Tag: News

  • ကျောင်းထိုင်ဘုန်းကြီး KTV ကေ့စ် ပြဿနာက ခုမှစတာ

    ကျောင်းထိုင်ဘုန်းကြီး KTV ကေ့စ် ပြဿနာက ခုမှစတာ

    ပျော်ဘွယ်က ကျောင်းထိုင်ဘုန်းကြီးတစ်ပါး KTV မှာ သောက်စားမူးယစ်နေတာမိလို့ လူဝတ်လဲခံလိုက်ရတဲ့သတင်းက ပြဿနာမဟုတ်ဘူးဗျ

    ပြဿနာက အခုမှစတာ….

    တာဝန်ရှိပျော်ဘွယ်ရဲတွေကို လာဘ်ငွေ သိန်းတစ်ရာပေးရတဲ့အတွက် ဘုန်းကြီးခမျာ ပိုက်ဆံမလောက်တာနဲ့ကျောင်းကပစ္စည်းလေးတွေရောင်းချပြီးပေးရတော့တာပေါ့…….

    ဒါယိကာဒါယိကာမတွေကလဲ လှူထားတဲ့ပစ္စည်းတွေ ဘုန်းကြီးယူသွားလို့ မကျေနပ်တော့ တိုင်ကြ တောကြပေါ့…..

    လက်ခံမိတဲ့ KTV ကလဲ နာမည်မထွက်အောင် ပျော်ဘွယ်ရဲတွေကို နှုတ်ပိတ်ခပူဇော်လိုက်ရလို့ ကတုံးနဲ့ဆိုရင် အဝင်မခံဖို့ ဝိတ်တာတွေကိုမှာနေရရော…..

    ကျောင်းထိုင်တင်ပေးမိတဲ့ မ/နသံဃနာယကအသင်းကြီးကလဲ ဘယ်ဘုန်းကြီးကို ဘယ်လောက်ပေးပြီးကျောင်းထိုင်ဖြစ်ခဲ့တာပါလို့ အသံထွက်မှာကြောက်ပြီး ဆွမ်းတောင်ဖြောင့်ဖြောင့်ဘုန်းမပေးနိုင်….

    သတင်းပေးတဲ့ ဒါယိကာလဲ KTV ကိုသူသွားတာလူသိမှာကြောက်လို့ဖုံးရဖိရနဲ့……

    အချီကြီးမိလိုက်တဲ့ ပျော်ဘွယ်ရဲတွေလဲ သိန်းတစ်ရာယူလိုက်တဲ့သတင်းပြန့်သွားလို့ အဆင့်ဆင့်ဝေစားမျှစားတွေကို ခွဲပေးလိုက်ရလို့ တွက်ချေမကိုက်ဖြစ်သွားရကြောင်း….

    မြို့နယ်အတွင်းက တစ်ခြား KTV ကိုယ်တော်တွေလဲ အသွားအလာဆင်ခြင်လိုက်ရလို့ လမင်းတို့ ကြယ်စင်တို့ကို လွမ်းနာကျပြီး ကျိန်းလို့ပင်မပျော်တော့ဘဲ ဒုက္ခရောက်နေရကြောင်း….

    ပျော်ဘွယ်မြို့နယ်ထဲက ရဲတွေမှန်သမျှ လောင်းကစား မူးယစ်ဆေး ခိုးဆိုးလုယက်တွေနဲ့ဆက်နွယ်ကြောင်းကို ဘုန်းကြီးအမှုကိုဖော်ရင်း ပေါ်မှာစိုးရိမ်နေရကြောင်း……

    အဲ့ဒါပဲဗျ …..

    ကတုံး ရှုပ်ရင်ရှင်းမရဘူးဆိုတာ

  • တိုင်းပြည်မငြိမ်သက်အောင်လုပ်ရင် အကုန်သတ်ဟု သရုပ်ဆောင်နေအောင် ခြိမ်းခြောက်ပြောဆို

    တိုင်းပြည်မငြိမ်သက်အောင်လုပ်ရင် အကုန်သတ်ဟု သရုပ်ဆောင်နေအောင် ခြိမ်းခြောက်ပြောဆို

    စစ်ကော်မရှင် ရွေးကောက်ပွဲအတွက် အမုန်းစကားများဖြင့် မဲဆွယ်

    စစ်ကော်မရှင်က ၂၀၂၅ ခုနှစ်တွင် ကျင်းပရန် ပြင်ဆင်နေသည့် ရွေးကောက်ပွဲကို ထောက်ခံပြောဆိုသည့် အင်တာဗျူးတစ်ခုတွင် ဝါရင့်သရုပ်ဆောင် နေအောင်က နိုင်ငံရေးဆန့်ကျင်သူများကို သတ်ဖြတ်ပစ်ရန် လူသိရှင်ကြား လှုံ့ဆော်လိုက်ပြီး လူနည်းစုဘာသာဝင်များအပေါ် ခွဲခြားဆက်ဆံသည့် အမုန်းစကားများကိုပါ ထည့်သွင်းပြောဆိုသွားသည်။

    လူမှုကွန်ရက်စာမျက်နှာများတွင် ပျံ့နှံ့နေသည့် ရုပ်သံမှတ်တမ်းအရ သရုပ်ဆောင် နေအောင်သည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ကို ထောက်ခံမဲပေးရန် စည်းရုံးပြောဆိုရာ၌ လက်ရှိနိုင်ငံရေး မတည်ငြိမ်မှုများအတွက် အတိုက်အခံများကို အပြစ်တင်ခဲ့ပြီး အကြမ်းဖက်မှုကို လှုံ့ဆော်သည့် စကားလုံးများကို သုံးစွဲခဲ့သည်။

    “တိုင်းပြည်ကို မငြိမ်အောင်လုပ်တဲ့သူ အကုန်သတ်။ ရှင်းတယ်နော်။ အေးအဲဒါပဲဗျာ” ဟု ၎င်းက ဒေါသတကြီး ပြောဆိုခဲ့သည်။ ထို့အပြင် တပ်မတော်ကသာ နိုင်ငံကို ကာကွယ်ပေးနေခြင်းဖြစ်ပြီး တပ်မတော်မရှိပါက ပြည်သူများ ဘဝပျက်မည်ဟုလည်း ၎င်းက ဆိုသည်။

    သရုပ်ဆောင်နေအောင်သည် ၎င်း၏ ဟောပြောမှုတွင် ဘာသာရေးနှင့် လူမျိုးရေး ခွဲခြားဆက်ဆံမှုများကိုလည်း ထည့်သွင်းပြောကြားခဲ့သည်။ မွတ်စလင်ဘာသာဝင်များကို ရည်ညွှန်း၍ “ကျွန်တော်တို့က အိမ်ရှင်၊ သူတို့က ဧည့်သည်၊ တည့်အောင်နေရမယ်” ဟု ပြောဆိုခဲ့ခြင်းမှာ နိုင်ငံသားအခွင့်အရေးဆိုင်ရာ စံနှုန်းများကို ချိုးဖောက်ပြီး အစွန်းရောက်အမျိုးသားရေးဝါဒကို မြှင့်တင်ရာ ရောက်နေသည်။

    အဆိုပါ ပြောဆိုမှုနှင့် ပတ်သက်၍ ရန်ကုန်မြို့ခံ လူငယ်တစ်ဦးက ယခုကဲ့သို့ မှတ်ချက်ပြုသည်။

    “အနုပညာရှင်တစ်ယောက်အနေနဲ့ ဖြစ်နေတဲ့ ပဋိပက္ခတွေကို ငြိမ်းအောင် ကူညီရမယ့်အစား မငြိမ်အောင်လုပ်တဲ့သူ အကုန်သတ်ဆိုပြီး လူသတ်ဖို့ လှုံ့ဆော်တာက အရမ်းရုပ်ဆိုးပါတယ်။ အောက်တန်းလည်းကျပါတယ်။ သူပြောတဲ့ အိမ်ရှင်ဧည့်သည် စကားကလည်း ခေတ်နောက်ပြန်ဆွဲတဲ့ စကားလုံးတွေပါ။ စစ်တပ်လုပ်မယ့် ရွေးကောက်ပွဲဆိုတာ ဘယ်လိုပုံစံလဲဆိုတာ သူတို့ရဲ့ မဲဆွယ်နည်းကို ကြည့်တာနဲ့ သိသာပါတယ်။ ပြည်သူတွေက အကြောက်တရားနဲ့ မဲသွားပေးရရင်တောင် စစ်မှန်တာတွေ ရမှာမဟုတ်ဘူး”ဟု ပြောသည်။

    လက်ရှိ နိုင်ငံရေးအခြေအနေများကို လေ့လာစောင့်ကြည့်နေသူ နိုင်ငံရေးသုံးသပ်သူတစ်ဦးကလည်း သရုပ်ဆောင်နေအောင်၏ ပြောစကားများကို ထောက်ပြပြောဆိုထားသည်။

    “ဒါက ရိုးရိုးသားသား မဲဆွယ်တာ မဟုတ်ဘူး။ စစ်တပ်အနေနဲ့ သူတို့ကိုယ်တိုင် ပြောဖို့ခက်တဲ့ အမုန်းစကားတွေ၊ ခြိမ်းခြောက်စကားတွေကို နာမည်ကြီး အနုပညာရှင်တွေကို အသုံးချပြီး ပြောခိုင်းနေတာပါ။ ဒါဟာ ပြည်သူလူထုကြားမှာ ကြောက်ရွံ့မှုဖန်တီးပြီး နိုင်ငံရေးထွက်ပေါက်ရှာဖို့ ကြိုးစားတဲ့ စိတ်ဓာတ်စစ်ဆင်ရေး တစ်ခုသာ ဖြစ်ပါတယ်”ဟု သုံးသပ်ထားသည်။

    လက်ရှိအချိန်တွင် စစ်ကော်မရှင်သည် ၂၀၂၅ ခုနှစ်တွင် ရွေးကောက်ပွဲကျင်းပရန် ပြင်ဆင်နေသော်လည်း နိုင်ငံတဝန်း တိုက်ပွဲများ ပြင်းထန်နေဆဲဖြစ်ပြီး ဒေသအများအပြားတွင် နယ်မြေစိုးမိုးမှုများ ဆုံးရှုံးနေရသည်။

  • BGF/KNA နှင့် DKBA တပ်ဖွဲ့ အကာအကွယ်ပေးထားသည့် အွန်လိုင်းငွေလိမ်ဂိုဏ်းသားများ ညတွင်းချင်း နေရာပြောင်းရွှေ့

    BGF/KNA နှင့် DKBA တပ်ဖွဲ့ အကာအကွယ်ပေးထားသည့် အွန်လိုင်းငွေလိမ်ဂိုဏ်းသားများ ညတွင်းချင်း နေရာပြောင်းရွှေ့

    အွန်လိုင်းငွေလိမ်လုပ်ငန်းကို အကာအကွယ်ပေးထားသည့် ကရင်နယ်ခြားစောင့်တပ် BGF/KNAနှင့် ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် DKBAတပ်ဖွဲ့တို့သည် တရုတ်မာဖီယားများ ဦးဆောင်သည့် အွန်လိုင်းငွေလိမ်ဂိုဏ်သားများကို နိုဝင်ဘာလ ၂၅ ရက် ညနေမှ စတင်ကာ နေရာပြောင်းရွှေ့ပေးနေကြောင်း ဒေသခံများထံမှ သိရသည်။

    ဒုစရိုက်လုပ်ငန်းများဖြင့် အမည်ဆိုးနှင့် ကျော်ကြားနေသော မြဝတီဒေသရှိ BGF/KNA ထိန်းချုပ်နယ်မြေမှ Yulong Bay Park ၊ ၁၀၇ဧက၊ Huanya (ဧက ၁၀၀) တို့ကို နေရာပြောင်းရွှေ့ပေးနေကြောင်းသိရသည်။

    ညနေ ၇နာရီလောကျကစပွီး ပြောင်းနေတယ်။ မနက်၃နာရီလောက်အထိ မပြီးသေးဘူး။ BGFတပ်နယ် (၃) စစ်ကားနဲ့ ပြောင်းနေတာ။ လူအင်အား ၁,၀၀၀ကျော်မယ်။ ကျားဖြန့် သူဌေးတွေကို BGFအရာရှိကားတွေနဲ့ ဦးဆောင်ပြီးခေါ်သွားတယ်။ သူတို့ကိုယ်ပိုင်ကားတွေနဲ့ ပြောင်းတာ။ ရွှေကုက္ကိုလ်က တရုတ်ဆိုဒ် (၅) ကို ပြောင်းတာလို့ သိထားတယ်ဟု ရွှေကုက္ကိုလ်ဒေသခံတဦးမှ ပြောသည်။

    BGF/KNAတပ်ဖွဲ့တို့မှ ကားကြီးကားငယ်ဖြင့် အွန်းလိုင်းငွေလိမ်ဂိုဏ်းသားများကို ပြောင်းရွှေ့ပေးနေပြီး မြန်မာအလုပ်သမားများကို ပြောင်းရွှေ့ခွင့်မပေးသည့်အပြင် အဆောက်အဦအပြင်ထွက်ခွင့်ပါ မပေးခဲ့ကြောင်းသိရသည်။

    အဆိုပါနေရာကို စစ်ကော်မရှင်တပ်မှ အယောင်ပြ စစ်ဆေးရေးပြုလုပ်မည်ဖြစ်သဖြင့် ကြိုတင်ပြောင်းရွှေ့ပေးနေကြောင်းသိရသည်။

    ရွှေကုက္ကိုလ်ဒေသကို BGF/KNAတို့မှ နိုဝင်ဘာလ ၂၄ရက်နေ့မှ စတင်ကာ ညမထွက်ရအမိန့်ကို ကြေညာခဲ့သည်။

    ည၈နာရီမှ မနက်၈နာရီအထိ တရုတ်ဆိုဒ်ကို သွားလာခွင့် ပိတ်ပင်ထားပြီး ယင်းအချိန်တွင် အွန်လိုင်းငွေလိမ်ဂိုဏ်းသားများကို ပြောင်းရွှေ့ပေးနေခြင်းဖြစ်သည်။

    Yulong Bay Parkသည် BGF/KNAခေါင်းဆောင် စောချစ်သူ၏ သားအကြီးဖြစ်သူ စောထူးအဲမူးက ရှယ်ယာရှင်အဖြစ် ပါဝင်ထားသည်။

    အလားတူ DKBAထိန်းချုပ်နယ် deeko park(ဝေါလေ), Kaixuan park (ဝေါလေ) တို့မှ အွန်လိုင်းငွေလိမ်ဂိုဏ်းသားများကို ၎င်းတို့ကိုယ်တိုင် နေရာရွှေ့ပြောင်းပေးနေကြောင်းသိရသည်။

    ဝေါလေက တရုတ်ဆိုဒ်ထဲက တရုတ်တွေကို ယူနီဖောင်းတွေဆင်ပြီး နေရာရွှေ့နေတယ်။ တရက်နည်းနည်းနဲ့ DKBAက ရွှေ့ပေးနေတာဟု ဝေါလေဒေသခံတဦးမှပြောသည်။

    ပြောင်းရွေ့နေသည့် တရုတ်မာဖီယားဂိုဏ်သားများကို မည်သည့်နေရာကို ပြောင်းရွှေ့နေကြောင်း လတ်တလော မသိရှိရသေးပေ။

    ဝေါလေမြို့ထဲရှိ (Kaixuan) Parkသည် DKBA ဒုစစ်ဦးစီးချုပ်စောရွှေဝပိုင်ဆိုင်ပြီး ဝေါလေမြို့အပြင်ဘက်ရှိ Deeko park သည် DKBA စစ်ဦးစီးချုပ် စောစတီး၏သား အဲ့လယ်ထူးပိုင်ဆိုင်ကြောင်း သိရသည်။

    နိုဝင်ဘာလ ၂၁ရက်နေ့တွင် KNUနှင့် PDFတို့မှ မင်းလက်ပံကျေးရွာအတွင်းရှိ DKBAတပ်ဖွဲ့ဝင်များကို နောက်ကျည်ဖောက်သည့်အတွက် တပ်ဖွဲ့ဝင် ၂၀ကျော်ကို ဖမ်းဆီးခဲ့ပြီး လက်နက်၃၀၀နီးပါးကို သိမ်းဆည်းခဲ့သည်။

    ထို့နောက် နိုဝင်ဘာလ ၂၃ရက်နေ့တွင် DKBAတပ်ဖွဲ့ အကာအကွယ်ပေးထားသည့် မင်းလက်ပံကျေးရွာ သောင်းရင်းမြစ်ဘေးရှိ အွန်လိုင်းငွေလိမ်လုပ်ငန်း လုပ်ဆောင်နေသည့် Shunda Parkကို ဝင်ရောက်စီးနင်းခဲ့ပြီး ပိတ်လှောင်ခံရသူ နိုင်ငံပေါင်းစုံမှ လူ၂,၀၀၀ ကျော်ကို ကယ်တင်နိုင်ခဲ့သည်။

    အွန်လိုင်းငွေလိမ်လုပ်ငန်းကို အကာအကွယ်ပေးနေသည့် DKBAတပ်မှ နိုဝင်ဘာလ ၂၆ရက်နေ့တွင် ဖလူလေး၊ ဝေါလေနှင့် စုကလိကျေးရွာအထိ မည်သည့်လက်နက်ကိုင်အဖွဲ့အစည်းမဆို ဖြတ်သန်းသွားလာခြင်း ခွင့်မပြု၊ အရေးပေါ်သွားလာရန်လိုအပ်ပါက ကြိုတင်သတင်းပို့ရန်ဆိုကာ အသိပေးကြေညာချက် စာတစောင် ထုတ်ပြန်ခဲ့သည်။

  • စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် တချိန်တည်း မိသားစုဝင် ၇ ဦး ဆုံးရှုံးခဲ့ရတဲ့ မိုက်ဟုန်းရွာက ဦးသြ

    စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် တချိန်တည်း မိသားစုဝင် ၇ ဦး ဆုံးရှုံးခဲ့ရတဲ့ မိုက်ဟုန်းရွာက ဦးသြ

    စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် တချိန်တည်း မိသားစုဝင် ၇ ဦး ဆုံးရှုံးခဲ့ရတဲ့ မိုက်ဟုန်းရွာက ဦးသြ

    စစ်ကောင်စီတပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် မိုက်ဟုန်းရွာခံ ၁၄ ဦး သေဆုံးခဲ့ရတဲ့အထဲမှာ အသက် ၅၀ ကျော် ဦးသြရဲ့ အမျိုးသမီးဖြစ်သူအပါအဝင် မိသားစုဝင် ၇ ဦး ပါဝင်ပါတယ်။

    ပြီးခဲ့တဲ့ အောက်တိုဘာ ၇ ရက် နေ့လည် ၁၂ နာရီဝန်းကျင်မှာ တအာင်းတပ်မတော် PSLF/TNLA ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့နယ် မိုင်းလုံမြို့ မိုက်ဟုန်းကျေးရွာကို စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားတာမရှိဘဲ ဂျက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

    ဦးသြရဲ့ မိသားစုဝင်အပါအဝင် လူပေါင်း တစ်ဒါဇင်ကျော် သေဆုံးခဲ့တဲ့ မိုက်ဟုန်းကျေးရွာက အခြေအနေကို ရိုက်ကူးတင်ဆက်ထားပါတယ်။

  • အမေရိကန် F-22 တိုက်လေယာဉ်က ကိုယ်တိုင်ပျံသန်းရင်း ဒရုန်းတစ်စီးကိုပါ တပြိုင်တည်း ထိန်းချုပ်နိုင်ခဲ့

    အမေရိကန် F-22 တိုက်လေယာဉ်က ကိုယ်တိုင်ပျံသန်းရင်း ဒရုန်းတစ်စီးကိုပါ တပြိုင်တည်း ထိန်းချုပ်နိုင်ခဲ့

    အမေရိကန်ရဲ့ F-22 တိုက်လေယာဉ်မှူး တစ်ဦးဟာ လေယာဉ်ကို ပျံသန်းနေချိန် အတွင်းမှာပဲ နောက်ထပ် ဒရုန်းတစ်စီးကိုပါ တပြိုင်တည်း ထိန်းချုပ်နေတဲ့ စမ်းသပ်မှုကို ပြီးမြောက် အောင်မြင်ခဲ့ကြောင်း သိရပါတယ်။

    Lockheed Martin ကုမ္ပဏီက ပဉ္စမမျိုးဆက် အဆင့်မြင့် တိုက်လေယာဉ်ရဲ့ လေယာဉ်မှူးဟာ စစ်ဆင်ရေး လုပ်ဆောင်နေရင်း တခြား ဒရုန်းတစ်စီးကိုပါ အလိုက်သင့် တွဲဖက် စေခိုင်းနိုင်တဲ့ စွမ်းဆောင်ကြောင်း သရုပ်ပြနိုင်ခဲ့တယ်လို့ ပြောပါတယ်။

    F-22တွေကို ထုတ်လုပ်တဲ့ ကုမ္ပဏီရဲ့ အဆိုအရ နီဗားဒါးပြည်နယ်၊ လက်စ်ဗီးဂက်စ်မြို့မှာရှိတဲ့ နဲလစ္စ လေတပ်စခန်း အခြေစိုက် F-22 တစ်စီးရဲ့ လေယာဉ်မှူးဟာ လေထဲမှာ ပျံဝဲနေတဲ့ MQ-20 ဒရုန်းတစ်စီးကိုရော၊ သူ့ရဲ့ လေယာဉ်ကိုပါ တပြိုင်တည်း ထိန်းချုပ်နိုင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

    Lockheed Martinဟာ တစ်ယောက်စီး တိုက်လေယာဉ်တွေရဲ့ စစ်ဆင်ရေးမစ်ရှင် လိုအပ်ချက်တွေကို ဝန်းရံ ဖြည့်တင်းပေးမယ့် ဒရုန်းတွေကိုပါ လေယာဉ်မှူးတွေက လိုသလို ထိန်းချုပ်နိုင်မယ့် လေ့လာမှုမျိုးကို လုပ်ဆောင်နေပါတယ်။

    အဲဒီ ကုမ္ပဏီဟာ နောက်ပိုင်းနှစ်တွေမှာ အမေရိကန်ရဲ့ အဆင့်အမြင့်ဆုံး တိုက်လေယာဉ်တွေ ဖန်တီးထုတ်လုပ်မှုမှာ အဓိကကျကျ တာဝန်ယူနေခဲ့တာဖြစ်ပါတယ်။

    လက်ရှိမှာတော့ Lockheed Martinဟာ F-22နဲ့ F-35တွေလို ပဉ္စမမျိုးဆက် အဆင့်မြင့် တိုက်လေယာဉ်တွေမှာ ဉာဏ်ရည်တု (AI)နည်းပညာသုံး ဒရုန်းတွေနဲ့ လူလိုက်ပါတဲ့ တိုက်လေယာဉ်တွေဟာ ဟန်ချက်ညီ ပေါင်းစပ် ပျံသန်းနိုင်မှုကို မဟာဗျူဟာ စီမံကိန်း တစ်ခုအနေနဲ့ အကောင်အထည် ဖော်နေပါတယ်။

    တိုက်လေယာဉ်တွေကို ဒရုန်းတွေက ခြံရံ ပျံသန်းပေးတဲ့အခါ ရန်သူ့ လှုပ်ရှားမှုကို ထောက်လှမ်းရာမှာရော၊ စစ်ဆင်ရေး စွမ်းရည်ကိုပါ တိုးတက်မှုတွေ ရစေလိမ့်မယ်လို့ Lockheed Martinက မှတ်ချက်ပေးထားပါတယ်။

    Lockheed Martinဟာ AI အထောက်အပံ့ ပေါင်းစပ်စေမယ့် လေကြောင်း စစ်ဆင်ရေး နည်းပညာပိုင်းနဲ့ ပတ်သက်လို့ နှစ်အတော်ကြာ သုတေသနပြု လေ့လာနေခဲ့တာ ဖြစ်ပါတယ်။

    F-22တွေဟာ လေကြောင်းစိုးမိုးရေးအတွက် အဓိက ရည်ရွယ် ထုတ်လုပ်ထားပြီး လက်ရှိ ကမ္ဘာပေါ်မှာ ထုတ်လုပ်ခဲ့ဖူးသမျှ စွမ်းဆောင်ရည် အမြင့်ဆုံး တိုက်လေယာဉ်တွေလို့ သတ်မှတ် ခံထားရပါတယ်။ အမေရိကန်ဟာ F-22တွေကို ပြည်ပ တင်ပို့ရောင်းချခွင့်ကိုပါ ပိတ်ပင်ထားပါတယ်။

    ကိုးကား: Aerospace Global