ရန်ကုန်တိုင်း၊ မြောက်ဒဂုံမြို့နယ်၊ ပင်လုံလမ်းပေါ်ရှိ ဘိုဘိုမင်း ဟိုတယ် ၆ လွှာမှာ အမျိုးသား တယောက် ခုန်ချ သေဆုံးမှု ဖြစ်ပွားခဲ့တယ်လို့ မြေပြင် ကူညီရေးသွားရောက်ခဲ့ သူတွေဆီက သိရပါတယ်။ ဖြစ်စဥ်မှာ ဒီကနေ့ နိုဝင်ဘာ ၂၅ ရက်နေ့ မနက်အစော ၂ နာရီလောက်မှာ ဖြစ်ပွားခဲ့တာ ဖြစ်ကြောင်း၊ ရုပ်အလောင်းကိုတော့ မြောက်ဥက္ကလာဆေးရုံကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။ “ခုန်ချတယ် အကြောင်းကြားလို့ အလောင်းသွားသယ်တယ် ။ လာတည်းခိုတဲ့ အမျိုးသား ခုန်ချတာပါ။ ဘာကြောင့် ခုန်ချတာလဲတော့ သေချာ မသိဘူး။” လို့ ဝန်းရံမှူး လူမှုကူညီရေး အသင်းတာဝန်ရှိသူက ပြောပါတယ်။ သေဆုံးသူ အမျိုးသားက ခန့်မှန်း အသက် ၃၀ ဝန်းကျင်လောက်ရှိပြီး နေရပ်လိပ်စာက ရန်ကုန်ကဖြစ်ကြောင်း သိရှိရပြီး…
အမေရိကန်ရောက် မြန်မာနိုင်ငံသားတွေကို ယာယီခိုလှုံဖို့ လက်ခံခွင့်ပြုပေးထားတဲ့ ယာယီအကာအကွယ်ပေးတဲ့ အခြေအနေ (TPS) ကို အမေရိကန်က ရုပ်သိမ်းမယ်လို့ ကြေညာလိုက်တဲ့အပေါ် နယူးယောက်အခြေစိုက် လူ့အခွင့်အရေးလေ့လာစောင့်ကြည့်ရေးအဖွဲ့ (HRW)က မြန်မာဟာ တကယ်ပဲ လုံခြုံရဲ့လားလို့ မေးခွန်းထုတ် တုံ့ပြန်လိုက်ပါတယ်။ မြန်မာနိုင်ငံမှာ အာဏာသိမ်းစစ်တပ်က အရေးပေါ်အခြေအနေကို ရုပ်သိမ်းပြီး စစ်ကောင်စီကနေ စစ်ကော်မရှင်ကို အာဏာလွှဲပြောင်းလိုက်တာ၊ လာမယ့်နှစ်ကုန်ပိုင်းမှာ ရွေးကောက်ပွဲလုပ်ဖို့ စီစဉ်နေတာနဲ့ စစ်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေကြား အပစ်ရပ် သဘောတူညီချက် ရတာတွေကြောင့် TPS ကို သက်တမ်းမတိုးတော့တာလို့ နိုဝင်ဘာ ၂၄ ရက်မှာ ထုတ်ပြန်လိုက်တာဖြစ်ပြီး ဒီအစီအစဉ်နဲ့ နေထိုင်သူ မြန်မာနိုင်ငံသား ၄,၀၀၀ နီးပါး ရှိနေတာပါ။ ဒါပေမဲ့ ဒီအဆိုဟာ တခြားသော အမေရိကန်အရာရှိတွေက ပွင့်ပွင့်လင်းလင်း ဝန်ခံထားတာတွေနဲ့ တိုက်ရိုက်ဆန့်ကျင်ဘက် ဖြစ်နေသလို…
ထိုင်းနိုင်ငံ ဘန်ကောက်အနီး နွန်ထပူရီခရိုင်ထဲမှာ သေဆုံးသွားတဲ့ အမျိုးသမီးကြီးတယောက်ရဲ့ အလောင်းကို မီးသင်္ဂြိုဟ်ဖို့ ပြင်ဆင်စဉ် ပြန်ပြီးအသက်ရှင်လာတဲ့ ထူးခြားဖြစ်စဉ်တခု ဖြစ်ခဲ့တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။ နိုဝင်ဘာ ၂၂ ရက်က သေဆုံးသွားတဲ့ အသက် ၆၅ နှစ်ရွယ် နန်းချွန်းထိရေ့ ဆိုသူ အဘွားတယောက်ရဲ့ အလောင်းကို မီးသင်္ဂြိုဟ်ဖို့ ဆွေမျိုးသားချင်းတွေက နွန်ထပူရီခရိုင် ဘန်ယိုင်မြို့ ရတ်တခေါင်းထမ်း ကျောင်းတိုက်ကို ယူဆောင်လာခဲ့ပါတယ်။ သုဘရာဇာက မီးသင်္ဂြိုဟ်စက်တွေ ပြင်ဆင်ပြီး ကားပေါ်က အသုဘခေါင်းကို ရွှေ့ရန်ပြင်နေစဉ် အခေါင်းထဲက ထုသံ ခေါက်သံတွေ ကြားရတယ်၊ အခေါင်းကို ဖွင့်ကြည့်ရာမှာတော့ အဘွားက မသေသေးဘဲ အခေါင်းနံရံခေါက်ပြီး အကူအညီတောင်းနေတာလို့ ဆိုပါတယ်။ အဘွားဟာ နွမ်းနယ်ပြီး အားပျော့နေတယ်၊ စကားကို သဲ့သဲ့ပြောနိုင်ပြီး အခြေအနေ အကုန်သိနေတယ်၊…
ရှမ်းပြည်မြောက်ပိုင်း၊ နမ့်ဆန်မြို့နယ်၌ သက်ငယ်မုဒိန်းမှု ကျူးလွန်သူတစ်ဦးကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် – TNLA ၏ ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်သည်။ ပြီးခဲ့သည့် နိုဝင်ဘာ ၁၆ ရက် နံနက် ၂ နာရီခွဲတွင် လုံတောက်ကျေးရွာအုပ်စုရှိ ရွာတစ်ရွာမှ မိုင်းကျော်ဌေး ဆိုသူသည် အသက် ၁၄ နှစ်သာ ရှိသေးသည့် မိန်းကလေးငယ်တစ်ဦး၏ နေအိမ်ပေါ်သို့ တက်ရောက်ကာ အဓမ္မပြုကျင့်ခဲ့ခြင်း ဖြစ်ကြောင်း TNLA က သတင်းထုတ်ပြန်သည်။ “ကလေးမလေးက ကျောင်းတက်နေတာ ၇ တန်းပဲရှိသေးတယ်။ အဲဒီညက သူ့အမေလည်း တောင်ယာမှာအိပ်တော့ အိမ်မှာ ကလေးမလေးတယောက်ပဲ ကျန်ခဲ့တာ အဲဒါကို အခွင့်ကောင်းယူပြီး ကလေးမလေးကို စော်ကားသွားတာ။ ကလေးမလေးကိုလည်း တခြားသူကို ပြန်ပြောပြရင် သတ်ပစ်မယ်လို့ ခြိမ်းခြောက်တယ်” ဟု ဖြစ်စဉ်ကိုသိရှိသည့် ဒေသခံတစ်ဦးက…
MNDAA နဲ့ဆက်ဆံရေးတင်းမာနေချိန် လားရှိူးမြို့ပေါ်မှာ စစ်တပ်က သေနတ်ဆက်တိုက်ပစ်ခတ် MNDAA နဲ့ အာဏာသိမ်းစစ်တပ်ဆက်ဆံရေတင်းမာနေစဉ် ယမန်နေ့ည ၁၁နာရီခန့်က လားရှိုးမြို့မှာ သေနတ်ပစ်ခတ်သံတွေ ဆက်တိုက်ထွက်ပေါ်လာတာကြောင့် ဒေသခံတွေ ထိတ်လန့်ခဲ့ကြပါတယ်။ သေနတ်သံတွေဟာ တစ်ဖက်တည်းကပစ်တဲ့အသံမျိုးဖြစ်ပြီးနိုဝင်ဘာလ၂၄ရက်ညမှာ၅မိနစ်လောက်အထိ ကြာခဲ့တယ်လို့ မြို့ခံတဦးကပြောပါတယ်။ “စစ်တပ်ကမသင်္ကာတာတွေ့လို့ပစ်တာဆိုပြီး ကြားတာပဲ။ ရပ်ကွက်(၁)ဘက်ကနေ ပစ်တာ။ ကြားတာတော့ အသံတော်တော်ကျယ်တယ်”လို့ ရပ်ကွက် (၇)မှာ နေထိုင်သူတစ်ဦးကပြောပါတယ်။ လားရှိုးမြိို့ပြင်မှာတပ်စွဲထားတဲ့ MNDAAတပ်တွေဆုတ်ပေးဖို့ စစ်ကောင်စီရဲ့ အမှတ်(၅)စစ်ဆင်ရေးအထူးအဖွဲ့မှုး ဒုဗိုလ်ချုပ်ကြီး ကိုကိုဦး ကိုယ်တိုင် နိုဝင်ဘာလ ၁၁ ရက် နေ့က လားရှိုးမြို့အထိလာရောက်တောင်းဆိုပေမယ့် ငြင်းပယ်ခံရပြီး ဆွေးနွေးမှုပျက်ခဲ့ပါတယ်။ အဲ့ဒီနောက်ပိုင်း စစ်ကောင်စီက ကင်းထောက် လေယာဉ်တချို့ပျံသလို MNDAA ကလည်း အင်အားတိုးချထားတယ်လို့ မြေပြင်သတင်းမြစ်တွေကပြောပါတယ်။ လားရှိုးမြို့ကနေ မန္တလေးမြို့ဘက်ကိုတည်တဲ့ ပြည်ထောင်စုလမ်းမပေါ်မှာရှိတဲ့ နောင်မွန်နဲ့ တန့်ယန်း၊မိုင်းရယ်…