Tag: Movies


  • Hello Brother

    Hello Brother

    Hello Brother (2005) အခုတစ်ခါမှာ တင်ဆက်ပေးချင်တဲ့ ဇာတ်ကားလေးကတော့ ဖြစ်ရပ်မှန်ကို အခြေခံပြီး ရိုက်ကူးထားတဲ့ ဇာတ်ကားလေးဖြစ်ပြီး မိသားစုဒရာမာ အမျိုးအစား ဇာတ်ကားလေးဖြစ်တာကြောင့် ငြိမ့်ငြိမ့်လေးနဲ့ ရင်ထဲထိထိမိမိ ခံစားသွားရစေမဲ့ ဇာတ်ကားလေးလည်းဖြစ်ပါတယ်။ ဒီဇာတ်ကားလေးကတော့ ဦးနှောက်အကျိတ်ဖြစ်နေတဲ့ ၁၂နှစ်အရွယ် အစ်ကိုဖြစ်သူ ဟန်ဗြောနဲ့ အစ်ကို့အပေါ်အမြဲအနိုင်ယူပြီး အမြဲ ပြဿနာရှာ စနောက်တတ်တဲ့ ဟာနီ ဆိုတဲ့ ၉နှစ်အရွယ် ကောင်ဆိုးလေးတစ်ယောက်တို့အကြောင်းနဲ့ အစပြုပါတယ်။ အဲဒီနောက် အစ်ကိုဖြစ်သူက ဦးနှောက်အကျိတ်ကြောင့် ဆေးရုံတက်လိုက်ရတဲ့အခါ မိဘတွေရဲ့ဂရုစိုက်မှုတွေက အစ်ကို့အပေါ်ကိုရောက်ရှိသွားချိန်မှာ ဟာနီတစ်ယောက် မနာလိုစိတ်၊စိတ်ပျက်မှုတွေနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ အဲဒီလိုနဲ့ အစ်ကိုဖြစ်သူဆေးရုံတက်နေစဉ်အတွင်း ဆေးရုံကိုသွားရင်းကနေ အစ်ကိုဖြစ်သူရဲ့ နံဘေးကုတင်က ကင်ဆာရောဂါသည်ကောင်လေးနဲ့ သိကျွမ်းခဲ့ကြပါတယ်။ အဲဒီလို သိကျွမ်းခင်မင်ခဲ့ကြရာကနေ အစ်ကိုဖြစ်သူ ဂျန်ဟန်ဗြောနဲ့ ကင်ဆာရောဂါသည်ကောင်လေးတို့ကြောင့် ပြဿနာရှာတတ်တဲ့လူဆိုးလေးဂျန်ဟာနီတစ်ယောက် တစ်ကိုယ်ကောင်းဆန်တဲ့စိတ်တွေ လျော့ကျပြီး၊…

  • Enchanted

    Enchanted (2007) Enchanted ကတော့ ၂၀၀၇ ခုနှစ်က ထွက်ရှိခဲ့တဲ့အမေရိကန်သက်ဝင်လှုပ်ရှားရုပ်ရှင်၊ ကာတွန်းနဲ့ဂီတပေါင်းစပ်ဖန်တီးထားတဲ့ စိတ်ကူးယဉ်ဇာတ်လမ်းဖြစ်ပါတယ်။ Kevin Lima က ဒါရိုက်တာလုပ်ရိုက်ကူးထားပြီး Bill Kelly က ဇာတ်ညွှန်းရေးကာ Amy Adams၊ Patrick Dempsey၊ James Marsden နဲ့ Susan Sarandon တို့က ပါဝင်သရုပ်ဆောင်ထားပါတယ်။ စိတ်ကူးယဉ်ကာတွန်းကမ္ဘာဖြစ်တဲ့ Andalasia မှာနေထိုင်တဲ့ Giselle အမည်ရှိတဲ့ ကောင်မလေးဟာ Prince Edward နဲ့တွေ့ဆုံချစ်ကြိုက်မိရာကနေ ချက်ချင်းလက်ထပ်ဖို့စီစဉ်ခဲ့ကြပါတယ်။ ဒါပေမဲ့ Edward ရဲ့ မိထွေးတော် Queen Narissa ဟာ သားတော်လက်ထပ်ရင် နန်းစည်းစိမ်ဆုံးရှုံးရမှာစိုးရိမ်တာနဲ့ပဲ Giselle ကို ဆန္ဒပြည့်ရေတွင်းထဲတွန်းချလိုက်ပါတယ်။ အဲဒီတွင်းထဲကပြန်ထွက်ပေါ်လာတာက လူသားအသွင် Giselle ဖြစ်နေပြီး လက်တွေ့ကမ္ဘာရဲ့နယူးယောက်မြို့…

  • The Twits

    The Twits (2025) တစ်ခါက တစ်လောကလုံးကို မုန်းပြီး ဘယ်သူနဲ့မှမတည့် အချင်းချင်းလည်း မတည့်ပြန်တဲ့ တွစ်လင်မယားနှစ်ယောက် ရှိပါတယ်။ သူတို့နှစ်ယောက်ကို သဘောထားတိုက်ဆိုင်စေပြီး သူတို့ချစ်တဲ့အရာဆိုလို့ သူတို့ခြံနောက်က တွစ်လန်းဒီးယားဆိုတဲ့ ကစားကွင်းကြီးသာ ရှိပါတယ်။ သူတို့က ဒီကစားကွင်းကြီးကို ဖွင့်ပြီး ကြီးပွားချင်တာပါ။ ဒါပေမဲ့ ကစားကွင်းကြီး မဖွင့်ရသေးခင်မှာပဲ သတ်မှတ်ချက်တွေနဲ့ မကိုက်ညီဘူး အန္တရာယ်ရှိတယ်ဆိုတဲ့အချက်နဲ့ မြို့တော်က ကစားကွင်းကို လာပိတ်သွားခဲ့ပါတယ်။ ဒါကို မကျေနပ်တဲ့ တွစ်တို့က တစ်မြို့လုံးကို ဒုက္ခပြန်ပေးဖို့ ကြံစည်ပါတော့တယ်။ ဒီမသမာမှုမှာ ဘီရှာနဲ့ဘက်စီဆိုတဲ့ မိဘမဲ့ကလေးလေးနှစ်ယောက် ပါဝင်လာပြီး သူတို့နှစ်ယောက်က တွစ်တို့ရဲ့ အကြံတွေ အထမမြောက်အောင် လိုက်လံတားဆီးပါတော့တယ်။

  • The Fetus

    The Fetus

    The fetus ဆိုတဲ့ဇာတ်ကားလေးကတော့ 2025 မှထွက်ရှိထားတဲ့ ထူးထူးခြားခြား ဇာတ်အိမ်နဲ့ Horror ကားလေးဖြစ်ပြီး ဒီကားမှာ Texas Chainsaw, Terrifier ကသရုပ်ဆောင်တွေဖြစ်တဲ့ Bill Moseley,Lauren La Vera နဲ့ Julian Curtis တို့ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းအကျဥ်း ခရစ်နဲ့ အလက်ဆာ ဆိုတဲ့ စုံတွဲဟာ မထင်မှတ်ဘဲ ကိုယ်ဝန်ရခဲ့ပြီး အလက်ဆာဟာ သူ့အမေက သူ့ကိုမွေးရင်းဆုံးသွားတာကြောင့် ကိုယ်ဝန်ရတာကိုသိတာနဲ့ဆေးရုံကိုမသွားရဘဲ သူ့အဖေ ဆီကိုချက်ချင်းလာရမယ်လို့ သူ့အဖေကမှာထားတာကြောင့် ချက်ချင်းပဲသွားခဲ့ရပါတယ်။ လမ်းမှာတင် သူ့ကိုယ်ဝန်က သာမန် သန္ဓေသားမဟုတ်ဘဲ နတ်ဆိုးတစ်ကောင်ဖြစ်တာကို သိသွားပြီး အချိန် မနှောင်းခင် အဲ့ဒီနတ်ဆိုးသန္ဓေသားရဲ့ ဇာစ်မြစ်ကို ဖော်ထုတ်ဖို့ သူ့အဖေဆီကို အမြန်သွားခဲ့ပါတော့တယ်။ သူ့အဖေဆီရောက်တဲ့အချိန်မှာ ဘယ်လိုတွေဆက်ဖြစ်ပြီး သူမကိုယ်တိုင်ကရော လူသားစင်စစ်ဟုတ်ရဲ့လား သူ့အဖေကရော…

  • Good News

    Good News

    Good News (2025) ဒီတစ်​ခေါက် Netflix က​နေ ထွက်ရှိလာတဲ့ ရုပ်ရှင်က​တော့ 1970 ခုနှစ်က ပြန်​ပေးဆွဲခံခဲ့ရတဲ့ ဂျပန်​ခရီးသည်တင်လေယာဥ်အ​ကြောင်းကို နောက်ခံထားရိုက်ကူးထားတဲ့ ​Crime/Thriller အမျိုးအစား ရုပ်ရှင်ဖြစ်ပါတယ်။ အဓိကဇာတ်​ကောင်​တွေက​တော့ Sul Kyung-gu, Hong Kyungနဲ့ Ryoo Seung-bum တို့ဖြစ်ပြီး The Merciless, Kill Bok Soon တို့ကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Byun Sung-hyunက ရိုက်ကူးပုံ​ဖော်ထားပါတယ်။ ဇာတ်လမ်းအကျဥ်း 1970 ခုနှစ်မှာ ခရီးသည်တင်​လေယာဥ်တစ်စီးဟာ တိုကျိုမြို့ ဟာနဲဒါလေဆိပ်က​နေ အီတာဇုကီသို့ ထွက်ခွာပြီး မကြာခင်မှာပဲ ​လက်နက်ကိုင် Red Army ဂိုဏ်းထံ ပြန်​ပေးဆွဲခံလိုက်ရပြီး ပြုံယမ်းအထိ ပျံသန်း​ဖို့ ဖိအားပေးခံခဲ့ရတယ်။ ဒါ​ပေမဲ့ ​မြောက်ကိုရီးယားဘက်က ​လေယာဥ်ဆင်းသက်ဖို့…