ဂွကို ရလိုက်တာဟာ ကို-ချေတို့အတွက်သာ အ-ကျိုးရှိတာမဟုတ်ပါဘူး။စကစ အတွ-င်းပို-င်းအထိ ဂ ယ-က် ရို-က်ခ-တ်သွားစေပါတယ်။ရ-ခို-င်ပြ-ည်နယ် တော-င်ပို-င်း အစွ-န်ဆုံးမြို့န-ယ်တစ်ခုဖြစ်ပြီး ဆက်စ-ပ်န-ယ်မြေဖြစ်တဲ့ ဧ-ရာ၀တီတို-င်း နဲ့ တော၊ တောင် ၊ရေ၊မြေ ၊မြေမျက်နှာသွင်ပြင်နဲ့ ဥတုရာသီ နီးစ-ပ်တူညီတယ်။ စကစ ဟာ ဂွ-မြို့ကို ခံ-စ-စ်ပြ-င်ဖို့ လုံလော-က်တဲ့ အ ချိ-န်ရခဲ့တယ်။မြေ-ပြ-င် အနေအထား အရလည်း ကြ-ည်း၊ ရေ ၊လေ၊ သံ၊ အ-မြှော-က်ကို စိတ်ကြို-က် ဖ-န်တီးနို-င်ခွ-င့် ရှိနေတယ်။သုံးလည်းသုံးခဲ့တယ်။ဒါပေမယ့် တကယ်တ-မ်း မြေ-ကိုပို-င်တဲ့ န-ယ်-မြေခံလူထု အ-ခြေ-ပြုထားတဲ့ ကို-ချေတို့ကို ထ-ပ်မံအ-ရှုံး ပေးလို-က်ရတာပါပဲ။ ကြ-ည်း ၊ရေ၊ လေ ပူးပေါ-င်းစ-စ်-ဆ-င်-ရေးတွေ လု-ပ်လေ့ရှိတဲ့ နောက်ဆုံးလု-ပ်ခဲ့တဲ့ တို-င်းဧ-ရာ၀-တီ အ တွက် စ-စ်ဗို-လ်ချု-ပ်တွေ ရတက် မ-အေးစရာပါပဲ။…
ဆီရီယား တွင် ဆယ်သုံး နှစ် အကြာ ပြည် တွင်း စစ်ကြီး ဖြစ်ပွားခဲ့ပြီး အာဆတ် အစိုးရ ပြုတ်ကျသွားခဲ့မှု သည် ကမ္ဘာအနှံ့ရှိ တော်လှန် တိုက်ပွဲ ဝင်နေသူ များကလည်း ငါတို့ အလှည့် ဘယ်တော့ လဲ ဟူသော အတွေးများ ဝင်လာကြသည်ဟု အစချီကာ တသီးပုဂ္ဂလိက အမေရိကန် နိုင်ငံခြား ဆက်ဆံရေး ကောင်စီ ဝက်ဆိုဒ် တွင် ပါရှိလာသည့် ဂျိုရှုဝါ ကလန်ဇစ်၏ “Could the Myanmar Junta Rapidly Collapse Like al-Assad?” ဆောင်းပါးမှ ကောက်နှုတ်တင်ပြသည်။ သုတေသီ အချိူ့က အာဏာသိမ်း စစ်တပ် ကို မဖြစ်မနေ တိုက်ပွဲ ဝင်နေသော မြန်မာ…
“ငါတို့သည် နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ သစ္စာကို စောင့်သိ ရိုသေပါမည်” စစ်ကောင်စီတပ်အတွင်း မနက်တိုင်းရွတ်ဆိုကြရသည့် သစ္စာလေးချက်ထဲက ပထမဆုံးသော စကားကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တကယ်ပဲ လိုက်နာကြရဲ့လား။ သူတို့တွေ ဒီလိုရွတ်ဆိုပြီး သေနတ်ဆွဲကာ ထွက်လာကြတဲ့နောက် ဘယ်သူ့သစ္စာကို စောင့်စည်း ကြတယ်ဆိုတာ စစ်ခေါင်းဆောင် လက်အောက်ခံတပ်ရင်း တပ်မနဲ့တပ်ဖွဲ့ဝင်တွေထဲက စစ်အရာရှိနဲ့ အောက်ခြေစစ်သား တွေ အသိဆုံးဖြစ်ပါတယ်။ နိုင်ငံတော်နဲ့ နိုင်ငံသားတွေအပေါ် သစ္စာမစောင့်သိခဲ့လို့သာ အာဏာကိုင်ဆောင်ထားတဲ့ လူတချို့နဲ့ စစ်အရာရှိတွေရဲ့ အကျိုးစီးပွားကို မျှော်ကိုးပြီး အထက်အဆင့်ဆင့် ခိုင်းသမျှ ဘယ်နိုင်ငံတော် ဘယ်နိုင်ငံသားတို့ရဲ့ မျက်နှာကိုမှ မကြည့်ဘဲ ရက်စက်ယုတ်ညံ့တဲ့ လုပ်ရပ်တွေကို လုပ်ဆောင်ခဲ့တာ လေး နှစ် ပြည့်ခါနီးကိုပင် ရောက်ရှိလာတော့မှာပါ။ စစ်ကောင်စီတပ်ဖွဲ့တွေ တကယ်စောင့်သိရိုသေနေတာဟာ အာဏာရှင်လူတစ်စုဖြစ်ပြီး အဲဒီအာဏာရှင် တွေကရော သူတို့အောက်ခြေငယ်သားတွေအပေါ်…
စစ်ခေါင်းဆောင် ချီးကျူးခဲ့တဲ့ ဧရာဝတီတိုင်းမှာ တော်လှန်ရေးတပ်တွေရဲ့ ထိုးစစ်အတွက် စစ်ကောင်စီ ခံစစ်ပြင်နိုင်မှာလား ရခိုင်ပြည်နယ်၊ ဂွမြို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်နိုင်လိုက်ပြီဆိုရင် စစ်ပွဲတွေဟာ ဧရာဝတီတိုင်းကို ရောက်ရှိလာနိုင်တယ်လို့ စစ်ရေးလေ့လာသုံးသပ်သူတွေက ခန့်မှန်းကြပါတယ်။ လက်ရှိ ဒီဇင်ဘာလ ၂၈ ရက် ညပိုင်းမှာလည်း AA က သူတို့ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ ဂွမြို့ကို သိမ်းပိုက်ရရှိပြီးဖြစ်တယ်လို့ သတင်းဌာနတွေမှာ ဖော်ပြနေကြပါတယ်။ တကယ်တမ်း ဧရာဝတီတိုင်းကို စစ်မီးကူးလာခဲ့မယ်ဆိုရင် စစ်ကောင်စီအနေနဲ့ လက်တွေ့မြေပြင်မှာ ခံစစ်ပြင်နိုင်တဲ့ စစ်သည်အင်အားလုံလောက်တဲ့အခြေအနေတောင်မရှိဘူးလို့ မြေပြင်သတင်းရင်းမြစ်တွေကဆိုပါတယ်။ “ AA က ဧရာဝတီထဲကို ဝင်လာမလား မဝင်လာဘူးလား မသေချာဘူး ။ တော်လှန်ရေးတပ်ဖွဲ့တွေဝင်လာတာကိုပဲ ကူညီမှာလည်း ဖြစ်နိုင်တယ်” လို့ စစ်ရေးလေ့လာသုံးသပ်သူတဦးကပြောပါတယ်။ ရခိုင်ပြည်နယ်နဲ့ ဧရာဝတီတိုင်း ထိစပ်နယ်မြေတွေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရှိနေပေမယ့် လှည့်ကင်းပတ်နိုင်တဲ့ အင်အားလောက်သာ…
၁၀၂၇ စစ်ဆင်ရေးကြောင့် အခုနှစ်ဆန်းပိုင်းကစလို့ အညာဒေသတကြော တော်လှန်ရေးတပ်ဖွဲ့တွေ နယ်မြေစိုးမိုး ထားတဲ့ ဧရိယာအတွင်း စစ်အုပ်စုတပ်တွေ မြေပြင်စစ်ကြောင်းထိုးတာ လျော့နည်းသွားပေမဲ့ ပျူစောထီးတွေ အား ကောင်းတဲ့ ဒေသတကြောကတော့ မရပ်မနားကို စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီး သတ်ဖြတ်တာတွေ ရှိနေခဲ့တာပဲ ဖြစ်ပါတယ်။ အထူးသဖြင့် ကန့်ဘလူ ၊ ကျွန်းလှ၊ တန့်ဆည် ၊ ခင်ဦး ၊ ရေဦး စတဲ့ အညာဒေသတကြောဟာ ပျူစေထီးခေါင်းဆောင် သင်္ဃန်းဝတ်ဝါသဝ လက်အောက်ခံ ပျူစောထီးအဖွဲ့တွေရဲ့ မရပ်မနားစစ်ကြောင်းထိုးပြီး ပြည်သူတွေကို ဖမ်းဆီး သတ်ဖြတ် ၊ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေ ဆိုးဆိုးရွားရွား ရင်ဆိုင်ကြုံတွေ့နေရတာပဲဖြစ်ပါတယ်။ အဲဒီဒေသတွေဟာ ပျူစောထီးခေါင်းဆောင် သင်္ကန်းဝတ် ဝါသဝ ခြေကုပ်ယူထားတဲ့ ဒေသတွေလည်းဖြစ်ပြီး ဝါသ ဝ လက်အောက်ခံပျူစောထီးတွေ အားကောင်းတဲ့…