ကျောက်ဖြူတိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်ဖွဲ့ဝင် အင်အားပြုန်းတီးလာ၍ ရန်ကုန်မှ စစ်ကူ ၅၀၀ကို ရေကြောင်းမှ ထပ်မံပို့ဆောင် ရခိုင်ပြည်နယ်၊ ကျောက်ဖြူတိုက်ပွဲအတွင်းကို စစ်ကော်မရှင်က စစ်ကူပို့ရန်အတွက် တပ်ရင်းအချို့မှ စစ်ကော်မရှင်တပ်ဖွဲ့ဝင်များကို ရန်ကုန်မှနေ၍ ရေကြောင်းဖြင့် ပို့ဆောင်လိုက်ကြောင်း သိရသည်။ စစ်ကော်မရှင်သည် တပ်မ (၁၁) နည်းဗျူဟာမှူး နဗဟ-၁၁၁ ဒုတိယဗိုလ်မှူးကြီး မျိုးမင်းသန့် ဦးစီးသည့် ခမရ ၂၁၂၊ ခမရ ၂၁၃၊ ခမရ ၂၁၉တို့မှ ခန့်မှန်းအင်အား ၅၀၀ ခန့်ကို ကျောက်ဖြူသို့ ပို့ဆောင်နေကြောင်း CDM ဗိုလ်ကြီး ဇင်ယော်ထံမှ သိရသည်။ ”ကျောက်ဖြူမှာက ရေတပ်အင်အားစုများတယ်။ မြေပြင်စစ်ကြောင်းထိုးမှုမှာ နယ်မြေရလည်းခဏပဲ။ AA က အမှည့်ခြွေတာကို စစ်တပ်ကခံရတာပဲ။ စစ်တွေက တပ်တွေခွဲပြီး ကျောက်ဖြူပို့ထားတာပဲ။…
စကစ ၅ ဦးသေဆုံးတဲ့ လက်ပံတန်းဂိတ်စခန်း တိုက်ပွဲရုပ်သံကို သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ ထုတ်ပြန် ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးသေဆုံးပြီး လက်နက်ငယ် ၂ လက် သိမ်းဆည်းရရှိခဲ့တဲ့ တိုက်ပွဲရုပ်သံ Video ကို သာယာဝတီခရိုင် တပ်ရင်း (၃၈၀၂)၊ တပ်ခွဲ(၂)က ထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၃၀ ရက် မနက် ၈ နာရီခွဲခန့်မှာ ခမရ ၃၅ တပ်ရင်းမှ လာရောက်အထိုင်ချထားတဲ့ သာယာဝတီမြို့နယ် လိပ်ဥကုန်းလမ်း၊ မဒေါ့၊ သရက်ကုန်း၊ ပြည်တော်သာ၊ ကျောက်တွင်းရွာ သွားရာလမ်းဆုံမှ ဂိတ်စခန်းကို တော်လှန်ရေးအင်အားစုတွေ ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ တိုက်ပွဲကြာမြင့်ချိန် ၁ နာရီခန့်ရှိပြီး စစ်ကောင်စီဘက်မှ ၅ ဦးသေဆုံးခဲ့တဲ့အပြင် ကာဘိုင်တစ်လက်၊…
ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ အမှတ် (၂) စစ်ဆင်ရေးနယ်မြေ၊ ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ (၂၂)ရဲ့ တပ်ရင်းတပ်ဖွဲ့တွေဟာ လတ်တလော စစ်ရေးအရှိန်မြှင့်နေတာကြောင့် ပြည်သူတွေအနေနဲ့ စစ်ကောင်စီနဲ့ ဝေးဝေးနေကြဖို့ ဗျူဟာ (၂၂)တာဝန်ခံက သတိပေးပြောပါတယ်။ နိုဝင်ဘာလကုန်ပိုင်းမှာဗျူဟာ(၂၂)ရဲ့စစ်ဆင်ရေးနယ်မြေအတွင်းစစ်ကောင်စီတပ်တွေကို တိုက်ခိုက်တဲ့ စစ်ဆင်ရေးတွေ ဆက်တိုင်ဖော်ဆောင်နေတဲ့အခြေအနေနဲ့ပတ်သက်ပြီး မေးမြန်းရာမှာ ဗျူဟာ (၂၂) တာဝန်ခံက အခုလို ပြောပြတာပါ။ “မကြာခင်လည်းစစ်ရေးတွေအရှိန်မြှင့်လာနိုင်တာမို့အကြမ်းဖက် စစ်တပ်နဲ့ ဝေးဝေးနေပေးကြပါ။နောက် ဗျူဟာ(၂၂) ကွပ်ကဲမှု အောက်က တပ်ရင်းတပ်ခွဲနဲ့ ပကဖတွေကိုလည်း ယုံယုံကြည်ကြည်နဲ့ ထောက်ပို့ပေးကြပါ”လို့ ဗျူဟာ(၂၂)တာဝန်ခံက ပြောပါတယ်။ ဗျူဟာ(၂၂)ရဲ့စစ်ဆင်ရေးနယ်မြေကသာယာ၀တီခရိုင်နဲ့ ပဲခူးခရိုင် တပ်ရင်းတွေ ပါဝင်တယ်လို့လည်း အသိပေးပါတယ်။ ဒါ့အပြင် မကြာခင်မှာ ပြုလုပ်မယ့် အတုအယောင် ရွေးကောက်ပွဲမှာ မပါဝင်ကြဖို့၊ စည်းရုံးလှုံ့ဆော်တာ ပါဝင်အားဖြည့်တာတွေမလုပ်ဖို့လည်း ဗျူဟာ (၂၂) တာဝန်ခံက တိုက်တွန်းပါတယ်။…
ရခိုင်ရိုးမတောင်တန်းအလွန် မကွေးတိုင်း၊ ပဲခူးတိုင်းနှင့် ဧရာဝတီတိုင်းထဲက စစ်ကောင်စီ စစ်စခန်း ၅ ခုနှင့် ရွာသုံးရွာကို အာရက္ခတပ်တော် AA က သိမ်းပိုက်ထားသည်ဟု ISP Myanmar ၏ အစီရင်ခံစာတွင် ဖော်ပြသည်။ ISP ၏ ဒီဇင်ဘာလ ၁ ရက်နေ့ထုတ် အစီရင်ခံစာ ဖော်ပြချက်အရ မကွေးတိုင်း အမ်း-ပဒါန်းလမ်းပေါ်က စစ်ကောင်စီ စစ်စခန်း နှစ်ခု၊ ပဲခူးတိုင်း ပန်းတောင်းမြို့နယ်က နှစ်ခုနှင့် ဧရာဝတီတိုင်း ဂွ-ငါးသိုင်းချောင်းလမ်းပေါ်က စစ်စခန်း ၁ ခုတို့ကို အာရက္ခတပ်တော် AA က သိမ်းပိုက်ထားကြောင်း သိရသည်။ AA သိမ်းပိုက်ထားသော ကျေးရွာသုံးရွာမှာ မကွေးတိုင်း ငဖဲမြို့နယ် ပဒါန်းကျေးရွာအုပ်စုမှ ပဇီကျေးရွာနှင့် ဂွမြို့နယ်အစပ် ဧရာဝတီတိုင်းထဲက မကျီဇင်ကျေးရွာနှင့် ဘောမိကျေးရွာတို့ ဖြစ်ကြောင်း…
မြန်မာ့အရေး တိုးတက်လာဖို့ ကုလသမဂ္ဂရဲ့ တက်ကြွတဲ့အခန်းကဏ္ဍကို ဂျပန်က မျှော်လင့်နေပြီး နှစ်ဖက်စလုံးက အနီးကပ်ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူခဲ့ကြပါတယ်။ ဂျပန်နိုင်ငံခြားရေးဝန်ကြီး မိုတဲဂီတိုရှီမစ်ဆုနဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဂျူလီဘစ်ရှော့တို့ မနေ့ ဒီဇင်ဘာ ၁ ရက်က ဂျပန်နိုင်ငံ၊ တိုကျိုမြို့မှာ တွေ့ဆုံရာ သဘောတူညီမှုရရှိခဲ့တာပါ။ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ဖိတ်ကြားချက်နဲ့ ဂျပန်နိုင်ငံကို ရောက်ရှိနေတဲ့ ဂျူလီဘစ်ရှော့နဲ့ ဝန်ကြီး မိုတဲဂီတို့ မိနစ် ၃၀ ကြာတွေ့ဆုံပြီး မြန်မာနိုင်ငံရဲ့ ပိုမိုဆိုးရွားလာနေတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့ကြတယ်လို့ ဂျပန်နိုင်ငံခြားရေးဌာနက ထုတ်ပြန်ပါတယ်။ ဒီတွေ့ဆုံမှုအတွင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီး မိုတဲဂီက မြန်မာနိုင်ငံရဲ့ အခြေအနေ ပိုမိုဆိုးရွားလာနေတဲ့အပေါ် အလေးအနက် စိုးရိမ်မကင်းဖြစ်မိကြောင်း ထုတ်ဖော်ပြောကြားခဲ့ပြီး မြန်မာစစ်တပ်ကို အခြေအနေတွေ တိုးတက်ကောင်းမွန်လာအောင် တိုက်တွန်းနေတာတွေနဲ့ မြန်မာပြည်သူတွေအတွက် လူသားချင်းစာနာမှုအကူအညီတွေ…