Tag: News
-
ကျောက်ဖြူမှာ AA ထိုးစစ် အမှတ် (၃၂) ရဲတပ်ရင်းနဲ့ မိုင်ဝက်အကွာသို့ ရောက်ရှိလာ
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်ရှိ အမှတ်(၃၂)ရဲတပ်ရင်းနှင့် မိုင်ဝက်ခန့်အကွာသို့ အာရက္ခတပ်တော်(AA)၏ ထိုးစစ်ရောက်ရှိနေပြီဖြစ်ကြောင်း သတင်းရရှိသည်။ ကျောက်ဖြူမြို့နယ်၊ ဂုံးချွိန်တိုက်နယ်ရှိ အမှတ် (၃၂)ရဲတပ်ရင်းနှင့် မိုင်ဝက်ခန့်သာကွာဝေးသည့်နေရာသို့ AA ၏ ထိုးစစ်ရောက်ရှိလာသဖြင့် တိုက်ပွဲပြင်းထန်နေသည်ဟု ကျောက်ဖြူဒေသခံမြေပြင်စစ်ရေးသတင်းရင်းမြစ် အမျိုးသမီးတစ်ဦးက ပြောသည်။ “ရဲတပ်ရင်းက စစ်ကြောင်းတွေလွှတ်တယ်။ AA နဲ့တိုက်ပွဲဖြစ်တယ်။ ပြီးရင် စစ်ကောင်စီဖက်က အကျအဆုံးများလို့ နောက်ဆုတ်ရင်း နောက်ဆုတ်ရင်းနဲ့ တဖြည်းဖြည်း AA ဖက်က ထိုးစစ်က ရဲတပ်ရင်းနဲ့ မိုင်ဝက်အကွာလောက်ရောက်လာတယ်။ တိုက်ပွဲက အသားကုန်ပြင်းတဲ့အနေအထားမှာရှိတယ်” ဟု ပြောသည်။ စစ်ကောင်စီဖက်မှ ဒရုန်းများနှင့် လက်နက်ကြီးများဖြင့် တိုက်ခိုက်နေသည့်ကြားမှ AA ၏ ရဲဝံ့စွန့်စားတိုက်ခိုက်ရဲသည့်သတ္တိကြောင့် ယခုကဲ့သို့ အမှတ်(၃၂)ရဲတပ်ရင်းအနီးဆုံးသို့ရောက်ရှိလာခြင်းဖြစ်သည်ဟု ကျောက်ဖြူဒေသခံစစ်ရေးသတင်းရင်းမြစ် အမျိုးသားတစ်ဦးက ပြောသည်။ “ကျောက်ဖြူမှာ စစ်ကောင်စီဖက်က ဒရုန်းအသုံးအများဆုံးပဲ။ တခြားမြို့ရဲ့တိုက်ပွဲတွေထက် ဒရုန်းများတယ်။…
-

-

အောင်ပြည့်စုံပိုင် Capital Ace ကုမ္ပဏီက စစ်တပ်၏ ဦးပိုင်ကုမ္ပဏီနှင့်ပူးပေါင်း၍ တာယာများ ထုတ်လုပ်ဖြန့်ဖြူးရောင်းချ
မင်းအောင်လှိုင်သား အောင်ပြည့်စုံပိုင် Capital Ace ကုမ္ပဏီက စစ်တပ်၏ ဦးပိုင်ကုမ္ပဏီနှင့်ပူးပေါင်း၍ တာယာများ ထုတ်လုပ်ဖြန့်ဖြူးရောင်းချ၊ စစ်တပ်ထုတ်ကုန်မှန်း မသိစေရန် Joker တာယာဟု အမည်ပြောင်း ထုတ်လုပ်
-

-

လေးမျက်နှာမြို့အနီးသို့ AA ၏ ထိုးစစ် ရောက်ရှိလာ
လေးမျက်နှာမြို့အနီးသို့ AA ၏ ထိုးစစ် ရောက်ရှိလာပြီး စစ်တပ်က ငဝန်တံတားအဆင်း ရွှေသစ်စုရွာတွင် ခံစစ်ပြင်ဆင်နေကာ ပြည်သူများကို ထမင်းနှင့် ဟင်းများ ခြိမ်းခြောက် ချက်ခိုင်း၍ ပို့ဆောင်ခိုင်းနေ