📢 Join Our Telegram Community

Get the latest updates directly on Telegram.

✈️ Join Telegram

ဒီနေ့ နိုင်ငံတကာမှာ ဖြစ်ပျက်ခဲ့တဲ့ အဓိက သတင်းကြီးတွေနဲ့ ပတ်သက်ပြီး...

သတင်းအပြည့်အစုံ ဆက်လက်ဖတ်ရှုရန်
သတင်းထူး / ကြော်ငြာ
📰

ဆက်လက်ဖတ်ရှုရန် သတင်းအပြည့်အစုံ

သတင်းအသစ်များနှင့် ဗီဒီယိုများကို ဆက်လက်ကြည့်ရှုရန် အောက်ပါခလုတ်ကို နှိပ်ပါခင်ဗျာ

နှိပ်ပြီး ကြည့်ရန်

Tag: Movies

  • The Mannequin

    The Mannequin (2025) ဒီတစ်ခေါက်တင်ဆက်ပေးမဲ့ ဇာတ်ကားလေးကတော့ Horror/Mystery အမျိုးအစား ဇာတ်ကားလေးပဲ ဖြစ်ပါတယ်… ဒီဇာတ်ကားလေးဟာဆိုရင် လော့စ်အိန်ဂျလိစ်မြို့ရဲ့ အဆောက်အဦတစ်ခုထဲက ခြောက်ခြားဖွယ်အကြောင်းများကို တင်ဆက်ရိုက်ကူးထားတာဖြစ်ပါတယ်.. စတိုင်လစ်ညီအစ်မနှစ်ယောက်တို့ဟာ လော့စ်အိန်ဂျလိစ်မြို့ထဲက နှစ်ကာလကြာရှည်တည်ရှိနေပြီးဖြစ်တဲ့ အဆောက်အဦတစ်ခုကို အလုပ်ခန်းအဖြစ် ငှားရမ်းခဲ့ကြပြီး ထိုအဆောက်အဦအတွင်းမှာ အရုပ်မတစ်ရုပ်လည်း ရှိနေခဲ့ပါတယ် .. တစ်နေ့မှာတော့ ညီအစ်မနှစ်ယောက်ထဲမှ တစ်ယောက်ဖြစ်သူဟာ ၎င်းအဆောက်အဦအတွင်း ရှိနေစဉ်မှာပဲ ဆန်းကြယ်စွာပဲသေဆုံးခဲ့ပြီး ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်မှုအဖြစ်သာ သတ်မှတ်ခဲ့ကြပါတယ်… ထိုအဆောက်အဦကိုလည်း ပိုင်ရှင်ထံ ပြန်လည်အပ်နှံဖြစ်ခဲ့ကြပါတယ် သို့သော်လည်း ၁ နှစ်အကြာမှာပဲ ကျန်ရှိခဲ့တဲ့ ညီအစ်မနှစ်ယောက်ထဲက တစ်ယောက်ဟာ ထိုအဆောက်အဦဆီ ပြန်ရောက်လာခဲ့ပြီး ပြန်ရောက်ရောက်ချင်းနေ့မှာပဲ ခြောက်ခြားဖွယ်ရာတွေ ကြုံခဲ့ရပြန်ပါတော့တယ်… ဒီဇာတ်ကားဟာဆိုရင် အခုတ်အထစ် အဖြတ်အတောက်များကို သွေးထွက်သံယိုအပြည့်နဲ့ ရင်ခုန်စရာ Thriller အမျိုးအစားဇာတ်ကားများ ကြိုက်နှစ်သက်သူများအဖို့…

  • Mr Dread

    Mr Dread

    Mr Dread (2025) Dehset Bey Vigilantismဆိုတာ အပြစ်ရှိသူကိုတရားဥပဒေအရမဟုတ်ဘဲနဲ့ ကိုယ်တိုင်တရားစီရင်ခြင်းကိုဆိုလိုတာပါ။ ဒီဇာတ်ကားမှာ တူရကီနိုင်ငံက Vigilantism ဂိုဏ်းသားတစ်ယောက်ရဲ့ ဇာတ်လမ်းကိုစိတ်ကူးယဉ်ရိုက်ကူးထားတာပဲဖြစ်ပါတယ်…. လူသားဆန်မှုမှန်သမျှကို စွန့်ပစ်ထားတဲ့ လျှို့ဝှက်ဂိုဏ်းက နံပတ် ၁ လုပ်ကြံသတ်ဖြတ်သူဒေးရှက်ဟာ ဘဝမှာ သွေးအေးခြင်း၊ စည်းကမ်းတင်းကျပ်ခြင်းနဲ့အချစ်ကိုပိတ်ပင်ထားခြင်းဆိုတဲ့ သူတို့ဂိုဏ်းရဲ့ စည်းမျဉ်းကျင့်ဝတ်ဘောင်များအတွင်းမှာသာ ရှင်သန်ရပ်တည်ခဲ့သူတစ်ယောက်ပါ။ သူ့အတွက်တော့ အသက်ရှင်ခြင်း ဆိုတာ အမိန့်နာခံခြင်းနဲ့သတ်ဖြတ်ခြင်းသာြဖစ်တယ်လို့ခံယူထားသူပေါ့…. သို့သော်လည်း တစ်နေ့မှာတော့ ဒေါက်တာ အဘီဒဲလို့ခေါ်တဲ့ လှပပြီးကြင်နာတတ်တဲ့ အမျိုးသမီးတစ်ဦးနဲ့ ရင်ဆိုင်တွေ့ဆုံမိတဲ့အခိုက်အတန့်မှာတော့ ဒေးရှက်ရဲ့ ရေခဲလိုအေးခဲနေသော နှလုံးသားကလည်း စတင်လှုပ်ရှားလာပါတော့တယ်… တစ်ဘက်မှာလည်းဂိုဏ်းရဲ့သံမဏိစည်းမျဉ်းတွေကရှိနေပြန်တော့ ဒေးရှက်တစ်ယောက် အချစ်ကိုခံစားပျော်ရွှင်ဖို့ သူချစ်တဲ့မိန်းကလေးအန္တရာယ်ကင်းဖို့ ဘာတွေရင်ဆိုင်ဖြေရှင်းရမလဲဆိုတာကိုတော့…….

  • All Out: Aj Raval (2025)

    All Out: Aj Raval (2025)

    ဖိလစ်ပိုင်လူကြီးကားကြည့်နေကျ ညိုကီတို့အတွက်တော့ ဒီအေဂျေရာဗဲလ်နဲ့ စိမ်းမယ်မထင်ပါဘူး။ ဒီဇာတ်ကားမှာတော့ အေဂျေ့ရဲ့ ရိုက်ကူးပြီးသားဇာတ်ကားအားလုံးကို ပြန်ပြီး review ပေးထားတဲ့ပုံစံနဲ့ တွေ့မြင်ရမှာပါ။ ဇာတ်လမ်းမကြည့်ချင်ဘူး အဓိကပဲကြည့်ချင်တယ်ဆိုတဲ့သူတွေအတွက် ကောင်းနိုးရာရာလေးတွေအမြည်းကျွေးထားတာမျိုးပါ။

  • Curse of the Monkey’s Claw

    Curse of the Monkey’s Claw

    Kutukan Cakar Monyet (2023) ဆုတောင်းသုံးခုဖြည့်ပေးတဲ့ မျောက်လက်အကြောင်း ဇာတ်လမ်းကိုမကြားဖူးတဲ့သူ မရှိသလောက်နည်းကြပါလိမ့်မယ်။ ရှေးခေတ်အင်္ဂလိပ်စာရေးဆရာတစ်ဦးရဲ့၀တ္ထုတိုတစ်ပုဒ်ကနေဆင်းသက်လာခဲ့တာဖြစ်ပြီး အောင်မြင်မှုကြောင့် ရုပ်ရှင်တွေ၊ပြဇာတ်တွေအမျိုးမျိုးပြန်လည်အသက်သွင်းရာကနေအခုချိန်ထိ မူကွဲအမျိုးမျိုးနဲ့တည်ရှိနေဆဲဖြစ်ပါတယ်။ အဲ့ဒီမျောက်လက်ကိုပိုင်ဆိုင်သူက ဆုတောင်းသုံးခုတောင်းပိုင်ခွင့်ရှိပါတယ်။ ဒါပေမယ့်လည်း အဲ့ဒီဆုတောင်းတွေဟာ ကံကြမ္မာကိုဝင်ရောက်စွက်ဖက်သလိုဖြစ်သွားတာကြောင့် ဆုတောင်းပြည့်ပေမယ့်ပြန်ပြီးပေးဆပ်ရမယ့် အကျိုးဆက်ဟာကြီးမားပြီး ကြောက်စရာကောင်းလေ့ရှိပါတယ်။ ဥပမာ မူရင်း၀တ္ထုထဲမှာဆိုရင်အိမ်ဖိုးငွေပေးချေနိုင်ဖို့ပေါင် ၂၀၀ ရရှိဖို့ဆုတောင်းရာကနေ သားဖြစ်သူမတော်တဆမှုနဲ့သေဆုံးသွားခဲ့ပြီး ဆုတောင်းထားတဲ့ငွေကို အာမခံငွေအဖြစ်ရရှိခဲ့တာမျိုးပါ။ Kutukan Cakar Monyet (2023) ဟာ အထက်ပါမျောက်လက်ဒဏ္ဍာရီကိုအခြေခံထားတဲ့ အင်ဒိုနီးရှားဟော်ရာကားတစ်ကားပါ။ ရွိုင်းနဲ့ အမရာဆိုတဲ့ဇနီးမောင်နှံနှစ်ယောက် ဘ၀သစ်တစ်ခုစဖို့ အိမ်သစ်တစ်လုံးကိုပြောင်းရွှေ့နေထိုင်ရာကနေ အရင်အိမ်ရှင်တွေချန်ထားခဲ့တဲ့ လက်သဏ္ဍာန်သစ်သားရုပ်တစ်ခုကိုတွေ့ရှိခဲ့ပါတယ်။ အဲ့ဒီအရုပ်ရဲ့ထူးခြားတဲ့ အရိပ်နိမိတ်ပြမှုတွေကနေ သူ့အစွမ်းကိုသိသွားခဲ့ပြီး သူတို့ဘ၀မှာ လိုအပ်နေတဲ့အရာတွေကိုဆုတောင်းရာကနေ သူတို့အိမ်ထောင်ရေးအက်ကြောင်းထစပြုလာပြီး ကြောက်မက်စရာ အခြောက်အလှန့်မျိုးစုံနဲ့ရင်ဆိုင်တွေရတဲ့အကြောင်းတွေကိုပုံစံသစ်တစ်မျိုးနဲ့တင်ဆက်ထားတာဖြစ်ပါတယ်။ The Raid မင်းသား Oka Antara ရဲ့ဇာတ်ကားသစ်ပါ။

  • Son of Muthanna

    Son of Muthanna

    Son of Muthanna (2025) “ဖေဖေချစ်တဲ့ သားကြီး” သားဖတွေကြားက ချစ်ခြင်းမေတ္တာကို ထုဆစ်ပုံဖော်ထားတဲ့ ဆွတ်ပျံ့ကြည်နူးဖွယ်ရာ ကန်နာဒါရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ်။ အငြိမ်းစားဖခင်ကြီးကို အလုပ်အကျွေးပြုရင်း ရှင်သန်နေတဲ့ ရှီဗူး။ အမေဖြစ်သူ ဆုံးပါးသွားပေမဲ့ ရှီဗူးက အဖေဖြစ်သူကို စိတ်ချမ်းသာပျော်ရွှင်နေအောင်ထားသလို အဖေဖြစ်သူကလည်း သားဖြစ်သူကို မျက်နှာမညှိုးစေရတဲ့သူ။ ရှီဗူးက အဖေဖြစ်သူရဲ့ မင်္ဂလာနှစ်ပတ်လည်နေ့အတွက် အမေဖြစ်သူရဲ့ ပုံတူပန်းချီကားတစ်ချပ် အထူးအပ်ပြီး စပရိုက်စ်တိုက်ဖို့ စီစဉ်ထားပေမဲ့ ရောက်လာတဲ့ပန်းချီကားက ချောမောလှပတဲ့ မိန်းမပျိုလေးတစ်ယောက်ပုံဖြစ်နေတယ်။ တစ်နေ့မှာတော့ အိမ်တံခါးကိုလာခေါက်တဲ့ အမျိုးသမီးဒေါက်တာမလေးက အမေဖြစ်သူပန်းချီကားနဲ့ မှားရောက်လာတဲ့ ပန်းချီကားထဲက မိန်းမပျိုလေးဖြစ်နေတဲ့အခါမှာတော့…။