Tag: News

  • မောတောင်မြို့သိမ်းတိုက်ပွဲအတွင်း PLA က ဒရုန်းတပ်ဖွဲ့၊ ဖြတ်တောက်ရေးနဲ့ ထောက်ပို့လမ်းကြောင်းများ တာဝန်ယူခဲ့

    မောတောင်မြို့သိမ်းတိုက်ပွဲအတွင်း PLA က ဒရုန်းတပ်ဖွဲ့၊ ဖြတ်တောက်ရေးနဲ့ ထောက်ပို့လမ်းကြောင်းများ တာဝန်ယူခဲ့

    မောတောင်မြို့သိမ်းတိုက်ပွဲအတွင်း PLA က ဒရုန်းတပ်ဖွဲ့၊ ဖြတ်တောက်ရေးနဲ့ ထောက်ပို့လမ်းကြောင်းများ တာဝန်ယူခဲ့ဟု ထုတ်ပြန်

    စစ်သုံ့ပန်းအများအပြား ဖမ်းဆီးရမိပြီး အကြမ်းဖက်စစ်တပ်အဖွဲ့ဝင် ၄၀ ကျော်လက်နက်ချ အညံ့ခံခဲ့တဲ့ တနင်္သာရီတိုင်းအတွင်းက မောတောင်မြို့သိမ်းတိုက်ပွဲမှာ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) က ဒရုန်းတပ်ဖွဲ့၊ ဖြတ်တောက်ရေးနဲ့ ထောက်ပို့လမ်းကြောင်းတွေ အဓိက တာဝန်ယူဆောင်ရွက်ခဲ့တယ်လို့ PLA က ဒီနေ့ထုတ်ပြန်လိုက်ပါတယ်။

    မြန်မာ- ထိုင်းနယ်စပ် ကုန်သွယ်ရေးဇုန်ရှိရာ မောတောင်မြို့ကို တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့တိုက်ပွဲကို ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် ( KNLA) ၊ ကော်သူလေးတပ်မတော် (KTLA) ၊ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်မတော် (BPLA)၊ တနင်္သာရီတိုင်း(ပကဖ)၊ မဟာမိတ်တပ်ဖွဲ့တွေနဲ့အတူ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA)က နိုဝင်ဘာ ၁၀ ရက်မှာ စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

    မောတောင်မြို့သိမ်းတိုက်ပွဲ လေးရက်ကြာမြင့်ခဲ့ပြီးနောက် တော်လှန်ရေးအင်အားစုတွေက မြို့ကိုသိမ်းတိုက်ခိုက်နိုင်ခဲ့ကာ အကြမ်းဖက်စစ်တပ် သုံ့ပန်း ၁၅ ဦး လက်ရဖမ်းမိခဲ့သလို ပြည်သူ့စစ်နဲ့ ရန်သူ့တပ်ဖွဲ့ဝင် ၄၀ ခန့်လက်နက်ချအညံ့ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

    ဒါ့အပြင် စစ်အုပ်စု တပ်သားအချို့ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးတာလည်း ရှိခဲ့တယ်လို့ ဆိုထားပါတယ်။

    အဆိုပါ မြို့သိမ်းတိုက်ပွဲအတွင်း လက်နက်ကြီး၊ လက်နက်ငယ် ဗုံးသီး၊ ကျည်နဲ့ လက်နက်မျိုးစုံ အများအပြားကို တော်လှန်ရေးတပ်ဖွဲ့တွေက သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။

    မောတောင်မြို့စခန်းသိမ်းတိုက်ပွဲနဲ့ ပတ်သက်ပြီး ကရင်အမျိုးသားအစည်းအရုံးရဲ့ သတင်းထုတ်ပြန်ချက်မှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF ) အဖွဲ့များ ပါဝင်တိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

    မောတောင်နယ်စပ်ဒေသ မောတောင်ကုန်သွယ်ရေးစခန်းရှိရာ မောတောင်မြို့ဟာ မြန်မာ-ထိုင်းနယ်စပ်ကုန် သွယ်ရေး လမ်းကြောင်းပေါ်မှာရှိတဲ့ အရေးကြီးတဲ့ မြို့တစ်မြို့ဖြစ်ပြီး ယင်းမြို့ကို သိမ်းပိုက်နိုင်ခဲ့တဲ့အတွက် ကုန်သွယ်ရေးလမ်းကြောင်း ပွင့်သွားနိုင်တယ်လို့ ဒေသခံတွေက မျှော်လင့်နေကြတယ်လို့ သိရပါတယ်။

    အကြမ်းဖက်စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတွေ ပိတ်ဆို့တားမြစ်ခံထားရတဲ့အတွက် မောတောင်ကုန်သွယ်ရေးဇုန်ကတဆင့် စီးဆင်းနေတဲ့ ပို့ကုန်သွင်းကုန်တင်ပို့မှုလည်း ပမာဏများစွာ လျော့ကျသွားခဲ့တယ်လို့ သိရပါတယ်။

    ဓာတ်ပုံ – PLA

  • BGF နဲ့ DKBA တပ်ဖွဲ့ဝင်များ အကြမ်းဖက်စစ်တပ်ရဲ့ စစ်ဝတ်စုံသာ ဝတ်ရတော့မယ်

    BGF နဲ့ DKBA တပ်ဖွဲ့ဝင်များ အကြမ်းဖက်စစ်တပ်ရဲ့ စစ်ဝတ်စုံသာ ဝတ်ရတော့မယ်

    BGF နဲ့ DKBA တပ်ဖွဲ့ဝင်များ အကြမ်းဖက်စစ်တပ်ရဲ့ စစ်ဝတ်စုံသာ ဝတ်ရတော့မယ်လို့ သတင်းထွက်ပေါ်

    ကရင်နယ်ခြားစောင့်တပ် (BGF) နဲ့ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် (DKBA) တပ်ဖွဲ့ဝင်တွေအနေနဲ့ စစ်တပ်ရဲ့ အစိမ်းရောင် စစ်ယူနီဖောင်းကိုသာ ဝတ်ရတော့မယ်လို့ အမိန့်ထုတ်ထားကြောင်း ကရင်စစ်ရေးသတင်းရင်းမြစ်ထံမှ သိရပါတယ်။

    “သူတို့ စစ်တပ်ယူနီဖောင်း အစိမ်းဝတ်မှ စစ်တပ်က လက်ခံမှာလို့ ပြောတယ်။ BGF ပျောက်ကြားတွေ၊ ကွန်ပျူတာကွက်တွေ၊ အဝါကွက်တွေ ဝတ်လို့ မရတော့ဘူးတဲ့။ စစ်တပ်လို အစိမ်းဝတ်မှတဲ့။ ဒီနေ့ပဲ သတင်းထုတ်ပြန်တာ” လို့ ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

    စောချစ်သူ ဦးစီးတဲ့ BGF နဲ့၊ DKBA တပ်ဖွဲ့တွေဟာ ကျားဖြန့်လုပ်ငန်းကြောင့် နိုင်ငံတကာက စောင့်ကြည့်ခံနေရတဲ့ ကရင်လက်နက်ကိုင်အဖွဲ့အစည်းတွေလည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းကစပြီး ကျားဖြန့်လုပ်ငန်းများ လုပ်ကိုင်ရာ မြဝတီ ရွှေကုက္ကိုလ်နဲ့ KK park တို့ကို စစ်တပ်က ဝင်ရောက်ဖမ်းဆီးမှုတွေ ပြုလုပ်နေပေမယ့် ပြည်သူတွေကတော့ ဒါဟာ နိုင်ငံတကာဖိအားတွေကြောင့် ဟန်ပြနှိမ်နင်းပြတာဖြစ်တယ်လို့ ယုံကြည်နေကြပါတယ်။

    BGF နဲ့ DKBA တို့ဟာ ၎င်းတို့နယ်မြေတွေထဲမှာ ကျားဖြန့်လုပ်ငန်း လုပ်ကိုင်နေတာကို တရားဝင် ခွင့်ပြုထားသူတွေဖြစ်ပေမယ့် အခုလို နိုင်ငံတကာကနေ စောင့်ကြည့်လာတဲ့အခါ်မှာတော့ သူတို့ဟာ မြေငှားရမ်းထားတာသာရှိကြောင်း၊ ကျားဖြန့်လုပ်ငန်းတွေ လုပ်ကိုင်နေတာကို သူတို့ မသိကြောင်း စသဖြင့် အင်တာဗျူးတွေမှာ လှည့်ပတ်ဖြေဆိုနေကြတာကိုလည်း တွေ့ရပါတယ်။

    အမေရိကန်အစိုးရ၊ ဘဏ္ဍာရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၂ ရက်နေ့မှာ အမေရိကန်နိုင်ငံသားတွေကို ပစ်မှတ်ထားလိမ်လည်နေတဲ့ ကျားဖြန့်အွန်လိုင်းငွေလိမ်မှုတွေအတွက် DKBA တပ်ဖွဲ့ခေါင်းဆောင် ၄ ဦးဖြစ်တဲ့ စောစတီး၊ စောစိန်ဝင်း၊ စောဆန်းအောင်နဲ့ စိုင်းကျော်လှတို့ကို ဒဏ်ခတ်အရေးယူကြောင်း ကြေညာခဲ့ပါတယ်။

    စစ်တပ်လက်အောက်ခံ BGF ခေါင်းဆောင် စောချစ်သူနဲ့ သားနှစ်ဦးဖြစ်တဲ့ စောထူးအယ်မူးနဲ့ စောချစ်ချစ် တို့ဟာ အမေရိကန်နိုင်ငံသားတွေကို ထိခိုက်စေတဲ့ လူကုန်ကူးမှုတွေမှာ အဓိက ပါဝင်တဲ့အတွက်၊ ၄င်းတို့ဦးဆောင်တဲ့ BGF အဖွဲ့ကိုလည်း နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုကျူးလွန်တဲ့ အဖွဲ့အစည်း (TCO) အဖြစ် အမေရိကန်အစိုးရက ၂၀၂၅ ခုနှစ်၊ မေလ ၅ ရက်နေ့မှာ သတ်မှတ်အရေးယူထားပါတယ်။

  • တော်လှန်ရင်းအသေခံမယ်ဆိုတဲ့ ရဲဘော် လွတ်သွားတာကြောင့် ချောက်မြို့မရဲစခန်းကို တိုင်းရဲမင်းကြီးကိုယ်တိုင်စစ်နေ

    တော်လှန်ရင်းအသေခံမယ်ဆိုတဲ့ ရဲဘော် လွတ်သွားတာကြောင့် ချောက်မြို့မရဲစခန်းကို တိုင်းရဲမင်းကြီးကိုယ်တိုင်စစ်နေ

    ဖမ်းဆီးခံရတဲ့ နယ်ထိန်းခင်မောင်ရင်ဟာ ပေါ်တာဆွဲ၊ စစ်မှုထမ်းကြေးငွေညှစ်ရာမှာ နာမည်ကြီးသူဖြစ်

    ချောက်မြို့နယ်အတွင်း ထောင်ဒဏ် ၂၃၅ နှစ်ချထားတဲ့ တော်လှန်ရေးရဲဘော် တစ်ဦး လွတ်မြောက်သွားတဲ့ဖြစ်စဥ်မှာ ဖရဲသီးရှိနေတယ်လို့ ယူဆတာကြောင့် ချောက်မြို့မရဲစခန်းကို စစ်ကောင်စီ တိုင်းရဲမင်းကြီးနဲ့ ခရိုင်ရဲမှူးတို့ ကိုယ်တိုင် လာရောက်စစ်ဆေးနေတယ်လို့ သိရပါတယ်။

    ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၉ ရက်နေ့မှာ ထောင်ဒဏ် ၂၃၅ နှစ် ချမှတ်ခံထားရတဲ့ ရဲဘော် နက်ရှိုင်း(ခ)မိုးညိုကို အရပ်ကားတွေနဲ့ တင်ဆောင်လာစဥ် အမှတ် (၃) ပြည်ထောင်စုလမ်းမပေါ် ရှိ ဂွေးချိုရဲစခန်းနဲ့ ဂွေးပင်ရဲစခန်းကြားမှာ ချောက်မြို့နယ်ရှိတော်လှန်ရေးရဲဘော်တွေက ကြားဖြတ်တိုက်ခိုက်ကယ်ထုတ်ရာ အဆိုပါရဲဘော်ကလည်း တော်လှန်ရင်းအသေခံမယ်ဆိုတဲ့စိတ်နဲ့ ရဲရင့်စွာရုန်းထွက်လွတ်မြောက်ခဲ့တယ်လို့ သိရပါတယ်။

    အဆိုပါ ကယ်ထုတ်သွားတဲ့ဖြစ်စဥ်ကြောင့် တာဝန်ရှိသူ နယ်ထိန်းအရာရှိ ကျော်ဝင်းနဲ့ နယ်ထိန်း ခင်မောင်ရင် အပါအဝင် ရဲ ၅ ဦးကို ချောက်မြို့မရဲစခန်းအတွင်းရှိ ဓမ္မာရုံမှာ ဖမ်းဆီးချုပ်နှောင်ထားတယ်လို့ သိရပါတယ်။

    ဒါ့အပြင် ချောက်မြို့မရဲစခန်းအတွင်း သတင်းအတိအကျပေးနေတဲ့ ဖရဲသီးရှိတာကြောင့် အခုလို နှစ်ရှည်ထောင်ချထားတဲ့ တော်လှန်ရေးရဲဘော်ကို ကယ်ထုတ်သွားတာဖြစ်နိုင်တယ်လို့ယူဆပြီး ဖမ်းဆီးခံထားရတဲ့ ရဲ(၅)ဦးအပြင် ချောက်မြို့မရဲစခန်း တစ်ခုလုံးကို တိုင်းရဲမင်းကြီးနဲ့ ခရိုင်ရဲမှူးတို့ကိုယ်တိုင် လာရောက်စစ်ဆေးနေတယ်လို့ ချောက်မြို့မရဲစခန်းနဲ့ နီးစပ်သူ သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

    “လွတ်သွားတဲ့ ဖြစ်စဥ်ကြောင့် နယ်ထိန်းခေါင်းဆောင် ကျော်ဝင်း(ခ)ဗိုလ်လေး ရခိုင်၊ နယ်ထိန်း ခင်မောင်ရင်၊ ရဲတပ်သား ဥက္ကာ တို့အပါ ၅ ယောက် ဖမ်းခံထားရတယ်ဗျ၊ ကျန် ၂ ယောက်ကတော့ နာမည်မသိဘူး၊ အဲ့ ၅ ယောက်ကတော့ အဓိကပေါ့၊ သူတို့ကို ချောက်စခန်းထဲမှာရှိတဲ့ စခန်းဓမ္မာရုံပေါ်မှာ အခုလောလောဆယ် ဖမ်းထားတာ၊ ပြီးတော့ ခရိုင်ရဲမှူးရော တိုင်းရဲမင်းကြီးရော လာစစ်ဆေးနေတယ်လို့ပြောတယ် ချောက်မြို့မစခန်းတစ်ခုလုံး၊ သတင်းပေါက်ကြားလို့တဲ့ ဖရဲသီးလိုက်ရှာနေတယ်ပြောတယ်၊ လုံခြုံရေးပါသွားတဲ့ လူတွေအပြင် ချောက်စခန်းက တာဝန်ရှိသူတွေပါ အကုန်စစ်ဆေးခံနေရတယ်” လို့ သူကပြောပါတယ်။

    ဒါ့အပြင် အခုဖြစ်စဥ်အတွင်း ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နယ်ထိန်းအရာရှိ ကျော်ဝင်းနဲ့ နယ်ထိန်း ခင်မောင်ရင်တို့ဟာ ချောက်မြို့နယ်အတွင်း ပေါ်တာဆွဲ၊ စစ်မှုထမ်းကြေးကောက်ရုံတင်မက အခြားပြည်သူတွေအပေါ် ငွေညှစ်ရာတွေမှာ နာမည်ကြီးသူတွေဖြစ်တယ်လို့ သိရပါတယ်။

    ချောက်မြို့နယ်အတွင်း လူငယ်တွေကို ပေါ်တာဆွဲရာမှာ စစ်တပ်က တစ်ဖွဲ့၊ ရဲကတစ်ဖွဲ့ စသဖြင့် နှစ်ဖွဲ့ခွဲထားရာ ရဲအဖွဲ့မှာ နယ်ထိန်း ခင်မောင်ရင်က ဦးဆောင်ပေါ်တာဆွဲနေတာဖြစ်ပြီး ဖမ်းမိတဲ့လူငယ်တွေကို တစ်ဦးလျှင် သိန်း ၈၀ မှ ၁၀၀ ကြားတောင်းလေ့ရှိပြီး မပေးနိုင်ပါက စစ်တပ်လက်သို့ အပ်လေ့ရှိတယ်လို့လည်း သိရပါတယ်။

    ဒါ့အပြင် မြို့နယ်အတွင်း လောင်းကစားဒိုင်တွေနဲ့ မူးယစ်ဆေးဝါးဖြန့်ဖြူးတဲ့ ဒိုင်တွေဆီမှလည်း အဆိုပါနယ်ထိန်း ခင်မောင်ရင်မှာ လစဥ်လိုင်းကြေးကောက်ခံလေ့ရှိပြီး ရရှိလာတဲ့ ငွေတွေကို သူ့ရဲ့ အထက်အရာရှိတွေနဲ့ မြို့နယ်မှူး ဝင်းသန်းဆီကိုပါ တိုက်ရိုက်ခွဲဝေပေးပြီး နေရာတည်မြဲရေးအတွက် မျက်နှာလုပ်လေ့ရှိတယ်လို့ သိရပါတယ်။

    သူ့ရဲ့အထက်အရာရှိဖြစ်သူ နယ်ထိန်းခေါင်းဆောင် ကျော်ဝင်းဆိုသူဟာလည်း ၎င်းနည်းတူ ပြည်သူတွေဆီမှ ပုံစံမျိုးစုံနဲ့ ငွေညှစ်လေ့ရှိပေမဲ့ ပုံမှန်အားဖြင့် လူလုံးထွက်မပြဘဲ နောက်ကွယ်ကနေသာ သူ့အောက်ကသူတွေကို ကြိုးကိုင်အမိန့်ပေးစေခိုင်းလေ့ရှိတယ်လို့လည်း အဆိုပါသတင်းရင်းမြစ်က ဆက်ပြောပါတယ်။

    “အခု ဖြစ်စဥ်မှာပါသွားတဲ့သူတွေက ကောင်းတဲ့လူတွေ မဟုတ်ဘူး ချောက်မှာ စစ်မှုထမ်း ပေါ်တာဆွဲတဲ့အထဲမှာ နာမည်ကြီးတွေ၊ ချောက်မြို့မှာ ပေါ်တာဆွဲတယ်၊ လူဖမ်းတယ်၊ ငွေညှစ်တယ် သူတို့ကြောင့် ဒုက္ခရောက်တဲ့သူတွေ မနည်းဘူး၊ ငွေညှစ်ရင် သိန်း ၈၀ အနည်းဆုံး တောင်းတယ်၊ ချောက်မြို့မှာ WY ဆေးရောင်းဝယ်နေတဲ့ ကောင်တွေကျ မဖမ်းဘူး၊ နယ်ထိန်းကြေးယူထားတာလေ၊ ငွေညှစ်တဲ့နေရာမှာလည်း နာမည်ကြီး၊ မြို့နယ်မှူး ဝင်းသန်းကို လုပ်ကျွေးနေတာပေါ့ဗျာ၊ ပေါ်တာဆွဲလာတယ် လူတစ်ယောက်ကို သိန်း ၈၀၊ ၁၀၀ လောက်တောင်းတယ်၊ ခုဆို ချောက်မှာလူငယ်ကို မကျန်တော့ဘူး” လို့ ပြောပါတယ်။

    အဆိုပါ နယ်ထိန်းကျော်ဝင်းနဲ့ ခင်မောင်ရင်တို့ဟာ အာဏာသိမ်းပြီးနောက်ပိုင်း ပြည်သူတွေထံမှ နည်းမျိုးစုံနဲ့ ငွေညှစ်ရာမှ ရရှိလာတဲ့ ပိုက်ဆံတွေနဲ့ ချမ်းသာကြွယ်ဝနေပြီး ချောက်မြို့နယ်အတွင်းမှာတင် ပိုင်ဆိုင်မှုအများအပြား ဝယ်ယူထားတာတွေရှိတယ်လို့လည်း သိရပါတယ်။

  • တော်လှန်ရေးအင်အားစုတွေ ပူးပေါင်းမှုမရှိရင် စစ်အုပ်စုရဲ့ နိုင့်ထက်စီးနင်းမှု အမြဲတမ်းဆက်ကြုံရ မယ်

    တော်လှန်ရေးအင်အားစုတွေ ပူးပေါင်းမှုမရှိရင် စစ်အုပ်စုရဲ့ နိုင့်ထက်စီးနင်းမှု အမြဲတမ်းဆက်ကြုံရ မယ်

    တော်လှန်ရေးအင်အားစုတွေ ပူးပေါင်းမှုမရှိရင် စစ်အုပ်စုရဲ့ နိုင့်ထက်စီးနင်းမှု အမြဲတမ်းဆက်ကြုံရ မယ်လို့ ချင်းညီနောင်စစ်ရေးကော်မတီ ဥက္ကဋ္ဌ သတိပေး

    “ဘုံရန်သူပျောက်ပြီးမှသာလျင် ကျနော်တို့လိုချင်တဲ့ပန်းတိုင်ကို ရောက်မှာ ဖြစ်ပါတယ်။ ဒီစစ်အုပ်စုရဲ့ အုပ်ချုပ်မှုအောက်မှာ ဘာဖက်ဒရယ်မှ ဖြစ်လာမှာမဟုတ်ဘူး။ ဘယ်ဒီမိုကရေစီမှ ဖြစ်လာမှာ မဟုတ်ပါဘူး” – ချင်းညီနောင်စစ်ရေးကော်မတီဥက္ကဋ္ဌ

    တနိုင်ငံလုံးရှိ တော်လှန်ရေးအင်အားစုတွေ ပူးပေါင်းဆောင်ရွက်ဖို့ စည်းလုံးညီညွတ်ဖို့ လိုအပ်ကြောင်း ချင်းညီနောင် စစ်ရေးကော်မတီ ဥက္ကဋ္ဌ ချင်းဒေသကာကွယ်ရေးတပ်(CDF)-မင်းတပ် စစ်ဦးစီးချုပ် ဆလိုင်းထန်းချွန်းဖေက ပြောကြားလိုက်ပြီး ပူးပေါင်းမှုမရှိရင် စစ်အုပ်စုရဲ့ အနိုင်ကျင့်မှုအမြဲတမ်း ဆက်ကြုံနေရမယ်လို့ သတိပေးလိုက်ပါတယ်။

    ဒီကနေ့ နိုဝင်ဘာ ၂၂ရက်မှာ ပြုလုပ်တဲ့ ချင်းညီနောင်ရံပုံငွေရှာဖွေရေး အစီအစဉ်မှာ ဆလိုင်းထန်းချွန်းဖေက ညီညွတ်ရေးလိုအပ်မှုကို အလေးထားပြောကြားခဲ့ပြီး ညီညွတ်ရေးအတွက် မိမိအတ္တတွေ ဘေးဖယ်ထားဖို့ လိုအပ်တယ်လို့ ပြောပါတယ်။

    ၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးနောက်လူငယ်များရဲ့ စွမ်းဆောင်ရည်တွေကြောင့် စစ်ကောင်စီပိုအထိနာနေတာကို အားလုံးဝိုင်းဝန်းပူးပေါင်းပြီး နိဂုံးချုပ်ဖို့လိုအပ်ကြောင်း ချင်းညီနောင် စစ်ရေးကော်မတီဥက္ကဋ္ဌက ပြောကြားပြီး ပူးပေါင်းဆောင်ရွက်မှု အရမ်းအရေးကြီးတယ်လို့ တိုက်တွန်းပါတယ်။

    “ပူးပေါင်းဆောင်ရွက်မှုမရှိရင်တော့ အမည်အမျိုးမျိုးနဲ့ နာမည်ပြောင်းနေတဲ့ စစ်အုပ်စုရဲ့ နိုင်ထက်စီးနင်းမှု အမြဲတမ်းဆက်ပြီးကြုံနေရမှာပါ”လို့ ဆလိုင်းထန်းချွန်းဖေက ပြောပါတယ်။
    ဒေသအသီးသီးရှိ တနိုင်ငံလုံးရှိ တော်လှန်ရေးအင်အားစုတွေ စုပေါင်းစစ်ဆင်ရေးလုပ်နိုင်ဖို့လိုအပ်ကြောင်း သူက ပြောပါတယ်။

    “ဟန်ချက်ညီတဲ့စစ်ဆင်ရေးလုပ်မှသာလျင် ပိုပြီးအောင်မြင် ထိရောက်မယ်ဆိုတာ ကျနော်ပြောကြားလိုပါတယ်” လို့ ဆလိုင်းထန်းချွန်းဖေက ပြောပါတယ်။

    စစ်ကောင်စီဟာ ဘုံရန်သူဖြစ်လို့ ဘုံရန်သူပျောက်အောင် ဦးစွာလုပ်ရမှာဖြစ်တယ်လို့ပြောပါတယ်။

    “ဘုံရန်သူပျောက်ပြီးမှသာလျင် ကျနော်တို့လိုချင်တဲ့ပန်းတိုင်ကို ရောက်မှာ ဖြစ်ပါတယ်။ ဒီစစ်အုပ်စုရဲ့ အုပ်ချုပ်မှုအောက်မှာ ဘာဖက်ဒရယ်မှ ဖြစ်လာမှာမဟုတ်ဘူး။ ဘယ်ဒီမိုကရေစီမှ ဖြစ်လာမှာ မဟုတ်ပါဘူး” လို့ ဆလိုင်းထန်းချွန်းဖေက ပြောကြားပါတယ်။

    အမျိုးသားတန်းတူရေးအတွက်အာမခံပေးတဲ့ အုပ်ချုပ်မှုစနစ်က စစ်အုပ်စုလက်အောက်မှာ ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ဘူးဆိုတာ သဘောပေါက်ပြီး စုပေါင်းဆောင်ရွက်တဲ့စနစ်ကို အသွင်ကူးပြောင်းရန်လိုအပ်ကြောင်း တိုက်တွန်းပါတယ်။

    ချင်းပြည်နယ်မှာ ရှိနေတဲ့ လက်နက်ကိုင်တွေ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ခုခံနေကြောင်း လည်း သူက ပြောပါတယ်။ လက်ရှိ ချင်းပြည်နယ်စစ်ရေးအခြေအနေကို အသိပေးခဲ့ပြီး ဖလမ်းဘက်မှာ စကမရဲ့ထိုးစစ်ကအပြင်းအထန်ခုခံနေရတဲ့အနေအထားဖြစ်တယ်လို့ ဆလိုင်းထင်းချွန်းဖေက ပြောပါတယ်။

    တီးတိန်ဘက်မှာလည်း ပြီးခဲ့တဲ့အပတ်တွေမှာ စစ်ကောင်စီက ရဟတ်ယာဉ်နဲ့ အကြိမ် ၂၀ကျော် စစ်အင်အားဖြည့်တင်းနေလို့ ချင်းညီနောင်အဖွဲ့ဝင် PDF ဇိုလဲန်းကခုခံတိုက်ခိုက်နေသလို ချင်းပြည်နယ်တောင်ပိုင်းမကွေးတိုင်းနဲ့ဆက်စပ်နေတဲ့ဒေသတွေမှာလည်း တိုက်ပွဲတွေက နေ့စဉ်ရှိနေတယ်လို့ အသိပေးပါတယ်။

    (ချင်းညီနောင်စစ်ရေးကော်မတီ ဥက္ကဋ္ဌ၊ ချင်းဒေသကာကွယ်ရေးတပ်(CDF)-မင်းတပ် စစ်ဦးစီးချုပ် ဆလိုင်းထန်းချွန်းဖေ။ ဓာတ်ပုံ − Thang Chawm Phe)

  • Beauty Land Hotel မှ အမျိုးသမီးကို ရက်ရက်စက်စက် သတ်ဖြတ်သည့် အသက် ၁၈ နှစ်အရွယ် အောင်ခန့်ကျော်ဇင်နှင့် ရည်းစားဖြစ်သူ မအေမွန်အောင်တို့ဖြစ်

    Beauty Land Hotel မှ အမျိုးသမီးကို ရက်ရက်စက်စက် သတ်ဖြတ်သည့် အသက် ၁၈ နှစ်အရွယ် အောင်ခန့်ကျော်ဇင်နှင့် ရည်းစားဖြစ်သူ မအေမွန်အောင်တို့ဖြစ်

    ရန်ကုန်မြို့လယ် Beauty Land Hotel မှ အမျိုးသမီးကို ရက်ရက်စက်စက် သတ်ဖြတ်သည့် အသက် ၁၈ နှစ်အရွယ် အောင်ခန့်ကျော်ဇင်နှင့် ရည်းစားဖြစ်သူ မအေမွန်အောင်တို့ဖြစ်၊ နိုင်ငံခြားလူသတ်ဇာတ်ကားထဲမှ ပုံစံအတိုင်း သတ်ဖြတ်ခဲ့

    ရန်ကုန်မြို့လယ် Beauty Land Hotel မှ အမျိုးသမီးကို ရက်ရက်စက်စက် သတ်ဖြတ်သည့် အသက် ၁၈ နှစ်အရွယ် အောင်ခန့်ကျော်ဇင်နှင့် ရည်းစားဖြစ်သူ မအေမွန်အောင်တို့ဖြစ်ပြီး နိုင်ငံခြားလူသတ်ဇာတ်ကားထဲမှ ပုံစံအတိုင်း သတ်ဖြတ်ခဲ့ကြောင်း စစ်တပ်က သတင်းထုတ်ပြန်သည်။

    အောက်တိုဘာလ ၆ ရက်နေ့ နံနက် ၁၀ နာရီ ၂၀ မိနစ်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ပန်းဘဲတန်းမြို့နယ်၊ အမှတ် ၁၁ ရပ်ကွက်ရှိ 32nd Beauty Land Hotel၊ ၅ လွှာ၊ အခန်းအမှတ် ၅၀၂ ပြတင်းပေါက်အပြင်ဘက် အသတ်ခံထားရသည့် အသက် ၂၃ နှစ်အရွယ် မစုမြတ်ဝင်း၏ အလောင်းကို တွေ့ရှိခဲ့ရသည်။

    သေဆုံးသူမှာ ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်မှဖြစ်ပြီး ပြစ်မှုကျူးလွန်သူများမှာ သာကေတမြို့နယ်၊ အမှတ် ၇ အရှေ့ရပ်ကွက်နေ အသက် ၁၈ နှစ်အရွယ် အောင်ခန့်ကျော်ဇင်နှင့် ရည်းစားဖြစ်သူ ဗဟန်းမြို့နယ်၊ အရှေ့ရွှေဂုံတိုင်ရပ်ကွက်၊ အောင်ချမ်းသာအိမ်ရာနေ အသက် ၁၈ နှစ်အရွယ် အေမွန်အောင်တို့ဖြစ်ကြောင်း သိရှိရသည်။

    ၎င်းတို့နှစ်ဦးစလုံးကို အောက်တိုဘာလ ၇ ရက်နေ့တွင် တစ်ရက်တည်း ဖမ်းဆီးရရှိခဲ့ခြင်းဖြစ်သည်ဟု သိရှိရသည်။

    တရားခံ အောင်ခန့်ကျော်ဇင်၏ထွက်ဆိုချက်အရ ၎င်းသည် ဂိမ်းအလွန်အကျွံကစားခြင်း၊ လူသတ်အလောင်းဖျောက်သည့် နိုင်ငံခြားဇာတ်လမ်းတွဲများအား အလွန်အကျွံကြည့်ရှုလေ့ရှိကြောင်း၊ အောက်တိုဘာလ ၅ ရက်နေ့တွင် LEADER အမည်ရှိ Telegram Channel မှတစ်ဆင့် မစုမြတ်ဝင်းကို ပျော်ပါးရန်အတွက် အခကြေးငွေဖြင့်ဆက်သွယ်ခေါ်ယူခဲ့ပြီး ပန်းဘဲတန်းမြို့နယ်ရှိ 32nd Beauty Land Hotel အခန်းအမှတ် ၅၀၂ တွင် ပျော်ပါးနေစဉ် ၎င်းကြည့်ရှုခဲ့သည့် လူသတ်အလောင်းဖျောက် နိုင်ငံခြားရုပ်သံဇာတ်လမ်းတွဲများမှ ဇာတ်ဆောင်များအတိုင်း မစုမြတ်ဝင်းကို အသင့်ဆောင်ထားသည့် စတီးဓား ၂ ချောင်းဖြင့် ရက်စက်စွာသတ်ဖြတ်ပြီး ဝမ်းတွင်းကလီစာများနှင့် ဝဲဘက်ပေါင်အသားများအား လှီးဖြတ်ထုတ်ယူကာ စွန့်ပစ်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

    ထို့နောက် ၎င်း၏ရည်းစားဖြစ်သူ အေမွန်အောင်ကို အဆိုပါဟိုတယ်သို့ ခေါ်ဆောင်ကာ အခန်းအတွင်းပေကျံနေသည့် သွေးများကို သန့်ရှင်းရေးပြုလုပ်ခြင်း၊ မစုမြတ်ဝင်း၏ အလောင်းအား ဖျောက်ဖျက်ခြင်းတို့ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

    နောက်ဆက်တွဲ

    Beauty Land အမှုရဲ့ ပေါက်ကြားလာတဲ့ ရဲမှတ်တမ်း