Tag: Movies


  • Cursed

    Cursed (2025) ဗီတာတို့မိသားစုလေးဟာ မိခင်၊ ဖခင်၊ ဗီတာနဲ့ သူ့မောင်ငယ်လေးတို့သာရှိပြီး စည်းလုံးနွေးထွေးတဲ့ ပျော်စရာမိသားစုလေးဖြစ်ပါတယ်။ ဗီတာရဲ့ဖခင်ကတော့ရုံးဝန်ထမ်းဖြစ်ပြီးသူ့အမေကတော့ ဆံပင်ညှပ်ဆိုင်တစ်ခုဖွင့်ပြီးအလုပ်များတတ်သူပါ။ တစ်နေ့တော့ အချိန်အခါမဟုတ် အိမ်ပြန်လာတဲ့ဗီတာဟာ သူ့ဖခင်နဲ့တစ်ခြားအမျိုးသမီးတစ်ဦးတို့ကို မဖွယ်မရာမြင်လိုက်ရပြီးနောက်မှာတော့ အခြေအနေတွေဇောက်ထိုးပြောင်းပြန်ပြောင်းလဲဖို့အကြောင်းဖန်လာပါတော့တယ်။ နောက်တစ်ပတ်မှာတော့ ဗီတာရဲ့ဖခင်ဟာ အလုပ်ကိစ္စနဲ့နယ်ကိုထွက်သွားပြီး သူတို့သားအမိသုံးယောက် ပုံမှန်လည်ပတ်ကြပေမယ့် အိမ်နီးချင်းတွေကတော့ တစ်စုံတစ်ရာကိုသတိထားမိလာပြီး သူတို့ကိုနောက်ကွယ်မှာ တီးတိုးစကားဆိုစပြုလာပါတယ်။ အဲ့ဒီထဲကမှ သူတို့ရဲ့အိမ်နီးချင်းတစ်ဦးက သူတို့အဖေထွက်သွားတာ တစ်နှစ်ခွဲကြာခဲ့ပြီဖြစ်ကြောင်း ပြက္ခဒိန်နဲ့သေချာထောက်ပြလာတဲ့အချိန်မှာတော့ ဗီတာတို့သားအမိအံ့ဩလွန်းမက အံ့ဩသွားကြရပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့စိတ်ထဲမှာ တစ်ပတ်ထက်မကြာသေးဘူးလို့အမြဲတမ်းယူဆထားခဲ့ကြလို့ပါပဲ။ ဒါတွေဟာ အဖြစ်အပျက်တွေရဲ့အစသာရှိသေးပြီး ပိုမိုဆိုးဝါးပြီးကြောက်စရာ ရက်စက်လှတဲ့ ကံတရားက သူတို့သားအမိတွေအတွက်စောင့်ကြိုနေပါသေးတယ်။ ဇာတ်လမ်းကတော့ ခင်ပွန်းကိုလိုချင်တဲ့အတွက် သူ့ရဲ့အိမ်ထောင်ကိုဖျက်ဆီးရုံတင်မက တစ်မိသားစုလုံးကိုပါ စီးပွားပျက်၊ လူသေတဲ့အထိ အောက်လမ်းအတတ်နဲ့လုပ်ကြံတဲ့မိန်းမယုတ်တစ်ယောက်အကြောင်းပါ။ အဲ့ဒီလိုကြောက်စရာပညာတွေကိုဘယ်လိုအရာနဲ့ယှဉ်ပြိုင်အနိုင်ယူမလဲ တရားတဲ့ဘက်ကရော အမြဲနိုင်ပါ့မလားဆိုတာကို ဇာတ်လမ်းထဲမှာ ရှုစားရမှာဖြစ်ပြီး အခုခေတ်စားနေတဲ့…

  • Hazard

    Hazard

    Hazard (2024) ဘဝမှာ အကြိမ်ကြိမ်ပြိုလဲပြီး ပြန်ထနိုင်သူတွေဟာ သူရဲကောင်းတွေဆိုရင် ချောက်ကမ်းပါးထက်နက်တဲ့ မူးယစ်ဆေးသံသရာကနေ လွတ်မြောက်ဖို့ ကြိုးစားရုန်းကန်နေသူတွေဟာလည်း ချီးကျူးထိုက်သင့်သူတွေပါပဲ။ ဒီ Hazard ဆိုတဲ့ ရုပ်ရှင်မှာ Sara နဲ့ Will တို့ဟာ သူတို့သားလေး Morgan အတွက် မူးယစ်ဆေးနွံထဲက လွတ်မြောက်အောင် ရုန်းကန်ကြပုံကို ပုံဖော်ရိုက်ကူးထားတာပါ။ Sara က ဆေးဖြတ်ထားတာ တစ်နှစ်ကျော်နေပြီး သားဖြစ်သူ Morgan ကို သန့်ရှင်းရေးအလုပ် လုပ်ပြီး တစ်ကိုယ်တည်း ထိန်းကျောင်းနေတာပါ။ Will ကတော့ သားနဲ့ အမျိုးသမီးဖြစ်သူဆီ မကြာခဏ လာလည်ပါတယ်။ သူကိုယ်တိုင်ကတော့ ဆေးအရောင်းအဝယ်လုပ်ရင်း တစ်ရက်မှာ ဆယ်ကျော်သက် မိန်းကလေးတစ်ယောက်ကို ဆေးရောင်းမိသွားပါတယ်။ အဲ့ဒီမိန်းကလေး ဆေးလွန်ပြီး သေဆုံးသွားတဲ့အခါ Sara ရဲ့ အစ်ကိုဖြစ်သူ…

  • Aileen: Queen of the Serial Killers

    Aileen: Queen of the Serial Killers (2025) အိုင်လင်းဝူအော်နို့စ်….သေမင်းရဲ့သမီးပျို (ဝါ) အစွန်းရောက်ယောကျ်ားမုန်းတီးရေးသမားလို့ သမုတ်ခံရတဲ့ ကွင်းဆက်လူသတ်ဘုရင်မကြီး၊ ဖလော်ရီဒါပြည်နယ်ရဲ့ တတိယမြောက် သေဒဏ်ပေးခံခဲ့ရတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ မှတ်တမ်းရုပ်ရှင်ပေါ့။ ဆယ့်ငါးနှစ်သမီးကတည်းက လမ်းပေါ်ရောက်သွားခဲ့တဲ့ အိုင်လင်းတစ်ယောက် ပြည့်တန်ဆာအဖြစ်နဲ့ပဲ လမ်းပေါ်မှာ နှစ်တွေနဲ့ချီပြီးကျင်လည်ခဲ့တယ်။ တိုနီဆိုတဲ့ အမျိုးသမီးနဲ့တွေ့ပြီးမှ သူ့ကိုယ်သူ လိင်တူချစ်သူမှန်းသိသွားတဲ့နောက် တိုင်ရီယာမိုးဆိုတဲ့ အမျိုးသမီးတစ်ယောက်ကို စွဲစွဲလန်းလန်းချစ်မိသွားခဲ့တယ်။ အဲဒီအချစ်ကပဲ သူ့ကို လူသတ်သမားဖြစ်စေတာလားမသိ။ သူ့ထွက်ဆိုချက်အရ ချစ်သူနဲ့အတူ အသက်ရှင်လျက် နောက်တစ်ရက်နေထိုင်နိုင်ဖို့ဆိုတဲ့စိတ်နဲ့ ပစ္စတိုတစ်လက် ဆောင်ခဲ့မိရာက သူ သတ်လိုက်မိတာ အမျိုးသားခုနစ်ယောက်ထိ။ ဒါပေမဲ့ တရားခွင်မှာ ရင်ဆိုင်ရတဲ့အခါ အဲဒီယောကျ်ားတွေက သူ့ပေါ်မှာ မတရားကျင့်လို့၊ ကိုယ်ထိလက်ရောက်စော်ကားလို့ မတရားခိုင်းစေလို့ဆိုတဲ့အကြောင်းတွေ ခုခံချေပခဲ့ပေမဲ့ သေဒဏ်ကျခံခဲ့ရပါတယ်။ အိုင်လင်းရဲ့ ဘဝဇာတ်ကြောင်း တစိတ်တဒေသနဲ့…

  • ONE SHOT with Ed Sheeran

    ONE SHOT with Ed Sheeran

    ONE SHOT with Ed Sheeran (2025) သီချင်းဖန်တီးတဲ့နေရာမှာ နှစ်ယောက်မရှိတဲ့ singer/ songwriter Ed Sheeran တစ်ယောက် နယူးယောက်ခ်မြို့ရဲ့လမ်းမတွေမှာ တစ်နေရာပြီးတစ်နေရာ လှည့်ပတ်ဖျော်ဖြေရင်း ပရိတ်သတ်တွေနှင့် နွေးနွေးထွေးထွေးနှုတ်ဆက်လိုက်၊ သီချင်းလေးဆိုလိုက်နှင့် ရင်ထဲကြည်နူးသွားစေမဲ့ vlog တစ်ခုလိုဖန်တီးထားတဲ့ ပေါ့ပေါ့ပါးပါး video clip လေးပါ။ Ed Sheeran ရဲ့ သီချင်းတွေတစ်ပုံကြီးကို live performance ကြည့်နေရသလို ခံစားရမှာဖြစ်ပြီး သူ့ရဲ့ စင်နောက်ကွယ်က ဘဝနှင့် ပရိတ်သတ်တွေအပေါ် ဟန်ဆောင်မှုမရှိ၊ နွေးထွေးတတ်တာလေးတွေကို မြင်တွေ့ရမှာဖြစ်ပါတယ်။

  • Trap House

    Trap House

    Trap House (2025) မင်းသားကြီး Dave Bautista ရဲ့ မက္ကဆီကန် ကာတဲလ်တွေနဲ့ ပွဲကြမ်းတဲ့ အက်ရှင်ကားလေးပါ.. အယ်ပါဆိုတဲ့ မြို့လေးမှာ ဆောက်လုပ်ရေးလုပ်သားအဖြစ် အသွင်ယူထားပြီး မူးယစ်တိုက်ဖျက်အဖွဲ့ဝင်လုပ်နေတဲ့ ရေးလ်ဟာ သားဖြစ်သူကိုပါ ဒီမြို့ကို ခေါ်လာရပါတယ်.. တစ်နေ့တော့ သားဖြစ်သူ ကိုဒီက ကာတဲလ်ဂိုဏ်းတွေဆီက ပိုက်ဆံကို သွားခိုးပြီး ပြဿနာရှာခဲ့တာကြောင့် အသွင်ယူဟန်ဆောင်ထားတဲ့ ရေးလ်လည်း ကာတဲလ်ဂိုဏ်းကြီးနဲ့ ထိပ်တိုက်ရင်ဆိုင်ရဖို့ ဖြစ်လာပါတော့တယ်…