Tag: News

  • တီးတိန်တွင် အမေရိကန်သတင်းထောက် မိုင်းနင်းမိပြီး ဒဏ်ရာရ

    တီးတိန်တွင် အမေရိကန်သတင်းထောက် မိုင်းနင်းမိပြီး ဒဏ်ရာရ

    ချင်းပြည်နယ် ၊ တီးတိန်မြို့နယ်အတွင်း စစ်ကော်မရှင်တပ်နှင့် ချင်းတပ်ဖွဲ့များအကြားဖြစ် ပွားနေသောတိုက်ပွဲများအကြောင်း သတင်းယူနေသည့် အမေရိကန်သတင်းထောက်တဦး မြေမြှုပ်မိုင်း နင်းမိပြီး ဒဏ်ရာရရှိသွားကြောင်း အိန္ဒိယနိုင်ငံထုတ် အရှေ့မိုဂျို သတင်းစာကဖော်ပြသည်။

    အမေရိကန်သတင်းစစ်ထောက် ကောလင်း မေဖီးလ်သည် တီးတိန်မြို့နယ် ကနေဒီတောင်အနီး စစ်ဆင်ရေးနယ် မြေတွင် ဒေသခံ PDF – Zoland တပ်ဖွဲ့စစ်ကြောင်းနှင့်အတူလိုက်ပါရင်း နိုဝင်ဘာလ ၁၈ ရက်နေ့ တွင် မိုင်းနင်းမိခဲ့ပြီး ခြေထောက်တွင် ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။

    “ဘယ်ဖက်ခြေထောက်နဲ့ မိုင်းနင်းမိလို့ ခြေချောင်းနှစ်ချောင်းနဲ့ အစိတ်အပိုင်းတချို့ဆုံးရှုံးခဲ့ရတယ်။ ညာဖက်ခြေထောက်ရဲ့ ဘက်ဖက်အခြမ်းနဲ့ ဘယ်ဖက်လက်မှာလည်း ဗုံးအစအနတွေအများကြီးထိသွား တယ်” ဟု ကောလင်းမေဖီးလ်က သတင်းစာကို အတည်ပြုပြောသည်။

    ရရှိခဲ့သည့် ဒဏ်ရာကို ဆေးကုသမှုခံယူရန်အတွက် အိန္ဒိယနိုင်ငံ ၊ မီဇိုရမ်ပြည်နယ် အိုက်ဇောလ်မြို့သို့ သွားရောက်နေကြောင်း သတင်းစာတွင်ဖော်ပြထားသည်။

    သတင်းထောက် မိုင်းနင်းမိသည့်အခြေအနေနှင့်ပတ်သက်ပြီး PDF -Zoland တပ်ဖွဲ့ တာဝန်ရှိသူများကို ဆက်သွယ်မေးမြန်းရာ ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။

    ဒဏ်ရာရရှိခဲ့သည့် သတင်းထောက်သည် အိုက်ဇောလ်မြို့တွင် ရောက်ရှိနေပြီဖြစ်ကြောင်း ဒေသခံတဦး က ယနေ့ (ဒီဇင်ဘာလ၃ရက်)တွင်အတည်ပြုပြောသည်။

    “အသက်အန္တရာယ်တော့ မစိုးရိမ်ရပါဘူး။ အခု အိုက်ဇောလ်မြို့မှာ ဆေးကုသမှုခံယူနေပါတယ်” ဟု ၎င်း ကဆိုသည်။

    မေဖီးလ်သည် ယူကရိန်းကို ရုရှားကျူးကျော်မှု၊ ဟေတီနိုင်ငံရှိ ဂိုဏ်းဂဏအကြမ်းဖက်မှု၊ ဘိုကိုဟာရမ်၊ အစ္စလာမ္မစ်နိုင်ငံ တော်အဖွဲ့၊ ယာဇီဒီ လူမျိုးတုန်းသတ်ဖြတ်မှုနှင့် အီရတ်နိုင်ငံရှိ အီရန်အတိုက်အခံအဖွဲ့ များနှင့်ပတ်သက်ပြီး သတင်းရယူခဲ့သူဖြစ်ကာ ယခု ချင်းပြည်နယ်ရှိ ခုခံတော်လှန်ရေးလှုပ်ရှားမှုများကို မှတ်တမ်းတင်နေကြောင်းသိရသည်။

    ၎င်းသည် မြန်မာ့စစ်ပွဲရှေ့တန်းမြင်ကွင်းများပါဝင်သော “The Chin Resistance” အမည်ရှိသော အပိုင်း သုံးပိုင်းပါသည့် မှတ်တမ်းရုပ်သံကို Qilo တီဗွီတွင် ၂၀၂၄ခုနှစ်အတွင်း ထုတ်လွှင့်ခဲ့သည်။

    အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်မှတဆင့် မြန်မာနိုင်ငံဘက်သို့သွားရောက်ခဲ့သော ဘယ်လ်ဂျီယံသတင်း ထောက်တဦးကို ကျည်ဆံနှစ်တောင့်ဖြင့် မီဇိုရမ်ပြည်နယ် လဲန်းပွီလေဆိပ်တွင် မတ်လ ၅ ရက်နေ့က ဖမ်း ဆီးမိခဲ့သေးသည်။

    မီဇိုရမ်ပြည်နယ်အပါအဝင် အရှေ့မြောက်ပြည်နယ်အချို့ကို အကာကွယ်ပေး ကန့်သတ်ထားသောနေရာ များ (Protected and Restricted Area)အဖြစ် ဗဟိုအစိုးရကသတ်မှတ်ပြီး နိုင်ငံခြားသားများအနေဖြင့် ပြည်နယ်များအတွင်း ဝင်ခွင့်ရရန် ကြိုတင်လျှောက်ထားရန်လိုအပ်ကြောင်း အသိပေးထုတ်ပြန်ထား သည်။

  • အုပ်ချုပ်ရေးမှူးဟောင်း ကြည်ဝင်း အပါအဝင် ၃ ဦး ပစ်ခတ်ခံရပြီး ၃ ဦးလုံးသေဆုံး

    အုပ်ချုပ်ရေးမှူးဟောင်း ကြည်ဝင်း အပါအဝင် ၃ ဦး ပစ်ခတ်ခံရပြီး ၃ ဦးလုံးသေဆုံး

    တောင်တွင်းကြီးမြို့နယ်၊ ညာတောကျေးရွာအုပ်စုတွင် ပြည်သူများကို နည်းမျိုးစုံနှိပ်စက်နေသော အုပ်ချုပ်ရေးမှူးဟောင်း ကြည်ဝင်း အပါအဝင် ၃ ဦး ပစ်ခတ်ခံရပြီး ၃ ဦးလုံးသေဆုံး

    မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်၊ ညာတောကျေးရွာအုပ်စုတွင် ပြည်သူများကို နည်းမျိုးစုံနှိပ်စက်နေသော အုပ်ချုပ်ရေးမှူးဟောင်း ကြည်ဝင်း အပါအဝင် ၃ ဦးကို ပစ်ခတ်တိုက်ခိုက်ရာ ၃ ဦးစလုံးသေဆုံးခဲ့ကြောင်း မကွေး တောင်တွင်းကြီး အထူးပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

    နိုဝင်ဘာလ ၂၆ ရက်နေ့ ညပိုင်းတွင် တောင်တွင်းကြီးမြို့နယ်၊ ပရပ်ကြယ်တိုက်နယ်၊ ညာတောကျေးရွာအုပ်စု၊ သစ်ခုတ်ကွင်းကျေးရွာတွင် စစ်တပ် သတင်းပေးအဖြစ် လုပ်ကိုင်နေသော အုပ်ချုပ်ရေးမှူးဟောင်း ကြည်ဝင်း ဆိုသူသည် ကျေးရွာနေ ပြည်သူများကို စစ်တပ်ခေါ်လိုက်ရမလားဟု ခြိမ်းခြောက်ပြောဆိုပြီး အနိုင်ကျင့်နှိပ်စက်နေ၍ ၎င်းနေအိမ်အတွင်း တော်လှန်ရေးတပ်ဖွဲ့များက ဝင်ရောက် ပစ်ခတ် တိုက်ခိုက်ရာပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။

    အလားတူ သစ်ခုတ်ကွင်းကျေးရွာတွင် စစ်တပ် သတင်းပေးအဖြစ် လုပ်ကိုင်နေသော မင်းဇော်ဦး နှင့် ဇနီးဖြစ်သူ ခင်ကြိုင် တို့သည်လည်း တော်လှန်ရေးရဲဘော် ၁ ဦးကို စစ်တပ်ထံ သတင်းပေး ဖမ်းဆီးစေခိုင်းခြင်း၊ တော်လှန်ရေးရဲဘော်များကို စစ်တပ်ထံ သတင်းပေးတိုင်ကြားခြင်းများကြောင့် ယင်းနေ့တွင် ၎င်းတို့ နေအိမ်အတွင်း ထပ်မံ ဝင်ရောက် တိုက်ခိုက်ခဲ့ရာ ၂ ဦးလုံးပွဲချင်းပြီးသေဆုံးခဲ့ကြောင်း သိရှိရသည်။

    ထိုသို့ ပစ်ခတ် တိုက်ခိုက်မှု လုပ်ဆောင်ခဲ့သော အုပ်ချုပ်ရေးမှူးဟောင်း ကြည်ဝင်း အပါအဝင် ၃ ဦးကို တော်လှန်ရေး တပ်ဖွဲ့များက အကြိမ်ကြိမ် သွားရောက်တွေ့ဆုံ၍ စစ်တပ်နှင့် ပူးပေါင်းခြင်း မပြုလုပ်ရန် သတိပေး ပြောကြားခဲ့သော်လည်း လိုက်နာခြင်းမရှိဘဲ ဆက်လက်လုပ်ကိုင်နေသည်အတွက် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

    “သူတို့ ၃ ဦးလုံးကို စစ်တပ် သတင်းတွေပေးတွေ မလုပ်ဖို့ အကြိမ်ကြိမ် သွားရောက် သတိပေးထားတယ်။ အဲတာကို လိုက်နာမှုမရှိဘဲ ဆက်လက် လုပ်ဆောင်နေလို့ သွားရောက် တိုက်ခိုက်ခဲ့တာပါ” ဟု မကွေးတောင်တွင်းကြီး အထူးပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူက ပြောဆိုသည်။

    အဆိုပါ တိုက်ခိုက်မှုကို မကွေး တောင်တွင်းကြီး အထူးပျောက်ကျားတပ်ဖွဲ့ နှင့် နဂါးမင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း၊ ဆက်လက်၍ တောင်တွင်းကြီးမြို့နယ်အတွင်း စစ်တပ်သတင်းပေး ဒလန်များ၊ ပျူစောထီးများ အနေဖြင့် စစ်တပ်ထံသို့ သတင်းပေးတိုင်ကြားခြင်း ၊ စစ်တပ်အားကိုး၍ ပြည်သူများ အပေါ် ငွေကြေးများ အတင်းအဓမ္မကောက်ခံခြင်းနှင့် စစ်တပ်မှပြုလုပ်သော အတုအယောင်ရွေးကောက်ပွဲတွင် ပါဝင်ပတ်သတ်မည်ဆိုပါက အချိန်မရွေး တိုက်ခိုက်သွားမည်ဖြစ်ကြောင်း မကွေးတောင်တွင်းကြီး အထူးပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူက ဆက်လက်ပြောဆိုသည်။

  • အိုးမဲ့အိမ်မဲ့အမျိုးသားသည် ပထမဆုရရှိပြီး 18 သန်းရရှိ

    အိုးမဲ့အိမ်မဲ့အမျိုးသားသည် ပထမဆုရရှိပြီး 18 သန်းရရှိ

    အိုးမဲ့အိမ်မဲ့အမျိုးသားသည် ပထမဆုရရှိပြီး 18 သန်းရရှိကာ ပျော်ရွှင်နေမည့်အစား စိတ်ဆင်းရဲနေရရှာသည်။

    အသက် ၆၈ နှစ်အရွယ် အိမ်ယာမဲ့ အမျိုးသားတစ်ဦးသည် ထီတွင် ဘတ်ငွေ ၁၈ သန်း ဆွတ်ခူးခဲ့သည်။

    ထိုအခါ ဆွေမျိုးများက သူ့ကို ဂုဏ်ပြုကြိုဆိုကြပြီး ခေါ်ယူရန် ဝိုင်းအုံ၍ ကမ်းလှမ်းခဲ့ကြသည်။

    ချင်းမိုင်ခရိုင် ဆန်ပါတုံခရိုင်ရှိ အသက် ၆၈ နှစ်အရွယ် အိမ်ယာမဲ့ ဦးလေးဂျယ်သည် အငှားအိမ်ဟောင်းတွင် တစ်လလျှင် ဘတ် ၁,၅၀၀ ဖြင့် နေ့စားအလုပ်သမားအဖြစ် လုပ်ကိုင်ကာ ဘတ် ၃၅၀ ဖြင့် ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့ ပထမဆု ထီလက်မှတ်ကို ထီလက်မှတ် ၃ စောင် စုစုပေါင်း ဘတ် ၆၄၁၂၅၂ ဖြင့် စုစုပေါင်း လက်မှတ် ၃ စောင် ဆွတ်ခူးခဲ့သည်။

    ငှားထားတဲ့အိမ်လေးမှာပဲ အေးအေးဆေးဆေးနေထိုင်နေတဲ့ အန်ကယ် Jae ကိုတွေ့ဖို့ ဆွေမျိုးတွေနဲ့ အိမ်နီးနားချင်းတွေ စုပြုံလာကြသည်။

    ထိုအချိန်တွင် ဘဏ်နှစ်ခုမှ တာဝန်ရှိသူများက ထီလက်မှတ်များကို သက်ဆိုင်ရာဘဏ်များတွင် ငွေရှင်းရန် အန်ကယ်ဂျေးထံသို့ ချဉ်းကပ်ခဲ့သည်။

    သို့သော် ဆွေမျိုးများက သဘောတူညီမှုမရရှိခဲ့သဖြင့် ပြဿနာတက်သဖြင့် ဦးလေး Jae အစား Lamphun ဘဏ်တွင် လက်မှတ်များကို ငွေရှင်းရန် ခေါ်သွားခဲ့သည်။

    အခြားခရိုင်တွင်နေထိုင်သော ဦးလေး၏ ဆွေမျိုးများကလည်း လာရောက်လည်ပတ်ကြပြီး ၎င်းတို့နှင့်အတူ နေထိုင်ရန် ကမ်းလှမ်းကြသည်။

    သို့သော်လည်း မည်သူမည်ဝါကို ရွေးချယ်မည်ကို ကောက်ချက်မချနိုင်သေးဘဲ ဖရိုဖရဲဖြစ်ရသည့် အခြေအနေ ဖန်တီးပေးခဲ့သည်။

    ချင်းမိုင်မြို့ လူမှုဖွံ့ဖြိုးရေးနှင့် လူသားလုံခြုံရေး ဝန်ကြီးဌာနသည် အန်ကယ်ဂျယ်အတွက် အိမ်သစ်ဆောက်ရန် ယခင်က စီစဉ်ခဲ့ပြီး ဆွေမျိုးတစ်ဦးပိုင်မြေပေါ်တွင် ဘတ် ၄၀,၀၀၀ ကုန်ကျခဲ့ကြောင်း ရွာသူကြီးမှ ထုတ်ဖော်ပြောကြားခဲ့သည်။

    သို့သော်လည်း ထီတွင် ဘတ်ငွေ ၁၈ သန်း ဆွတ်ခူးပြီးနောက် စီမံကိန်းကို ဖျက်သိမ်းခဲ့ရပြီး အခြား အိုးမဲ့အိမ်မဲ့များကို ကူညီရန် ရန်ပုံငွေများကို ခွဲဝေပေးခဲ့ရသည်။

    အန်ကယ်ဂျယ်နေထိုင်တဲ့ အိမ်ပိုင်ရှင်က တစ်အိမ်လုံးကို ဘတ်ငွေ ၂ သန်းကျော်နဲ့ ရောင်းဖို့ ကမ်းလှမ်းခဲ့သည်။

    ရွာသူကြီးမှ အန်ကယ်ဂျယ်အား အိုးပိုင်အိမ်ပိုင်​တစ်ဦး​ဖြစ်စေရန် အဆိုပါအိမ်ကို ဝယ်ယူဖို့ အကြံပေးသည်။

    အဘယ်ကြောင့်ဆိုသော် အဆိုပါအိမ်ဝင်းတွင် အိမ်ငှားများပါရှိပြီ ၎င်းအိမ်ငှားများမှ ငှားရမ်းခ ရရှိနေခြင်းက ဝင်ငွေမရှိသော အိမ်ကြီးကြီးတစ်လုံးကို ဝယ်ယူခြင်းထက် ရေရှည်ဝင်ငွေကို ရရှိစေမည်ဖြစ်သောကြောင့်ဖြစ်သည်။

  • မိုးမိတ်မြို့နယ်ကို စစ်အုပ်စုတပ်တွေ ဝင်ရောက်

    မိုးမိတ်မြို့နယ်ကို စစ်အုပ်စုတပ်တွေ ဝင်ရောက်

    မိုးမိတ်မြို့နယ်ကို စစ်အုပ်စုတပ်တွေ ဝင်ရောက်ပြီးနောက် ဌာနဆိုင်ရာတွေမှာ တပ်စွဲနေ

    ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့နယ်ကို အပစ်ရပ်သဘောတူညီချက်နဲ့ စစ်အုပ်စုတပ်ကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)က ပြန်ပေးခဲ့ပြီးနောက် ဒီဇင်ဘာလ ၁ ရက်နေ့ကစပြီး စစ်အုပ်စုတပ်တွေ မြို့ပေါ်မှာဝင်ရောက်နေတယ်လို့ မြေပြင်စစ်ရေးသတင်းအရင်းအမြစ်တွေက ပြောပါတယ်။

    လက်ရှိမှာ အင်အားရာနဲ့ချီတဲ့ စစ်အုပ်စုတပ်တွေက မိုးမိတ်မြို့ပေါ်က ဌာနဆိုင်ရာရုံးတွေနဲ့ နေအိမ်တချို့မှာ ရောက်ရှိနေပြီး တပ်စွဲနေထိုင်နေထိုင်နေတယ်လို့ မိုးမိတ်ဒေသခံတစ်ဦးက ပြောပါတယ်။

    “လ၀ကရုံးတို့ မြေစာရင်းရုံးတို့မှာ စစ်အုပ်စုတွေ ဝင်ရောက်နေတယ်လို့ သိထားပါတယ်။ အိမ်တွေကိုလည်း ဝင်ပြီးရှာဖွေမွှေနှောက်နေကြတယ်တဲ့။ ကျွန်တော်တို့လည်း သေချာမသိရဘူး။ အဲထဲမှာ ကျန်နေခဲ့သူတွေနဲ့ အဆက်အသွယ် သိပ်မရဘူးဖြစ်နေတယ်”

    လတ်တလောမှာတော့ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနေတာမရှိဘဲ စစ်အုပ်စုတပ်က စစ်ပြင်နေပြီး လေကြောင်းကနေလည်း ကင်းထောက်ဒရုန်းတွေအသုံးပြုပြီးစောင်ကြည့်နေတာကြောင့် မြို့ပေါ်မှာ လူသွားလူလာမရှိဘဲ တိတ်ဆိတ်နေတယ်လို့ သူကဆိုပါတယ်။

    ပြီးခဲ့တဲ့ ၂၀၂၄ခုနှစ် ဇန်နဝါရီလမှာ မိုးမိတ်မြို့ကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)နဲ့ မဟာမိတ်ပူးပေါင်းအဖွဲ့တွေက စတင်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာဖြစ်ပြီး ငါးလအကြာ ဇွန်လမှာ အပြီးသတ်တိုက်ခိုက်သိမ်းပိုက်ခဲ့တာ ဖြစ်ပါတယ်။

    KIA ရဲ့ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကတော့ မိုးမိတ်မြို့မှာ ပြီးခဲ့တဲ့ရက်ပိုင်းက ထိတွေ့တိုက်ပွဲတချို့ ဖြစ်ပွားခဲ့ပေမဲ့ လတ်တလောမှာတော့ တိုက်ပွဲမရှိဘဲ ငြိမ်သက်နေသလို အဆက်အသွယ်တွေလည်း ပြတ်တောက်နေတယ်လို့ ပြောပါတယ်။

    မိုးကုတ်ကနေ မိုးမိတ်ကို ဝင်ရောက်နိုင်တဲ့ လမ်းကြောင်း သုံးခုရှိတဲ့အထဲက မိုးကုတ် – ပိန်းပြစ် – လွယ်ဆာ – မိုးမိတ်လမ်း၊ မိုးကုတ် – ဘားနတ် – ဘော်ဒေ – မိုးမိတ်လမ်းနဲ့ မိုးကုတ် – ချောင်းကြီး – ကျောက်ဝါ – ကျောက်ပုံ – ကြက်နဖလမ်းတို့ ဖြစ်ပါတယ်။

    မိုးမိတ်မြို့ဟာ မြို့ပေါ်ရပ်ကွက် ဆယ်ခုနဲ့ လူဦးရေ ၆၇၀၀၀ကျော် နေထိုင်ပြီး အများစုဟာ စစ်အုပ်စုတပ်တွေ မဝင်ရောက်လာခင်ကတည်းက စစ်ရှောင်နေကြတာကြောင့် မြို့ပေါ်မှာ လူအနည်းငယ်သာ ကျန်ရှိနေတော့တယ်လို့ ဆိုပါတယ်။

    Photo-Myint Thein Lwin

  • ဖုန်းအသစ်အားလုံးတွင် စောင့်ကြည့်နိုင်သည့် App များ ထည့်ရန် အိန္ဒိယ အမိန့်ထုတ်

    ဖုန်းအသစ်အားလုံးတွင် စောင့်ကြည့်နိုင်သည့် App များ ထည့်ရန် အိန္ဒိယ အမိန့်ထုတ်

    ဖုန်းအသစ်တွေမှာ နိုင်ငံပိုင် ဆိုက်ဘာလုံခြုံရေး App တွေ ထည့်သွင်းဖို့ အိန္ဒိယနိုင်ငံက ဖုန်းကုမ္ပဏီတွေကို အမိန့်ပေးခဲ့ပါတယ်။

    အဲဒါကြောင့် ဖုန်းအသုံးပြုသူတွေကြား စောင့်ကြည့်မှုနဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေ ပေါက်ကြားမှာကို စိုးရိမ်နေကြပါတယ်။

    ပြီးခဲ့တဲ့အပတ်က အတည်ပြုခဲ့ပြီး ဒီဇင်ဘာ ၁ ရက်က ကြေညာခဲ့တာဖြစ်ကာ ဖုန်းထုတ်လုပ်သူတွေဟာ အစိုးရရဲ့ app တွေ ထည့်သွင်းဖို့ ရက် ၉၀ ကြာမှာ ဖြစ်ပါတယ်။

    ဒီစနစ်ကို ပိတ်ပစ်တာမျိုး၊ ကန့်သတ်ထားတာမျိုး မလုပ်ရဘူးလို့လည်း ဖော်ပြထားပါတယ်။

    ဒီလိုပြုလုပ်တာဟာ ဆက်သွယ်ရေးကို တလွဲအသုံးပြုတာမျိုးကို သတင်းပို့ဖို့နဲ့ နိုင်ငံသားတွေရဲ့ ဖုန်းစစ်၊ မစစ်ကို စစ်ဆေးနိုင်ဖို့ အကူအညီ ဖြစ်စေတယ်လို့လည်း ဆိုပါတယ်။

    ဒါဟာ ဖုန်းအသုံးပြုသူ ၁ ဒသမ ၂ ဘီလီယံရှိတဲ့ ကမ္ဘာ့အကြီးဆုံး ဖုန်းဈေးကွက်ရှိတဲ့ နေရာဖြစ်ပြီး အခုလို အစိုးရက စောင့်ကြည့်တဲ့ App ထည့်တာက နိုင်ငံသားအခွင့်အရေး ချိုးဖောက်တာ ဖြစ်တယ်လို့လည်း ကျွမ်းကျင်သူတွေက ဝေဖန်ကြပါတယ်။

    အဲဒီ App ထည့်ထားမယ်ဆိုရင် ဖုန်းခေါ်ဆိုမှုတွေ၊ မက်ဆေ့ချ် ပေးပို့မှုတွေကို ပြုလုပ် ထိန်းချုပ်နိုင်သလို ဓာတ်ပုံ၊ ဖိုင်တွေနဲ့ ဖုန်းကင်မရာကိုလည်း အသုံးပြုနိုင်ပါတယ်။

    ဝေဖန်မှုတွေ တိုးလာတဲ့အချိန်မှာ အိန္ဒိယ ဆက်သွယ်ရေးဝန်ကြီးက ဖုန်းအသုံးပြုသူတွေဟာ ဒီ App ကို မသုံးချင်ပါက ဖျက်ပစ်နိုင်ခွင့် ရှိတယ်လို့လည်း ဆိုပါတယ်။

    ဒါပေမဲ့ ဝန်ကြီးက ဖုန်းအသစ်မှာပါတဲ့ App ကို ပိတ်ထားတာ၊ ကန့်သတ်ထားတာ မလုပ်ရဘူးဆိုရင် ဘယ်လိုလုပ်ရမလဲ ဆိုတာတော့ ရှင်းရှင်းလင်းလင်း မပြောဘူးလို့ မီဒီယာတွေက ဖော်ပြပါတယ်။

    အိန္ဒိယနိုင်ငံမှာ ၂၀၂၅ ခုနှစ် နှစ်လယ်အထိ ဖုန်းအသုံးပြုသူ ၇၃၅ သန်းရှိပြီး Apple ဖုန်းသုံးသူ ၄ ဒသမ ၅ ရာခိုင်နှုန်းသာ ရှိကာ အများစုက Android ဖုန်းတွေကို အသုံးပြုကြတယ်လို့ စစ်တမ်းတွေက ဖော်ပြပါတယ်။

    ပြည်သူတွေသုံးတဲ့ ဖုန်းတွေကို ကန့်သတ်မှုဟာ အိန္ဒိယတနိုင်ငံတည်း မဟုတ်ဘဲ ရုရှားနိုင်ငံမှာလည်း ဩဂုတ်လကစပြီး ဖုန်းနဲ့ တက်ဘလက်တွေကို တင်းကျပ်၊ စောင့်ကြည့်မှုတွေ ပြုလုပ်ခဲ့ပါတယ်။