Belly of the Beast (2003) ဒီဇာတ်ကားလေးကတော့ ထိုင်းနဲ့မြန်မာနယ်စပ်မှာ ရိုက်ကူးထားတဲ့ဇာတ်ကားဖြစ်ပြီး အမေရိကန်ရဲ့စီအိုင်အေတွေနဲ့အတူပါဝင်ရိုက်ကူး ထားပြီး ဖခင်တစ်ယောက်ရဲ့ချစ်ခြင်းမေတ္တာက ဘယ်လောက်အထိကြီးမားလဲဆိုတာကို ပြသထားတဲ့ဇာတ်ကားလေးပါပဲဗျ။ ဇာတ်လမ်းလေးရဲ့ အကြောင်းအရာကတော့ ဂျိတ်ခ်ဟော်ပါဆိုတဲ့သူဟာ အမေရိကန်ရဲ့ သူလျှိအဖြစ်နဲ့အရှေ့တောင်အာရှမှာ တာဝန်ထမ်းဆောင်ခဲ့ပြီး အနားယူလိုက်တာ ၁၀ နှစ်ရှိသွားခဲ့ပါပြီ။တစ်နေ့မှာ ဂျိတ်ခ်ရဲ့သမီး ဂျက်စီကာနဲ့အတူ သူ့သူငယ်ချင်းတွေက ထိုင်းကိုအလည်သွားကြပါတယ်။ တောမှာအပန်းဖြေခရီးထွက်ရင်းကနေ အကြမ်းဖက်လက်နက်ကိုင်အဖွဲဖြစ်တဲ့ အာဘူကာရက်ဖ်ဟာ ဂျက်စီကာတိုကိုပြန်ပေးဆွဲသွားလိုက်ပါတယ်။ ပြန်ပေးဆွဲရချင်းက ဂျက်စီကာရဲ့သူငယ်ချင်းဖြစ်သူဟာ အမေရိကန်ရဲ့လွှတ်တော်အမတ် ဂျောန်ဝင်းသရုတ်ရဲ့သမီးဖြစ်နေတဲ့အတွက်ကြောင့်ဖြစ်တယ်။ ဒီသတင်းကို ဟော်ပါကြားလိုက်ရပြီး သူ့သမီးကိုပြန်လည်ကယ်တင်ဖို ထိုင်းကိုသူလာခဲ့ပါတော့တယ်။ ထိုင်းရောက်တော့ သူ့ရဲ့အရင်အလုပ်အကိုင်က သူငယ်ချင်းတွေနဲ့ ပြန်လည်ချိတ်ဆက်ပြီး သဲလွန်စရှာဖွေရာကနေ အာဘူကာရက်ဖ်တိုဟာ တကယ်ပဲပြန်ပေးဆွဲသူတရားခံလား ဒါမှမဟုတ် အစိုးရရဲ့အထက်အရာရှိတွေကပဲ ပြဇာတ်ရဲ့နောက်ခံကနေ ကြိုးကိုင်နေတာလားဆိုတာကို ဟော်ပါဟာသူ့သမီးကိုကယ်တင်ရင်း ဘယ်လိုဖြေရှင်းသွားမလဲဆိုတာကိုတော့…..
Southbound (2015) Southbound 2015 ဟာငွေကြေးနဲ့ဆုတံဆိပ်ဆိုင်ရာအပိုင်းတွေမှာ အောင်မြင်မှုကြီးကြီးမားမားမရခဲ့ပေမယ့် အခုချိန်ထိအကောင်းဆုံးဟော်ရာရုပ်ရှင်လို့ရှာလိုက်ရင် ထွက်ကျလာမယ့် စာရင်းတွေအတော်များများမှာပါဝင်တဲ့ လူသိနည်းတဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ Anthology ပုံစံနဲ့တင်ဆက်ထားပြီး မတူညီတဲ့ဒါရိုက်တာတွေက မတူညီတဲ့ဇာတ်လမ်းတိုတွေကို သဲကန္တာရလမ်းမကြီးတစ်ခုပေါ်မှာ အခြေပြုတည်ဆောက်ထားတာဖြစ်ပေမယ့် ဇာတ်လမ်းအချင်းချင်း ချိတ်ဆက်မှု၊တစ်သမတ်တည်း ကျစ်လျစ်နေတဲ့ Tone တွေက ဒီဇာတ်ကားကိုအထူးအမှတ်ပေးစရာပါပဲ။ ဇာတ်လမ်းကတော့ နောက်ခံဇာတ်ကြောင်းကိုယ်စီနဲ့လူအမျိုးမျိုး ဒီကန္တာရလမ်းမကြီးပေါ်မှာသွားလာရင်း ကြုံတွေ့ရတဲ့ထိတ်လန့်ဖွယ်ဖြစ်စဉ်တွေအကြောင်းပါပဲ။ အဲ့ဒါတွေထဲမှာ ထိတ်လန့်စရာ ဝိဉာဉ်နူတ်သတ္တဝါတွေ၊ ဘာသာရေးအစွန်းရောက်ဒိဌိဝါဒီတွေ၊ လူတွေရဲ့ဒေါသမောဟ၊ အတ္တတွေရဲ့အကျိုးအပြစ်နဲ့သူတို့ရဲ့ဂယက်ရိုက်မှုတွေကို ဆင့်ကဲ ချိတ်ဆက်တင်ပြထားတာပါ။ ဒီဖြစ်စဉ်တွေဖြစ်နေတဲ့ ဒီကန္တာရလောကကြီးဟာ ကြေးချွတ်သန့်စင်ဘုံတစ်ခုလည်းဖြစ်နေနိုင်တယ်ဆိုတာကိုလည်း ပါးပါးလေးမြင်ရပါတယ်။ ဟော်ရာပရိသတ်တွေကြည့်ဖူးအောင်ကြည့်သင့်တဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။
Dune (1984) Frank Herbertရဲ့ နာမည်ကျော် Duneဝတ္ထုတွဲတွေကို ရိုက်ထားတဲ့ အစောဆုံးက Dune (1984) ပါပဲ။ ရိုက်တဲ့ ဒါရိုက်တာကလည်း GOATကြီး ဒေးဗစ်လင့်ချ်ပေမဲ့ တော်တော်ဝေဖန်ခံလိုက်ရတဲ့ ရုပ်ရှင်လည်းဟုတ်ခဲ့တယ်။ ဖရန့်ဟားဘတ်က ၁၉၆၅မှာ ပထမဆုံးစာအုပ်ဖြစ်တဲ့ Dune ကို ထုတ်ခဲ့ပြီး မဆုံးခင် ၁၉၈၆မတိုင်ခင်အထိ နောက်ဆက်တွဲ ငါးအုပ် ဆက်ထုတ်ခဲ့တယ်။ ဆုံးပြီးတဲ့နောက်မှာလည်း သူ့သားက ဟားဘတ်ရဲ့ ယူနီဗာ့စ်ကြီးကို ဆက်ချဲ့ထွင်နေတုန်းပါပဲ။ ရုပ်ရှင်အနေနဲ့တော့ Denis ရဲ့ ၂ကားနဲ့ ဒီတစ်ကားနဲ့မှ ၃ကားပဲရှိပြီး ပထမအုပ်ကို ရိုက်ပြထားတဲ့ Dune (2000)နဲ့ ဒုတိယအုပ်နဲ့ တတိယအုပ်ကိုရောရိုက်ပြထားတဲ့ Children of Dune (2003)တို့ကို ထုတ်ခဲ့တယ်။ ၁၉၇၁မှာ အားလုံးထက် ရိုက်ဖို့လုပ်ခဲ့တာအစောဆုံးနဲ့ မဖြစ်လာခဲ့တဲ့ Jodorowskyကတော့…
The Mystery of Emma Thorn (2025) ဒီကားလေးကတော့ သည်းထိတ်ရင်ဖိုစရာ ဇာတ်ကားတစ်ခုဆိုတာထက် ဇာတ်ကောင်ကိုဦးတည်ပြီး ပရိတ်သတ်ကိုဆွဲခေါ်သွားစေမယ့် Emotional-Drama ဆန်ဆန် လျို့ဝှက်သည်းဖို ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ ဇာတ်ကားရဲ့ အဓိက အနှစ်သာရကတော့လျို့ဝှက်ချက်တွေကို အလွှာလိုက်ဖြည်းဖြည်းချင်း ခွာချနေသလိုကို တစ်စိမ့်စိမ့်နဲ့ ကြည့်နေရတဲ့ ခံစားချက်ပဲဖြစ်ပါတယ်။ ဇာတ်ကားလေးထဲမှာဆိုရင် ဇနီးတစ်ဖြစ်လဲ အချစ်ခံရ၊ အမေတစ်ယောက်အနေနဲ့လဲ အချစ်ခံရတဲ့ Emma Thorn ဆိုတဲ့ အမျိုးသမီးတစ်ယောက်ဟာ ထူးဆန်းတဲ့အခြေအနေတွေနဲ့ ပျောက်ဆုံးသွားတာကနေ ဇာတ်လမ်းကနေစထားပါတယ်။ သူမရဲ့ ယောကျာ်းဖြစ်သူ Ari နဲ့ Autismအပျော့စားရှိတဲ့ သားဖြစ်သူ Casper တို့က သူ့အမေပျောက်ဆုံးသွားရတဲ့အကြောင်းကို ရဲတပ်ဖွဲ့နဲ့ပါပေါင်းပြီး စုံစမ်းတဲ့ အဖြစ်အပျက်တွေကို ဇာတ်လမ်းငြိမ့်ငြိမ့်လေးနဲ့ စိတ်ဝင်စားစရာကောင်းအောင်တင်ဆက်ထားတာပဲဖြစ်ပါတယ်။ အဓိက ဇာတ်လိုက်က ပျောက်ဆုံးနေသူ Emma ကိုယ်တိုင်ပဲဖြစ်ပြီးတော့ သူမရဲ့…
Death Knot (2021) တစ်ခုသောညတစ်ညမှာ ဟာရီနဲ့ အီကာဆိုတဲ့ မောင်နှမနှစ်ယောက်ဟာ တစ်ခုတည်းသော အိမ်မက်ကို တစ်ချိန်တည်း တစ်ထပ်တည်းမြင်မက်ခဲ့ကြပါတယ်။ အဲ့ဒီအိမ်မက်ကတော့ သူတို့နှစ်ယောက်ရဲ့မိခင်ဟာ တောအုပ်ကြီးထဲက သစ်ပင်ကြီးတစ်ပင်မှာဆွဲကြိုးချသတ်သေသွားခဲ့ပြီး မသေခင်မှာ ဝေးဝေးနေလို့ပြောသွားခဲ့တာပါ။ နောက်တစ်နေ့မနက်မှာပဲ သူတို့ဦးလေးဆီက သူတို့မိခင်သေဆုံးကြောင်းအကြောင်းကြားလာတဲ့အတွက် ဇာတိရွာကိုပြန်ခဲ့ကြရပါတယ်။ ရွာကိုပြန်ရောက်ချိန်မှာတော့သူတို့ရဲ့မိခင်ဟာ တစ်ရွာလုံးက ရွံကြောက်ကြတဲ့ အောက်လမ်းဆရာမတစ်ဦးဖြစ်ပြီး ဘယ်သူမှ အဆက်အဆံမလုပ်လိုကြကြောင်း၊ သူတို့နှစ်ယောက်ကိုပါ မိခင်ရဲ့မျိုးဆက်ဖြစ်တဲ့အတွက် ဘယ်သူကမှ မပတ်သက်ချင်ကြောင်းတွေကို တစ်စတစ်စသိလာပြီး နောက်မှာတော့ရွာထဲမှာ သူ့အမေသေဆုံးပုံအတိုင်းထပ်တူဆွဲကြိုးချသေဆုံးမှုတွေ ဆက်တိုက်ဖြစ်ပေါ်လာပါတော့တယ်။ နာမည်ကျော် Pulung Gantung ဒဏ္ဍာရီကိုခပ်ပါးပါးအခြေခံထားတဲ့ ဇာတ်ကားနောက်တစ်ကားဖြစ်ပါတယ်။ ဒဏ္ဍာရီအလိုအရတော့ ပူလွန်ဂန်တွန်းဆိုတာ ကောင်းကင်ကနေ မြေပြင်ပေါ်ကျဆင်းလာတဲ့ မီးလုံးကြီးဖြစ်ပြီး အဲ့ဒီလမ်းကြောင်းနဲ့တိုက်ဆိုင်သူတွေဟာ စိတ်ဓာတ်ကျခြင်းတွေပြင်းပြင်းထန်ထန်ခံစားကြရပြီး ကိုယ့်ကိုယ်ကိုသတ်သေကြတယ်လို့အယူရှိပါတယ်။ ဒါဟာ အင်ဒိုနီးရှားရဲ့ကိုယ့်ကိုယ်ကိုသတ်သေမှုအမြင့်မားဆုံးဖြစ်တဲ့ ဂူနွန်ကီဒူးလ်ခရိုင်မှာနှစ်ပေါင်းများစွာကတည်းကရှိနေခဲ့တဲ့အယူဖြစ်ပြီး အခုချိန်ထိလည်း သက်ဝင်ယုံကြည်သူတွေရှိနေကြဆဲဖြစ်ပါတယ်။ လက်တွေ့နဲ့နီးစပ်မှုရှိမရှိကိုတော့ ကိုယ်တိုင်အဖြေရှာကြည့်ကြပါ။