Tag: News
-

မင်းအောင်လှိုင်လက်ထက် မြန်မာနိုင်ငံက ၂၀၂၄ ခုနှစ်အတွက် အဆင်းရဲဆုံးသော အာရှနိုင်ငံ ၁၀ ခုစာရင်းတွင် တတိယ နေရာချိတ်
အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်လက်ထက်တွင် မြန်မာနိုင်ငံမှာ ၂၀၂၄ ခုနှစ်အတွက် အဆင်းရဲဆုံးသော အာရှနိုင်ငံ ၁၀ ခုစာရင်းတွင် တတိယနေရာ ရရှိကြောင်း World Population Review ၏ အစီရင်ခံထုတ်ပြန်ချက်အရ သိရှိရသည်။ အာရှဒေသသည် ကြီးမားကျယ်ပြန့်သော စီးပွားရေးအခွင့်အလမ်းများစွာရှိသော်လည်း အချို့သောနိုင်ငံများသည် ဆင်းရဲမွဲတေမှုကြောင့် ကြီးမားသော စိန်ခေါ်မှုများကို ရင်ဆိုင်နေရကြောင်း၊ အဆင်းရဲဆုံးနိုင်ငံများတွင် လူတစ်ဦးချင်း၏တစ်နှစ် GNI per capita (Gross National Income) ဝင်ငွေမှာ နိမ့်ကျနေကြောင်း အစီရင်ခံစာက ဆိုသည်။ World Population Review အစီရင်ခံစာအရ အာဖဂန်နစ္စတန်သည် အာရှနိုင်ံတွင် အဆင်းရဲဆုံးနိုင်ငံဖြစ်ပြီး GNI per capita တစ်ဦးချင်း ဝင်ငွေမှာ ၂၀၂၄ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၁၆၉၀ သာရှိကြောင်း၊…
-

စစ်သားစုဆောင်းပေးနေသည့် အုပ်ချုပ်ရေးမှူးအချက်အလက်များကို ပြည်သူများက ဖော်ထုတ်နေ
ရန်ကုန်တွင် အာဏာသိမ်းစစ်အုပ်စုနှင့် ပူးပေါင်းပြီး ပြည်သူလူထုကို အတင်းအဓမ္မဖိနှိပ်၊ အတင်းအဓမ္မ စစ်သားစုဆောင်းပေးနေသည့် အုပ်ချုပ်ရေးမှူးအချက်အလက်များကို ပြည်သူများက ဖော်ထုတ်နေ ရန်ကုန်တွင် အာဏာသိမ်းစစ်အုပ်စုနှင့် ပူးပေါင်းပြီး ပြည်သူလူထုကို အတင်းအဓမ္မဖိနှိပ်၊ အတင်းအဓမ္မစစ်သားစု ဆောင်းပေးနေသည့်အုပ်ချုပ်ရေးမှူးအချက်အလက်များကို ပြည်သူများက ဖော်ထုတ်နေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ ဒေသခံများ၏ပေးပို့ချက်အရ ရွှေပြည်သာမြို့နယ်ရှိ အမှတ် ၅ ရပ်ကွက်မှ ဇွန်ကို ခ အကြမ်းဖက် စစ်ကောင်စီနှင့်ပူးပေါင်းပြီး ရဲသတင်းပေးတစ်ဦးအနေဖြင့် ဂျွန်ကိုက ရပ်ကွက်အတွင်းရှိ ပြည်သူများအပေါ် အကြမ်း ဖက်မှုတွေကို လုပ်ဆောင်နေသည့်အပြင် ရပ်ကွက်အတွင်းရှိ လူမိုက်ရမ်းကားများဖြင့် ပူးပေါင်းကာ အတင်းအဓမ္မ စစ်သားစုဆောင်းနေသူတစ်ဦး ဖြစ်ပါတယ်။ ဒါအပြင် လှိုင်သာယာမြို့နယ်နေ အမှတ် ၅ ရပ်ကွက်၊ သီရိဇေယျလမ်းနေ အုပ်ချုပ်ရေးမှူးဟောင်းညွန့်တင် နှင့် ၎င်း၏ ဇနီးတို့က စစ်တပ်အမာခံထောက်ခံသူများ ဖြစ်ပြီး…
-

စစ်မှုထမ်းစာရင်း လိုက်လံကောက်ယူစဉ် မီးရှို့ခံရသည့် ရာအိမ်မှူး ကိုနှုတ်ခမ်းမွှေး မီးလောင်ဒဏ်ရာဖြင့် ဆေးကုသနေစဉ် သေဆုံး
ဒေါပုံတွင် စစ်မှုထမ်းစာရင်း လိုက်လံကောက်ယူစဉ် မီးရှို့ခံရသည့် ရာအိမ်မှူး ကိုနှုတ်ခမ်းမွှေး မီးလောင်ဒဏ်ရာဖြင့် ဆေးကုသနေစဉ် သေဆုံးသွားခဲ့ ရန်ကုန်တိုင်း၊ ဒေါပုံမြို့နယ်၊ ကြည်စုရပ်ကွက်တွင် စစ်မှုထမ်းစာရင်း ပြုစုရေး သန်းခေါင်စာရင်း မိတ္တူများ လိုက်လံတောင်းခံနေသည့် ရပ်ကွက်အုပ်ချုပ်ရေးမှူး အဖွဲ့ကို ဓာတ်ဆီလောင်း၍ မီးရှို့ တိုက်ခိုက်ခဲ့သော ဖြစ်စဉ်အတွင်း မီးလောင်ဒဏ်ရာရရှိခဲ့သော ရာအိမ်မှူး ကိုနှုတ်ခမ်းမွှေးမှာ ဆေးကုသမှု ခံယူနေစဉ် သေဆုံးသွားကြောင်း ဒေသပြည်သူများက ပြောဆိုသည်။ ဖေဖော်ဝါရီလ ၂၆ ရက်နေ့ နံနက်ပိုင်းတွင် မီးလောင်ဒဏ်ရာများဖြင့် ဆေးရုံတက်နေသော ရာအိမ်မှူး ကိုနှုတ်ခမ်းမွှေးမှာ ပိုးဝင်၍ ပြင်းပြင်းထန်ထန် ဖျားကာ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။ “ကြည်စုရပ်ကွက်က ဓာတ်ဆီလောင်း မီးရှို့ခံရတဲ့ စစ်မှုထမ်းရန် စာရင်း လိုက်ကောက်တဲ့ ရာအိမ်မှူး ကိုနှုတ်ခမ်းမွှေး မီးလောင်ဒဏ်ရာတွေနဲ့ သေပြီ။ ၂၆…
-

ဓညဝတီရေတပ်ဌာနချုပ် တိုက်ခိုက်ခံနေရပြီး စစ်ကောင်စီတပ်သားအချို့ ဖမ်းဆီးခံရ
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်ရှိ ဓညဝတီရေ တပ်ဌာနချုပ်ကို အာရက္ခတပ်တော် AA က ထိုးစစ်ဆင် တိုက်ခိုက်နေပြီး တိုက်ပွဲအပြင်းအထန်ဖြစ်ပွါးနေကြောင်း သိရသည်။ စီမော်ကျေးရွာရှိ ရေတပ်ဌာနချုပ်၏ ကာကင်းများကို AA ကထိုးစစ်ဆင်တိုက်ခိုက်နေရာ ကာကင်းစခန်းအတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးကျော်ကို AA က ယနေ့ ဖေဖော်ဝါရီ ၂၇ ရက်နေ့တွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ “ရေတပ်ဌာနချုပ်ကို အဓိကထားထိုးစစ်ဆင်နေတာ။ အခုက ကာကင်းစခန်းတွေကို အရင်ဖြုတ်တဲ့သဘောပဲ။ စစ်တပ်ဘက်က သေတဲ့သူတွေများတယ်။ အရှင် ဖမ်းဆီးရမိတဲ့သူတွေလည်းရှိတယ်”ဟု ကျောက်ဖြူ ဒေသခံတစ်ဦးက ပြောသည်။ ရေတပ်ဌာနချုပ် တိုက်ခိုက်ခံနေရချိန်တွင် စစ်ကောင်စီက ကြည်း၊ရေ၊လေမှ အပြင်းအထန်ခုခံနေပြီး ရေ တပ်မှ တိုက်ရေယာဉ် တစ်စီးထက်မနည်းရောက်ရှိနေပြီး လက်နက်ကြီးများဖြင့် ပစ်ခတ်နေကြောင်း သိရသည်။ ယမန်နေ့ ဖေဖော်ဝါရီ ၂၆…
-

ရွှေဘိုမြို့နယ်၊ နှမစားရစ်ရွာသို့ စစ်တပ်က စစ်ကြောင်းထိုးပြီး အရပ်သားပြည်သူ ဦးအောင်စိုးကို လည်လှီးသတ်ဖြတ်
ရွှေဘိုမြို့နယ်၊ နှမစားရစ်ရွာသို့ စစ်တပ်က စစ်ကြောင်းထိုးပြီး အရပ်သားပြည်သူ ဦးအောင်စိုးကို လည်လှီးသတ်ဖြတ်ကာ အသက် ၉၀ နှစ်အရွယ် အဘွားနွဲ့ကြည်ကိုလည်း မီးရှို့သတ် ၊ စစ်တပ်၏ မီးရှို့မှုကြောင့် နေအိမ် ၁၀၀ ခန့်ပြာကျ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ နှမစားရစ်ရွာသို့ အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုး ဝင်ရောက်စီးနင်းပြီး အရပ်သားပြည်သူ ဦးအောင်စိုးနှင့် အသက် ၉၀ နှစ်အရွယ် အဘွားနွဲ့ကြည်တို့ကို သတ်ဖြတ်ကာ နေအိမ် ၁၀၀ ခန့်ကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံပြည်သူများက ပြောဆိုသည်။ ယမန်နေ့ ဖေဖော်ဝါရီလ ၂၇ ရက်နေ့ နံနက်ပိုင်း ရွှေဘိုမြို့နယ်၊ နှမစားရစ်ရွာကို ဇီးဖြူကုန်းရွာမှ အကြမ်းဖက် စစ် သားများနှင့် ပျူစောထီးများက အင်အား ၆၀ ခန့်ဖြင့် ဝင်ရောက် စီးနင်းခဲ့ကြောင်း၊…