီဖြစ်တဲ့ အာရက္ခတပ်တော် (AA) ရဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရှိတဲ့နေရာတွေကို လေကြောင်းကနေဗုံးကြဲပြီး တပ်တခုလုံးကိုပါ အမြစ်ဖြတ်မယ်လို့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ (USDP) ရဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်း ဘူးလက်လှဆွေက ကြိမ်းဝါးနေပါတယ်။ မြန်မာစစ်တပ် စစ်ရှုံးနေတဲ့အချိန်မျိုးတွေမှာ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့ကြီးတွေရဲ့ ဌာနချုပ်တွေကို တိုက်ခိုက်ဖို့ လူမှုကွန်ရက်မှာ ထွက်ပြောလေ့ရှိတဲ့ သူက ရှမ်းမြောက်မှာ အပစ်ရပ်ပေမယ့် ရခိုင်က ထိုးစစ်တွေ ဆက်ရှိနေချိန် တစ်တော့လူမှုစာမျက်နှာကနေ အခုလိုပြောဆိုလာတာပါ။ AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင် ရှိနေသည့်နေရာကို ဗုံးကျဲပြီး သူပုန်မှန်သမျှ အပြတ်ချ အမြစ်ဖြုတ်ရမည်ဟု ကြံ့ဖွတ်ပါတီ၏ နေပြည်တော်နယ်မြေ ဥက္ကဋ္ဌ၊ အမတ်လောင်း ဘူးလက်လှဆွေ ကြွေးကြော် အာရက္ခတပ်တော် AA ၏ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင် ရှိနေသည့်နေရာကို ဗုံးကျဲပြီး သူပုန်မှန်သမျှ အပြတ်ချ အမြစ်ဖြုတ်ရမည်ဖြစ်ကြောင်း…
-

မင်းပြင်တိုက်ပွဲ နောက်ဆက်တွဲ
ဝါဒဖြန့်ဓာတ်ပုံရိုက်နေတဲ့ စကစတွေ AA လက်နက်ကြီးကြောင့် အစုလိုက် အပြုံလိုက် သေဆုံး ကျောက်ဖြူမြို့နယ်၊ မင်းပြင် မိုးလေဝသရေဒါစခန်းမှာ ဝါဒဖြန့်ဓာတ်ပုံရိုက်နေတဲ့ အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေကို AA က လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် စကစတပ်ဖွဲ့ဝင် အများအပြား သေဆုံးခဲ့တယ်လို့ သိရပါတယ်။ AA တပ်ဖွဲ့ဝင်တွေ ဆုတ်ခွာပေးလိုက်တာကြောင့် စစ်ကောင်စီတပ်ဖွဲ့တွေက ဝင်ရောက်လာပြီး သူတို့ သိမ်းပိုက်နိုင်ကြောင်း ဝါဒဖြန့်ဖို့အတွက် တန်းစီဓာတ်ပုံရိုက်နေစဉ် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အစုလိုက်အပြုံလိုက်သေဆုံးခဲ့တယ်လို့ ရခိုင်ဒေသသတင်းမီဒီယာတွေနဲ့ သတင်းရင်းမြစ်တွေက ဖော်ပြထားပါတယ်။ ထွက်ပေါ်လာတဲ့ ရုပ်သံဖိုင်မှာလည်း မင်းပြင်ရွာရှိ မိုးလေဝသရေဒါစခန်း ရှေ့မှာ တန်းစီဓာတ်ပုံရိုက်နေစဉ် လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အများအပြား သေဆုံးခဲ့တာ တွေ့ရပါတယ်။ အဆိုပါ ဖြစ်စဉ်နဲ့ပတ်သက်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြားသေဆုံးခဲ့သော်လည်း သေဆုံးထိခိုက်မှု အသေးစိတ်အခြေအနေတွေနဲ့ ဘယ်လိုမျိုး…
-

ရေးမြို့နယ်၊ လိပ်ပုတ်ရွာကို စစ်တပ် ဝင်လာသဖြင့် ရေးဘီလူးတပ်ဖွဲ့က ဒေသခံများကို ကယ်ထုတ်
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ လိပ်ပုတ်ကျေးရွာကို နိုဝင်ဘာ ၁၅ ရက်နေ့မှာ စစ်ကောင်စီတပ် စစ်ကြောင်းထိုး ဝင်ရောက်လာတာကြောင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဒေသခံတွေကို ကယ်ထုတ် ပြောင်းရွှေ့ပေးခဲ့တယ်လို့ ရေးဘီလူးတော်လှန်ရေးတပ်ဖွဲ့ဆီက သိရပါတယ်။ လိပ်ပုတ်ကျေးရွာကို စစ်ကြောင်းထိုး ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်လို့ လူနေအိမ်တလုံး၊ ဆိုင်ကယ်ပြင်ဆိုင်နဲ့ ဆိုင်ကယ် ၂ စီး မီးလောင်ပျက်စီးခဲ့သလို သက်ကြီးရွယ်အို၊ ကလေးတွေနဲ့ ဒေသခံတချို့ကို ကူညီကယ်ထုတ်ပေးခဲ့တယ်လို့ ဆိုပါတယ်။ ရေးဘီလူးတပ်ဖွဲ့တာဝန်ရှိသူက “လိပ်ပုတ်ကျေးရွာကို စစ်ကြောင်းထိုးလာတာကြောင့် သွားရောက်ပစ်ခတ်ခဲ့တာ နှစ်ဖက် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့လို့ ပိတ်မိနေတဲ့ ဒေသခံတွေကို အဓိက ကူညီကယ်ထုတ်ပေးပြီး အချိန်ပိုင်းရွှေ့ပြောင်းပေးခဲ့တာ” လို့ ပြောပါတယ်။ နိုဝင်ဘာ ၁၄ ရက်နေ့ကလည်း ရေးမြို့နယ်၊ ရွာကလေးကျေးရွာကို စစ်ကောင်စီက စစ်ကြောင်းထိုး ဝင်ရောက်လာတာကြောင့် ရေးဘီလူးတပ်ဖွဲ့နဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး…
-

မြင်းခြံမြို့နယ်ရှိ စစ်တပ် ဂိတ်စခန်းကို ဝင်ရောက် တိုက်ခိုက်မှု စစ်သား ၇ ဦးသေဆုံးပြီး စစ်သားအားလုံး စခန်းစွန့်ခွာထွက်ပြေး (ရုပ်/သံ)
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်ရှိ အကြမ်းဖက် စစ်တပ် ဂိတ်စခန်းကို ဝင်ရောက် တိုက်ခိုက်ရာ စစ်သား ၇ ဦးသေဆုံးပြီး စစ်သားအားလုံး စခန်းစွန့်ခွာထွက်ပြေးသွားကြောင်း ထနောင်းမြေစစ်ကြောင်း မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။ နို၀င်ဘာလ ၁၃ ရက်နေ့ နံနက် ၆ နာရီ ၁၅ မိနစ်ခန့်အချိန် မြင်းခြံမြို့နယ်၊ ဂေါင်းကွဲကျေးရွာနှင့် ကန်ရွာကျေးရွာ အကြားရှိ အကြမ်းဖက် စစ်တပ် ဂိတ်စခန်းကို ထနောင်းမြေ စစ်ကြောင်းနှင့် မဟာမိတ်တပ်ဖွဲ့များက ၀င်ရောက် တိုက်ခိုက်ခဲ့ကြောင်း၊ ထိုတိုက်ခိုက်မှုအတွင်း ဂိတ်စခန်းကို ဒရုန်းဗုံးများ ကျရောက်ပေါက်ကွဲခဲ့ပြီး မြေပြင်မှလည်း တော်လှန်ရေးတပ်ဖွဲ့များက စစ်ကြောင်း ၂ ကြောင်းခွဲ၍ ဂိတ်စခန်းအတွင်းထိ ၀င်ရောက် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ထို စခန်းတွင် အကြမ်းဖက် စစ်သား ၁၅ ဦးဖြင့်…
-

နေပြည်တော်အထိ တော်လှန်ရေးတပ်ဖွဲ့များ တိုက်ကွက်ဖော်ဆောင်လာမှုအပေါ် စည်းပေါက်တာ
နေပြည်တော်အထိ တော်လှန်ရေးတပ်ဖွဲ့များ တိုက်ကွက်ဖော်ဆောင်လာမှုအပေါ် စည်းပေါက်တာလို့ စစ်လော်ဘီသုံးသပ်ပြီး CDM ဗိုလ်ကြီးဇင်ယော်ကတော့ စစ်ရုံးချုပ်ခြောက်ခြားနေလောက်ပြီလို့ဆို နေပြည်တော် နယ်မြေအထိ တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ကွက်ဖော်ဆောင်လာမှုအပေါ် စည်းပေါက်တာလို့ စစ်လော်ဘီတစ်ဦးက သုံးသပ်ပြောဆိုလိုက်ပြီး CDM ဗိုလ်ကြီးဇင်ယော်ကတော့ စစ်ရုံးချုပ် ခြောက်ခြားနေလောက်ပြီလို့ သုံးသပ်ပြောဆိုလိုက်ပါတယ်။ နေပြည်တော် ဥတ္တရသီရိမြို့နယ်က စစ်အုပ်စု၏စစ်တပ်လုံခြုံရေးကင်းစခန်းကိုပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)က နိုဝင်ဘာ ၁၂ ရက်ကဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့သလိုနိုဝင်ဘာ ၁၃ ရက်နေ့မှာလည်း ထပ်မံပြီး အဲဒီစခန်းကို ရှင်းလင်းရေး လုပ်ဆောင်ခဲ့ပါတယ်။ အဲဒီ စခန်းဟာ နေပြည်တော်တပ်ကုန်းမြို့နယ်အတွင်းမှာရှိတဲ့ ရတနာမြေအခြေပြုလုံခြုံရေး ကင်းစခန်းတစ်ခုဖြစ်ပြီးစခန်းကို ရှင်းလင်းရေးလုပ်စဉ်မှာ လက်နက်ခဲယမ်းနဲ့ စစ်အသုံးအဆောင် ပစ္စည်းတွေကို သိမ်းဆည်းရမိခဲ့တယ်လို့ PLA က သတင်းထုတ်ပြန်ပါတယ်။ အလားတူ နေပြည်တော်၊တပ်ကုန်းမြို့နယ်က “လေးက” တံတားစခန်းဂိတ်ကိုလည်း တော်လှန်ရေး တပ်ဖွဲ့တွေကဒီလ ၁၁ ရက်ညအချိန်က ဝင်ရောက်တိုက်ခိုက်ရာမှာ စစ်အုပ်စု…