မုံရွာမြို့ နမခ မှ ရိက္ခာပို့ဆောင်ရန် ထွက်လာသည့် စစ်ရေယာဉ် ၂ စီးကို ပစ်ခတ် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၃ ဦးသေဆုံး စစ်ကိုင်းတိုင်း၊ မုံရွာမြို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ ရိက္ခာပို့ဆောင်ရန် ထွက်လာသည့် စစ်ရေယာဉ် ၂ စီးကို ပစ်ခတ် တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၃ ဦးသေဆုံးခဲ့ကြောင်း Nga Moe Yeik Column တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။ ယနေ့ ဒီဇင်ဘာလ ၁၁ ရက်နေ့ နံနက် ၉ နာရီ ၄၅ မိနစ်ခန့်တွင် မုံရွာမြို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် စစ်ရေယာဉ် ၂ စီးဖြင့် အုန်းပင်ဆိပ်ကမ်းမှ ကံကြီးကုန်း ပျူစောထီးရွာနှင့်…
ဧရာဝတီတိုင်း တပ်ရင်းများမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရခိုင်သို့ပို့ဆောင်ခြင်းခံရပြီး သေဆုံးမှုများနေသည့်အတွက် တပ်တွင်းမိသားစုများ ကျေနပ်မှုမရှိဘဲဆူပူ ဧရာဝတီတိုင်းရှိ တပ်ရင်းများမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရခိုင်ပြည်နယ်တိုက်ပွဲများအတွင်းသို့ ပို့ဆောင်ခံရပြီး နောက်တန်းပြန်ခွင့်မရဘဲ သေဆုံးမှုများနေသည့်အတွက် တပ်တွင်းမိသားစုများမှာ ကျေနပ်မှုမရှိဘဲ ဆူပူမှုဖြစ်နေကြောင်း သိရသည်။ စစ်ရေးပြင်းထန်နေသည့် ရခိုင်ပြည်နယ် ဂွမြို့နှင့်နယ် မြေချင်းဆက်စပ်နေသည့် ဧရာဝတီတိုင်းမှ ခြေလျင် တပ်ရင်း၊ ခြေမြန် တပ်ရင်းများ တိုက်ပွဲအတွင်းပို့ ဆောင်ခံရသည့်အတွက် သေဆုံးမှုများ များပြားနေမှုအပေါ် တပ်မိသားစုဝင်များက ကျေနပ်မှုမရှိဘဲဆူပူမှုဖြစ် ပွားလျက်ရှိကြောင်း တပ်သတင်းရင်းမြစ်ထံက သိရသည်။ “စစ်ရေးဗျူဟာအရ အသိပေးလို့မရဘူးဆိုပြီးတော့ သေတာကိုလည်း အကြောင်းမကြားဘူး။ ထွက်ပြေး ပျောက်ဆုံးဆိုတော့ လစာခံစားခွင့်တွေမရဘူး။ သေနေတာတောင် မသိတော့ ဆွမ်းသွတ်ခွင့်မရဘဲ အခွင့် အရေးတွေလည်း ဆုံးရှုံးရပါတယ်”ဟု တပ်မိသားစုဝင် တစ်ဦးက ပြောသည်။ ဂွတိုက်ပွဲအတွင်းသို့ ဟင်္သာတ၊ အိမ်မဲ၊…
မောင်တောမြို့၊ အမှတ် (၅) နယ်ခြားစောင့်တပ်ဖွဲ့ခွဲ (နခခ-၅) ၊ မြို့သူကြီး ထိုးစစ်အတွင်း မှတ်တမ်းနှင့် သိမ်းဆည်းရမိသော အလောင်းများစာရင်းအရ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၅၀ နှင့်အထက် သေဆုံးနိုင်ကြောင်း အာရက္ခတပ်တော် (AA) ထံကသိရသည်။ နခခ-၅ စခန်းအား လွန်ခဲ့သော နှစ်လခန့်ကတည်းကပင် ဝိုင်းရံပိတ်ဆို့ထားကာ အောက်တိုဘာ ၁၄ ရက်နေ့တွင်မှ စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ထိုးစစ်ရက်ပေါင်း ၅၅ ရက် ခန့်ကြာမြင့်ခဲ့သည်တွင် စစ်ကောင်စီဘက်မှ တပ်ဖွဲ့ဝင် ၄၅၀ခန့်သေဆုံးကြောင်း ယမန်နေ့ ဒီဇင်ဘာ ၁၀ ရက်နေ့တွင် AA က ထုတ်ပြန်သည်။ ထို့အပြင် ဘူးသီးတောင်မြို့၊ အမှတ် (၁၅) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၁၅) စကခမှူး ဗိုလ်မှူးချုပ် သူရိန်ထွန်း၊ ကြည်း/ ၂၆၈၉ရ ၊ စကခမှူး ကိုယ်ရေးအရာရှိ…
ပုသိမ်မြို့ ၊အမှတ် ၆ စစ်အခြေခံလေ့ကျင့်ရေးတပ်မှ စစ်မှုထမ်း အပတ်စဉ် ၅ သင်တန်းဆင်း တပ်သားသစ်များကို ရှမ်းပြည်နယ်သို့ ပို့ဆောင်စဉ် မိုင်းဆွဲ တိုက်ခိုက်ခံရပြီး တပ်သားသစ် ၈ ဦးသေဆုံး ဧရာဝတီတိုင်း၊ ပုသိမ်မြို့ အမှတ် ၆ စစ် အခြေခံ လေ့ကျင့်ရေးတပ်မှ စစ်မှုထမ်း အပတ်စဉ် ၅ သင်တန်းဆင်း တပ်သားသစ်များကို ရှမ်းပြည်နယ်သို့ ပို့ဆောင်စဉ် မိုင်းဆွဲ တိုက်ခိုက်ခံရပြီး တပ်သားသစ် ၈ ဦးသေဆုံးခဲ့ကြောင်း ပုသိမ် သတင်းအထူးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြော ဆိုသည်။ ဒီဇင်ဘာလ ၇ ရက်နေ့ ပုသိမ်မြို့-အမှတ် ၆ စစ်အခြေခံ လေ့ကျင့်ရေးတပ် (ရွှေမြင်တင်) မှ ဗိုလ်ကြီး ကျော်ငွေ နှင့် ဗိုလ်ကြီး ဇော်ဇော်…
လွိုင်ကော်မြို့ပြင်တွင် ကင်းပုန်းဝပ်နေသော စစ်တပ်ကို တိုက်ခိုက်မှု စစ်သား ၅ ဦးသေဆုံးပြီး သေနတ် ၄ လက် သိမ်းဆည်းရရှိ ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့ပြင်တွင် ကင်းပုန်းဝပ်နေသော အကြမ်းဖက် စစ်တပ်ကို တိုက်ခိုက်ရာ စစ်သား ၅ ဦးသေဆုံးပြီး သေနတ် ၄ လက် သိမ်းဆည်းရရှိခဲ့ကြောင်း KNDF B14 တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။ နိုဝင်ဘာလ ၂၇ ရက်နေ့တွင် လွိုင်ကော်မြို့ ပြင် တစ်နေရာတွင် ကင်းပုန်းဝပ်နေသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို သွားရောက် တိုက်ခိုက်ရာ စစ်သား အလောင်း ၃ လောင်း၊ သေနတ် ၄ လက် ၊ ကျည်ဘောက် နှင့် ကျည်ဆန်များ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။…