အမျိုးသားအစောင့်တပ်ဖွဲ့ဝင်နှစ်ဦးဟာ ဒီကနေ့ မွန်းလွဲပိုင်းမှာ ဝါရှင်တန်ဒီစီရှိ အိမ်ဖြူတော်အနီးမှာ ပစ်ခတ်ခံရပြီး ပြင်းထန် ဒဏ်ရာရသွားခဲ့တယ်လို့ ပြည်နယ်အုပ်ချုပ်ရေးမှူးက ပြောကြားခဲ့ပါတယ်။ အနောက်ဗာဂျီးနီးယား အမျိုးသားအစောင့်တပ်ဖွဲ့ဝင်နှစ်ဦးဟာ ပစ်ခတ်ခံရခြင်းမပြုမီ သံသယရှိသူနဲ့ သေနတ်ပစ်ခတ်မှုတွေဖြစ်ပွားခဲ့တယ်လို့ ဥပဒေစိုးမိုးရေးသတင်းရင်းမြစ်နှစ်ခုက ပြောကြားခဲ့တယ်လို့ CNN သတင်းမှာ ဖော်ပြပါတယ်။ သံသယရှိသူကို ဖမ်းဆီးထိန်းသိမ်းပြီး အခင်းဖြစ်ပွားရာနေရာကနေ ထမ်းစင်နဲ့ ရွှေ့ပြောင်းခဲ့ကြောင်း သတင်းရင်းမြစ်များက ပြောကြားခဲ့ပါတယ်။ အစောင့်တပ်ဖွဲ့ဝင်တွေ သေဆုံးကြောင်း ကနဦးသတင်းထွက်ပေါ်ခဲ့ပါတယ်။ ဒီသတင်းမထွက်ပေါ်မီ သမ္မတဒေါ်နယ်ထရမ့်က လူမှုမီဒီယာမှာ သေနတ်သမားဟာ “ပြင်းထန်စွာ ဒဏ်ရာရရှိ” ပြီး “ တန်ဖိုးကြီးကြီး ပေးဆပ်ရမယ်” လို့ ပြောကြားခဲ့ပါတယ်။ အနောက်ဗာဂျီးနီးယားပြည်နယ် အုပ်ချုပ်ရေးမှူးက လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ဒဏ်ရာရသွားခဲ့ပြီး ရဲတပ်ဖွဲ့က သံသယရှိသူတစ်ဦးကို ဖမ်းဆီးထားကြောင်း ပြောကြားခဲ့ပါတယ်။ Ref: CNN
ဟောင်ကောင်ရှိ ဝမ်ဖက်ကော့အရပ် အထပ်မြင့် လူနေတာဝါကြီး ၃ ခု နိုဝင်ဘာ ၂၆ ရက်ဒေသစံတော် ချိန် နံနက်အစောပိုင်း ၂ နာရီတွင် မီးစတင်လောင်ကျွမ်းရာ ည ၈ နာရီအထိ မငြိမ်းသတ်နိုင်သေးဘဲ တာဝါတစ်ခုကိုသာ မီးထိန်းနိုင်သေးပြီး မျက်မြင် သေဆုံးသူ ၁၃ ယောက်ရှိပြီဖြစ်ကြောင်း သိရသည်။ ဟောင်ကောင်၊ တိုင်ပိုခရိုင်မြို့တော်အုပ်ချုပ်ရေးမှူးက အဆင့် (၅) သတ်မှတ်ရသော အဆိုးရွားဆုံး မီးလောင်ကူးစက်နေမှုဟုဆိုကာ သေဆုံးသူ ၁၃ ဦးအနက် အမျိုးသား ၄ ဦး၊ မီးသတ်သမား တစ်ဦးနှင့် အမျိုးသမီး ၈ ဦးပါဝင်ကြောင်း၊ ၁၅ ယောက် ဒဏ်ရာရပြီး မီးသတ်အဖွဲ့ထုတ်ပြန်ချက်အရ ပိတ်မိနေသူ ၂၈ ဦးအား ကယ်ဆယ်လိုက်နိုင်သည်ဟု ထုတ်ပြန်ပြောဆိုသွားခဲ့သည်။ ကယ်ဆယ်ရေးလုပ်နေစဉ်တွင် ၉ ဦးသည်…
(ရွေးကောက်ပွဲကျင်းပပြီးလျင်ပင် အာဆီယံက မြန်မာနဲ့ ပြန်လည်ထိတွေ့ဆက်ဆံဖို့ ခက်ခဲဟု ဆို) လာမယ့်ရွေးကောက်ပွဲ ကျင်းပပြီးလျင်ပင် အာဆီယံအဖွဲ့က မြန်မာစစ်ကော်မရှင်နဲ့ ပြန်လည်ထိ တွေ့ဆက်ဆံဖို့ ခက်ခဲမယ်လို့ ထိုင်း နိုင်ငံခြားရေးဝန်ကြီး ဆီဟာဆတ်ဖောင်ကတ်ကီယိုက နိုဝင်ဘာလ ၂၅ ရက်မှာ ပြောကြားခဲ့ပြီး တိုင်းပြည်ရဲ့ ထိန်းသိမ်းခံခေါင်းဆောင်ဟောင်း ဒေါ်အောင်ဆန်းစုကြည်ကို လွှတ် ပေးဖို့ တောင်းဆိုလိုက်ပါတယ်။ “လက်ရှိအခြေအနေနဲ့ အားလုံးပါဝင်သော တွေ့ဆုံဆွေးနွေးမှုတွေ မပြုလုပ်ရသေးတဲ့အချိန်မှာ ရွေးကောက်ပွဲပြုလုပ်တာဟာ ကျွန်တော်တို့အတွက် မြန်မာစစ်ကော်မရှင်နဲ့ ပြန်လည်ထိတွေ့ဆက်ဆံဖို့ ခက်ခဲစေပါလိမ့်မယ်” လို့ ထိုင်း နိုင်ငံခြားသတင်းထောက်များအသင်းမှာကျင်းပတဲ့ အခမ်းအနားမှာ ၎င်း က ပြောပါတယ်။ “ကျွန်တော်တို့ ဒီရပ်တည်ချက်နဲ့ စည်းလုံးညီညွတ်မှုကို ထိန်းသိမ်းနိုင်ဖို့ မျှော်လင့်ပါတယ်” လို့ သူ က ဆက်ပြောပါတယ်။ စစ်ကော်မရှင်ဟာ ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုအပြီး…
အာဏာသိမ်းစစ်တပ်ရဲ့ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီက ပြစ်ဒဏ်လွတ်ငြိမ်းခွင့် အမိန့်နှင့် ရာဇသတ်ကြီး ပုဒ်မ ၅၀၅(က) နဲ့ အမှုဖွင့်ခံထားရသူ တချို့၊ ကြားနာစစ်ဆေးဆဲ အမှုတွေကို ပိတ်သိမ်းခြင်အမိန့်တို့အား ဒီနေ့ည ၈ နာရီသတင်းမှာ ထုတ်ပြန်ကြေညာသွားမယ်လို့ သိရပါတယ်။ “ပြည်ထောင်မှာက ၁၀ ယောက်ကျော် ဒီနေ့ ညနေ ၄ နာရီက လွှတ်ပေးတယ်၊ ရုတ်တရက် လွှတ်တာ၊ သရက်ထောင်မှာလည်း ထောင်ကြီးချုပ်မှာ တရားရင်ဆိုင်နေရသူတွေလည်း လွှတ်ပေးတယ်၊ အရေအတွက်ကတော့ ၁၅ ယောက်ကျော်တယ်၊ ခုညနေထိတော့ အဲ့တာပဲ သိရသေးတယ်၊ ရုတ်တရက် အမိန့်စာ ရောက်လာတာလို့ ပြောတယ်၊ အမှုကြီးတွေနဲ့ တွဲလျက် ကျနေတဲ့သူတွေကိုလည်း ၅၀၅ ပုဒ်မတွေ ဖျောက်ပေးမယ်လို့ ပြောတယ်” လို့ မြို့တော်ရဲ့ သတင်းရင်းမြစ်ထံက သိရပါတယ်။ ပဲခူးတိုင်းအနောက်ခြမ်း၊…
တိုက်ပွဲတွေပြင်းထန်နေတဲ့ ဧရာဝတီတိုင်း လေးမျက်နှာမြို့နယ်က စစ်တပ်စခန်းတချို့ကို အာရက္ခတပ်တော်(AA)နဲ့ ပူးပေါင်းတပ်တွေက ထပ်မံသိမ်းလိုက်ပြီး စစ်တပ်ကလေကြောင်းကနေဗုံးကြဲနေပါတယ်။ လေးမျက်နှာမြို့နယ်၊သဲနုကုန်းရွာပတ်ဝန်းကျင်က စစ်ကောင်စီရှေ့တန်းစခန်းတချို့ကို AAနဲ့ ပူးပေါင်းတပ်တွေက သိမ်းယူလိုက်တာဖြစ်တယ်လို့ ဒေသခံသတင်းရင်းမြစ်က ဒီကနေ့ (နိုဝင်ဘာလ ၂၆ ရက်) မနက်ပိုင်းမှာ ပြောပါတယ်။ “ရွာနားက တိုက်ပွဲတော်တော်ပြင်းထန်တယ်။မုံရွာ-ပုသိမ်လမ်းပိုင်းနားမှာလည်းချတယ်။ စစ်တပ်ကကျတော့် လေကြောင်းကနေ ညဘက်တွေဆို ဗုံးကြဲပြီ။လက်နက်ကြီးကတော့ခဏခဏပစ်တယ်”လို့ ပြောပါတယ်။ လက်ရှိဖြစ်ပွားနေတဲ့တိုက်ပွဲမှာစစ်တပ်ထိခိုက်သေဆုံးမှုတွေများပြားနေပြီးဂျက်ဖိုက်တာအပြင် စက်တပ်လေထီး၊ဒရုန်းတွေနဲ့ ဗုံးကြဲနေတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေကသတိပေးထားပါတယ်။ ညနက်ပိုင်းတွေမှာ လေကြောင်းကနေဗုံးကြဲလေ့ရှိပြီး လေးမျက်နှာမြို့နယ်ဘက်ကိုဦးတည်ပျံတဲ့ ဂျက်ဖိုက်တာအသံကို ဇလွန်၊ ဟင်္သာတမြို့မြို့နယ်တွေကနေ ညတိုင်းကြားနေရတယ်လို့ ဒေသခံတွေကပြောပါတယ်။ တိုက်ပွဲတွေဖြစ်ပွားနေတဲ့ဒေသက ပြည်သူတွေအနေနဲ့ လုံခြုံတဲ့နေရာမှာနေထိုင်ကြဖို့၊ တိုက်ပွဲဖြစ်နေတဲ့ရွာတွေဘက်ကို မလာကြဖို့လည်း တော်လှန်စရေးအင်အားစုတွေကတော့ သတိပေးထားကြပါတယ်။ လေးမျက်နှာမြို့နယ်ဟာဟင်္သာတခရိုင်၊ကွင်းကောက်မြို့မှာရှ်ိတဲ့ စစ်တပ်ရဲ့တန်းမြင့်လေ့ကျင်းရေးကျောင်း တတက(၅)နဲ့လည်း မိုင်အနည်းငယ်သာဝေးပါတယ်။ အခုရက်ပိုင်းမှာ စစ်ကောင်စီက တတက(၅)ကို အင်အားအများအပြားဖြည့်းတင်းနေသလို အဲဒီကနေလက်နက်ကြီးတွေပစ်ခတ်မှုတွေပိုမိုလုပ်နေတယ်လို့…