အမ်းမြို့ ၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်သို့ ရိက္ခာလာပို့သည့် ရဟတ်ယာဉ်ပေါ် အတင်းတက်၍ အမိန့်မရဘဲ ဆုတ်ခွာခဲ့သူ ဒုတိုင်းမှူး ဗိုလ်မှူးကြီး သောင်းထွန်း ဖမ်းဆီး စစ်ဆေးခံနေရဟုဆို ရခိုင်ပြည်၊ အမ်းမြို့ ၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်သို့ ရိက္ခာလာပို့သည့် ရဟတ်ယာဉ်ပေါ် အတင်းတက်၍ အမိန့်မရဘဲဆုတ်ခွာခဲ့သူ ဒုတိယတိုင်းမှူး ဗိုလ်မှူးကြီးသောင်းထွန်း ဖမ်းဆီး စစ်ဆေးခံနေရကြောင်း တပ်သတင်းရင်းမြစ်တချို့က ပြောဆိုသည်။ နိုဝင်ဘာလနှောင်းပိုင်းတွင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်သို့ ရိက္ခာပို့လာသည့် Mi-17 ရဟတ်ယာဉ်ပေါ်သို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးကြီး သောင်းထွန်းက အတင်းတက်၍ လိုက်ပါခဲ့ကြောင်း၊ အမိန့်မရဘဲ နပခမှ စွန့်ခွာခြင်းဖြစ်၍ ရိက္ခာပို့ ရဟတ်ယာဉ် မကွေးလေတပ် စခန်းသို့ ပြန်လည်ရောက်ရှိချိန်တွင် အမိန့်မရဘဲ စခန်းစွန့်ခွာမှုဖြင့် နပခ ဒုတိယတိုင်းမှူးကို ဖမ်းဆီးအချုပ်ချထားကြောင်း သိရှိရသည်။ “ဒုတိုင်းမှူး ဖမ်းဆီးခံထားရတယ်လို့တော့…
KNU ဌာနချုပ်ဟောင်း မာနယ်ပလောဒေသက စစ်ကောင်စီနို့ဒေးတပ်စခန်းကို KNLA ပူးပေါင်းတပ်ဖွဲ့ တိုက်ခိုက်သိမ်းပိုက်၊ စစ်ကောင်စီတပ်ဖွဲ့ဝင်အားလုံးနီးပါးသေဆုံး KNU တပ်မဟာ၇နယ်မြေ KNU ဌာနချုပ်ဟောင်း မာနယ်ပလောဒေသရှိ ၉၁၃(နို့ဒေး)စစ်ကောင်စီတပ်စခန်း ကို KNLAပူးပေါင်းတပ်ဖွဲ့မှ ဒီဇင်ဘာလ ၁၆ရက်နေ့ညနေ ၄နာရီခွဲခန့်တွင် အပြီးသတ်တိုက်ခိုက်သိမ်းပိုက် နိုင်ခဲ့တယ်လို့ KNLAတပ်မှူးတစ်ဦးက ပြောပါတယ်။ အဆိုပါစခန်းတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်အားလုံးနီးပါးသေဆုံးသွားပြီး လက်နက်ခဲယမ်း အမြောက်အများရရှိတယ်လို့ အဆိုပါတပ်မှူးကဆိုပါသည်။ စခန်းသိမ်းတိုက်ခိုက်စဉ်တွင် စစ်ကောင်စီဘက်မှလေယာဉ်ဖြင့် ၂ ကြိမ်လာရောက်ပြီး ပေါင် ၅၀၀ ဗုံးသီး၄လုံးလာရောက်ကျဲချခဲ့တယ်လို့တပ်မှူးကဆိုပါတယ်။ စခန်းသိမ်းပိုက်ရာတွင် ဒီဇင်ဘာလ ၁၆ ရက်နေ့နံနက် ၁၀နာရီမှစတင်တိုက်ခိုက်ခဲ့ပြီး ညနေ၄နာရီခွဲခန့်တွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီး စခန်းရှိလက်နက်ခဲယမ်းပစ္စည်းများကို ညဘက်တွင်အပြီးသတ် သယ်ထုတ်ရှင်းလင်းနိုင်ခဲ့သည်။ စခန်းကိုတိုက်ခိုက်သိမ်းပိုက်ခဲ့ရာတွင် KNLA,KNDO,PDF,ABSDF (ဒရုန်း၊စနိုက်ပါ)တပ်ဖွဲ့များလည်း ပါဝင်တိုက်ခိုက်ခဲ့ပြီး KNLA တပ်မှူး ကော်လာဟေးကျဆုံးခဲ့တယ်လို့သိရှိရသည်။
စစ်ခေါင်းဆောင်ဟာ ICC ရဲ့စွဲချက်နဲ့ ကမ္ဘာ့ဝရမ်းပြေးဖြစ်နေပြီဆိုတဲ့အမြင်မျိုး တပ်တွင်းမှာရိုက်ခတ်မှုတွေရှိနေတယ်လို့ CDM တပ်မတော်အရာရှိတွေက ပြောပါတယ်။ ရိုဟင်ဂျာတွေအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေနဲ့ပတ်သက်ပြီး စစ်ခေါင်းဆောင်ကို ဖမ်းဝရမ်းထုတ်ဖို့ နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC) ရှေ့နေချုပ် ကရင်မ်ခန်းက ICC ကို နိုဝင်ဘာ ၂၇ ရက်နေ့မှာ ဦးတိုက်လျှောက်ထားခဲ့တာပါ။ ICC က စစ်ခေါင်းဆောင်ကို ဖမ်းဝရမ်းထုတ်မယ့်ကိစ္စဟာ ၂၀၁၉ ခုနှစ်က နိုင်ငံတကာတရားရုံး (ICJ) မှာ ဂမ်ဘီယာနိုင်ငံကတရားစွဲတုန်းက အခြေအနေနဲ့မတူတော့ဘဲ တပ်တွင်းမှာ ရိုက်ခတ်မှုတွေရှိနေတယ်လို့ CDM တပ်မတော်အရာရှိတွေက ပြောပါတယ်။ ICJ မှာ တရားစွဲခံရတုန်းက နိုင်ငံတကာက ဘာသာရေးလူမျိုးရေးအကြောင်းပြပြီး စစ်တပ်ကို မတရားစွပ်စွဲတာဖြစ်တယ်လို့ စစ်ခေါင်းဆောင်တွေက ဝါဒဖြန့်ခဲ့ပြီး တပ်တွင်းမိသားစုတွေဟာ သတင်းမှန်မရခဲ့ကြဘူးလို့ CDM တပ်မတော်အရာရှိ ဗိုလ်ကြီး လင်းထက်အောင်က ပြောပါတယ်။…
အမ်းမြို့နယ်ရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တွင် “စောစောစီစီး အလံဖြူထောင် လက်နက်မချလျှင် ပျော်ရွှင်စရာနှစ်သစ် ရှိလိမ့်မည်မဟုတ်”ဟု AA က အလံဖြူထောင်လက်နက်ချသူများ၏ ရုပ်သံနှင့်တကွ ထုတ်ပြန် သတိပေး (ရုပ်/သံ) ရခိုင်ပြည် အမ်းမြို့နယ်တွင် နောက်ဆုံးကျန်ရှိနေသော အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) တပ်ရင်းအနေဖြင့် အမြန်ဆုံး လက်နက်ချရန် အာရက္ခတပ်တော် AA က ဗီဒီယိုဖိုင်နှင့်တကွ ထုတ်ပြန် သတိပေးသည်။ ယနေ့ ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် အာရက္ခတပ်တော် AA သည် အမ်း နပခ ပကတိ မြေပြင်အခြေအနေဟု ဆိုကာ စစ်ကောင်စီတပ်သားများ ရာနှင့်ချီ လက်နက်ချ အလင်းဝင်၊ အလံဖြူထောင် မြင်ကွင်းကို ဗီဒီယိုနှင့်တကွ ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။ “စောစော အလံဖြူထောင်လျှင် စောစော အသက်ရှင်ကျန်ရစ်စေမယ်၊ မိသားစု ဆွေမျိုးတို့နှင့် စောစောတွေ့ဆုံရလိမ့်မယ်”…
ပခုက္ကူမြို့ပေါ်တွင် တပ်မ ၁၀၁ မှ အိမ်စီးကားဖြင့် ထွက်လာသော စစ်ကောင်စီ တပ်သားများကို ပစ်ခတ် တိုက်ခိုက်မှု ၄ ဦးသေဆုံး(ရုပ်/သံ) မကွေးတိုင်း၊ ပခုက္ကူမြို့ပေါ်တွင် တပ်မ ၁၀၁ မှ အိမ်စီးကားဖြင့် ထွက်လာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ပစ်ခတ် တိုက်ခိုက်ရာ ၄ ဦးသေဆုံးခဲ့ကြောင်း Shwe Nyar Myae PDF မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။ ဒီဇင်ဘာလ ၁၅ ရက်နေ့ ည ၇ နာရီခန့်တွင် ပခုက္ကူမြို့ တပ်မ ၁၀၁ မှ ထွက်လာသော စစ်ကောင်စီ တပ်သား ၅ ဦးလိုက်ပါလာသည့် အိမ်စီးကား ၁ စီးကို တော်လှန်ရေး တပ်ဖွဲ့များက သီတာလမ်းနှင့်…
စစ်ခေါင်းဆောင်က အမောင်းသင်အတွက်သာအသုံးပြုနိုင်သည့် လေယာဉ် ၂ စင်းကို ၎င်း၏ စစ်သည်များ စမ်းသပ်တီထွင် ထုတ်လုပ်ထားသည်ဟုဆိုကာ တပ်တော်ဝင် ထုတ်ကြွား စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က (၇၇)နှစ်မြောက် လေတပ်နှစ်ပတ်လည်နေ့တွင် တရုတ်ပညာရှင်များဖြင့် ထုတ်လုပ်ထားသော အမောင်းသင်အတွက်သာ အသုံးပြုနိုင်သည့် လေယာဉ် နှစ်စင်းကို ဂုဏ်ယူစွာဖြင့် ထုတ်ကြွားပြသခဲ့ကြောင်း CDM အရာရှိများထံက သိရသည်။ မိတ္ထီလာတပ်နယ်ရှိ လေကြောင်းအတတ်သင် လေတပ်စခန်းဌာနချုပ် (ရှမ်းတဲ)တွင် ယမန်နေ့ ဒီဇင်ဘာ ၁၅ ရက်က ပြုလုပ်ခဲ့သော အဆိုပါလေတပ်နှစ်ပတ်လည်နေ့တွင် စစ်ရေးအသုံးပြုတိုက်ခိုက် လေယာဉ်များကို ချန်လှပ်၍ MTX-1A နှင့် MTX-1B တို့ကို စစ်ခေါင်းဆောင်က ဂုဏ်ယူ ပြောဆိုခဲ့ကြောင်း သိရသည်။ “အခုလေယာဉ်တွေကို မြတ်နိုးတန်ဖိုးထားစွာ ကိုင်တွယ်အသုံးပြု ပျံသန်းပြီး တပ်မတော်ရဲ့ဂုဏ်ကို မြှင့်တင်သွားဖို့၊ စွမ်းရည်မြင့်မားတဲ့…
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ကို အပြီးသတ် သိမ်းပိုက်ရန် အာရက္ခတပ်တော်က ထိုးစစ်ဆင်နေတဲ့ တိုက်ပွဲအတွင်း ခွေးးပြေးးဝက်-ပြေး ထွက်ပြေးသွားတဲ့ တိုင်းစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ကျော်ကျော်သန်းဟာ သေ-ဆုံးသွားပြီဖြစ်ကြောင်း သိရပါတယ်။ ဗိုလ်မှူးချုပ် ကျော်ကျော်သန်း ဦးဆောင်တဲ့ စ-စ်ရှုံးးးကောင်စီ တပ်ဖွဲ့ဟာ နပခ အနီးက တောထဲမှာ အာရက္ခတပ်တော် စစ်ကြောင်းနဲ့ ထိပ်တိုက်တိုးခဲ့ပြီး တိုက်ပွဲဖြစ်ပွားစဥ် ခွေးးးသေ-ဝက်-သေ သေ–ဆုံးခြင်းဖြစ်ကြောင်း ကနဦး သိရှိရပါတယ်။ နပခ ယာယီ စစ်တိုင်းမှူး ဗိုလ်မှူးချုပ် ကျော်ကျော်သန်းကို AA က အသေဖမ်းမိ နပခ တိုင်းစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ကျော်ကျော်သန်း နဲ့ အင်အား ၂၀ ကျော် အေ-သဖမ်းမိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုက်ပွဲအတွင်းက ထွက်ပြေးသွားတဲ့ တိုင်းစစ်ဦးစီးချူပ် ဗိုလ်မှူးချုပ်ကျော်ကျော်သန်း နဲ့ အဖွဲ့…
မြိုင်၊ ကန်နီပျူစောထီးရွာကို လေယာဉ်ဖြင့် လာပို့သည့် ရိက္ခာများကို ထွက်ကောက်သည့် စစ်ကောင်စီ တပ်သားများကို ဒရုန်း၊ ရော့ကတ်များဖြင့် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၂ ဦးသေဆုံး မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကန်နီပျူစောထီးရွာကို လေယာဉ်ဖြင့် လာပို့သည့် ရိက္ခာများကို ထွက်ကောက်သည့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ဒရုန်း၊ ရော့ကတ်များဖြင့် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်တပ်ဘက်မှ ၂ ဦးသေဆုံးခဲ့ကြောင်း ဗစ်တာပြောက်ကျားတပ်ဖွဲ့မှ ကိုဗစ်တာက ပြောဆိုသည်။ ဒီဇင်ဘာလ ၁၅ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ Mi-35 ရဟတ်ယာဉ်ဖြင့် ကန်နီပျူစောထီးရွာကို ရိက္ခာထုတ်များ လာရောက်ပို့ဆောင်ခဲ့ပြီး ထွက်ကောက်သည့် စစ်ကောင်စီ တပ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်း၊ ရော့ကတ်များဖြင့် ဗုံးကျဲ ပစ်ခတ်…
ပြည်ဒကစအတွင်း စစ်ရေးပြင်ဆင်မှုနှင့် ယတြာချေရန် ပွက်လောရိုက်နေမှုများမှာ တောင်ကုတ် အမှတ်(၅)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၅) ကျသွားပြီးနောက် ပို၍လှုပ်လှုပ်ခတ်ခတ်ဖြစ်လာကြောင်း သိရသည်။ ပြီးခဲ့သည့် နိုဝငိဘာ ၂၄ ရက်နေ့က တောင်ကုတ်မြို့ကို AA ကသိမ်းပိုက်လိုက်ကြောင်း ကြေညာပြီးနောက် ပြည်မြို့တွင် စစ်ရေးပြင်ဆင်မှုများ အပြင်းအထန်ပြု လုပ်လာသည်။ ယမန်နေ့ ဒီဇင်ဘာ ၁၅ ရက်နေ့ ညနေပိုင်းက တောင်ကုတ်ရှိ တပ်ရင်းနှစ်ခုအပါအဝင် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်တစ်ခုလုံးကို သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း AA ကအတည်ပြုပြီးနောက် ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ပြည်) (ပြည်-ဒကစ)ထံ စစ်ရေးမကူးစက်လာရေးအတွက် အထက် အဆင့်ဆင့် ညှိနှိုင်းယတြာချေရန် ပြုလုပ်နေကြကြောင်း တပ်သတင်းရင်းမြစ်ထံက သိရသည်။ “တပ်ချုပ်ကိုယ်တိုင်လာပြီး ယတြာချေမယ်ပြောတယ်။ ပြည်ဝင်၊ ပြည်ထွက်ဆိုပြီး ဒကစမကျဖို့ ယတြာလုပ်မယ်တဲ့။ စစ်ရေးပိုင်းကိုလည်း အင်အားတိုးချဲ့နေတယ်။ AA က ဘယ်ဆီနေမယ်မသိဘူး။ ပြည်ဒကစကတော့ တော်တော်တုန်လှုပ်နေပြီ”ဟု…
စစ်ကောင်စီတပ်သားပါရှိသည့်ကား ၃၀ စီး အုန်းတောဘက်သို့ကူးပြီး ကတိုင်တိစခန်း မကျရေးအတွက် တပ်အင်အားများပို့ဆောင်ဖြည့်တင်း၊ BGF တပ်များလည်းဆက်ရှိနေ ကရင်ပြည်နယ် ဖာပွန်ခရိုင်က ကမမောင်း-ဖာပွန်ကားလမ်း ကတိုင်တိတွင်အခြေစိုက်သည့်စစ်ကောင်စီ တပ်စခန်းမကျရေးအတွက် စစ်ကူတပ်အင်အားအများမပြားပို့ဆောင်ဖြည့်တင်းနေတယ်လို့ KNLA သတင်းရင်းမြစ်ထံမှသိရှိရသည်။ KNU အမှတ် ၅ တပ်မဟာ မူတြော်ခရိုင် ဒွဲ့လိုးမြို့နယ်တွင်ရှိသည့် အဆိုပါတပ်စခန်းမကျရေးအတွက် စစ်ကောင်စီဘက်မှစစ်ကူပို့ဆောင်လျှက်ရှိနေပြီး ယမန်နေ့ နေ့လယ်တွင် စစ်ကူတပ်အင်အားတစ်ဖွဲ့ ထပ်မံရောက်ရှိနေတယ်လို့ ယမန်နေ့တွင် ကတိုင်တိမှစစ်ရှောင်တစ်ဦးထံမှသိရှိရသည်။ ၎င်းစစ်ရှောင်က “စစ်ကောင်စီတပ်အင်အားအချို့ရောက်ရှိနေပြီး ဒီဇင်ဘာလ၁၅ရက်နေ့လယ်လောက်မှာ တစ်ဖွဲ့ထပ်ရောက်တာရှိတယ်။ ဒါ့အပြင်ကတိုင်တိဒေသခံတချို့လည်း တိမ်းရှောင်ကြတယ်။ တချို့လည်း ကျန်နေသေးတယ်” လို့ဆိုပါတယ်။ ဒါ့အပြင် ဒီဇင်ဘာ၁၅ရက်နေ့တွင် ဘားအံမှမြိုင်ကြီးငူသို့ စစ်ကောင်တပ်သားများတင်ဆောင်လာသည့်ကား ၃၀စီးရှိပြီး အုန်းတောဘက်သို့ကူးကာ ကတိုင်တိစစ်ကူတက်သွားတယ် လို့အထက်ပါ KNLA သတင်းရင်း မြစ်ကဆိုပါတယ်။ ကတိုင်တိတွင် စစ်ကောင်စီတပ်စခန်းတစ်ခုနှင့် ဗိုလ်ကျော်ဝင်းဦးဆောင်သည့် အမှတ်၁၀၁၃…